Chapter 3: Part.3

ကျနော်ချစ်သော ထိုအမျိုးသမီးWords: 20743

" မောင်လေး ...ဒီမှာခဏထိုင်စောင့်နေနော် ...ကြီးကြီး ဟိုးနားကရေခဲမုန့်လေး ဝယ်ပြီးပြန်လာခဲ့မယ် ..ဘယ်မှလျှောက်မသွားနဲ့နော် "

" ဟုတ်ကဲ့ကြီးကြီး "

၅နှစ်အရွယ်ကောင်လေးဟာ မှာထားခဲ့တဲ့စကားအတိုင်း ထိုင်နေရာမှ တဖဝါးမရွေ့ဘဲ စောင့်နေခဲ့သည် ။

ထိုင်နေသောနေရာနားသို့ လိမ့်လာခဲ့ဘောလုံးလေးနဲ့အတူ ထိုကောင်လေးရှေ့တွင် စုံရပ်လိုက်သော ခြေထောက်ဖြူဖြူ သေးသေးလေးတစ်စုံ.....

အတောက်ပဆုံး အပြုံးလေးနှင့်ပြုံးပြနေသော ၁၀နှစ်အရွယ် ကောင်မလေး တစ်ယောက်...

" တစ်ယောက်ထဲ ထိုင်နေရတာ မပျင်းဘူးလား ကလေးလေး "

ပါးဖောင်းဖောင်းလေးနှင့် ခေါင်းခါပြနေသော ထိုကလေးလေးဟာ အလွန်ချစ်ဖို့ကောင်းလှသည် ။

ဆူး ကစားနေရင်း ဒီကလေးလေးကို မြင်မိတော့ ဆူးကိုယ်တိုင်တောင် မသိဘဲ သူ့အနားရောက်လာရတာ။

" မမနဲ့ အတူလိုက်ကစားမလား "

" ကြီးကြီးက ဘယ်မှလျှောက်မသွားနဲ့လို့ မှာခဲ့တယ် .. မောင်လိုက်လို့မရဘူး "

စကားပြောလိုက်တော့ လှုပ်ခါသွားတဲ့ ပါးဖောင်းဖောင်းလေးတွေကြောင့် ဆူး ဒီကလေးလေးကို အူယားနေမိသည် ။

" မောင်လေး "

အနောက်ကခေါ်လိုက်သော အန်တီကြီးတစ်ယောက်ရဲ့အသံ ...

သူ့ကိုသူ မောင်လို့ခေါ်တဲ့ ကလေးလေးဟာ ထိုအန်တီကြီးဆီ ပြေးသွားခဲ့သည် ။

" မောင်လေး ...အဆင်ပြေရဲ့လား "

ခေါင်းတဆက်ဆက်ညိတ်ပြနေတဲ့ ဒီကလေးဟာ သူစိမ်းတွေဆို အရမ်းကြောက်တတ်တာ ...

" အဲ့မမက မောင့်ကို  အတူတူကစားမလားတဲ့ "

မောင်လေး လက်ညှိုးထိုးပြတဲ့ဆီကို ကြည့်လိုက်တော့ မောင့်ထက်ကြီးဟန်တူသော ကောင်မလေးတစ်ယောက် ...

အပြုံးလေးတွေက လူတိုင်းချစ်ခင်စေမဲ့အပြုံးမျိုး..

ဒါကြောင့်လဲ မောင်လေးက ဒီကလေးမလေးကို မကြောက်တာနေမှာ ။

" မောင်လေးက ကစားချင်လို့လား "

" ဟုတ် "

လှိုက်လှိုက်လှဲလှဲနဲ့ ကစားချင်ဟန်ပြနေသောကြောင့် ခွင့်ပြုပေးလိုက်ရသည် ။

သခင်ကြီးသိရင် တော်တော်ဒေါသထွက်မှာသိသော်လည်း မိမိရှေ့မှာ ပြုံးပြုံးရွှင်ရွှင်ဆော့ကစားနေတဲ့ မောင်လေးကြောင့် သခင်ကြီးကို လျစ်လျှူရှုထားမိသည် ။

အခုချိန်မှာ မောင်လေးပျော်ရွှင်နေရတယ်လေ ...

