Chapter 4: Part.4

ကျနော်ချစ်သော ထိုအမျိုးသမီးWords: 22532

" ဘာလို့အတင်းဆွဲခေါ်နေတာလဲ အကိုကောင်းမြတ်ရဲ့ "

" လာခဲ့ပါ အကိုလေးရယ် ... အရေးကြီးပြစရာရှိလို့ပါ "

အပေါ်ထပ်ကနေ အတင်းဆွဲခေါ်လာတဲ့ အကိုကောင်းမြတ်ကြောင့် အနောက်ကနေ ယက်ကန်ယက်ကန်ပါလာရသည် ။

" Happy birthday ပါအကိုလေး !!"

Dining roomထဲဝင်ဝင်ချင်း ကြီးတင်ရယ် ယမင်းရယ် အကိုကောင်းမြတ်တို့ဝိုင်းအော်လိုက်သော အသံကြောင့် လန့်သွားရသည် ။

ကြီးတင်ကိုင်ထားသော ကိတ်မုန့်လေးကြောင့် ရင်ဘတ်ထဲမှာ ပြောပြလို့မရနိုင်တဲ့ ခံစားချက်နဲ့အတူ မျက်ရည်ဝိုင်းလာရသည် ။

" ဘာလို့ ငိုနေတာလဲ အကိုလေးရဲ့ ...မွေးနေ့ရက်ကြီးမှာ မငိုနဲ့လေ "

" ကျနော်ပျော်လို့ပါ ..ကျ..ကျနော် တကယ်ပျော်လို့ပါ "

ပျော်လို့ဆိုပြီး ငိုနေတဲ့ အကိုလေးကိုကြည့်ကာ မျက်ရည်ဝဲမိသည် ။

ဒါဟာ အကိုလေးအတွက် ပထမဆုံးအကြိမ် မွေးနေ့ကိုမှတ်မှတ်ရရ ပြုလုပ်ချင်းဖြစ်သည် ။

အကိုလေး ဘယ်လောက်ထိပျော်နေမယ်ဆိုတာ ကျနော်တို့သိတာပေါ့ ။

" မငိုပါနဲ့တော့ အကိုလေးရယ် ..ဖယောင်းတိုင်တွေ အရည်ပျော်ကုန်ပြီ ..လာမြန်မြန်လေးမီးမှုတ်တော့ ဆုတောင်းလိုက် "

" အဲ့လိုလုပ်ရတာလား "

ပထမဆုံးအကြိမ် ကိုယ့်နာမည်နဲ့ မွေးနေ့ကိတ်လေးကိုမြင်ဖူးတာဆိုတော့ ဒီလိုတွေလုပ်ရတယ်ဆိုတာ မသိခဲ့တာအမှန်ပါ ။

အားကုန်သုံးပြီး လေမှုတ်လိုက်တော့ ဖယောင်းတိုင်တွေဟာ တစ်ချက်တည်းနဲ့ အကုန်ငြိမ်းသွားသည် ။

မျက်လုံးမှိတ်ပြီး ဆု‌တောင်းမိတာကတော့ ...

* ဆက်ပြီးရှင်သန်ရမဲ့ အနာဂတ်မှာ ပျော်ရွှင်သော လူသားတစ်ယောက်ဖြစ်လိုပါ၏  *

လက်ခုပ်တီးပြီး ပျော်ရွှင်နေကြသော ကြီးတင်တို့ကြောင့် ကျနော်ပါ လိုက်ပြုံးမိသည် ။

ပျော်ရွှင်မှုရဲ့ အရသာဆိုတာ ဒါမျိုးပါလား ။

ကိတ်မုန့်ကို လှီးပြီး ကြီးတင်တို့ကို လိုက်ခွံ့ကျွေးပြီး

ဘဝမှာတစ်ခါမှ မခံစားဖူးတဲ့ ပျော်ရွှင်မှုကို ခံစားလိုက်ရတော့ အရမ်းပျော်မိသည် ။

ပထမဆုံးအကြိမ် ပြုလုပ်ဖူးတဲ့ မွေးနေ့ပွဲလေးက မခမ်းနားပေမဲ့ ကျနော့်အတွက်တော့ တန်ဖိုးဖြတ်မရအောင်ပင် ..

