Chapter 5: Part .5

ကျနော်ချစ်သော ထိုအမျိုးသမီးWords: 20951

" စိတ်အခြေအနေက အရမ်းပြင်းထန်သွားတယ်ထင်တယ် ခန္ဓာကိုယ်ပါ လဲကျသွားရတဲ့အထိဆိုတော့ ... "

" ဟုတ်တယ် ..အကိုပြည့် ပြသနာလေးတွေများသွားလို့ "

" သုတအခြေအနေက အရင်ကထက်ပိုဆိုးလာတယ် နော်"

"ဗျာ!! "

အရင်ကထက် တည်တည်ငြိမ်ငြိမ်ရှိလာတဲ့

အကိုလေးကို အဆင်ပြေနေပြီထင်နေခဲ့တာ ..

အရင်ကထက်တောင် ပို‌ဆိုးလာတယ်တဲ့လား..

အရင်ကထက် တည်ငြိမ်လာတဲ့ အကိုလေးကို အတိတ်ဆိုးတွေထဲကနေ ရုန်းထွက်နိုင်ခဲ့ပြီ ထင်ခဲ့တာ .....

အကိုလေးဟာ တည်ငြိမ်လာတာနဲ့အမျှ ခံစားချက်တွေကိုပါ မြိုသိပ်လာခဲ့တယ်ထင်တယ်

အကိုလေး ရင်ထဲမှာ ဘာတွေများ ဒီလောက်တောင်ကြိတ်မှိတ်ခံစားနေခဲ့ရတာလဲ ..

" ဟုတ်တယ် ..ကောင်းမြတ် ..သုတနောက်တစ်ခါသာ ဒီလိုထပ်ဖြစ်ရင် ပုံမှန်စိတ်ပြန်ဖြစ်ဖို့က ရာခိုင်နှုန်းနည်းတယ် ..

အကိုပြောတာကို သဘောပေါက်မှာပါ ..

ဒါကြောင့် သေသေချာချာစိုက်ပေးပါ .. အတတ်နိုင်ဆုံး စိတ်ချမ်းသာအောင်ထားပေး "

" အကိုလေးရဲ့ အခြေအနေကို အကိုလဲသိနေပြီးသားကို ..

အကိုလေးအတွက် စိတ်ချမ်းသာစရာဆိုတာ ဘယ်တုန်းကရှိခဲ့လို့လဲ "

" အကိုသိပါတယ် ..အဲ့တာကြောင့် ပိုပြီးအသေးစိတ်ဂရုစိုက်ရလိမ့်မယ် နောက်တစ်ခါဆို မလွယ်ဘူး "

" ဟုတ်ကဲ့ပါ ..ကျနော်အတတ်နိုင်ဆုံး အကိုလေးကို စိတ်ချမ်းသာအောင်ထားပါ့မယ် "

" အင်း..ဒါဆို အကိုပြန်တော့မယ် ..တစ်ခုခုဆိုဖုန်းဆက်လိုက် "

အကိုပြည့်ထွက်သွားတော့

ခုတင်ပေါ်မှာလှဲနေတဲ့ အကိုလေးကိုကြည့်ကာ အရမ်းသနားမိသည် ။

ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာရမဲ့ ကလေးတစ်ယောက်ဟာ နာကျင်စရာတွေနဲ့ဘဲ ကြီးပြင်လာတော့ ကြီးပြင်းလာရတဲ့ ဘဝဟာ ဘယ်လောက်သနားစရာ ကောင်းလိုက်လဲ ...

ရှင်သန်နေရတဲ့ ဘဝကရော အဓိပ္ပါယ်ရှိပါအုံးတော့မလား ...

***************

ဝေခွဲရခက်နေတဲ့ ခံစားချက်တွေနဲ့ စိတ်တွေဟာရှုပ်ထွေးလွန်းနေသည် ။

ပါးပြင်ပေါ်မှာ စီးကျနေတဲ့ မျက်ရည်တွေကို မသုတ်မိသလို ရင်ဘတ်ထဲကနာကျင်မှုဟာလဲ အရင်ကထက် နှစ်ဆနာကျင်သယောင် ......