တခါမှမမြင်ဖူးတဲ့ အပြုံးလေးတွေနဲ့ မောင်လေးက ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေခဲ့တာ ။

*******************

ကားမှန်မှတစ်ဆင့် မြင်နေရသော အပြင်ကမြင်ကွင်းဟာ ပျော်ရွှင်စရာကောင်းနေပေမဲ့ ကျနော့်အတွက်တော့ နာကျင်ခံစားရသလို ရင်ဘတ်ထဲတွင်အောင့်သက်သက်နှင့် ။

ပန်းခြံဟုထင်ရသောနေရာတွင် ကလေးများနှင့်ပျော်ရွှင်စွာကစားနေကြသော မိသားစုများ

ကိုယ်စီကိုယ်စီ ပျော်ရွှင်ရယ်‌မောစွာ အုပ်စုဖွဲ့စကားပြောနေကြသောလူငယ်များ

သူတို့တွေရဲ့မျက်နှာထက်က အပြုံးတွေဟာ သိပ်ကိုမနာလိုစရာကောင်းလှသည် ။

လောကကြီးက ကျနော်ကလွဲရင် အားလုံးကို ပျော်ရွှင်ခွင့်ပေးထားတယ် ထင်ပါရဲ့ ။

မီးနီမှ မီးစိမ်းသို့ပြောင်းသွားတော့ ကားလေးဟာ ထိုပျော်ရွှင်နေတဲ့သူတွေကို ကျောခိုင်းကာထွက်သွားခဲ့သလို

ကားလေးပေါ်တွင်ပါသွားသော နာကျင်စရာတွေသာ ထွေးပွေ့ထားရတဲ့ ကောင်လေးဟာလဲ မျက်ရည်များနှင့်လိုက်ပါသွားခဲ့ရသည် ။

***************

" ခင်ဗျားတို့ပေးထားတဲ့ အချိန်အတွင်းမှာဘဲ ကျနော်ကိစ္စတွေအားလုံးကို ပြေလည်အောင်ဖြေရှင်းခဲ့ပြီးပါပြီ "

ရှယ်ယာရှင်တွေနဲ့ထိပ်တိုက် တွေ့ဆုံရတဲ့အစည်းအဝေး

ကျနော်ဒီအချိန်ကို ရောက်ဖို့အများကြီးအပင်ပန်းခံခဲ့ပြီး အများကြီးကြိုးစားခဲ့ရတာ

ဒါတွေသာပြီးသွားခဲ့ရင် ကျနော်လဲ လွတ်လွတ်လပ်လပ်နေရတော့မည် ။

" မောင်ရင်ရဲ့ လုပ်ဆောင်ချက်တွေဟာ ကောင်းပါတယ် ဒီနှစ်အတွင်းမှာလဲ ကုမ္ပဏီအခြေအနေက သိသိသာသာတိုးတက်လာခဲ့တယ်...

မောင်ရင်ရဲ့ကြိုးစားအားထုတ်မှုအတွက် ဦးလေးတို့ဂုဏ်ပြုပါတယ် "

ဖြောင်း!ဖြောင်း!ဖြောင်း

လက်ခုပ်သံများဖြင့်  ပထမဆုံးအကြိမ် ဂုဏ်ပြုခြင်းခံရသည့်အတွက် ကျနော် အလွန်ဝမ်းသာမိသည် ။

" ‌မင်းမိဘတွေရဲ့ငွေအလွဲသုံးစားလုပ်မှုကိုရော ဘယ်လိုဖြေရှင်းမှာလဲ "

" ကျနော့်မိဘတွေ အလွဲသုံးစားလုပ်ခဲ့တဲ့ ငွေပမာဏကို ကျနော်ပြန်ရှာဖြည့်ပေးပြီးခဲ့ပြီဘဲ "

" မင်းဒီလိုပြန်ဖြည့်ပြီးတိုင်း သူတို့လုပ်ခဲ့တဲ့အပြစ်တွေက ပျောက်သွားမှာမှမဟုတ်ဘဲ ....

