Chapter 7: Part-7(Z&U)

💘💘💘မနှုတ်ရက်လေသောဆူး💘💘💘 💘💘💘မႏႈတ္ရက္ေလေသာဆူး💘💘💘Words: 18382

(Zawgyi)

"သားလာပါဦး မာမီေမးစရာရိွတယ္"

" ဘာေမးမွာလဲဟင္"

" သားနဲ႔ယိင္းဘာျဖစ္ထားၾကတာလဲ"

" ဘာမွမျဖစ္ပါဘူး"

" သားအခုေနာက္ပိုင္းအိမ္ၿမဲလာတယ္ေနာ္ ဘာလဲသား ယိင္းကိုစိတ္၀င္စားေနၿပီလား"

" သားကဘယ္လိုျပန္ေျဖရမွာလဲ"

" အမွန္အတိုင္းပဲေပါ့ ဘာပဲျဖစ္ျဖစ္သားကမာမီ့သားပါ မာမီသိသင့္တာေပါ့မဟုတ္ဘူးလား"

" ဟုတ္တယ္ သားသူ႕ကိုခ်စ္ေနမိၿပီမာမီ"

" ယိင္းကေရာသိသလား"

"ဟင့္အင္း သားမေျပာျပရေသးဘူး"

"ဘာျဖစ္လို႔လဲ"

" သားအခ်ိန္တစ္ခုေစာင့္ေနတာပါ"

" ဘယ္အခ်ိန္လဲ"

" သူ႕ႏွလံုးသားကေန သားကိုလက္ခံလာတဲ့အခ်ိန္ေပါ့"

" သားဘက္ကစစ္မွန္ရင္ သူလက္ခံလာမွာေပါ့"

သားအမိႏွစ္ေယာက္ဖက္ထားလိုက္ေလသည္။တစ္ခ်ိန္ခ်ိန္မွာ သူတို႔ႏွစ္ေယာက္ကိုလက္ထပ္ေပးဖို႔ ကတိေတြေပးထားခဲ့ၾက တာမွန္ေပမယ့္ သူ႕သားဘက္ကခ်စ္ေနလို႔ဆိုၿပီး ဒီကေလးကို လည္းအတင္းအက်ပ္မလုပ္ရက္ေပ။ ယိင္းကစိတ္ေကာင္းရိွၿပီး သားကေလးမို႔ တခ်ိန္က်ရင္လူႀကီးေတြစကားကိုလက္ခံၿပီး လက္ထပ္ျဖစ္ခဲ့ရင္ေတာင္ အခ်စ္မပါတဲ့မဂၤလာပြဲေတာ့ ႏွစ္ေယာက္စလံုးကိုမျဖစ္ေစခ်င္။ သူတို႔ႏွစ္ေယာက္တစ္ ေယာက္ရဲ႕ခံစားခ်က္ကိုတစ္ေယာက္၀န္ခံလာေစဖို႔ သူမအေနနဲ႔ တစ္ခုခုကိုစီစဥ္မွပဲျဖစ္ေတာ့မည္မို႔ ဆံုးျဖတ္ခ်က္ တစ္ခုကိုခ်လိုက္သည္။

" သားယိင္းျပန္လာရင္ မာမီေျပာစရာရိွတယ္"

" သားတို႔အေၾကာင္းလားမာမီ"

" မဟုတ္ပါဘူး သူလက္ခံလာေအာင္ကသားကိုယ္တိုင္ႀကိဳး စားရမွာ မာမီသားကိုအခ်ိန္တစ္ႏွစ္ေပးမယ္ အဲဒီအခ်ိန္အတြင္း သားကိုယ္တိုင္ ယိင္းသားဘက္ပါလာေအာင္လုပ္ရမယ္ တကယ္လို႔မလုပ္ႏိုင္ရင္ သားသူေပ်ာ္ရႊင္ဖို႔အတြက္ လႊတ္ေပး ႏိုင္ပါ့မလား"

"သားသူ႕ကိုမလႊတ္ေပးႏိုင္ဘူး အဲဒီအတြက္မာမီေပးတဲ့ တစ္ႏွစ္အတြင္း သားသူ႕ကိုရေအာင္ႀကိဳးစားမယ္"

" ဟုတ္ပါၿပီ ဟုတ္ပါၿပီ သတင္းေကာင္းကိုမာမီေမွ်ာ္ေနမယ္ေနာ္"

" ဟုတ္"

ယိင္းသူ႕ကိုအျမင္မၾကည္မွန္းသိ၍ အခုတေလာယိင္းအနား မကပ္ရဲေပမယ့္အေ၀းကေနေတာ့ ဂ႐ုစိုက္ေပးျဖစ္ခဲ့သည္။

