Chapter 6: Part .6

ကျနော်ချစ်သော ထိုအမျိုးသမီးWords: 17285

" Happy 2years Anniversary ပါနွယ် .."

မျက်စိရှေ့ရောက်လာသော အဖြူရောင်နှင်းဆီပန်းပွင့်လေးကြောင့် ပြုံးလိုက်မိသည် ။

Anniversary တိုင်းဒီနှင်းဆီအဖြူလေးဟာ မပါမဖြစ် နွယ်အကြိုက်ဆုံး ပန်းလေးသာဖြစ်သည် ။

" နွယ်...ဒီနေ့ဘယ်သွားချင်လဲ ..ကိုကိုလိုက်ပို့ပေးမယ် ...

ဒီနေ့ရဲ့အချိန်တွေကို နွယ့်အတွက်ဘဲ ကိုကိုပေးမယ် "

နွယ့်ဘေးမှာ ဝင်ထိုင်လာတဲ့ ကိုကို့ကို အချိုသာဆုံးပြုံးပြ မိသည် ။

ကိုကိုနဲ့ အိမ်ချင်းသိပ်မဝေးလှသော်လည်း အလုပ်အရမ်းရှုပ်တတ်တဲ့ ကိုကို့ကြောင့် နွယ်နဲ့ကိုကိုဟာ အမြဲမတွေ့ဖြစ်သလို သမီးရည်းစားတွေလိုdateဖို့ဆိုတာဝေးစွ ။

ဒီလိုနဲ့ဘဲ ကိုကိုနဲ့ရှေ့ဆက်ခဲ့တာ အခုဆို ၂နှစ်တောင်ပြည့်ခဲ့ပြီ ။

" နွယ် ..ဘယ်မှမသွားချင်ပါဘူး ကိုကိုရဲ့...

နွယ်က ကိုကို့အနားမှာဘဲနေချင်တာ "

" စကားအရမ်းတတ်တာဘဲ နွယ်က ...လာပါအုံး "

ကိုကို့ရင်ခွင်ထဲကို ကလေးတစ်ယောက်လို တိုးဝင်မိသည် ။

နွယ်ဟာ ဘယ်လောက်ဘဲ တည်ငြိမ်ရင့်ကျက်ပါစေ

ကိုကိုနဲ့ဆိုရင် ကလေးတစ်ယောက်လိုသာပြုမူတတ်သည် ။

" ဘယ်လိုကြောင့် ဒီလောက်စကားတတ်သွားရတာလဲဟင် ကိုကို့ကလေးလေးက "

ရင်ခွင်ထဲကနေ မော့ကြည့်နေတဲ့ နွယ်ဟာ သိပ်ကိုလှလွန်းသည် ။

တည်ငြိမ်ရင့်ကျက်လွန်းတဲ့ နွယ့်ရဲ့အလှကို တခြားဘယ်သူမှမမြင်နိုင်တော့အောင် ရင်ခွင်ထဲမှာဘဲ သော့ခတ်သိမ်းထားချင်မိအောင်ထိ ..

နွယ်ဟာ အဲ့လောက်ကိုလှတာ ။

" ကိုကို့ကို အရမ်းတွေချစ်မိသွားလို့နေမှာ ...

နွယ်စကားတတ်သွားတာ ကိုကို့ကြောင့် "

ရင်ဘတ်ကို လက်သီးဆုပ်သေးသေးလေးနဲ့ ဖွဖွလေးထုနေတဲ့ နွယ့်ကို အူယားလွန်းလာ၍ နွယ့်ရဲ့ပါးလေးကို ဖိကပ်နမ်းရှိုက်လိုက်သည် ။

" နွယ်က အရမ်းချစ်ဖို့ကောင်းတာဘဲ ...

ဒီလူကတော့ နွယ့်ကိုချစ်လွန်းလို့ ရူးတော့မှာ ..."

