Chapter 7: Part.7

ကျနော်ချစ်သော ထိုအမျိုးသမီးWords: 13632

အေးစက်နေသော လေထုနှင့်အတူ တင်းမာနေသောမျက်နှာထားကြောင့် ကျနော့်မှာ အသက်တောင်မှန်မှန်မရှူရဲ...

ကားမောင်းနေသည့်တစ်လျှောက်လုံးလဲ ဘာစကားမှမပြောသလို မဟာ ကျနော့်ဘက်ကို အကြည့်တစ်ချက်ပင်မပို့ခဲ့ ...

ကျနော့်စိတ်ထဲမှာတော့ သိမ်ငယ်သလိုလို ဝမ်းနည်းသလိုလိုနဲ့ မကို မဝံ့တရဲခိုးခိုးကြည့်ရင်းနဲ့သာ လိုက်ပါခဲ့ရသည် ။

မရဲ့ကားလေး စက်သတ်လိုက်ချိန်မှာတော့ mall တစ်ခုရဲ့အရှေ့မှာ ......

မဟာ တည်ငြိမ်စွာနဲ့ ကားပေါ်ကဆင်းသွားခဲ့ပေးမဲ့ ကျနော့်မှာတော့ ကားတံခါးဖွင့်ဖို့ပင် တွန့်ဆုတ်နေမိသည် ။

" ဆင်းလေ ...

မဆင်းဘဲ ဘာလုပ်နေတာလဲ "

ကားတံခါးကို ဆွဲဖွင့်ကာ ပြောလာတဲ့မကြောင့် နဂိုရှိနေတဲ့ ကြောက်စိတ်တွေဟာ စိုးရိမ်မှုအဖြစ်သို့ ပြောင်းလဲလာခဲ့သည် ။

အေးဆေးတည်ငြိမ်စွာ လျှောက်သွားနေသော မရဲ့အနောက် ခြေတစ်လှမ်းအကွာကနေ လိုက်ပါခဲ့ရသော်လည်း ကျနော့်အတွက် ဒီအခြေအနေဟာ အလွန်ခက်ခဲလှသည် ။

အသက်ရှူကြပ်သလို အလွန်မွန်းကြပ်လာခဲ့ပြီး အရှေ့သို့မမြင်နိုင်အောင်ပင် ခေါင်းကိုသာငုံ့ထားမိသည် ။

လူအများကြား..

လူအများကြီးရှိတဲ့ နေရာတွေကို တစ်ယောက်တည်း သွားရသည်မှာ ကျနော့်အတွက် ခက်ခဲလွန်းလှသည် ။

အကိုကောင်းမြတ်နဲ့သာ အပြင်သွားလေ့ရှိပြီး အရိပ်တကြည့်ကြည့် ဂရုစိုက်ပေးတတ်ခြင်းကြောင့် သက်သာရာရခဲ့ပေမဲ့ .. အခုချိန်မှာ အကိုကောင်းမြတ်မပါဘဲ ကျနော်တစ်ယောက်တည်းသာ ။

အရှေ့ကနေသွားနေသော မကတော့ တစ်ထပ်ပြီးတစ်ထပ်  ပင်ပန်းခြင်းမရှိဘဲ လှည့်ပတ်သွားနေပေမဲ့ အနောက်ကလိုက်ရတဲ့ ကျနော်ကတော့ စိတ်ရောကိုယ်ပါ ပင်ပန်းလာခဲ့ပြီ ။

ကော်ဖီဆိုင်လေးတစ်ဆိုင်ရှေ့ရောက်တော့ မဟာ ထို‌ဆိုင်ရှေ့တွင် ခေတ္တရပ်တန့်သွားခဲ့သည် ။

ခဏကြာတော့ ထိုဆိုင်လေးထဲသို့ဝင်သွားခဲ့ပြီး အနောက်ကနေ ကျနော်ပါလိုက်ဝင်ခဲ့ရသည် ။

" ထိုင်လေ ...မတ်တပ်ကြီးရပ်ပြီး ဘာလုပ်နေပြန်တာလဲ "

ကလေးတစ်ယောက်လို ကြောက်ကြောက်လန့်လန့်နဲ့ မရဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည် ။

" Black coffee နှစ်ခွက် "

Waiterလေးကို မှာလိုက်သော မကြောင့် ကျနော့်မှာကြောင်အသွားခဲ့ရသည် ။

ကျနော် black coffee ကိုတစ်ခါမှမသောက်ဖူးခြင်းကြောင့်ဖြစ်သည် ။

အရှေ့မှာလာချပေးသော ကော်ဖီခွက်ကိုသာ စိုက်ကြည့်နေခဲ့မိသည် ။

" သောက်လေ "

မရဲ့စကားက အမိန့်တစ်ခုဖြစ်တာကြောင့် မော့လိုက်လိုက်ရာ...

