Chapter 8: Part.8

ကျနော်ချစ်သော ထိုအမျိုးသမီးWords: 17882

အဖြူရောင်လိုက်ကာလေးကို ဖြတ်ကျော်ကာ ဝင်ရောက်လာသော နေရောင်ခြည်သည် မျက်နှာပေါ်သို့ ခပ်နွေးနွေးကျရောက်နေခဲ့သည် ။

ခပ်စူးစူးကျရောက်နေသော အလင်းရောင်ကြောင့် မျက်လုံးများကို ဖွင့်လိုက်စဉ် အဖြူရောင်များဖြင့်သာ ဖန်တီးထားသော အခန်းလေးဟာ တိတ်ဆိတ်စွာဘဲ ကြိုဆိုနေသည် ။

တိတ်ဆိတ်ခြင်းနဲ့သာ နေသားကျခဲ့သည့်တိုင်အောင် နံနက်ခင်းကျေးငှက်လေးတို့ကပါ ကျနော့်အတွက် တီးတိုးအော်မြည်ပေးခြင်းမရှိခဲ့ပေ ။

ဘဝဟာ ခြောက်ကပ်လွန်းတာထက် ပို၍ခြောက်ကပ်လှသည် ။

ကျနော့်ရဲ့တစ်နေ့ဝာာဟာ သာမာန်လူတစ်ယောက်ရဲ့ တစ်နေ့တာနဲ့ ပုံစံတူသော်လည်း

သတ်မှတ်ထားတဲ့ဘောင်တစ်ခုထဲမှာသာ ...

လစဉ်လတိုင်း နေ့စဉ်နေ့တိုင်း ဖြတ်သန်းခဲ့ရတဲ့အချိန်တွေဟာ ပုံစံတူ ၊ နေရာတူ ၊ အခြေအနေအတူတူချည်းသာ ..

ဘာတစ်ခုမှ ချော်ထွက်လွဲသွားခဲ့ခြင်း မရှိခဲ့ပေ ။

ဘေစင်မှတစ်ဆင့် မြင်နေရသော မျက်နှာကို အလိုမကျစွာ စိုက်ကြည့်နေမိသည် ။

လူသားတစ်ဦးဖြစ်သည့်တိုင်အောင် ရယ်ခြင်း ပြုံးခြင်း ပျော်ရွှင်ခြင်းမရှိသော ဒီလူဟာ ဘာကြောင့်များ ရှင်သန်နေရတာလဲ ..

ဘာအတွက်ကြောင့်နဲ့များ မွေးဖွားလာရတာလဲ ။

ကိုယ့်မျက်နှာကိုယ် ပြန်မကြည့်ချင်တော့လောက်အောင် သက်ပြင်းအရှည်ကြီးချကာ မျက်နှာသစ်ခြင်းအမှုကိုသာ အာရုံစိုက်လိုက်တော့သည် ။

လှေကားများကို နင်းဖြတ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်ပြီး Dining roomထဲသို့ ဦးတည်လျှောက်လှမ်းနေသော ခြေလှမ်းများဟာ အပေါက်ဝမှာတင် ရပ်တန့်သွားခဲ့ရသည် ။

အေးဆေးစွာ နံနက်စာစားနေသော မကို မြင်လိုက်ရချိန် တပြိုင်တည်း ကျနော့်စိတ်ထဲတွင် စိုးရိမ်မှုတွေစိုးမိုးသွားခဲ့သည် ။

ကျနော့်ကြောင့် နံနက်စာအစားပျက်သွားမှာ

ကျနော့်ကြောင့် နံနက်စောစောမှာ မ စိတ်ရှုပ်သွားမှာစိုးတဲ့ စိတ်နဲ့ ခြေလှမ်းများကို နောက်ပြန်ဆုတ်ရန်သာ ပြင်လိုက်သည် ။

" အဲ့တာဘယ်လဲ .. နံနက်စာစားဖို့ ဆင်းလာတာမဟုတ်ဘူးလား "

နောက်ကျောဘက်မှ ထွက်ပေါ်လာသော တည်ငြိမ်ပြတ်သားတဲ့ မရဲ့လေသံကြောင့် ဟန်ပြင်နေတဲ့ ခြေလှမ်းတွေပါ တွန့်ဆုတ်သွားခဲ့ရသည် ။