" နွယ်ရောဘဲ ကိုကို့ကိုအရမ်းချစ်တာ "

ကိုယ်စီအပြုံးလေးတွေနဲ့ လှပနေတဲ့ ချစ်သူနှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာကို ဘေးကနေခံစားလို့ရတဲ့အထိ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာဟာ အလွန်လေးနက်လွန်းလှသည် ။

******************

"အကိုလေးက အခုထိဆင်းမလာသေးဘူးလား "

" ဟုတ်တယ် ကောင်းမြတ် မနက်ကတည်းက အခုထိဆင်းမလာသေးတာ ... နေ့လည်စာစားဖို့သွားခေါ်တာတောင် ဆင်းမလာဘူး "

မနက်က မမလေးနဲ့ပြသနာဖြစ်ပြီးကတည်းက အကိုလေးဟာ အခုညနေစာစားချိန်အထိ ဆင်းမလာခဲ့တော့ချေ ။

ဒီတိုင်းတစ်ယောက်ထဲ လွှတ်ထားမိရင် အကိုလေးဘဲ ထိခိုက်ရလိမ့်မယ် ။

" ကျနော် သွားကြည့်လိုက်အုံးမယ် "

>>

ဒေါက်!ဒေါက်!

" အကိုလေး ...ကျနော်ဝင်လာခဲ့မယ်နော် "

ခုတင်ပေါ်တွင် ပြတင်းပေါက်ဘက်ကို မျက်နှာမူပြီးထိုင်နေတဲ့ အကိုလေးရဲ့ကျောပြင်ကို မြင်ရတာ စိတ်ချမ်းသာစရာ တစ်စုံတစ်ရာမရှိ ။

အကိုလေးအနားသို့ လျှောက်သွားလိုက်ပြီး...

" အကိုလေး "

မျက်ရည်အရွှဲသားနဲ့ မော့ကြည့်လာတဲ့ အကိုလေးရဲ့မျက်နှာကို မြင်ရတော့ ပိုပြီးသနားမိသည် ။

ကွာရှင်းစာချုပ်လေးကို ကိုင်ထားတဲ့ အကိုလေးရဲ့ ရင်ထဲက ခံစားချက်ကို ပြောပြစရာမလိုသည့်တိုင်အောင် အကိုလေးရဲ့ ခံစားချက်ကိုမြင်နေရသည် ။

" အကို...မ...မကလေ ကျနော့်အနားက ထွက်သွားတော့မှာလား "

ရှိုက်သံတွေနဲ့ အကိုလေးရဲ့အသံကြောင့် နားထောင်ရတဲ့သူပါမျက်ရည်ဝဲတက်လာရသည် ။

ဘယ်လိုစကားကများ အကိုလေးကို နှစ်သိမ့်ပေးနိုင်ပါ့မလဲ ။

" မ..ကျနော့်အနားက ထွက်သွားရင် ကျနော်ဘယ်လိုရှေ့ဆက်လျှောက်ရမှာလဲ ..ဘယ်လိုဆက်ပြီး အသက်ရှင်နိုင်မှာလဲ ...

အကိုရယ် ..မကို ကျနော့်အနားက ထွက်မသွားဖို့တားပေးပါလား...ကျနော်တောင်းပန်ပါတယ် ..မကို ထွက်မသွားဖို့ပြောပေးပါနော် "

လက်အုပ်လေးချီကာ မမလေးကို ထွက်မသွားဖို့ တောင်ပန်နေတဲ့ အကိုလေးကို အလွန်သနားလာမိသည် ။

" အကိုလေး...စိတ်ကိုငြိမ်ငြိမ်ထားပါ "

အကိုလေးရှေ့ ဒူးထောက်ထိုင်ချလိုက်ပြီး ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးလိုက်သည် ။

သုတ်ပေးလိုက်ပေမဲ့ မျက်ရည်တွေဟာ ရပ်တန့်ခြင်းမရှိဘဲ စီးကျနေပြန်သည် ။

" မမလေးကို ထွက်မသွားစေချင်ရင် ..အကိုလေး..

မမလေးကို အမှန်တရားဆိုတဲ့အရာတွေကို ထုတ်ပြောပြသင့်တယ် ”

" မဖြစ်ဘူး...မကို အမှန်တိုင်းပြောလို့မရဘူး...