ဝမ်းနည်းမှုအပြည့်နဲ့ သူ့မျက်နှာ ...

တစတစ စီးကျလာတဲ့ သူ့မျက်ရည်တွေ...

သိပ်သနားဖို့ကောင်းတဲ့ သူ့အကြည့်တွေ...

" အား!!!!!.......သုတထက် ... နင်က အရမ်းစိတ်ရှုပ်ဖို့ကောင်းတာဘဲ ...နင့်လိုလူအတွက်နဲ့ ငါက ဘာလို့ဝမ်းနည်းပေးနေရတာလဲ ..တကယ်ဆို နင်နာကျင်နေတာမြင်ရလို့  ငါပျော်နေရမှာလေ ..ငါကပျော်နေရမှာ..

ဘာလို့လဲ!!! မုန်းတယ် ..အရမ်းမုန်းတယ် "

မျက်ရည်တွေဟာ ပိုမိုကျဆင်းလာခဲ့သလို အဲ့မျက်ရည်တွေကို သုတ်ပစ်ဖို့လဲ စိတ်ကူးရှိမနေခဲ့ ။

ကိုယ်သေလောင်အောင် မုန်းပါတယ်ဆိုတဲ့ လူတစ်ယောက်အတွက်နဲ့ မျက်ရည်တွေကျနေတာဟာ သိပ်ကိုရယ်စရာကောင်းလှသည် ။

" Hello "

" ငါပြောထားတဲ့ အတိုင်းစီစဉ်ပေးပါ "

ပါးပြင်ပေါ်က မခြောက်သေးတဲ့ မျက်ရည်စလေးတွေကို အသာဖယ်လိုက်ပြီး...

" သုတထက် ... ငါက နင့်ဆီကိုကံဆိုးခြင်းတွေ ယူဆောင်လာတော့မှာ... နင့်ရဲ့ကျရှုံးခန်းကို ငါတစ်ဝကြီးထိုင်ကြည့်ရတော့မှာ...ဟား..ဟား..."

အခန်းတစ်ခုလုံးကို စိုးမိုးသွားတဲ့ ကျေနပ်ခြင်းရယ်မောသံတွေဟာ .

တစ်ဖက်ခန်းက ခုတင်ပေါ်လဲလျောင်းနေတဲ့ ကောင်လေးအတွက် ထပ်ပြီးနာကျင်ရမဲ့ နာကျင်မှုအသစ်ရဲ့ ရယ်မောသံဖြစ်ပါလိမ့်မည် ။

******************

" ကျနော့်ကြောင့် အလုပ်ပိုရှုပ်သွားရတယ် ထင်တယ် "

သတိရတာ မကြာသေးတဲ့ အကိုလေးဟာ သူ့ကိုယ်သူထက် အခြားလူအတွက်ကို စိတ်ပူပေးနေပြန်တယ် ။

အမြဲတမ်း တခြားသူအတွက် စဉ်းစားပေးနေတဲ့ ..အကိုလေးဟာ ..

ကိုယ့်ကိုကိုယ်ရော ဂရုစိုက်ဖို့သိပါသေးရဲ့လား ...

" မဟုတ်တာ ...အကိုလေးရယ် အကိုလေးသာ တစ်ခုခုဖြစ်သွားခဲ့ရင် ကျနော်တို့ရင်ကျိုးရမှာ...ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ အကိုလေးရဲ့ "

အကိုကောင်းမြတ်ရဲ့ စကားကြောင့် ရင်ထဲမှာ နွေးကနဲခံစားမိလိုက်သည် ။

ကျနော့်အတွက် စိတ်ပူပေးနေတဲ့ ရပ်ဝန်းလေးရှိနေသေးတယ်ဆိုတဲ့ အသိဟာ တကယ်ကိုနွေးထွေးရသည် ။

" ဟုတ်ကဲ့ပါ ...ကျနော့်ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ့မယ် "

" ဂရုစိုက်ရုံနဲ့ မရဘူး အကိုလေး ...အကိုလေးမှာဘာကိစ္စဘဲရှိရှိ ကျနော့်ကိုဖွင့်ပြောလို့ရတယ် ...မြိုသိပ်မထားပါနဲ့ ...