ယိင္းဆိုင္ကျပန္လာေတာ့ လူစံုေနေလၿပီ ခါတိုင္းအိမ္အျပင္ ထြက္သေ၀ထိုးေနတတ္တဲ့သူက ခုရက္ပိုင္းအိမ္ၿမဲေနသည္မွာ အံ့ဩစရာ။ ယိင္းကိုျမင္ေတာ့လႈပ္ရွားသြားတဲ့ႏႈတ္ခမ္းႏွစ္လႊာ ကျပန္၍ပိတ္သြားကာ ၿငိမ္ေနေလသည္။ သူတစ္ခ်ိန္လံုးယိင္း ကိုမုန္းေနခဲ့ေပမယ့္ အဲေလာက္ထိေတာ့မထင္မွတ္ထားခဲ့တာ အမွန္ပင္။

"သားယိင္းျပန္လာၿပီလား"

" ဟုတ္ ဒယ္ဒီ"

" လာပါဦး ဒယ္ဒီတို႔ေျပာစရာရိွလို႔ေစာင့္ေနၾကတာ"

" ေဆာရီးပါဒယ္ဒီ ဒီေန႔မွသားအိမ္ျပန္ေနာက္က်သြားတယ္ ေတာင္းပန္ပါတယ္ေနာ္"

" ရပါတယ္ ကဲထိုင္ပါဦးကြာ"

" ဟုတ္"

" ဒယ္ဒီတို႔လုပ္ငန္းနဲ႔ပတ္သက္ၿပီး ခရီးထြက္စရာရိွတယ္"

" ဘယ္ေတာ့လဲဟင္"

" မနက္ျဖန္"

" ဟင္ ဘယ္ေလာက္ၾကာမွာလဲဟင္"

" ဘယ္ေလာက္ၾကာမလဲေတာ့မသ္ေသးဘူး ဟိုမွာလုပ္ငန္း ခ်ဲ႕ထြင္ဖို႔ေရာလုပ္ရဦးမွာဆိုေတာ့ နည္းနည္းေတာ့ၾကာမယ္ ထင္တယ္"

" သားတို႔ႏွစ္ေယာက္ေနခဲ့ရမွာအဆင္ေျပရဲ႕လား"

ယိင္းလည္း ကိုယ့္ေက်းဇူးရွင္မ်ားကိုစိတ္မဆင္းရဲေစခ်င္၍ အဆင္ေျပပါတယ္ဟုသာေျပာလိုက္သည္။ တကယ္ေတာ့ ဒီလူနဲ႔အဆင္ေျပေအာင္ သူဘယ္လိုလုပ္ရပါ့။ သူ႕ကိုဆိုျမင္ တိုင္းအႏိုင္က်င့္ခ်င္ေနတဲ့သူက မိဘေတြမရိွတဲ့အခ်ိန္ယိင္း ေတြးရင္းျဖင့္ မ်က္ရည္ကေပါက္ခနဲက်လာေလသည္မွာ သူကိုယ္တိုင္ပင္သတိမထားမိ။

" သားယိင္း ဘာျဖစ္လို႔လဲဟင္"

" မာမီတို႔ကသြားမယ္ဆိုေတာ့ ၀မ္းနည္းလို႔ပါ"

" ခဏပါသားရယ္ တကယ္လို႔ေလ မာမီတို႔မရိွတုန္းကိုးက သားကိုအႏိုင္က်င့္ရင္မာမီ့ကိုေျပာေနာ္ မာမီသူ႕ကိုမွတ္သြား ေအာင္ဆံုးမေပးမယ္"

" ဟုတ္"

" အဟမ္း ဒီကသားကိုလည္းေမ့ေနပါဦးမယ္"

" အျပန္က်တိုင္သံၾကားခံရလို႔ကေတာ့ မင္းနဲ႔ငါေတြ႕မယ္"

" ဟုတ္ကဲ့ပါဗ်ာ ဒယ္ဒီတို႔မရိွတုန္း အစြမ္းကုန္ဂ႐ုစိုက္ေပး ထားပါ့မယ္"

သူေခ်ာင္းဟန္႔လိုက္မွ ေမာ့ၾကည့္လာတဲ့မ်က္၀န္းေလး မၾကာခင္ဒီမ်က္၀န္းေလးေတြရဲ႕ပိုင္ရွင္ဟာ သူ႕အပိုင္ျဖစ္လာ ေတာ့မည္ဟုေတြးမိေတာ့မ်က္ႏွာထက္ကအၿပံဳးတို႔ကအသက္