အခုလိုလေး လုပ်ပေးတဲ့ ကြီးတင်တို့ကိုကျေးဇူးလဲတင်မိသည် ။

" သိပ်ပျော်နေကြတယ်ထင်တယ် "

အပေါက်ဝကနေ ကြားလိုက်ရတဲ့ အသံဟာ လှည့်ကြ ည့်စရာ မလိုအောင်ပင် ပိုင်ရှင်ကို သိနေသည့်အလား ကြောက်ရွံ့နေမိသည် ။

" မမလေး "

" အရမ်းကို ပျော်နေကြတယ် ထင်တယ် ကျွန်မကြောင့် အနှောင့်အယှက်များ ဖြစ်သွားကြသလား "

တစ်လှမ်းချင်း လျှောက်လာကာ ပြောလာသောမရဲ့ စကား တွေကြောင့် ကျနော်အနေကျုံ့မိသည် ။

စားပွဲပေါ်က ကိတ်မုန့်ကိုကြည့်ကာ မ

ဟာပြုံးနေခဲ့သည် ။

"H a p p y ..ဟက်ပီး ..

ဟက် ..သုတထက် နင်နဲ့အဲ့စာလုံးနဲ့တန်လို့လား ...

လူတစ်ယောက်လုံးကို သတ်ထားတဲ့ နင့်မှာ ပျော်ရွှင်ခွင့်ရှိလို့လား....

လူတိုင်းမှာပျော်ရွှင်ခွင့်ရှိပေမဲ့ နင်ကတော့မရဘူး .. နင်ကတစ်သက်လုံး နာနာကျင်ကျင်နဲ့နေသွားရမှာလေ ...

နင့်ကိုပျှော်ရွှင်ခွင့်ပေးလိုက်ရင် ငါ့အတွက်မတရားတော့ဘူးလေ ..ဟုတ် တယ် မ လား "

ပြောလဲပြော တဆက်တည်း စားပွဲပါ်က ကိတ်မုန့်ကို အောက်သို့ပစ်ချလိုက်သည် ။

" မမလေး!!!!"

ဒေါသသံဖြင့် အော်လာသော အကိုကောင်းမြတ်ကို ကျနော် ခေါင်းခါပြလိုက်သည် ။

" ဘာလဲ ကျွန်မမှားသွားလို့လား ...

ကျွန်မမှားလဲ သူ့လိုလူတစ်ယောက်လုံးကို သေအောင်လုပ်တဲ့ အမှားထက်တော့ မကြီးပါဘူး "

နာလိုက်တာ ...

ရင်ဘတ်ထဲက အရမ်းနာတာဘဲ ...

ခံပြင်းတယ် ဘာမှပြန်မပြောနိုင်တဲ့အတွက် အရမ်းခံပြင်းမိတယ် ။

ကျနော်ဟာ ကျနော်မလုပ်ခဲ့တဲ့ အမှားတွေအတွက် အပြစ်ခံယူနေရတယ် ။

အရမ်းမုန်းတယ် ...

ဒီလိုမျိုးမွေးဖွားလာရတဲ့ ဘဝကို အရမ်းမုန်းတယ် ။

" အကိုလေး ..."

ကျနော့်ကိုကြည့်နေကြသော ကြီးတင်တို့ရဲ့ အကြည့်ကိုကျနော် ရင်မဆိုင်ရဲ။

ကျနော်ဟာ အဲ့လောက်တောင် သနားစရာကောင်းတဲ့လူတစ်ယောက်ဖြစ်နေခဲ့ပြီလား ။

" တောင်းပန်ပါတယ် ...ကျနော့်ကြောင့် အကိုတို့စေတနာနဲ့ လုပ်ထားပေးတဲ့ ကိတ်မုန့်လေးပျက်စီးသွားခဲ့ရပြီ .."

" အကိုလေးအမှားမှ မဟုတ်ဘဲ "

" တောင်းပန်ပါတယ် ..တောင်းပန်ပါတယ် "

မျက်ရည်တွေနဲ့ တောင်းပန်ပါတယ်သာ တတွတ်တွတ်ပြောနေသော အကိုလေးဟာ သူ့အမှားမဟုတ်ဘဲနဲ့ ဘာတွေအတွက်များတောင်းပန်နေရတာလဲ ။

****************

အခန်းတံခါးကိုပိတ်ပြီးသည်နှင့် တစ်ပြိုင်နက် နံရံကိုမှီကာထိုင်ချလိုက်သည် ။

စိတ်ထဲတွင်လည်းဝေခွဲရခက်နေတဲ့ ခံစားချက်‌တွေဟာ ရှုပ်ထွေးလွန်းလှသည် ။

ဘာကြောင့်လဲ ဘာကြောင့်ဝမ်းနည်းနေသလို ခံစားနေရတာလဲ ...

