Chapter 9: Part.9

ကျနော်ချစ်သော ထိုအမျိုးသမီးWords: 15559

" ကိုကို !"

" ဟာ ..နွယ် ဘယ်လိုရောက်လာတာလဲ "

" ကိုကိုက လာမတွေ့တော့.. နွယ်က မနေနိုင်စွာဘဲ ကိုကို့ကို လွမ်းလွန်းလို့ လာတွေ့ရတော့ပေါ့ "

နှုတ်ခမ်းလေးထော်ပြီး ဆူအောင့်အောင့်ပြောနေတဲ့ လူကြီးပေါက်စလေးကို အူယားလွန်း၍ ပါးလေးကို အသာဆွဲညစ်လိုက်မိသည် ။

" စိတ်မဆိုးပါနဲ့ ကိုကိုရဲ့ လူကြီးပေါက်စလေးရယ် ..အခုတလော ဆိုင်မှာ လူတွေအရမ်းကျနေလို့ လာမတွေ့နိုင်တာပါ .. နွယ်ကဘဲ သဘောထားကြီးစွာ နားလည်ပေးပါနော် "

" နွယ်က နားလည်ပေးပါတယ် ..ကိုကို့ကို ဒီတိုင်းစချင်လို့သာ ဟီးဟီး....."

အပေါ်သွားတက်ကလေး ပေါ်သည်အထိ ရယ်ပြနေတဲ့ နွယ့်ကို တစ်နေ့ထက်တစ်နေ့ ပိုပိုချစ်လာမိသလို ကိုယ့်အပိုင်အဖြစ် တစ်သက်စာ ပိုင်ဆိုင်ချင်မိသည် ။

ချလွမ်း!!!!

ဆိုင်တံခါးဖွင့်သံကြောင့် အပေါက်ဝသို့ အကြည့်ပို့မိရာ ...

" ဒီလူ! "

" မျက်ဝန်းလေး "

ဝင်ဝင်ချင်းကောင်တာမှာ စကားရပ်ပြောနေသော မိန်းကလေးကြောင့် အံ့အားသင့်သွားခဲ့ရသည် ။

" နွယ်တို့နှစ်ယောက်က သိနေကြတာလား "

" မသိပါဘူး ကိုကို... ဒီတိုင်း မတော်တဆဆုံဖူးလို့သာ "

ကိုကိုဆိုတဲ့ အသုံးအနှုန်းကြောင့် မျက်မှောင်ကြုံ့ကာ အလိုမကျသော မျက်လုံးတို့ဖြင့် သူငယ်ချင်းဖြစ်သူကိုကြည့်မိသည် ။

" အော်.... ဒါဆို မိတ်ဆက်ပေးမယ်လေ ..

နွယ် ..သူက ကိုကို့ငယ်သူငယ်ချင်း သုတထက်တဲ့ USမှာ ကျောင်းသွားတက်နေခဲ့တာ ပြန်ရောက်တာ တော့မကြာ‌‌သေးဘူး ..

သုတ ..သူက ငါ့ကောင်မလေး ..ငါနဲ့လက်ထပ်မဲ့ မိန်းကလေး ဆူးခက်နွယ်တဲ့ "

" မင်းကောင်မလေးလား ?"

" ဟုတ်တယ် ...မင်းနဲ့ စကားမစပ်မိသေးလို့ မပြောပြဖြစ်တာ ... အခုတော့ လူကိုယ်တိုင်တွေ့ရပြီဆိုတော့ တစ်ခါထဲမိတ်ဆက်ပေးလိုက်တာ "

" ကိုကို့ သူငယ်ချင်းကို ယဉ်ကျေးမှုလေးတွေဘာတွေ သင်ထားပေးအုံး ... လူတွေအပေါ် အရမ်းရမ်းကားတယ် "

" ဒီကောင်က ပြောလဲရမှာမဟုတ်ဘူး နွယ်ရဲ့ သူထင်ရာလုပ်တဲ့ကောင် ... သူလုပ်တဲ့အရာကို ဘယ်သူမှတားရမှာမဟုတ်ဘူး "

အကြည့်စူးစူးတို့ဖြင့် ကြည့်နေသော ထိုလူကို မျက်စောင်းသာထိုးပြီး ကိုကို့လက်ကိုသာ ဆုပ်ကိုင်ထားမိသည် ။

ကျွန်မကို ပိုင်ဆိုင်နိုင်သူဟာ ကိုကိုတစ်ယောက်တည်းရှိသည် ဆိုတဲ့ သဘောကိုပြလို၍ ဆုပ်ကိုင်ထားမိခြင်းဖြစ်သည် ။

" မင်းကောင်မလေးရှိနေတာဆိုတော့ ငါပြန်တော့မယ် "

"မထိုင်တော့ဘူးလား "

" တော်ပြီ ...သွားတော့မယ် "

ရင်ဘတ်ထဲက အောင့်သက်သက်ခံစားချက်နဲ့အတူ ကျောခိုင်းလှည့်ထွက်ခဲ့ရတဲ့ ဒီအခိုက်အတန့်မှာ ကိုယ့်ကိုကိုယ်အရှုံးသမားတစ်ယာက်လို့ မြင်မိသည် ။

ခံပြင်းစွာဖြင့် ဦးတည်ရာမရှိ ကားကိုသာတရကြမ်း မောင်းထွက်လာခဲ့မိသည် ။

ကျွီ!!!!!!