၀င္စြာ။ ဒီကေလးဆု္းႀကီးရဲ႕အခ်စ္က သူ႕တစ္ေယာက္ထဲ အတြက္သာျဖစ္ရေပမည္။ ေစာင့္ေနပါကိုယ့္အခ်စ္ရယ္ က်ဳပ္ႏွလံုးသားတစ္ခုလံုးနဲ႔ရင္းၿပီးတိုင္တည္ပါတယ္ ခမ်ား ေပ်ာ္ရႊင္ဖို႔လည္းအစြမ္းကုန္ႀကိဳးစားေပးပါ့မယ္ ခမ်ားႏႈတ္ဖ်ား ကေနခ်စ္တယ္ဆိုတဲ့စကား ထြက္က်လာတဲ့အထိက်ဳပ္ဘက္ က ခ်စ္ျပပါ့မယ္ယိင္းရယ္။

(Unicode)

"သားလာပါဦး မာမီမေးစရာရှိတယ်"

" ဘာမေးမှာလဲဟင်"

" သားနဲ့ယိင်းဘာဖြစ်ထားကြတာလဲ"

" ဘာမှမဖြစ်ပါဘူး"

" သားအခုနောက်ပိုင်းအိမ်မြဲလာတယ်နော် ဘာလဲသား ယိင်းကိုစိတ်ဝင်စားနေပြီလား"

" သားကဘယ်လိုပြန်ဖြေရမှာလဲ"

" အမှန်အတိုင်းပဲပေါ့ ဘာပဲဖြစ်ဖြစ်သားကမာမီ့သားပါ မာမီသိသင့်တာပေါ့မဟုတ်ဘူးလား"

" ဟုတ်တယ် သားသူ့ကိုချစ်နေမိပြီမာမီ"

" ယိင်းကရောသိသလား"

"ဟင့်အင်း သားမပြောပြရသေးဘူး"

"ဘာဖြစ်လို့လဲ"

" သားအချိန်တစ်ခုစောင့်နေတာပါ"

" ဘယ်အချိန်လဲ"

" သူ့နှလုံးသားကနေ သားကိုလက်ခံလာတဲ့အချိန်ပေါ့"

" သားဘက်ကစစ်မှန်ရင် သူလက်ခံလာမှာပေါ့"

သားအမိနှစ်ယောက်ဖက်ထားလိုက်လေသည်။တစ်ချိန်ချိန်မှာ သူတို့နှစ်ယောက်ကိုလက်ထပ်ပေးဖို့ ကတိတွေပေးထားခဲ့ကြ တာမှန်ပေမယ့် သူ့သားဘက်ကချစ်နေလို့ဆိုပြီး ဒီကလေးကို လည်းအတင်းအကျပ်မလုပ်ရက်ပေ။ ယိင်းကစိတ်ကောင်းရှိပြီး သားကလေးမို့ တချိန်ကျရင်လူကြီးတွေစကားကိုလက်ခံပြီး လက်ထပ်ဖြစ်ခဲ့ရင်တောင် အချစ်မပါတဲ့မင်္ဂလာပွဲတော့ နှစ်ယောက်စလုံးကိုမဖြစ်စေချင်။ သူတို့နှစ်ယောက်တစ် ယောက်ရဲ့ခံစားချက်ကိုတစ်ယောက်ဝန်ခံလာစေဖို့ သူမအနေနဲ့ တစ်ခုခုကိုစီစဉ်မှပဲဖြစ်တော့မည်မို့ ဆုံးဖြတ်ချက် တစ်ခုကိုချလိုက်သည်။

" သားယိင်းပြန်လာရင် မာမီပြောစရာရှိတယ်"

" သားတို့အကြောင်းလားမာမီ"

" မဟုတ်ပါဘူး သူလက်ခံလာအောင်ကသားကိုယ်တိုင်ကြိုး စားရမှာ မာမီသားကိုအချိန်တစ်နှစ်ပေးမယ် အဲဒီအချိန်အတွင်း သားကိုယ်တိုင် ယိင်းသားဘက်ပါလာအောင်လုပ်ရမယ် တကယ်လို့မလုပ်နိုင်ရင် သားသူပျော်ရွှင်ဖို့အတွက် လွှတ်ပေး နိုင်ပါ့မလား"

"သားသူ့ကိုမလွှတ်ပေးနိုင်ဘူး အဲဒီအတွက်မာမီပေးတဲ့ တစ်နှစ်အတွင်း သားသူ့ကိုရအောင်ကြိုးစားမယ်"

" ဟုတ်ပါပြီ ဟုတ်ပါပြီ သတင်းကောင်းကိုမာမီမျှော်နေမယ်နော်"

" ဟုတ်"

ယိင်းသူ့ကိုအမြင်မကြည်မှန်းသိ၍ အခုတလောယိင်းအနား မကပ်ရဲပေမယ့်အဝေးကနေတော့ ဂရုစိုက်ပေးဖြစ်ခဲ့သည်။