တကယ်ဆိုပျော်ရွှင်နေရမှာလေ

သူ့ပျော်ရွှင်မှုကို ဖျက်ဆီးခဲ့ရလို့ ပျော်ရွှင်နေရမှာလေ ။

" ဘာကြောင့်လဲ!!! ဘာကြောင့်လဲ ဒီခံစားချက်ကြီးက ....."

ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်စတွေကို လက်ဖဝါးဖြင့် ကြမ်းတမ်းစွာ ဆွဲသုတ်လိုက်ပြီး

" ဘာကြောင့်ဒီမျက်ရည်တွေက ကျလာရတာလဲ ... "

စားပွဲပေါ်က ဓာတ်ပုံလေးကို ဆွဲယူလိုက်ကာ

" ကိုကို...ကိုကို့ကို အရမ်းလွမ်းလို့ထင်တယ် နွယ်အကြောင်းမရှိ မျက်ရည်တွေကျနေမိတယ် ...

ကိုကိုသိလား မနက်ဖြန်ဆို နွယ့်ဘဝထဲက ကိုကိုထွက်သွားတာ တစ်နှစ်တောင်ပြည့်ခဲ့ပြီ ..

ကိုကိုအဆင်ပြေရဲ့လား..

နွယ်ကတော့အဆင်မပြေဘူး ကိုကိုရဲ့ ...ကိုကိုမရှိတော့တဲ့ ဘဝမှာ နွယ်အဆင်ပြေမ‌ နေဘူး "

ဓာတ်ပုံလေးကိုပိုက်ကာ ဝမ်းနည်းပက်လက် တစ်ယောက်ထဲငိုကြွေးနေသော ကောင်မလေးနဲ့အတူ တဖက်မှာလဲ နာကျင်ခြင်းဒဏ်တွေကြောင့် ရင်ကွဲမတက် ငိုကြွေးနေတဲ့ ကောင်လေးတစ်ယောက်လဲရှ်ိ နေခဲ့တယ် ။

**************

"အကိုလေး နိုးလာပြီလား "

ယမင်းကိုအသာလေး ပြုံးပြလိုက်ပြီး

" မရော...ဆင်းမလာသေးဘူးလား "

" မမလေးကအစောကြီးဆင်းလာပြီး သွားစရာရှိတယ်ဆိုပြီး ထွက်သွားတယ် ...

ယမင်းကိုတောင် ဈေးသွားရင် ဒါလေးဝင်ယူခိုင်းခဲ့လို့ ယူခဲ့ရသေးတယ် "

ဓာတ်ပုံဘောင်ဖြစ်ဟန်တူသည်

အုပ်ထားတဲ့စက္ကူကြောင့် ဘာပုံလဲဆိုတာတော့ မသိရ ။

အဲ့တာကို လျစ်လျူရှုပြီး နံနက်စာကိုသာ အာရုံစိုက်စားလိုက်သည် ။

နံနက်စာစားပြီး ထိုင်ခုံမှထကာထမင်းစားခန်းထဲမှအတွက်

ခွမ်း!!!!!

ကျကွဲသံများကြောင့် နောက်သို့လှည့်ကြည့်လိုက်ရာ.

" ရရဲ့လား..ယမင်း ဘယ်နားထိခိုက်မိသွားသေးလဲ "

" အကိုလေး တောင်းပန်ပါတယ် ယမင်းရေနွေးထည့်‌ နေရင်းဖိတ်ကျလာလို့ လန့်ပြီးအနောက်ဆုတ်လိုက်တာ စားပွဲခုံနဲ့တိုက်မိပြီး ပစ္စည်းတွေကျကွဲကုန်တာ "

" ရတယ် .. အိမ်ကပစ္စည်းတွေကွဲတာက ကိစ္စမရှိဘူး

မရဲ့ပစ္စည်းရောကွဲသွားတယ် ထင်တယ် "

" အယ် ဟုတ်ပါ့ မမလေးရဲ့ပစ္စည်း...