ဘရိတ်အုပ်သံ အကျယ်ကြီးနဲ့ ထိုးရပ်သွားတဲ့ ကားလေးပေါ်တွင်တော့ ......

" ဟာကွာ!!!!!"

ကျိတ်မနိုင်ခဲမရဘဲ ကားစီယာတိုင်ကိုသာ အပြစ်တွေပုံချနေမိသည် ။

နီရဲနေသော မျက်လုံးများဟာလဲ ဒေါသဘယ်လောက်ထွက်နေကြောင်းကို ဖော်ပြနေသည် ။

" ဘာလို့လဲ !! ငါ့အပိုင်လို့သတ်မှတ်ထားတဲ့အရာကိုမှ ... ဘာလို့ ပိုင်ဆိုင်ထားရတာလဲ "

လိုချင်တာကို မရရအောင်ယူတတ်ခဲ့ပေမဲ့ ငယ်သူငယ်ချင်းဆိုတဲ့ သံယောဇဉ်ကြောင့် ဝေခွဲရခက်နေတဲ့ ဒီလူဟာ မင်းကိုပိုင်ဆိုင်ချင်ပေမဲ့ သူငယ်ချင်းကိုလဲ မဆုံးရှုံးချင်ဘူး ။

လမ်းဆုံလမ်းခွမှာ ရပ်နေရတဲ့လူတစ်ယောက်လိုဘဲ ကိုယ်ရွေးချယ်လိုက်တဲ့ လမ်းဟာ မှန်ကန်ဖို့သာ မျှော်လင့်မိတယ် ။

*********************

ဟိုဘက် တစ်လမ်းကျော်က ၁၀တန်းကလေးတွေကို စာပြပေးပြီးအပြန် အိမ်ရှေ့မှာ ရပ်ထားသော ကားအနက်ရောင်တစ်စီးကြောင့် အလိုမကျဖြစ်မိသည် ။

တကူးတက မှတ်ထားခြင်းမရှိဘဲ မှတ်မိနေခြင်းကြောင့် ခြေလှမ်းတို့တွန့်ဆုတ်နေမိသည် ။

"မ ! "

မသိချင်ယောင်ဆောင်ပြီးသွားသော်လည်း ကားပေါ်ကဆင်းလာပြီး ခေါ်လာသောသူကြောင့် သက်ပြင်းသာချမိတော့သည် ။

" ဘာ မတုန်း !"

" မ မလို့ မလို့ခေါ်တာပေါ့ "

သူနဲ့ စကားပြောရင် ဘယ်တော့မှ အဆင်ပြေချောမွေ့တယ်ဆိုတာ မရှိခဲ့ ။

" ကိုကို့ ငယ်သူငယ်ချင်းဆို.. ငါ့ကို ဘာကိစ္စ မ လို့လာခေါ်နေတာလဲ "

" အောင်ခန့်က ဘာမှမပြောထားဘူးထင်တယ် .. သူနဲ့ငယ်သူငယ်ချင်းဆိုပေမဲ့ အောင်ခန့်ထက် ၃နှစ်တိတိငယ်တဲ့ ငယ်သူငယ်ချင်း "

၃နှစ်ငယ်တာကို ကိုကိုနဲ့ ရွယ်တူတန်းတူလိုပေါင်းနေတဲ့ သူ့ကိုပို၍ ကြည့်မရတော့ပေ ။

" ယဉ်ကျေးမှုလေးရှိစမ်းပါ "

" ယဉ်ကျေးမှုရှိရင် မက ကျနော့်ကို လက်ထပ်မှာလား "

" မင်းလွန်မလာနဲ့နော် ...ငါကဆိုင်သူရှိနေတဲ့လူတစ်ယောက် .. အေး အဲ့ဆိုင်သူကလဲ မင်းသူငယ်ချင်းဆိုတာ သတိရအုံး ..စည်းကျော်မလာနဲ့ "

ချက်ချင်းထွက်လာတဲ့ ဒေါသတွေကို ကြီးမသွားအောင် အတတ်နိုင်ဆုံး ထိန်းထားရသည် ။

" သူက ကျနော့်သူငယ်ချင်းဖြစ်နေလို့ပေါ့ မဟုတ်ရင် ဒီကောင် နေရောင်ကို‌တောင် မြင်တွေ့ခွင့်ရတော့မှာ မဟုတ်ဘူး ... နောက်ပြီး မနဲ့သူက ဆိုင်ဘဲဆိုင်သေးတာလေ ပိုင်သေးတာမှမဟုတ်ဘဲ ...ကျနော့်မှာလဲ ကြိုစားခွင့်ရှ်ိသေးတယ်မလား "

