Chapter 21: Part-20(Z&U)

💘💘💘မနှုတ်ရက်လေသောဆူး💘💘💘 💘💘💘မႏႈတ္ရက္ေလေသာဆူး💘💘💘Words: 22838

(Zawgyi)

ယိင္းျပန္ေတာ့မည္ဆိုေသာေၾကာင့္ အနီးပတ္၀န္းက်င္ရိွမိတ္ ေဆြမ်ားက လာေရာက္ႏႈတ္ဆက္ကာလက္ေဆာင္မ်ားလာေပး ၾကေလသည္။ ညေနေစာင္းေတာ့ မိႈင္းေ၀လည္းေရာက္ခ်လာ ေလသည္။ လက္ထဲတြင္လည္းမင္းဂြတ္သီးႏွင့္ ဒူးရင္းသီးေတြ တေပြ႕တပိုက္ႏွင့္။

“ လာၿပီလား ငါမင္းကိုေမွ်ာ္ေနတာ"

“ အင္း ဒီမွာမင္းအတြက္"

“ အဲဒါေတြ ဘာလို႔ယူလာတာလဲ "

“ ခ်ီးပဲေဟ့ေကာင္ မင္းကိုစားေစခ်င္လို႔ပ"

“ ကဲလာသြားၾကမယ္ "

ၿခံထဲရိွေနာက္ေဖးတစ္ေနရာတြင္ ထိုင္ခံုမ်ားခ်ထားၿပီး ေဘးတြင္အကင္မ်ားကိုကင္ေနေသာ ယိင္းရဲ႕ေမာင္ကိုေတြ႕ရ သည္။

“ ကြၽန္ေတာ္ပါပါလို႔ အဆင္ေျပတယ္မို႔လား"

“ ရတာေပါ့ႏို႔မို႔ဆို ငါနဲ႔ယိင္းႏွစ္ေယာက္ထဲပ်င္းစရာႀကီး ၿပီးေတာ့သူကသိပ္မေသာက္ႏိုင္ဘူးေလ"

မိႈင္းေ၀ကသည္လိုေျပာေတာ့ ေမာင္ကယိင္းကိုၾကည့္ၿပီး သေဘာက်စြာရယ္ေလသည္။ ယိင္းေမာင့္ဆီ မ်က္ေစာင္းတစ္ ခ်က္အၾကည့္ပို႔ေပးလိုက္ေတာ့မွ ၿငိမ္က်သြားေလသည္။

“ ကဲ ရပါၿပီဗ်ား"

စားပြဲထက္တြင္ အကင္မ်ားစံုလင္စြာလာခ်ေပးေလသည္။ ေသာက္စရာကေတာ့ ဘီယာဗူးမ်ားႏွင့္၀ိုင္အခ်ဳိ႕ပင္ျဖစ္သည္။ အားလံုးျပင္ဆင္ၿပီးေတာ့ ညရွစ္နာရီခန္႔ပင္ရိွၿပီ။ ေသာက္ၾက စားၾက၊ စကားေျပာၾကႏွင့္တျဖည္းျဖည္းညဆယ္နာရီေက်ာ္ လာေလသည္။ ယိင္းကေတာ့ ထံုးစံအတိုင္းအေစာႀကီးေမွာက္ သြားကာ စားပြဲေပၚတြင္ပင္အိပ္ေပ်ာ္ေနၿပီ။

“ ကိုမိႈင္းေ၀ ခဏေနာ္ယိင္းကိုသူ႕အခန္းလိုက္ပို႔လိုက္ဦးမယ္"

“ အိုေခပါ ကိုယ္ေစာင့္ေနမယ္"

ေျပာၿပီးယိင္းရဲ႕ခႏၶာကိုယ္ေလးကိုေပြ႕ခ်ီသြားသည္မွ တကယ့္ ကေလးတစ္ေယာက္အတိုင္းပင္။မင္းလည္း ဒီေကာင္ေလး ဆီကအခ်စ္ခံေနရတာျမင္ရေတာ့ ငါမင္းအတြက္၀မ္းသာပါ တယ္သူငယ္ခ်င္းေလးရယ္။ ခဏေနေတာ့ ကိုးအနဂၢလွ်ံျပန္ ဆင္းလာခဲ့သည္။

“ ေဆာရီးေနာ္ ကိုမိႈင္းေ၀"

“ ရတယ္ကိုယ္လည္းအရင္က ယိင္းကိုအဲ့လိုတြဲပို႔ခဲ့ရတာကြ"

“ ယိင္းကိုအရင္က ဂ႐ုစိုက္ေပးခဲ့လို႔ေက်းဇူးတင္ပါတယ္ေနာ္"