သူတို့ကြောင့် ကုမ္ပဏီ ဘယ်အခြေအနေထိရောက်သွားခဲ့ရလဲဆိုတာ မင်းလဲအသိ ... "

ကုမ္ပဏီကဒေဝါလီ ‌ခံရတော့မဲ့ အခြေ‌အနေထိရောက်သွားခဲ့ရတာ ကျနော်သိတာပေါ့ ။

" သူတို့လုပ်ခဲ့တဲ့အပြစ်အတွက် သူတို့ပြန်ပေးဆပ်ရမှာဘဲ တရားဥပဒေအတိုင်း စီရင်ရလိမ့်မယ် "

" သူတို့က ကျနော့်မိဘတွေပါ "

" အေး..ဟုတ်တယ်!! မင်းမိဘတွေ ..အဲ့မိဘဆိုတဲ့ဟာတွေက မင်းကိုတောင်မညှာမတာ ဒုက္ခတွင်းထဲကိုတွန်းချခဲ့သေးတာဘဲ မဟုတ်ဘူးလား ..

မင်းကိုယ်တိုင် ဒီလောက်အပင်ပန်းခံခဲ့ရတာတောင် သူတို့အတွက်စဉ်းစားနေသေးတာလား "

စိတ်ဆိုးမာန်ဆိုးဖြင့် ပြောနေသော ဦးကောင်းသုတကို ဘေးကရှယ်ယာရှင်တွေကပါ စိတ်လျှော့ဖို့ဝိုင်းတားနေကြသည် ။

ကျနော့်မှာတော့ စကားတစ်ခွန်းမှ တုန့်ပြန်နိုင်ခြင်းမရှိခဲ့ ။

ကျနော်အခုချိန်မှာ ဒီအခန်းထဲကသာပြေးထွက်သွားချင်နေမိသည် ။

ကျနော့်ရဲ့အတိတ်တွေက ကျ‌နော့်ကို ပျော့ညံ့တဲ့လူတစ်ယောက်အသွင်ကို ပြောင်းလဲစေသည် ။

" အကိုလေး အဆင်ပြေရဲ့လား "

အကိုကောင်းမြတ် လက်မောင်းကိုကိုင်လှုပ်ပြီးမေးလာမှသာ အခုမှအသိရလာတဲ့လူတစ်ယောက်လို

" ဟမ်..အင်း အ‌ဆင်ပြေပါတယ် "

" အားလုံးဘဲ ကျနော့်မိဘတွေရဲ့ကိစ္စကို ဒီကရှယ်ယာရှင်တွေ စိတ်တိုင်းကျသလိုသာ လုပ်ဆောင်ကြပါ ကျနော်သဘောတူပါတယ် "

ဒီအခန်းထဲမှာ ဆက်နေနိုင်စွမ်းမရှိတော့လို့ မြန်မြန်သာပြေးထွက်လာမိသည် ။

ကျနော်ပျော့ညံ့တယ်ဆိုတာ လူတိုင်းကိုသိမြင်ခွင့် မရစေချင်ဘူး ။

" သုတထက် !!"