မမလေးကသေချာ‌မှာခဲ့တာ နည်းနည်းလေးတောင် မထိခိုက်စေနဲ့လို့မှာခဲ့တာကို "

စိုးရိမ်စွာပြောနေတဲ့ ယမင်းကို စိတ်အေးအေးထားဖို့ရာပြောပြီး မရဲ့ပစ္စည်းလေးကို ကောက်ကိုင်မည်အလုပ်..

" သုတထက် !!!!"

ဒေါသသံဖြင့် ကျယ်လောင်သောအသံကြောင့် ပတ်ဝန်းကျင်ရှိ အရာများဟာ ရပ်တန့်သွားသယောင်

ဖြန်း!!!!!

ကိုးကြိမ်မြောက် ပါးပြင်ပေါ်သို့ ကျရောက်လာသော မရဲ့လက်ဖဝါးနုနု....

" နင်ကလူတစ်ယောက်လုံးကိုသတ်ထားတာတောင် အားမရသေးဘူးလား ... ဟမ်!!!

ဓာတ်ပုံကိုပါ ဖျက်ဆီးရလောက်တဲ့အထိ သူ့အပေါ်ကိုမကျေနပ်နေသေးတာလား !!!!"

မ ဒေါသထွက်နေရတာ မသိပ်ချစ်ရတဲ့သူရဲ့ ဓာတ်ပုံပျက်စီးသွားခဲ့ရလို့ကို ....

မရယ် ..မ သိပ်ချစ်ရတဲ့သူရဲ့ဓာတ်ပုံမှန်းသာသိခဲ့ရင် ကျနော်ကိုယ်တိုင် သေချာသိမ်းထားပေးမှာပေါ့ ...

မကို ဘယ်နာကျင်ခံပါ့မလဲ ...

" မမလေး..အဲ့ဒါ..."

" ယမင်း! "

မရဲ့ဒေါသတွေကို တခြားသူအပေါ်သက်ရောက်ခွင့်မပေးနိုင်လို့ ယမင်းကို ခေါင်းခါပြလိုက်သည် ။

မဆီက ကျနော်ရနိုင်တာဆိုလို့ မရဲ့ဒေါသနဲ့အမုန်းတွေဘဲရှိဝာာလေ ..

ဒါလေးတွေဘဲ မဆီကနေရနိုင်တာမို့လို့ ကျနော်အတ္တကြီးစွာနဲ့ တခြားတစ်ယောက်အပေါ် ကျရောက်ခွင့်မပေးနိုင်ဘူး ...

ကျနော်ဟာ ဒီလောက်ထိ ရူးမိုက်နေမိတာ ..

" ကျနော် မတော်တဆတိုက်မိသွားလို့ ကျကွဲသွားရတာပါ "

" ဘာ!!! မတော်တဆ ဟုတ်လား !! နင့်အဲ့မတော်တဆကြောင့် လူတစ်ယောက်အသက်တစ်ခုလုံး ဆုံးရှုံးခဲ့ရတာလေ လူသတ်သမားရဲ့ !!!!"

မဟာ ဒေါသကြီးစွာ စားပွဲပေါ်က ရှိသမျှပစ္စည်းများကို ဖယ်ချပစ်လိုက်သည် ။

ထွက်ပေါ်လာတဲ့ ဆူညံသံများကြောင့် ကြီးတင်နဲ့ အကိုကောင်းမြတ်တို့ပါ ထမင်းစားခန်းထဲရောက်လာခဲ့ကြသည် ။

" မရယ် ...စိတ်ထိန်းပါအုံး .. တစ်ခုခုထိခိုက်မိလိမ့်မယ် "

ကြမ်းပြင်မှာ ပြန့်ကျဲနေသော ပုလင်းကွဲစများကြောင့် မထိခိုက်သွားမှာကို စိုးရိမ်မိသည် ။

" နင်ငါ့ကိုစိတ်မပူပြနဲ့ ... နင်အဲ့လိုလုပ်ပြရင် ငါအရမ်းရွံဝာာ "

" ကျနော်တမင်လုပ်လိုက်တာမဟုတ်ပါဘူး ...မတော်တဆ ..

မတော်တဆဖြစ်သွားရတာပါ "

ရင်ဘတ်ထဲမှာ ခံပြင်းစွာ အရမ်းနာကျင်လှပြီ ....

မရဲ့ပါးပြင်ပေါ်ကျဆင်းနေတဲ့ မျက်ရည်တွေကြောင့် ရင်ထဲက ပိုပြီးနာကျင်ရသည် ။

မက အဲ့အကိုကို အရမ်းချစ်တာဘဲလား ...