" လာထိုင်လေ မပ်တပ်ကြီးရပ်ပြီး ဘာလုပ်နေတာလဲ "

မရဲ့ဘေးကိုဝင်ထိုင်လိုက်သည်နဲ့ နဂိုရှိတဲ့ စိုးရိမ်မှုတွေနဲ့ ကြောက်စိတ်တွေပေါင်းစပ်ကာ အပြစ်လုပ်ထားသော လူတစ်ယောက်လို တုန်တုန်ရီရီနှင့် အသက်ပင်ရဲရဲမရှူရဲ ။

မေ့လို့ ကျနော်ဟာ တကယ်လဲ အမှားလုပ်ထားတဲ့ လူတစ်ယောက်ဖြစ်နေခဲ့သည် ။

နံနက်စာစားဝိုင်းလေးဟာ တိတ်ဆိတ်ခြင်းသာ ကြီးစိုးနေခဲ့သည် ။

အရင်က စကားများလှပါတယ်ဆိုတဲ့ ယမင်းတောင် အသံတစ်သံပင်မထွက်ဘဲ ငြိမ်ကုပ်နေခဲ့သည် ။

" ငါ.... မင်းရဲ့ ရှယ်ယာတစ်ဝက်လိုချင်တယ် ..

ငါ့နာမည်နဲ့ ပြောင်းထားပေးပါ "

တိတ်ဆိတ်ခြင်းကြားမှာ ထွက်ပေါ်‌လာသော မရဲ့အသံဟာ ကျယ်လောင်သယောင်ယောင် ။

မရဲ့ တောင်းဆိုခြင်းကို ခေါင်းညိမ့်ခြင်းနဲ့ အဖြေပြန်ပေးတော့ မဟာ အလိုမကျသလို အကြည့်မျိုးနဲ့ကြည့်လာခဲ့သည်။

" ဘာလို့လဲ မမေးတော့ဘူးလား ..

မင်းရဲ့ ရှယ်ယာတစ်ဝက်ကိုတောင် ငါကတောင်းတာနော် ..."

" မအတွက်ဆို အကုန်လိုက်လျောပေးမှာမို့လို့ ..

မ တောင်း‌ဆိုသမျှကို ငြင်းဆန်ခြင်းမရှိဘဲ အကုန်လိုက်လျောပေးမှာမို့လို့ ကျနော့်အတွက် အကြောင်းပြချက်မလိုဘူး မ ...."

" ဟုတ်ပြီ ဒါဆိုလဲ ငါ့နာမည်နဲ့ တစ်ဝက်တိတိကို လွှဲပြောင်းထားပေးပါ "

ထွက်သွားတဲ့ ကျောပြင်လေးကို ကြည့်ကာ မရဲ့ ကျနော့်အပေါ် ပထမဆုံးတောင်းဆိုမှုလေးကြောင့် ရင်ထဲမှာ ကြည်နူးမိသည် ။

ကျနော့်ရဲ့ရှင်သန်မှုဟာ မအပေါ်မှာဘဲ မူတည်နေတော့ ကျနော့်အသက်ကို‌တောင် မဘဲပိုင်ဆိုင်ပါတယ် ။

ထွက်သွားတဲ့ကားလေးကို ပြတင်းပေါက်မှ တစ်ဆင့်ကြည့်ရင်း သက်ပြင်းကိုသာ အကြိမ်ကြိမ်ချမိသည် ။

" သုတထက် နင့်ကိုငါအရမ်းမုန်းပေမဲ့

ငါ့ခံစားချက်ကိုငါလိမ်လို့မရဘူး ..

နင်နဲ့ပတ်သတ်ပြီး တစ်ခုခုကိုခံစားနေရတာ နင်နဲ့လက်ထပ်ပြီးတဲ့ အချိန်ကတည်းကဘဲ ...

ဘာတွေကများ ပြောင်းလဲသွားခဲ့ရတာလဲ "

တွေ့ဆုံချိန်တွေသာ မှားယွင်းမနေခဲ့ရင် အရာရာဟာ လှပပြီး ပျော်စရာကောင်းနေမှာ ။

မှားယွင်းစွာ တွေ့ဆုံခွင့်ပေးခဲ့တဲ့ ကံကြမ္မာကိုသာ အပြစ်တင်ရမည်လား ။

ကျနော်တို့ကိုယ်တိုင်ကဘဲ မှားယွင်းနေခဲ့သည်လား ။

>>>>>>>>

ကျွီ!!!!!