အနောက်ကခေါ်သံကြောင့် ဦးတည်ရာမရှိလျှောက်လှမ်းနေတဲ့ခြေလှမ်းတို့ကို ရပ်တန့်လိုက်သည် ။

ခုနကအစည်းအဝေးခန်းထဲမှာ စိတ်ဆိုးနေခဲ့သော ဦးကောင်းသုတ တစ်နည်းအားဖြင့် ကျနော်နှင့်ဦးလေးတော်စပ်သူ

" ဦးလေး "

" ခုနက အစည်းအဝေးခန်းထဲမှာ အော်ခဲ့မိလို့ တောင်းပန်ပါတယ်ကွာ ...တော်တော်လေးဒေါသထွက်သွားလို့ "

"ရပါတယ် ဦးလေးပြောတာလဲ အမှားတစ်ခုမှမပါပါဘူး "

" အဆင်ပြေရဲ့လား .. တစ်ယောက်ထဲပစ်ထားခဲ့မိတဲ့အတွက်လဲ တောင်းပန်ပါတယ် အများကြီးပင်ပန်းခဲ့ရမှာဘဲ "

" ကျနော် အဆင်ပြေပါတယ် ...ဦးလေးလဲ ကျနော့်ကိုဘေးကနေ အများကြီးကူညီပေးခဲ့တာဘဲ ..ကျနော်ကတောင် ဦးလေးကိုပြန်ပြီးကျေးဇူးတင်ရမှာ

ကျနော့်မိဘတွေရဲ့ကိစ္စကို ဦးလေးစိတ်ကြိုက်သာ စီစဉ်ပါ ကျနော်သဘောတူပေးပါမယ် "

" ငါ..မင်းအတွက် ခံပြင်းလွန်းလို့ပါ ..

ကိုယ်မွေးထားတဲ့သားသမီးကို ဒီလိုရပ်ရက်စက်စက်ဒုက္ခတွင်းထဲမှာ ထားခဲ့ရတယ်လို့ ...

ငါသူတို့ကို မတွေ့တွေ့အောင်ရှာပြီး မင်းခံစားခဲ့ရတဲ့အတိုင်း အပြစ်ပေးပြမယ် "

ပြောလဲပြော လက်သီးတွေပါဆုပ်ပြီးကျိန်းနေတဲ့ ဦးလေးဟာ အရမ်းခံပြင်းနေဟန်တူသည် ။

ဘေးလူတောင် ဒီလောက်ခံပြင်းနေတာ

ခံရတဲ့ကျနော်ကိုယ်တိုင်ကရော ...

**†***********†**

"အကိုလေး ရှေ့နေကြီးရောက်လာပြီ "

" အော် ..ဟုတ် ထိုင်ပါခင်ဗျ "

မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လာတဲ့ ရှေ့နေကြီးကို ကြည့်ကာ ...

"ကျနော် ပြောထားတဲ့အတိုင်းဘဲ ဆောင်ရွက်ပေးပါ "

" ရပါတယ် ဒီက ပိုင်ဆိုင်မှုလွှဲပြောင်းတဲ့ စာချုပ်မှာ လက်မှတ်ထိုးရုံပါဘဲ ကျန်တာက ဦးလေးဘာသာဦးလေး လုပ်လိုက်ပါ့မယ် "

စားပွဲပေါ်ချလာပေးသော စာချုပ်ပေါ်လက်မှတ်ထိုးပေးလိုက်သည် ။

ဘယ်အရာမှ ကြိုမမြင်နိုင်လို့ ပြင်ဆင်စရာပြင်ဆင်ထားရမှာဘဲ ။

" မမလေးကို မပြောပြတော့ဘူးလား အကိုလေး "

ရှေ့နေကြီးကို ပြန်လိုက်ပို့ပြီး ပြန်လာသော အကိုကောင်းမြတ်ဟာ ကျနာ့်ဘေးမှာဝင်ထိုင်းရင် မေးလာခဲ့သည် ။

" မနဲ့ကျနော့်ကြားမှာ စည်းခြားထားတာက အမုန်းတရားတွေလေ ..