ကျနော်ကို သေအောင်မုန်းလောက်တဲ့အထိ အဲ့အကိုကို ဒီလောက်တောင်ချစ်ရတာလား....

" နင့်ကိုအရမ်းမုန်းတယ် !!သုတထက် ..

နင့်ကိုအရမ်းမုန်းတယ် မမြင်ချင်လောက်အောင်ထိကိုမုန်းတာ...

နင်ကမွေးကိုမလာသင့်တဲ့သူ!!... နင်ကအားလုံးအတွက် စိတ်ရှုပ်စရာဘဲ "

မက ပြောပြီးထွက်သွားခဲ့ပေမဲ့ ကျန်နေခဲ့ရတဲ့ ကျနော်က အသက်မရှင်ချင်တော့အောင်ထိ

မျက်လုံးထဲဘာမှ မမြင်နိုင်တော့အောင်ထိ ရင်ဘတ်ထဲမှာ နာကျင်မှုကကြီးစိုးထားလေသည် ။

မကပါ ဒီလိုရက်ရက်စက်စက် ပြောလို့မရဘူးလေ ..

မကပါ ကျနော့်ကို ဥပက္ခာပြုလိုက်ရင် ...

" နင်က ဒီလောက်လေးတောင် အသုံးမကျဘူးလား..

မွေးထားရပြီး ဘာမှကောင်းကျိုးမပေးတဲ့ကောင် "

" နင်ဒါလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ မသိဘူးလား..

တော်တော်အသုံးမကျတဲ့ကလေး ..မွေးကိုမလာသင့်ဘူး "

နားထင်တွင် ပဲ့တင်ထပ်စွာကြားနေရတဲ့ အတိတ်ကစကားတွေဟာ ရင်ဘတ်ကိုအစိမ်းလိုက်ခွဲနေသယောင် နာကျင်လွန်းလှသည် ။

" မဟုတ်ဘူး!! မဟုတ်ဘူး!!... တမင်လုပ်တာမဟုတ်ဘူး ... မတော်တဆဖြစ်သွားတာ ..တမင်လုပ်တာ မဟုတ်ဘူး!!! "

" အကိုလေး စိတ်ထိန်းအုံးလေ ...အကိုလေး!!!"

နားနှစ်ဖက်ကိုအုပ်ကာ သွေးရူးသွေးတန်းလျှောက်အော်နေတဲ့ အကိုလေးကိုထိန်းကာ စိတ်ထိန်းဖို့ပြော‌ နေရသည် ။

လွန်ခဲ့တဲ့ ၅နှစ်ကဖြစ်ခဲ့သလိုပုံစံအတိုင်း အခုအကိုလေးဟာသွေးရူးသွေးတန်းဖြစ်နေခဲ့သည် ။

" အကို...ကျ..ကျနော် တမင်လုပ်တာမဟုတ်ပါဘူး...

တမင်လုပ်တာမဟုတ်ပါဘူး..မတော်တဆဖြစ်သွားတာပါနော် ... ကျေးဇူးပြုပြီး ကျနော့်ကို မထားခဲ့ကြပါနဲ့ !!"

"အကိုလေး! အကိုလေး ! ကြီးတင်ဆရာပြည့်ကို အခုချက်ချင်း ဖုန်းဆက်ခေါ်လိုက် "

လက်ပေါ်တွင်မေ့လဲသွားသော အကိုလေးကို ပွေ့ချီကာ အပေါ်ထပ်အကိုလေးရဲ့အခန်းထဲသို့ ခေါ်လာခဲ့လိုက်သည် ။

အတိတ်တွေဟာ ဖျောက်ဖျက်လို့မရတဲ့ အိမ်မက်ဆိုးတစ်ခုလိုဘဲ ....

မမှတ်မိချင်ရင်တောင် အမြဲသတိရနေမိတဲ့ အတိတ်ဆိုးတွေ ....

လွတ်မြောက်ချင်တယ် ...

အတိတ်တွေထဲမှာ ပိတ်မမိနေချင်တော့ဘူး ..

မွန်းကြပ်လွန်းလှပြီ ....

ဆုတောင်းတစ်ခုသာ ပြည့်နိုင်ခဲ့ရင် ကိုယ့်ကိုပျော်ရွှင်စေနိုင်မဲ့ ရပ်ဝန်းမှာသာ ရှင်သန်လိုပါသည် ။

###############