အကိုလေးက အရမ်းမြိုသိပ်တတ်လွန်းလို့ ကျနော်စိတ်ပူတယ် "

ကျနော့်အတွက် စိတ်ပူပြီး ပြောပြနေတဲ့ အကိုကောင်းမြတ်ကို ပြုံးပြပြီး ခေါင်းကိုအသာညိမ့်ပြလိုက်သည် ။

ဖွင့်ပြောလို့မရတဲ့ ခံစားချက်တွေဆိုတာ လူတိုင်းမှာရှိတတ်ကြတယ် ။

ငယ်ငယ်ကတည်းက ဥပေက္ခာတွေနဲ့ဘဲ ကြီးပြင်းလာရတာဆိုတော့ ကိုယ့်ခံစားချက်တွေကို ဖွင့်ပြောချင်ရင်တောင် နားထောင်ပေမဲ့ တစ်စုံတစ်ယောက်မှမရှိခဲ့ဘဲ...

ဒီလိုဘဲ ရင်ထဲမှာ မြိုသိပ်ရင်းမြိုသိပ်ရင်းနဲ့ဘဲ နေသားကျလာခဲ့ရတာ ...

အခုချိန် နားထောင်ပေးမဲ့ တစ်စုံတစ်ယောက်ရှိလာခဲ့ရင်တောင် ခံစားချက်တွေကို ထုတ်မပြောပြတတ်တော့အောင် မြိုသိပ်တတ်နေခဲ့ပြီ

နေသားကျခြင်းဟာ အကျင့်ဖြစ်သွားခဲ့တယ် တူပါရဲ့ ။

*****************

" မမလေး ...မမလေးရဲ့ သူငယ်ချင်းနှစ်ယောက် အောက်မှာရောက်နေကြတယ် "

" အင်း...ဟုတ်ပြီ..ဆင်းလာခဲ့လိုက်မယ် "

မရောက်စဖူးရောက်လာကြတဲ့ သူငယ်ချင်းနှစ်ယောက်ကို အထူးအဆန်းဖြစ်မိသည် ။

အပြင်မှာသာနေ့တိုင်းတွေ့ကြပေမဲ့ အိမ်ကိုလာတာဆိုတော့ ဒီတစ်ခါသာရှိသည် ။

" ဘာကိစ္စရှိလို့လဲ .. ထူးထူးဆန်းဆန်း "

" ထူးဆန်းမနေနဲ့ ..ငါတို့သိချင်လွန်းလို့ လိုက်လာတာ "

" ဟုတ်တယ် ဟုတ်တယ် ငါရောဘဲ "

" ဒီနှစ်ယောက်လဲ လိုက်လဲလိုက်ပါ့.... မကြာပါဘူး...

ငါသူ့ဆီ လက်ဆောင်ပို့ပေးထားတယ် "

" သူကအသာတကြည် လက်ခံမယ်ထင်လို့လား "

" စောင့်ကြည့်ကြတာပေါ့ "

အိမ်ရှေ့သို့ ကားရပ်သံနှင့်အတူ အလောတကြီး အိမ်ထဲဝင်လာသော သူ.....

"မ..ဒါ...ဒါက ဘာသဘောလဲ "

အိမ်ထဲသို့ ဝင်လာချင်း ဧည့်ခန်းမှာ ထိုင်နေသော မကို မြင်မြင်ချင်း..

သိချင်နေသော ကိစ္စကိုမေးလိုက်သည် ။

" မင်း မြင်တဲ့အတိုင်းဘဲလေ ... ငါကတော့ လက်မှတ်ထိုးပြီးပြီ ..မင်းထိုးဖို့ဘဲကျန်တော့တာ "

ကုမ္ပဏီသို့ ကျနော့်နာမည်နှင့်ရောက်လာသော စာအိတ်ကို ဖွင့်ကြည့်လိုက်တော့ ကွာရှင်းစာချုပ်တစ်စုံ...

ပေးပို့သူကလဲ တခြားသူမဟုတ် မကိုယ်တိုင်သာ ...

" ဘာ..ဘာလို့တုန်း မရဲ့ .."