“ မလိုပါဘူးကြာ ကိုယ္ကသူ႕ရဲ႕အခင္ဆံုးသူငယ္ခ်င္းျဖစ္ သလို သူကလည္းကိုယ့္ရဲ႕အခင္ရဆံုးသူငယ္ခ်င္းပါ ဒါေပမယ့္ကိုယ့္အစ္ကို ေၾကာင့္ယိင္းကိုျမင္တိုင္းအားနာ ရတယ္ ယိင္းကအရင္တုန္း ကအရမ္းခံစားခဲ့ရတာ အခုေတာ့သူေပ်ာ္ေနတာ မင္းေက်းဇူး ေၾကာင့္မို႔ ကိုယ္ကလည္းမင္းကိုေက်းဇူးတင္ပါတယ္"

“ ရပါတယ္ "

“ ကိုယ္မင္းကိုစိတ္အေႏွာင့္အယွက္ျဖစ္သြားေအာင္ မရည္ရြယ္ပါဘူးေနာ္ မင္းယိင္းအေပၚမွာသံသယ မျဖစ္ပါနဲ႔ေနာ္"

“ အဲဒါမ်ဳိးလံုး၀ျဖစ္မွာမဟုတ္ဘူး ဘာျဖစ္လို႔လဲဆိုေတာ့ယိင္း ကိုက်ဳပ္ယံုတယ္"

“ ကဲပါ မင္းလည္းမနက္ျပန္ရမွာဆိုေတာ့ နားလိုက္ပါလား ကိုယ္လည္းျပန္ေတာ့မယ္အခ်ိန္မေစာေတာ့ဘူး ဪဒါနဲ႔ မဂၤလာေဆာင္က်ရင္လည္း ကိုယ့္ကိုဖိတ္ဦးေနာ္"

“ စိတ္ခ်ပါဗ်ာ"

ကိုမိႈင္းေ၀ျပန္သြားၿပီး သူလည္းအေပၚထပ္သို႔တက္လာခဲ့ သည္။ အခန္းထဲေရာက္ေတာ့အိပ္ေပ်ာ္ေနတဲ့ခ်စ္သူေလးရဲ႕ အက်ႌကအေပၚတင္ကာ ဗိုက္သားေဖြးေဖြးေလးကေပၚေနေလ သည္။မသိရင္ ယိင္းကသူ႕ကိုျမႇဴဆြယ္ေနသလိုပင္။ ကိုးလည္း အဲဒီေပၚေနတဲ့ဗိုက္သားေဖြးေဖြးေလးကို အနမ္းေလးတစ္ခ်က္ေပးၿပီး စိတ္မထိန္းႏိုင္ပဲခပ္ဖြဖြကိုက္ခ် လိုက္ေတာ့ အိပ္ေပ်ာ္ေနတဲ့သူဆီမွ အင့္ကနဲညည္းသံတစ္ ခ်က္ၾကားလိုက္ၿပီးျပန္အိပ္ေပ်ာ္သြားသည္။သူလည္းကုတင္ ေပၚတက္ကာ ေနာက္ကေနဖက္လိုက္ၿပီး နားရြက္ကေလးမွ လည္တိုင္ဆီသို႔ဆင္းကာအနမ္းေလးေတြ ဆက္တိုက္ေႁခြေနမိ သည္။ ႏႈတ္ခမ္းေလးမ်ားကိုစုပ္ယူစားသံုးရင္း ႏႈတ္ခမ္းေလးကို ကိုက္ခ်လိုက္တာေၾကာင့္ ပါးစပ္ကေလးဟသြားခ်ိန္မွာယိင္း မ်က္လံုးေလးမ်ားပြင့္လာၿပီး လန္႔သြားခဲ့သည္။

“ ေမာင္ အင့္"

စကားပင္ဆံုးေအာင္မေျပာလိုက္ရေခ် ေမာင့္ဆီကအဆက္ မျပတ္တိုး၀င္လာတဲ့အနမ္းေတြေၾကာင့္ ယိင္းအသက္႐ႉပင္ ၾကပ္လာရေလသည္။ ယိင္းေမာင့္ကိုတြန္းထုတ္လိုက္ၿပီး

“အင့္ ေမာင္ ေမာင္လို႔ယိင္းကိုၾကည့္ပါဦး"

“ အင္း ေျပာေလယိင္း"

“ မနက္ျဖန္က်ယိင္းတို႔သြားစရာရိွေသးတယ္ေလ "

“ ဒါေပမယ့္....."