" ခါးတယ်မလား "

ခါးလိုက်တာမှ ဟန်မဆောင်နိုင်အောင်ပင် မျက်နှာရှုံ့မဲ့သွားရသည် ။

ဒီထက်ခါးတဲ့အရသာ ကမ္ဘာပေါ်မှာ ရှိပါအုံးမလားဆိုပြီး တွေးမိအောင်ထိကို ခါးလိုက်တဲ့အရသာ ။

အရှေ့မှာ ကော်ဖီတစ်ခွက်ကြောင့် ကမ္ဘာပျက်နေသူကိုကြည့်ရင်း ကျွန်မကိုယ်တိုင်သတိမထားမိလိုက်ခင်မှာဘဲ ကျွန်မပြုံးလိုက်မိသည် ။

ဒီအပြုံးဟာ ကျွန်မစိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်ခြင်းဖြစ်သည် ။

" ဒီဆိုင်လေးကို မှတ်မိလား ... နင်နဲ့ငါနဲ့ ပထမဆုံးတွေ့ဆုံခြင်းက ဒီဆိုင်ထဲမှာလေ "

ကော်ဖီခွက်ကိုသာ အာရုံရနေတဲ့သူဟာ ကျွန်မရှိနေတာကို အခုမှ သတိရသွားသလို အလန့်တကြားနဲ့ မော့ကြည့်လာခဲ့သည် ။

ဒီလိုအကြည့် ဒီလိုမျက်ဝန်းမျိုးကို ကျွန်မအရမ်း ရင်းနှီးနေခဲ့သည် ။

" မမတို့ မှာထားတာလေးတွေ ရပါပြီ "

မေဘယ် သက်ထားတို့နှစ်ယောက်နဲ့ ပိတ်ရက်လေးတွင်  ကော်ဖီဆိုင်လေးမှာထိုင်ရင်း အချိန်ဖြုန်းနေခဲ့ကြသည် ။

" မောင်လေး .. အမတို့မှာတဲ့ထဲမှာ ဒါမပါဘူး black coffee ဘဲပါတာ "

" အော်..ဟုတ်ကဲ့ ..ကျနော်ပြန်လဲပေးပါ့မယ်နော် "

Waiter လေးနောက်သို့ အလှည့်တွင် ..

လူတစ်ယောက်နဲ့ တိုက်မိပြီး ထိုလူပေါ်သို့ coffee တွေဖိတ်စင်သွားခဲ့သည် ။

" ဟာကွာ..တောက်စ်!

မင်းလူတစ်ယောက်လုံးကို မမြင်ဘူးလား "

" တောင်းပန်ပါတယ် အကို ..ကျနော်မမြင်လိုက်လို့ပါ "

" တောင်းပန်တယ်ဟုတ်လား ... ဒီမှာကြည့် ငါ့အင်္ကျီ တွေမှာ စွန်းကုန်ပြီ .. ဒါဘယ်လောက်တန်တယ်ထင်လဲ မင်းတစ်လစာထက်တောင် ကျော်သေးတယ်သိလား "

" ဒီမှာ...ရှင်ငွေစကား မပြောပါနဲ့ ..ရှင်ကရော လူတစ်ယောက်လုံးကို မမြင်ဘူးလား "

ဆူးမနေနိုင်စွာဘဲ သက်ထားတို့ တားနေသည့်ကြားက ဝင်ပြောမိတော့သည် ။

တောင်းပန်နေတာတောင် ငွေစကားပြောလာတဲ့သူကြောင့် ဆူးဝင်ပြောမိခြင်းဖြစ်သည် ။

သူမ မျက်နှာကြောင့် ထွက်နေတဲ့ဒေါသတွေဟာ အငွေ့ပျံသွားသလို ပျောက်ကွယ်သွားရသည် ။

သိပ်လှတယ် ..သိပ်ကိုလှရက်လွန်းတယ် ..