" နင်က ဘယ်လိုလူလဲ .. ကိုယ့်သူငယ်ချင်းကိုတောင် စည်းမစောင့်တော့ဘူးလား ... နင့်မှာ လူ့ကျင့်ဝတ်မရှိဘူးလား ..အရမ်းရွံဖို့ကောင်းတာဘဲ .. နင့်လို အောက်တန်းကျတဲ့လူမျိုးကို ကိုကိုက ခင်တွယ်ပြီးပေါင်းနေရတယ်လို့ .. ကိုကို့အစား ငါရင်နာတယ် "

ကိုယ်ချစ်ရတဲ့သူရဲ့ ပါးစပ်က ကိုယ့်ကိုရွံပါတယ်လို့ ပြောခံရတဲ့ ခံစားချက်ဟာ တကယ်ကိုခံရခက်လှသည် ။

ကိုယ်က မြတ်နိုးလွန်းလို့ သည်းခံထားပေမဲ့ ကိုယ့်ရဲ့မာနကတော့ အောက်ကျမခံနိုင် ။

" စတွေ့ကတည်းက မကို ကျနော့်အပိုင်လို့ သတ်မှတ်ထားပြီးသား....အေး...ကျနော်လိုချင်တဲ့ အရာကိုလဲ မရရအောင်ယူတတ်တယ် ..

စောင့်ကြည့်လိုက် မ...မကကျနော့်အပိုင်ဘဲ ..မကို ကျနော်ကလွဲရင်  ဘယ်သူမှ ပိုင်ဆိုင်ခွင့်မရစေရဘူး "

ထွက်သွားတဲ့ ကားအနက်ရောင်ကို ဒေါသမျက်ဝန်းများဖြင့် ကြည့်ကာ ရပ်ကျန်ခဲ့ရတဲ့သူရဲ့ ရင်ထဲမှာတော့ အမုန်းတရားတွေဟာ စတင်နေခဲ့ပြီး..

လူနှစ်ယောက်ရဲ့ အဆုံးသတ်ဟာလဲ စတင်ခဲ့လေသည် ။

*******************

" မမလေးရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးမလို့လား အကိုလေး ...ကုမ္ပဏီရဲ့အခြေအနေနဲ့ဆို "

အကိုကောင်းမြတ်ရဲ့ အမေးကို အရင်ဆုံးအပြုံးနဲ့သာ တုန့်ပြန်မိသည် ။

" ကျနော်လိုအပ်နေတာ ဒီလိုပကာသနတွေမဟုတ်လို့  ကျနော်အဆင်ပြေပါတယ် .. "

ရှယ်ယာအများဆုံးနဲ့ ရပ်တည်နေတာတောင် နေရာကဆွဲချချင်နေကြတာ ရှယ်ယာလွှဲပြောင်းပေးတဲ့ ကိစ္စသာသိသွားခဲ့ကြရင် အတောမသတ်နိုင်တဲ့ လူ့လောဘကောင်တွေကြောင့် အကိုလေးအတွက် တိုက်ခိုက်မှုတွေဟာ များလာနိုင်သည် ။

" ဒါဆိုလဲ ကျနော် တိုးတိုးတိတ်တိတ်ဘဲ ဆောင်ရွက်လိုက်ပါ့မယ် "

အကိုကောင်းမြတ်ထွက်သွားသည် နှင့်တပြိုင်နက် လုပ်လက်စအလုပ်တွေကို အကုန်ရပ်တန့်ပစ်လိုက်ပြီး ထိုင်ခုံပေါ်သို့ အားလျော့စွာ နောက်ပြန်လှဲချလိုက်သည် ။

ဖိတ်မခေါ်ဘဲ စီးကျလာတဲ့ မျက်ရည်စတွေဟာ တစတစပါးပြင်ပေါ်သို့ စိုရွှဲလာခဲ့သည် ။

" အရမ်းပင်ပန်းတယ် .... အရာအားလုံးကို လွှတ်ချပြီး အဝေးကိုဘဲ ထွက်ပြေးသွားချင်မိတယ် ..

ဘာလို့ ကျနော့်ကိုမှ ပျော်ရွှင့်ခွင့်မပေးရတာလဲ ..

ကျနော့်ကျမှ ဘာလို့အချစ်မခံရတာလဲ ....

ကျနော်အရမ်းပင်ပန်းနေပြီ "

အခန်းထဲမှာ တိတ်ဆိတ်စွာ ကြိတ်ငိုနေရတဲ့ ကောင်လေးကို ဘယ်သူမှမသိခဲ့ကြသလို ထိုကောင်လေးရဲ့ ရင်တွင်းခံစားချက်တွေကိုလဲ ဘယ်သူမှမကြားနိုင်ခဲ့ ။

မျက်ရည်ကျရ‌လောက်တဲ့အထိ နာတဲ့ နာကျင်ခြင်းတွေ..

ထိုနာကျင်ခြင်းတွေကို နားထောင်ပေးမဲ့ တစ်စုံတစ်ယောက်မှ မရှိတဲ့အခါ နှစ်ဆပိုပြီး နာကျင်ရတတ်တယ် ။

#####################