“ တကယ္လို႔ေမာင္သာအခုယိင္းေျပာတာကိုနားေထာင္ရင္ မႏၲေလးျပန္ေရာက္တဲ့အခါက် ယိင္းေမာင့္ကိုေပးမယ္"

“ ယိင္း တကယ္ေနာ္"

“ ေမာင့္ကိုဘယ္တုန္းကလိမ္ဖူးလို႔လဲ"

“ ဟုတ္ပါၿပီဗ်ာ ရႊတ္"

“ ဟာ့ ေမာင္"

“ ဒါေတာ့ခြင့္ျပဳေပး မဟုတ္ရင္ေမာင္အိပ္မေပ်ာ္မွာဆိုးလို႔"

ခဏၾကာေတာ့ ေမာင္လည္းယိင္းကိုဖက္ထားကာအိပ္ေပ်ာ္ သြားသည္။ ေမာင္လူဆိုးေလး ဒါေပမယ့္အဲဒီလူဆိုးေလးကိုပဲ သူကအသည္းနင့္ေအာင္ခ်စ္မိေနတာမဟုတ္လား။ ေမာင္တစ္ ေယာက္ထဲမဟုတ္ပါဘူး ယိင္းႏွလံုးသားထဲမွာလည္းေမာင့္ကို ခ်စ္တဲ့အခ်စ္ေတြ စိုက္၀င္ေနတာေတာင္မႏႈတ္ပစ္ခဲ့ပါဘူး မႏႈတ္ရက္ပါဘူးေမာင္ရယ္......။

“ ကားကိုျဖည္းျဖည္းေမာင္းၾကေနာ္"

“ ဟုတ္ကဲ့ ဘဘျမင့္"

“ ယိင္း သားေလးႀကီးတင္တို႔ဆီကို မၾကာမၾကာျပန္လာပါေနာ္"

“ ဟုတ္ကဲ့ပါႀကီးတင္ရဲ႕ ယိင္းအိမ္ကိုမၾကာမၾကာျပန္လာမွာပါ"

“ ယိင္းကိုစိတ္ခ်ပါႀကီးတင္ ကြၽန္ေတာ္ယိင္းကိုေစာင့္ေရွာက္ ေပးမွာပါ"

“ သားတို႔ျပန္ေတာ့မယ္ေနာ္ႀကီးတင္"

“ ေကာင္းပါၿပီကြယ္"

ကိုယ့္ရဲ႕သားအရင္းမဟုတ္ေပမယ့္ ယိင္းဟာငယ္ငယ္ေလး ကတည္းကမိမိလက္ေပၚႀကီးျပင္းလာခဲ့တာမို႔ အခုေလာက္ထိ သံေယာဇၪ္ တြယ္တာမိတာပင္။ ကားေလးသည္ျမင္ကြင္းထဲ က ေပ်ာက္ဆံုးသြားသည္အထိရပ္ၾကည့္ေနရင္း မ်က္ရည္မ်ား ျဖင့္သာေငးက်န္ခဲ့ေလသည္။ ဪ ယိင္းလည္းသူ႕ဘ၀နဲ႔သူ ရိွေသးတာပဲမဟုတ္လား.....။

(Unicode)

ယိင်းပြန်တော့မည်ဆိုသောကြောင့် အနီးပတ်ဝန်းကျင်ရှိမိတ် ဆွေများက လာရောက်နှုတ်ဆက်ကာလက်ဆောင်များလာပေး ကြလေသည်။ ညနေစောင်းတော့ မှိုင်းဝေလည်းရောက်ချလာ လေသည်။ လက်ထဲတွင်လည်းမင်းဂွတ်သီးနှင့် ဒူးရင်းသီးတွေ တပွေ့တပိုက်နှင့်။

“ လာပြီလား ငါမင်းကိုမျှော်နေတာ"

“ အင်း ဒီမှာမင်းအတွက်"

“ အဲဒါတွေ ဘာလို့ယူလာတာလဲ "

“ ချီးပဲဟေ့ကောင် မင်းကိုစားစေချင်လို့ပ"

“ ကဲလာသွားကြမယ် "

ခြံထဲရှိနောက်ဖေးတစ်နေရာတွင် ထိုင်ခုံများချထားပြီး ဘေးတွင်အကင်များကိုကင်နေသော ယိင်းရဲ့မောင်ကိုတွေ့ရ သည်။

“ ကျွန်တော်ပါပါလို့ အဆင်ပြေတယ်မို့လား"

“ ရတာပေါ့နို့မို့ဆို ငါနဲ့ယိင်းနှစ်ယောက်ထဲပျင်းစရာကြီး ပြီးတော့သူကသိပ်မသောက်နိုင်ဘူးလေ"