တုန်တုန်ရီရီနဲ့ ထွက်သွားတဲ့ အသံတွေဟာ ကျနော်ဘယ်လောက် ဘယ်လောက်ထိကြောက်ရွံ့နေကြောင်းကို သက်သေပြနေသည် ။

" ဘာလို့တုန်း ဟုတ်လား...... နင့်ကိုလက်ထပ်ခဲ့တာ ချစ်လို့မှမဟုတ်ဘဲ ... နင်နဲ့ငါ့ကြားမှာ ချည်တွယ်စရာ သံယောဇဉ်တွေ ဘာတွေလဲ ရှိနေတာမဟုတ်ဘူး ...

အခု ကွာရှင်းကြမယ် ..

ကွာရှင်းပြီးရင် နင့်ပိုင်ဆိုင်မှု တစ်ဝက်ကို ငါ့ကိုပေးရမယ် "

သွေးအေးအေးနဲ့ ပြောထွက်လာတဲ့ မရဲ့စကားတွေဟာ ကြောက်ဖို့ကောင်းလှသည် ။

မချစ်ဘဲနဲ့ လက်ထပ်ခဲ့တာကို သိပေမဲ့ အခုလို မရဲ့ပါးစပ်ကပြောထွက်လာတော့ အရမ်းခံရခက်သည် ။

ချည်နှောင်ထားတဲ့ကြိုးတွေ မရှိရင်တောင် မအနားမှာကပ်တွယ်နေချင်သေးတယ် ။

" ကျနော် ကွာရှင်းမပေးနိုင်ဘူး "

" ဘာလို့ ကွာရှင်းမပေးနိုင်ရတာလဲ ...

ဘာလဲငါ့ကိုပါအနားမှာခေါ်ထားပြီး တိတ်တိတ်လေး သတ်ပစ်မလို့လား ...

အေးလေ နင့်လိုလူမျိုးအတွက် လူသတ်တယ်ဆိုတာ ထမင်းစားရေသောက်သလောက်ဘဲ ရှိတာကို ....."

နားထဲရက်စက်စွာ တိုးဝင်လာတဲ့ စကား‌လုံးတွေကြောင့် ကျနော်ကိုယ်တိုင် သတိမထားမိခင်မှာဘဲ မျက်ရည်တွေစီးကျလာခဲ့ရသည် ။

" ဘာလဲ ငါပြောတဲ့ စကားတွေကသိပ်မှန်သွားလို့လား ....ဟက်..

နင့်ရဲ့ပိုင်ဆိုင်မှုတွေခွဲပေးရမှာစိုးလို့ ကွာရှင်းမပေးနိုင်တာလား "

အဆက်မပြတ်ထိုးသွင်းလာတဲ့ မရဲ့စကားလုံးတွေကြောင့် ကျနော့်မှာရင်တွေနာလှပြီ ။

မကပါ ကျနော့်ကို ရက်ရက်စက်စက်ပစ်သွားရင် ကျနော် ဘယ်လိုအင်အားမျိုးနဲ့ ရှေ့ဆက်လျှောက်လှမ်းရမှာလဲ ။

" မ ဘယ်လိုဘဲထင်ထင် ကျနော့်ကတော့ လုံးဝကွာရှင်းမပေးနိုင်ဘူး "

ခံနိုင်ရည်စွမ်းတွေကုန်ခမ်းသွားသလို မရှေ့မှာ ဆက်ပြီးရပ်နိုင်စွမ်းမရှိတော့လို့

မကိုကျောခိုင်းကာ ကျနော်ပြေးထွက်လာမိသည် ။

မဟာသိပ်ရက်စက်တယ် .....

မဘယ်လောက်ဘဲ မုန်းမုန်း ၊ ဘယ်လောက်နာကျင်အောင်ဘဲ လုပ်လုပ် မအနားမှာနေရရုံနဲ့ ကျေနပ်နေတဲ့ လူကိုမှ မကအဝေးကိုမောင်းထုတ်ပစ်ရက်တယ် ။

ရင်ထဲကို နက်နက်ရှိုင်းရှိုင်းရောက်နေတဲ့ လူတစ်ယောက်ကို ဘယ်လိုအင်အားမျိုးနဲ့ ဆွဲထုတ်ပစ်ရမှာလဲ ...