ကိုယ့်ကိုမုန်းနေတဲ့ လူတစ်ယောက်ကို အမှန်တွေသွားပြောရင်တောင် လိမ်နေတယ်ဘဲ ထင်မှာလေ "

" ဒါပေမဲ့ ပြောပြသင့်တာကိုတော့ပြောပြရမှာပေါ့ .. တကယ့်အမှန်တရားက အကိုလေး မမလေးအပေါ်မှာ ဘာအပြစ်မှ မလုပ်ထားတာလေ အဲ့တာကို ဘာကြောင့်ဆက်ပြီး အမုန်းခံနေမှာ‌လဲ "

" မက သူချစ်ရတဲ့လူတစ်ယောက်လုံးကို ဆုံးရှူံထားရတာလေ ... မက သူအရမ်းချစ်ရတဲ့သူကို ..သူသိပ်ချစ်ရတဲ့သူကို ဆုံးရှုံးထားရတာ အကိုရဲ့ ...

မ အများကြီး နာကျင်ခံစားနေရမှာ ...

ကျနော့်ကို နာကျည်းမုန်းတီးနေတာက မရဲ့ စိတ်ထွက်ပေါက်ဖြစ်ပါလိမ့်မယ် "

ရင်ဘတ်ထဲ ဆို့နင့်တင်းကြပ်လာတော့ စကားလုံးတွေတောင် လည်ချောင်းဝမှာတစ်ဆို့နေခဲ့တယ် ။

အရမ်းမွန်းကြပ်တယ် ....

အရမ်းခံပြင်းတယ် ....

" အကိုလေးကရော ...မမလေးကို မချစ်လို့လား ..

အကိုလေးကိုယ်တိုင်ထက်ကို မမလေးကို ပိုချစ်နေတာ မဟုတ်လား .. "

" ဟုတ်တယ် ချစ်တယ် ... အရင်ကရော အခုရော အရမ်းကိုချစ်ခဲ့တာ ...

ချစ်လွန်းလို့လဲ ဒီလောက်အပင်ပန်းခံနေတာပေါ့ "

ချစ်တယ် ...

အားလုံး ဥပက္ခာပြုထားတဲ့အချိန်မှာ နွေးထွေးမှုပေးခဲ့တဲ့ မကိုချစ်တယ် ..

ဂရုစိုက်မှုပေးခဲ့တဲ့ မကိုချစ်တယ်...

တစ်ဖန် အမုန်းတွေပေးနေတဲ့ မကိုချစ်တယ်..

နာကျင်မှုတွေပေးတဲ့ မကိုချစ်တယ်

ကျနော့်ကို မမှတ်မိတဲ့ မကို သိပ်ချစ်တယ်..

မကိုချစ်တာက အမှန်တရားတွေဆို အဲ့အမှန်တရားတွေကို ကျနော်ထုတ်ပြောဖြစ်မှာမဟုတ်ဘူး

ဘာလို့ဆို အခုချိန်မှာ ကျနော်ဟာ မ အမုန်းဆုံး အရွံဆုံးလူတစ်ယောက်ဖြစ်နေခဲ့ပြီလေ ။

မ မုန်းပါတယ် ရွံပါတယ် ဆိုတဲ့ကောင်က ဘယ်လိုသတ္တိမျိုးနဲ့ မကို ချစ်ပါတယ်လို့ပြောထွက်ပါ့မလဲ ။

မက ကံ့ကော်ပန်းလေးလို မာနတရားကိုရှေ့ထားပြီး ကျနော်ကတော့ ဒေစီပန်းလေးလို ရေငုံနှုတ်ပိတ်နေတော့ ကျနော်တို့နှစ်ယောက် ဒီဘဝမှာ နီးစပ်ရဖို့က ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့ဘူး ...

ဒါပေမဲ့ မသိရဲ့လား..ကျနော်က မကို သိပ်ချစ်တာ သိပ်မြတ်နိုးတာ ..

မ စကားတစ်ခွန်းဆိုတစ်ခွန်း တသွေမတိမ်းလိုက်နာတတ်တဲ့အထိ ကျနော်က မကိုချစ်တာ....

အမုန်းတွေ နာကျင်ခြင်းတွေသာ ပေးနေတဲ့ မက ကျနော့်အတွက် ဒီကမ္ဘာပေါ်မှာ တစ်ခုတည်းသော မြတ်နိုးတွယ်တာရာလေးပါ ...

#################