မှိုင်းဝေကသည်လိုပြောတော့ မောင်ကယိင်းကိုကြည့်ပြီး သဘောကျစွာရယ်လေသည်။ ယိင်းမောင့်ဆီ မျက်စောင်းတစ် ချက်အကြည့်ပို့ပေးလိုက်တော့မှ ငြိမ်ကျသွားလေသည်။

“ ကဲ ရပါပြီဗျား"

စားပွဲထက်တွင် အကင်များစုံလင်စွာလာချပေးလေသည်။ သောက်စရာကတော့ ဘီယာဗူးများနှင့်ဝိုင်အချို့ပင်ဖြစ်သည်။ အားလုံးပြင်ဆင်ပြီးတော့ ညရှစ်နာရီခန့်ပင်ရှိပြီ။ သောက်ကြ စားကြ၊ စကားပြောကြနှင့်တဖြည်းဖြည်းညဆယ်နာရီကျော် လာလေသည်။ ယိင်းကတော့ ထုံးစံအတိုင်းအစောကြီးမှောက် သွားကာ စားပွဲပေါ်တွင်ပင်အိပ်ပျော်နေပြီ။

“ ကိုမှိုင်းေ၀ ခဏနော်ယိင်းကိုသူ့အခန်းလိုက်ပို့လိုက်ဦးမယ်"

“ အိုခေပါ ကိုယ်စောင့်နေမယ်"

ပြောပြီးယိင်းရဲ့ခန္ဓာကိုယ်လေးကိုပွေ့ချီသွားသည်မှ တကယ့် ကလေးတစ်ယောက်အတိုင်းပင်။မင်းလည်း ဒီကောင်လေး ဆီကအချစ်ခံနေရတာမြင်ရတော့ ငါမင်းအတွက်ဝမ်းသာပါ တယ်သူငယ်ချင်းလေးရယ်။ ခဏနေတော့ ကိုးအနဂ္ဂလျှံပြန် ဆင်းလာခဲ့သည်။

“ ဆောရီးနော် ကိုမှိုင်းဝေ"

“ ရတယ်ကိုယ်လည်းအရင်က ယိင်းကိုအဲ့လိုတွဲပို့ခဲ့ရတာကွ"

“ ယိင်းကိုအရင်က ဂရုစိုက်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်နော်"

“ မလိုပါဘူးကွာ ကိုယ်ကသူ့ရဲ့အခင်ဆုံးသူငယ်ချင်းဖြစ် သလို သူကလည်းကိုယ့်ရဲ့အခင်ရဆုံးသူငယ်ချင်းပါ ဒါပေမယ့်ကိုယ့်အစ်ကို ကြောင့်ယိင်းကိုမြင်တိုင်းအားနာ ရတယ် ယိင်းကအရင်တုန်း ကအရမ်းခံစားခဲ့ရတာ အခုတော့သူပျော်နေတာ မင်းကျေးဇူး ကြောင့်မို့ ကိုယ်ကလည်းမင်းကိုကျေးဇူးတင်ပါတယ်"

“ ရပါတယ် "

“ ကိုယ်မင်းကိုစိတ်အနှောင့်အယှက်ဖြစ်သွားအောင် မရည်ရွယ်ပါဘူးနော် မင်းယိင်းအပေါ်မှာသံသယ မဖြစ်ပါနဲ့နော်"

“ အဲဒါမျိုးလုံးဝဖြစ်မှာမဟုတ်ဘူး ဘာဖြစ်လို့လဲဆိုတော့ယိင်း ကိုကျုပ်ယုံတယ်"

“ ကဲပါ မင်းလည်းမနက်ပြန်ရမှာဆိုတော့ နားလိုက်ပါလား ကိုယ်လည်းပြန်တော့မယ်အချိန်မစောတော့ဘူး ဪဒါနဲ့ မင်္ဂလာဆောင်ကျရင်လည်း ကိုယ့်ကိုဖိတ်ဦးနော်"

“ စိတ်ချပါဗျာ"