ကျနော့်ဘဝမှာ မကလွဲရင် တွယ်တာစရာမရှိတော့လို့ မအနားမှာဘဲ တွယ်ကပ်နေပါရစေ မရယ် ....

" သနားပါတယ် ...နင့်ကို တကယ်ချစ်ရှာတယ် ထင်တယ် "

" ဟုတ်တယ် ... ငိုတောင်ငိုတာဆိုတော့ ..

မထင်ထားဘူး သူမျက်ရည်ကျတတ်လိမ့်လို့ "

" တော်စမ်းပါ... သူကငါနည်းနည်းလေး ပြောလိုက်တာနဲ့ မျက်ရည်ကျဖို့လောက်ဘဲသိတာ "

" ဟဲ့ ... အရင်က သူမျက်ရည်ကျဖို့မပြောနဲ့ သူပုံစံကလက်ရဲဇက်ရဲနဲ့ ဒီလောက်ခက်ထန်တာကို ..

အခုပုံစံနဲ့ ဆီလားရေလားဘဲကို "

" အဲ့တာတော့ ဟုတ်တယ် ဆူး....

အခုသူ့ပုံစံက အရင်ကနဲ့ အများကြီးကွဲပြားနေတယ် ...

ပြောရရင်ကွာ... ရုပ်သာတူပေမဲ့ စရိုက်ချင်းကခြားနားနေတယ် ..တစ်ခုခု လွဲနေတယ်လို့ မထင်ဘူးလား "

သူငယ်ချင်းနှစ်ယောက်ရဲ့ စကားကြောင့် ခဏတာတွေဝေသွားခဲ့ရသည် ။

သူတို့ပြောသည်မှာလဲ မမှား..

အရင်က သုတထက်ဆိုတာ သူဖြစ်ချင်တာကိုမဖြစ်ဖြစ်အောင်လုပ်တတ်တဲ့ လက်ရဲဇက်ရဲသမား..

အခုက တစ်ခုခုပြောလိုက်တာနဲ့ မျက်ရည်သာကျဖို့‌ လောက်ဘဲသိတဲ့ ကလေးတစ်ယောက်လို ပြောင်းလဲသွားခဲ့တာ ။

ဘာတွေက ဘယ်လို ပြောင်းလဲသွားလဲမသိပေမဲ့ လွန်ခဲ့တဲ့ တစ်နှစ်က သုတထက်နဲ့ အခုသုတထက်ဟာ အလွန်ကွဲပြားနေတယ်ဆိုတာကတော့ အမှန် ။

#############

မျက်ရည်တွေဟာ ဖန်သားတွေမဟုတ်လို့ ကျကွဲသံကို မင်းမကြားရတာပါ...

နောက်ကွယ်မှာ ကြိတ်ငိုခဲ့ရတဲ့ ရက်တွေဟာ အလွန်ကြေကွဲဖွယ်ကောင်းလွန်းခဲ့သည် ..

ပိုင်ဆိုင်ချင်လွန်းလို့သာ မှားခဲ့ရတာ ..

မင်းနဲ့သာဆို ကိုယ်ဟာ ပျော့ညံ့တဲ့လူသားတစ်ယောက်ဘဲ ..

ကြမ်းတမ်းလွန်းတဲ့ ကိုယ့်နှလုံးသားလဲ မင်းနဲ့တွေ့မှ နူးညံ့သွားခဲ့ရတာ ..

နူးညံ့သွားတဲ့ နှလုံးသားကို မင်းလေးက နာကျင်ခြင်းတွေသာ လောင်းထည့်ပေးနေတော့ ကိုယ့်နှလုံးသားလေးဟာ ခံနိုင်အားရှိပါတော့မလား ..

ကြေကွဲပျက်စီးခြင်းတွေမှာ မင်းဆုပ်ခြေခဲ့တဲ့ ကိုယ့်နှလုံးသားလဲ ပါဝင်နေခဲ့တယ် ..

သုတထက်

##############