ယိင်းဆိုင်ကပြန်လာတော့ လူစုံနေလေပြီ ခါတိုင်းအိမ်အပြင် ထွက်သဝေထိုးနေတတ်တဲ့သူက ခုရက်ပိုင်းအိမ်မြဲနေသည်မှာ အံ့ဩစရာ။ ယိင်းကိုမြင်တော့လှုပ်ရှားသွားတဲ့နှုတ်ခမ်းနှစ်လွှာ ကပြန်၍ပိတ်သွားကာ ငြိမ်နေလေသည်။ သူတစ်ချိန်လုံးယိင်း ကိုမုန်းနေခဲ့ပေမယ့် အဲလောက်ထိတော့မထင်မှတ်ထားခဲ့တာ အမှန်ပင်။

"သားယိင်းပြန်လာပြီလား"

" ဟုတ် ဒယ်ဒီ"

" လာပါဦး ဒယ်ဒီတို့ပြောစရာရှိလို့စောင့်နေကြတာ"

" ဆောရီးပါဒယ်ဒီ ဒီနေ့မှသားအိမ်ပြန်နောက်ကျသွားတယ် တောင်းပန်ပါတယ်နော်"

" ရပါတယ် ကဲထိုင်ပါဦးကွာ"

" ဟုတ်"

" ဒယ်ဒီတို့လုပ်ငန်းနဲ့ပတ်သက်ပြီး ခရီးထွက်စရာရှိတယ်"

" ဘယ်တော့လဲဟင်"

" မနက်ဖြန်"

" ဟင် ဘယ်လောက်ကြာမှာလဲဟင်"

" ဘယ်လောက်ကြာမလဲတော့မသ်သေးဘူး ဟိုမှာလုပ်ငန်း ချဲ့ထွင်ဖို့ရောလုပ်ရဦးမှာဆိုတော့ နည်းနည်းတော့ကြာမယ် ထင်တယ်"

" သားတို့နှစ်ယောက်နေခဲ့ရမှာအဆင်ပြေရဲ့လား"

ယိင်းလည်း ကိုယ့်ကျေးဇူးရှင်များကိုစိတ်မဆင်းရဲစေချင်၍ အဆင်ပြေပါတယ်ဟုသာပြောလိုက်သည်။ တကယ်တော့ ဒီလူနဲ့အဆင်ပြေအောင် သူဘယ်လိုလုပ်ရပါ့။ သူ့ကိုဆိုမြင် တိုင်းအနိုင်ကျင့်ချင်နေတဲ့သူက မိဘတွေမရှိတဲ့အချိန်ယိင်း တွေးရင်းဖြင့် မျက်ရည်ကပေါက်ခနဲကျလာလေသည်မှာ သူကိုယ်တိုင်ပင်သတိမထားမိ။

" သားယိင်း ဘာဖြစ်လို့လဲဟင်"

" မာမီတို့ကသွားမယ်ဆိုတော့ ဝမ်းနည်းလို့ပါ"

" ခဏပါသားရယ် တကယ်လို့လေ မာမီတို့မရှိတုန်းကိုးက သားကိုအနိုင်ကျင့်ရင်မာမီ့ကိုပြောနော် မာမီသူ့ကိုမှတ်သွား အောင်ဆုံးမပေးမယ်"

" ဟုတ်"

" အဟမ်း ဒီကသားကိုလည်းမေ့နေပါဦးမယ်"

" အပြန်ကျတိုင်သံကြားခံရလို့ကတော့ မင်းနဲ့ငါတွေ့မယ်"

" ဟုတ်ကဲ့ပါဗျာ ဒယ်ဒီတို့မရှိတုန်း အစွမ်းကုန်ဂရုစိုက်ပေး ထားပါ့မယ်"

သူချောင်းဟန့်လိုက်မှ မော့ကြည့်လာတဲ့မျက်ဝန်းလေး မကြာခင်ဒီမျက်ဝန်းလေးတွေရဲ့ပိုင်ရှင်ဟာ သူ့အပိုင်ဖြစ်လာ တော့မည်ဟုတွေးမိတော့မျက်နှာထက်ကအပြုံးတို့ကအသက်

ဝင်စွာ။ ဒီကလေးဆု်းကြီးရဲ့အချစ်က သူ့တစ်ယောက်ထဲ အတွက်သာဖြစ်ရပေမည်။ စောင့်နေပါကိုယ့်အချစ်ရယ် ကျုပ်နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီးတိုင်တည်ပါတယ် ခများ ပျော်ရွှင်ဖို့လည်းအစွမ်းကုန်ကြိုးစားပေးပါ့မယ် ခများနှုတ်ဖျား ကနေချစ်တယ်ဆိုတဲ့စကား ထွက်ကျလာတဲ့အထိကျုပ်ဘက် က ချစ်ပြပါ့မယ်ယိင်းရယ်။