မိန်းမတွေနဲ့ ပတ်သက်ဖူးသည့်တိုင်အောင် သူမရဲ့အလှလောက် ဘယ်သူမှဆွဲဆောင်မှုမရှိခဲ့ဘူး ..

ညှို့ယူအားကြီးသော မျက်ဝန်းတွေ

နှာတံစင်းစင်းလေးတွေ

နှုတ်ခမ်းတထော်ထော်လေးနဲ့ ရန်တွေ့နေတဲ့ နှုတ်ခမ်းပါးလေးတွေဟာ သိပ်ကိုဆွဲဆောင်မှုအားပြင်းလွန်းသည် ။

ရင်ဘတ်ထဲက ပုံမှန်မဟုတ်တော့တဲ့ အရာကြောင့် သူမကို မြင်မြင်ချင်း ချစ်မိသွားခဲ့ပြီဆိုတာ သိခဲ့ရသည် ။

" ဒီမှာ ! ရှင်....ကျွန်မပြောနေ‌တာတွေရော ကြားရဲ့လား "

" ဟမ်....အင်း .. ရပြီ ညီလေး မတော်တဆဖြစ်တာဘဲ ရတယ် ..လုပ်စရာရှိတာ သွားလုပ်တော့ "

ပုံမှန်ဆို ကိုယ့်ကိုလာထိတဲ့လူမှန်သမျှကို အလွတ်မပေးတတ်ပေမဲ့ အခုသူမလေးရဲ့ မျက်နှာကြောင့် သုတထက်ရဲ့ ရာဇဝင်လေးက ရိုင်းခဲ့ရပြီ ။

" နောက်မှတွေ့မယ် မျက်ဝန်းလေး ..မင်းကကိုယ် ပိုင်ဆိုင်ရမဲ့ မျက်ဝန်းလေးဘဲ  "

အူကြောင်ကြောင်စကားတွေ ပြောသွားတဲ့ ထိုလူ့ကို မျက်စောင်းသာထိုးလိုက်တော့သည် ။

" ဆူးရယ် နင်နဲ့လဲမလွယ်ဘူးနော် ..ဝင်မပါပါနဲ့ဆိုတာကို "

" ဟဲ့ ... သူကစော်ကားနေတာကို .. ပိုက်ဆံရှိတယ်ဆိုတိုင်း လူတိုင်းကို စော်ကားချင်တိုင်း စော်ကားလို့မှမရတာ ... အဲ့လိုလူချမ်းသာတွေကို အရမ်းမုန်းတာဘဲ "

အမုန်းတွေက ဒီလောက်ထိ ကြာရှည်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ ။

" သိလား ..သုတထက် ငါနင့်ကိုစတွေ့ကတည်းက မုန်းခဲ့ရတာ ...

နင်နဲ့ငါ့ရဲ့ တွေ့ဆုံခြင်းက မှားယွင်းနေခဲ့တယ် ...

နင်နဲ့သာမဆုံခဲ့ရင် ငါနင့်ကိုမုန်းနေရမှာ မဟုတ်သလို ငါလဲမပင်ပန်းတော့ဘူး ...

အဲ့နေ့က ဝင်ပါခဲ့ခြင်းအတွက် ငါ့မှာနောင်တရလို့မဆုံးဘူး "

" တောင်းပန်ပါတယ် ကျနော့်ကြောင့်ပင်ပန်းခဲ့ရလို့ ..

ကျနော့်ကြောင့်သာမဟုတ်ရင် အရာရာဟာ သူ့နေရာနဲ့သူ လှပပျော်ရွှင်နေရမှာ "

မလိုအပ်ဘဲ ထားမိတဲ့ အတ္တတွေ၊မာနတွေကြောင့် သာယာလှပနေတဲ့ ဘဝတွေပျက်စီးခဲ့ရသလို ...

ကိုယ်တိုင်လဲ နောင်တတွေနဲ့ တစ်သက်လုံးနာကျင်စွာနဲ့ အပြစ်တွေ အမုန်းတွေခံယူပြီး နေသွားရတော့မှာ ။

ရယူခြင်းတွေက မသိသာပေမဲ့ ဆုံးရှုံးလိုက်ရခြင်းတွေက အရမ်းသိသာလွန်းတယ် ...

ဆူံရှူံးလိုက်ရခြင်းတွေက ပြန်ရယူလို့ မရတတ်ဘူး ။

###############