ကိုမှိုင်းဝေပြန်သွားပြီး သူလည်းအပေါ်ထပ်သို့တက်လာခဲ့ သည်။ အခန်းထဲရောက်တော့အိပ်ပျော်နေတဲ့ချစ်သူလေးရဲ့ အင်္ကျီကအပေါ်တင်ကာ ဗိုက်သားဖွေးဖွေးလေးကပေါ်နေလေ သည်။မသိရင် ယိင်းကသူ့ကိုမြှူဆွယ်နေသလိုပင်။ ကိုးလည်း အဲဒီပေါ်နေတဲ့ဗိုက်သားဖွေးဖွေးလေးကို အနမ်းလေးတစ်ချက်ပေးပြီး စိတ်မထိန်းနိုင်ပဲခပ်ဖွဖွကိုက်ချ လိုက်တော့ အိပ်ပျော်နေတဲ့သူဆီမှ အင့်ကနဲညည်းသံတစ် ချက်ကြားလိုက်ပြီးပြန်အိပ်ပျော်သွားသည်။သူလည်းကုတင် ပေါ်တက်ကာ နောက်ကနေဖက်လိုက်ပြီး နားရွက်ကလေးမှ လည်တိုင်ဆီသို့ဆင်းကာအနမ်းလေးတွေ ဆက်တိုက်ခြွေနေမိ သည်။ နှုတ်ခမ်းလေးများကိုစုပ်ယူစားသုံးရင်း နှုတ်ခမ်းလေးကို ကိုက်ချလိုက်တာကြောင့် ပါးစပ်ကလေးဟသွားချိန်မှာယိင်း မျက်လုံးလေးများပွင့်လာပြီး လန့်သွားခဲ့သည်။

“ မောင် အင့်"

စကားပင်ဆုံးအောင်မပြောလိုက်ရချေ မောင့်ဆီကအဆက် မပြတ်တိုးဝင်လာတဲ့အနမ်းတွေကြောင့် ယိင်းအသက်ရှူပင် ကြပ်လာရလေသည်။ ယိင်းမောင့်ကိုတွန်းထုတ်လိုက်ပြီး

“အင့် မောင် မောင်လို့ယိင်းကိုကြည့်ပါဦး"

“ အင်း ပြောလေယိင်း"

“ မနက်ဖြန်ကျယိင်းတို့သွားစရာရှိသေးတယ်လေ "

“ ဒါပေမယ့်....."

“ တကယ်လို့မောင်သာအခုယိင်းပြောတာကိုနားထောင်ရင် မန္တလေးပြန်ရောက်တဲ့အခါကျ ယိင်းမောင့်ကိုပေးမယ်"

“ ယိင်း တကယ်နော်"

“ မောင့်ကိုဘယ်တုန်းကလိမ်ဖူးလို့လဲ"

“ ဟုတ်ပါပြီဗျာ ရွှတ်"

“ ဟာ့ မောင်"

“ ဒါတော့ခွင့်ပြုပေး မဟုတ်ရင်မောင်အိပ်မပျော်မှာဆိုးလို့"

ခဏကြာတော့ မောင်လည်းယိင်းကိုဖက်ထားကာအိပ်ပျော် သွားသည်။ မောင်လူဆိုးလေး ဒါပေမယ့်အဲဒီလူဆိုးလေးကိုပဲ သူကအသည်းနင့်အောင်ချစ်မိနေတာမဟုတ်လား။ မောင်တစ် ယောက်ထဲမဟုတ်ပါဘူး ယိင်းနှလုံးသားထဲမှာလည်းမောင့်ကို ချစ်တဲ့အချစ်တွေ စိုက်ဝင်နေတာတောင်မနှုတ်ပစ်ခဲ့ပါဘူး မနှုတ်ရက်ပါဘူးမောင်ရယ်......။

“ ကားကိုဖြည်းဖြည်းမောင်းကြနော်"

“ ဟုတ်ကဲ့ ဘဘမြင့်"

“ ယိင်း သားလေးကြီးတင်တို့ဆီကို မကြာမကြာပြန်လာပါနော်"

“ ဟုတ်ကဲ့ပါကြီးတင်ရဲ့ ယိင်းအိမ်ကိုမကြာမကြာပြန်လာမှာပါ"

“ ယိင်းကိုစိတ်ချပါကြီးတင် ကျွန်တော်ယိင်းကိုစောင့်ရှောက် ပေးမှာပါ"

“ သားတို့ပြန်တော့မယ်နော်ကြီးတင်"

“ ကောင်းပါပြီကွယ်"

ကိုယ့်ရဲ့သားအရင်းမဟုတ်ပေမယ့် ယိင်းဟာငယ်ငယ်လေး ကတည်းကမိမိလက်ပေါ်ကြီးပြင်းလာခဲ့တာမို့ အခုလောက်ထိ သံယောဇဉ် တွယ်တာမိတာပင်။ ကားလေးသည်မြင်ကွင်းထဲ က ပျောက်ဆုံးသွားသည်အထိရပ်ကြည့်နေရင်း မျက်ရည်များ ဖြင့်သာငေးကျန်ခဲ့လေသည်။ ဪ ယိင်းလည်းသူ့ဘဝနဲ့သူ ရှိသေးတာပဲမဟုတ်လား.....။