မ ...အမှန်တိုင်းသိသွားလို့ မဖြစ်ဘူး "

ခေါင်းကိုခါရမ်းပြီး အတင်းတွန်းကန်ငြင်းနေတဲ့ အကိုလေးကို နားမလည်နိုင် ။

" ဘာလို့လဲ ...အကိုလေးရဲ့ "

" မကို အမှန်တိုင်းဖွင့်ပြောလိုက်ရင် သူ့အတွက် မတရားသလိုဖြစ်သွားလိမ့်မယ် ... မသာ အမှန်တရားကိုသိသွားခဲ့ရင် သူ့ကိုအရမ်းမုန်းသွားလိမ့်မယ် .. သူက မကိုတကယ်ချစ်ခဲ့တာ.. မအပေါ်ကို သူကတကယ်ချစ်ခဲ့တာ.. သူ့အတ္တကြောင့်သာ မဖြစ်သင့်တာတွေ ဖြစ်ကုန်ခဲ့ရတာ ...

အမှန်တရားကို မသိသွားလို့မဖြစ်ဘူး...

အဲ့အမှန်တရားတွေက ကျနော်တစ်သတ်လုံး မြုပ်နှံပြီးသိမ်းထားရမဲ့အရာတွေမို့လို့ မ သိသွားလို့မဖြစ်ဘူး  ..."

ကိုယ်တိုင်ထက် သူများကို ဦးစားပေးနေတဲ့ အကိုလေးကို လုံးဝနားမလည်နိုင်တော့ပေ။

ကိုယ့်အတွက် နည်းနည်းလေးမှ လှည့်မကြည့်တတ်တဲ့သူတွေ ၊

နည်းနည်းလေးမှ စာနာမပေးတတ်တဲ့ သူတွေအတွက် အကိုလေးဟာ အစစအရာရာကို လိုက်တွေးပေးနေတော့တာ ။

" အကိုလေးအတွက်ကရော...

အကိုလေး ကိုယ့်အတွက်ကိုယ်ရော တွေးကြည့်ဖူးလား ... စဉ်းစားဖူးလား

မတွေးကြည့်ဖူးရင် အခုတွေးကြည့်တော့ အကိုလေး...မမလေးက အကိုလေးအနားက ထွက်သွားတော့မှာ ..

မမလေးကို တားဖို့နည်းလမ်းရှိနေရက်နဲ့ ဘာကြောင့် အသုံးမချရတာလဲ ...

မမလေးမရှိဘဲ အကိုလေးနေနိုင်လို့လား

အကိုလေးအတွက် မမလေး မရှိလို့ဖြစ်ရဲ့လား "

" မဖြစ်ဘူး...မ မရှိလို့မဖြစ်ဘူး...မဖြစ်လို့ ဒီလောက်အပင်ပန်းခံပြီး အနားမှာ ကပ်တွယ်နေတာပေါ့ ...

မသာ ကျနော့်အနားက ထွက်သွားရင် ကျနော်သေသွားနိုင်တယ် .. ကျနော်သေသွားနိုင်တယ်လို့ "

" အကိုလေးရာ "

ရင်ခွင်ထဲမှာ ဝမ်းနည်းပက်လက် ငိုကြွေးနေတဲ့ အကိုလေးကို ဆက်ပြောဖို့အတွက် စကားလုံးတွေဟာ ထွက်ကျမလာတော့ချေ ။

လူတစ်ယောက်ရဲ့ ခံစားချက်ကို ကိုယ်တိုင်ဝင်ပြီးခံစားကြည့်လို့ မရပေမဲ့ သူရဲ့ပုံစံကိုကြည့်ပြီး ခံစားမှုအတိမ်အနက်ကို ခန့်မှန်းကြည့်လို့ရပါတယ် ။

အသေအချာကြီး အမြင်နဲ့ ဆုံးဖြတ်လို့မရပေမဲ့

အခုချိန်မှာ အကိုလေး အရမ်းနာကျင်နေမှာ

အရမ်းကြောက်နေမှာ ......