သူငယ်ချင်းသုံးယောက် လမ်းလျှောက်နေရင်း ရုတ်တရက် အရှေ့မှာ ပိတ်ရပ်လာသော ကားအနက်ရောင်တစ်စီးကြောင့် လူကတော်တော်လေး ဒေါသထွက်သွားရသည် ။

ကားမှန်ကိုခေါက်ကာ ‌ဆင်းလာခိုင်းသော်လည်း ကားမောင်းသူဟာတေယ်တော်နဲ့ ဆင်းမလာ ။

" ရှင်ဘယ်လိုလူလဲ ...လူသုံးယောက်လုံး လမ်းလျှောက်သွားနေဝာာတောင် အရှေ့မှာပိတ်ရပ်ရတယ်လို့ ...ရှင့်မှာ ယဉ်ကျေးမှုမရှိဘူးလား "

ကားတံခါးဖွင့်ကာ ဆင်းလာသောကြောင့် လူကိုမမြင်ရသေးသော်လည်း ဒေါသကြောင့် ပြောချင်တာကိုသာပြောနေမိသည် ။

" ရှင်!!!

ဘယ်သူများလဲလို့ ... ဟိုနေ့က ကော်ဖီဆိုင်မှာ တွေ့ခဲ့တဲ့လူဘဲ ...ရှင်တော်တော်ရမ်းကားပါလား ...ပိုက်ဆံရှိတယ်ဆိုတိုင်း လုပ်ချင်တိုင်းလုပ်လို့ရတယ်ထင်နေတာလား ... ယဉ်ကျေးမှုမရှိဘူးလား ..ရှင့်မိဘတွေကရော မဆုံးမထားဘူးလား "

ဒေါသထွက်ပြီး ဒီလောက်ပြောနေတာတောင် ရှေ့ကလူရမ်းကားဟာ ပြုံးစိစိနဲ့ လူကိုကြည့်နေလိုက်တာများ ထွက်နေတဲ့ဒေါသကို ပိုပြီးဆွဲဆန့်လိုက်သလို ဒေါသတွေ အလိပ်လိုက်သာထမိသည် ။

" ရှင် ကျွန်မပြောနေတာရောကြားရဲ့လား ... ရှင်ဒီလိုလုပ်လို့ ကျွန်မတို့ ဘယ်လောက်လန့်ရတယ်ထင်လဲ "

" ချစ်လို့ "

" ဘာ!!!"

" မင်းကိုချစ်လို့လို့ မျက်ဝန်းလေးရဲ့ "

" ရှင်ရူးနေလား .... ချစ်လို့ဆိုပြီး ဒီလိုလုပ်ရသလား

"

" အင်း ...မင်းကိုသတိလာပေးတာ .. မင်းကိုအပိုင်သိမ်းတော့မှာမို့လို့ "

" လဲသေလိုက် ..."

" ဆူးရယ် ထားလိုက်ပါတော့ ..လမ်းမကြီးမှာ..ငါတို့သွားကြရအောင် "

သက်ထားပြောမှသာ လမ်းမှာဆိုတဲ့အသိ ဝင်လာခဲ့သည် ။

တစ်သက်နဲ့တစ်ကိုယ် ဒီလိုလမ်းမဘေးမှာ လူတစ်ယောက်နဲ့ ရန်ဖြစ်ရလိမ့်လို့ မတွေးဖူး ။

သက်ထားတို့တွဲခေါ်လို့ အတင်းဆွဲခေါ်လို့ လိုက်ပါသွားခဲ့ရပေမဲ့ ဟိုလူရမ်းကားကိုတော့ မကျေနပ်သေး ။

" မျက်ဝန်းလေး မင်းကကိုယ့်အပိုင်နော် .. ကိုယ်ကမင်းကို မရရအောင် အပိုင်သိမ်းတော့မှာ "

အနောက်ကနေလှမ်းအော်ပြောနေတဲ့ သူ့စကားတွေကို ဆူးမနှစ်မြို့ပေ ။

ဆူးမှာ ရည်ရွယ်ထားတဲ့သူက ကိုကိုတစ်ဦးတည်းသာ ...