ဘယ်သူ့ဘယ်သူ့ကြောင့်ဆိုပြီး ဘယ်အရာကိုမှ  အပြစ်မတင်ချင်ပေမဲ့ ကံကြမ္မာကတော့ အကိုလေးအ‌ပေါ်ကို ရက်စက်လွန်းလှသည် ။

***********************

အပေါ်ထပ်ကနေ ဆင်းလာရင်း ဧည့်ခန်းထဲမှာထိုင်နေတဲ့ မကိုမြင်လိုက်ရတော့ ဆက်လှမ်းမဲ့ ခြေလှမ်းတွေဟာ တွန့်ဆုတ်သွားခဲ့သည် ။

သတင်းစာကိုသာ တစ်စိုက်မတ်မတ် ဖတ်နေတဲ့ မဟာ ကျနော့်ကိုတော့ မြင်ဟန်မတူ ။

အောက်ဆင်းမဲ့ ခြေလှမ်းတွေကို အပေါ်ပြန်တက်ရန်လှမ်းပြင်တော့ ....

" သုတထက် !"

နာမည်တစ်စုကို ခေါ်လိုက်တဲ့ မရဲ့လေသံကို ကျနော့်ကျောထဲစိမ့်ဝင်လောက်အောင်ထိ ကြောက်မိသည် ။

ကျနော့်အနားက ထွက်သွားဖို့ ထပ်ပြောမယ် အထင်နဲ့ ကျနော့်မှာ နှစ်ခါကြောက်ရသည် ။

" ဒီနားလာခဲ့အုံး "

မရဲ့စကားဟာ ကျနော့်အတွက် အမိန့်တစ်ခုလိုပင်

ငြင်းဆန်ဖို့အခွင့်မရှိသလို ဆန္ဒလဲမရှိ ။

ခေါင်းငုံ့ကာ မအနားသို့ သွားနေတဲ့ ကျနော့်ရဲ့ခြေလှမ်းတွေဟာ ယိုင်နဲ့နေခဲ့သည် ။

မအနားသို့ တဖြေးဖြေး နီးကပ်လာသည်နှင့်အမျှ ကျနော့်ရဲ့ နှလုံးခုန်မှုနှုန်းတွေဟာလဲ တစတစတိုးတိုးလာခဲ့သည် ။

" မနက်စာ စားပြီးပြီလား "

မျက်နှာချင်းဆိုင်မကြည့်ရဲသလို ခေါင်းကိုငုံ့လျက်သာ ခေါင်းခါပြမိသည် ။

ဒီအချိန်မှာ စကားသံထွက်နိုင်ဖို့ဆိုတာ ဝေးစွ ။

" မနက်စာ မစားရသေးရင် သွားစားလိုက် ..

စားပြီးရင် ငါနဲ့အတူ သွားစရာနေရာရှိတယ် ..အသင့်ပြင်ထား "

ရင်ခုန်မှုရော ရင်တုန်မှုရောပါ ပေါင်းပြီး လူကဘာအသံမှမထွက်နိုင် ။

ခေါင်းသာ တဆက်ဆက်ငြိမ့်ပြပြီး မအနားက ပြေးထွက်လာမိတော့သည် ။

ဒီထက်ပိုပြီး မအနားမှာ ဆက်ရပ်နိုင်စွမ်းမရှိတော့ ။

မရဲ့အရှိန်အဝါဟာ ကျနော့်အပေါ်ကို အလွန်းစိုးမိုးနိုင်လွန်းသည် ။

မနက်စာသာ စားနေပေမဲ့ ခေါင်းထဲ အတွေးတွေကတော့အစုံ ပြည့်နှက်နေသည် ။

အရင်ကဆို နာမည်ကြားရုံနဲ့ ရွံပါတယ်ဆိုတဲ့ မက အခုအတူအပြင်သွားစရာ ရှိတယ်ဆိုတာ ပုံမှန်တော့မဟုတ် ။

ပုံမှန်မဟုတ်ခြင်းတွေထဲမှာ မရဲ့ပုံမှန်မဟုတ်ခြင်းက အထူးဆန်းဆုံးပင် ...

ကျနော့်မှာ ရင်တလှပ်လှပ်နဲ့ ခေါ်ဆောင်ရာနောက်ကို လိုက်ပါသွားရတော့မည် ။

########№########