ကိုကိုနဲ့သာ လက်ထပ်ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလိုသည် ။

" ဘာတွေပြုံးစိစိ ဖြစ်နေတာလဲ ငါ့ကောင်ရ "

ဆိုင်ထဲသို့ဝင်ဝင်ခြင်း ကောင်တာမှာ ထိုင်ပြီး ပြုံးစိစိဖြစ်နေသော ငယ်သူငယ်ချင်းဆိုတဲ့ ကောင်ကိုမေးလိုက်သည် ။

" ပြောစမ်းပါအုံး ..ဘာတွေများပျော်စရာ ရှိနေလို့လဲ "

ကားမှန်ကနေတဆင့် မြင်တွေ့ခဲ့ရတဲ့ နှုတ်ခမ်းတထော်ထော်နဲ့ ရန်တွေ့နေတဲ့ ကောင်မလေးရဲ့ပုံရိပ်ဟာ အခုထိ မျက်လုံးနဲ့ ဦးနှောက်မှာ စွဲထင်နေတုန်း ...

ရန်တွေ့နေတဲ့ ပုံလေးက ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်သလဲ ....အူယားစရာလေး

" ကောင်မလေးတစ်ယောက် "

" ဟာ... ကောင်မလေးတစ်ယောက်ကြောင့် ပြုံးစိစိဖြစ်နေရတယ်ဆိုတော့ သုတထက်တို့ ရာဇဝင်ရိုင်းပြီပေါ့ "

Thu Ta groupရဲ့ CEOလောင်းလဲဖြစ် ....

ရုပ်ရည်ကလဲ ပျိုမေတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဆိုတော့ ဒီကောင့်အတွက် မိန်းမဆိုတာ ကလေးကစားစရာ အရုပ်တစ်ခုသာသာသာ ...

စိတ်ရှိရင် ရှ်ိသလို အနားမှာခေါ်သုံးတတ်ပြီး သုံးပြီးရင်လဲ လှည့်မကြည့်တတ်တဲ့ သူ့လိုလူရဲ့ စိတ်ထဲရောက်နေတဲ့ မိန်းကလေးဟာ တော်ရုံတော့မဟုတ် ။

" ပြောစမ်းပါအုံး မင်းလိုကောင်မျိုးရဲ့ စိတ်ဝင်စားမှုကိုရထားတဲ့ အဲ့မိန်းကလေးအကြောင်းကို ..."

" အရမ်းလှတယ် ...ငါ့မျက်လုံးထဲ မြင်မြင်ချင်းကို စွဲလန်းရအောင်ထိလှတာ ...အရမ်းလဲယဉ်တယ် .. တွေ့တဲ့နှစ်ခါလုံး မြန်မာဝမ်းဆက်လေးနဲ့ အရမ်းကို ကျက်သရေရှ်ိတာ ...

အထူးဆန်းဆုံးက ငါ့ရင်ဘတ်ထဲကဘဲ

သူနဲ့တွေ့တိုင်း ရင်ဘတ်ကြီးတစ်ခုလုံးပေါက်ထွက်တော့မလို့ကို ခုန်နေခဲ့တာ "

" ဟ..အတည်ကြီးလား မင်းက "

" အင်းအတည် ... သူကိုပိုင်ဆိုင်ချင်လှအောင်ထိကို ဖြစ်မိနေတာ "

" မင်းပိုင်ဆိုင်ချင်ရင် ခဏဘဲ...ဖြစ်တာကို "

" မတူဘူး...သူက ..တခြားမိန်းကလေးတွေနဲ့ လုံးဝကိုမတူဘူး ... ခဏတာပိုင်ဆိုင်ချင်တာမဟုတ်ဘူး ..

တစ်ဘဝစာကိုပိုင်ဆိုင်ချင်တာ ..

သူက ငါ့ဘဝကို စိုးမိုးမဲ့ ဘုရင်မတစ်ပါးဘဲ "

အတည်ကြီးတွေ ဖြစ်နေတဲ့ သုတထက်ကို အထူးအဆန်းဖြစ်မိသော်လည်း ..

ကိုယ့်သူငယ်ချင်းခြေငြိမ်မဲ့ အရေးမို့လို့ အားပေးမိသည် ။

ဒီအားပေးမှုဟာ ကံဆိုးခြင်းများရဲ့ အစဆိုတာတော့ ဘယ်သူကမှမသိခဲ့ပေ ။

##############