Chapter 2: Part _2

ကျနော်ချစ်သော ထိုအမျိုးသမီးWords: 17907

ရောင်စုံမီးရောင်များ သီချင်းသံများဖြင့် ဆူညံစွာ ကခုန်နေကြသော လူအများကြားတွင်

အများရဲ့အမြင်ကိုဖမ်းစားထားသော မိန်းကလေးတစ်ဦး ။

ပေါင်လယ်ထိတိုတက်နေသော စကပ်ကြောင့် ဖြူဖွေးသွယ်လှသော ခြေတံများမှာ မီးရောင်စုံကြားတွင်တောင်ထင်သာမြင်သာ ရှိလှသည် ။

လှုပ်လိုက်တိုင် ခါရမ်းသွားသော ဆံကေသာတွေနဲ့အတူ ..

တစ်ကိုင်းကြိုး ခါးတိုအင်္ကျီအပေါ်မှာမှ အဖြူရောင် ဇာပါးလက်ရှည်ကို ဝတ်ဆင်ထားသော သူမ၏ဘေးပတ်လည်တွင် ပုရိသယောကျာ်းလေးများသာရှိကြသည် ။

" Baby...တစ်ယောက်ထဲလား "

တဆက်တည်း ခါးပေါ်ကျရောက်လာသောလက်ကြောင့် ထိုသူဟာ လက်ရဲဇက်ရဲရှိလှသည် ။

စိတ်ရှုပ်စွာဖြင့် ထိုလူရဲ့လက်ကို ပုတ်ချလိုက်ပြီး မျက်စိရှေ့ကျနေသော ဆံနွယ်အချို့ကို လက်ဖြင့်သပ်တင်ကာ...

" မင်းက တို့အကြိုက် မဟုတ်ဘူး "

လူအုပ်ကြားထဲမှ တိုးထွက်လာသော သူမဟာ သိပ်ကိုဆွဲ‌ဆောင်မှုရှိလှသည် ။

အဆောက်အဦးအပြင်ဘက်တွင် စီးကရက်ကိုတစိုက်မတ်မတ် ဖွာရှိုက်နေသော ထိုမိန်းကလေး၏ မျက်ဝန်းတွင်တော့ ဝမ်းနည်းရိပ်များသန်းနေသည် ။

ဖြတ်သွားဖြတ်လာ ကားများကိုကြည့်ရင်း ထိုမိန်းကလေး၏ မျက်ဝန်းအိမ်မှ မျက်ရည်တွေဟာ စီးကျလာခဲ့သည် ။

" အရမ်းလွမ်းတယ် ကိုကို...... အရမ်းလဲ သတိရနေမိတယ် ...

ကိုကိုသာ အခုချိန်နွယ့်အနားမှာ ရှိနေရင်နွယ်ဟာ အပျော်ရွှင်ဆုံး လူသားတစ်ယောက်ဖြစ်နေမှာ...

အခုတော့...အခုတော့ .... ကိုကိုကနွယ့်အနားက အရင်ထွက်သွားတယ် "

ကားလမ်းနဘေးမှာ ဝမ်းနည်းစွာရှိုက်ငိုနေသော မိန်းကလေးရဲ့ရင်ထဲမှာလဲ မမေ့ပစ်နိုင်တဲ့ အမှတ်တရတွေနဲ့ နာကျင်ခြင်းတွေ ရှိနေခဲ့သလို

မုန်းတီးခြင်းနဲ့ နာကျည်းခြင်းတွေကလဲ ဒွန်တွဲ‌ရှိနေခဲ့သည် ။

****************

ပြတင်းပေါက်ကို ကျော်ဖြတ်ဝင်ရောက်လာသော နေရောင်နှင့် ပတ်ဝန်းကျင်၏အသံများကြောင့် ဦးနှောက်နှင့်အသိစိတ်ဟာ နိုးထလာခဲ့သည် ။

မျက်လုံးကိုအသာဖွင့်ကြည့်လိုက်တော့ ခေါင်းထဲမှာစူးကနဲနာကျင်မှုကိုခံစားလိုက်ရသည် ။

နထင်ကိုလက်နှင့်အသာဖိကာ အိပ်ယာထက်မှဆင်း၍ မှန်ရှေ့တွင်ပေါ်နေသော မိမိရုပ်ကိုကြည့်ကာ ဟက်ကနဲ့တစ်ချက်ရယ်ချမိသည် ။

ဖောင်းအစ်နေသော မျက်လုံးများဟာ ညကတော်တော်လေးငိုခဲ့သည်ကို အမှတ်ရစေသည် ။

လေတိုက်လို့လွင့်နေတဲ့ ခန်းဆီးစကိုချည်နှောင်ပြီး ခြံထဲသို့အကြည့်ပို့လိုက်ရာ....

" အရမ်းမုန်းတာဘဲ သုတထက်.... နင့်ကိုသက်ပစ်ချင်လောက်တဲ့အထိမုန်းတယ် ..

နင်နဲ့ဒီလို တစ်မိုးအောက်မှာ အတူနေနေ ရတာကိုလဲ အရမ်းမုန်းတယ် "

ခြံထဲတွင်စကားပြောနေကြသော သုတထက်နှင့် သူ့လူယုံကို ကြည့်ကာ ဆူးခက်နွယ်ရဲ့ ရင်ထဲကအမုန်းတွေဟာ တစ်စတစ်စကြီးထွားလာခဲ့လေသလား ..

>>>>>>>

"  အခုလိုမျိုးလေး...ခြံထဲလဲဆင်းကြည့်ပါအုံး ..အကိုလေးရယ် .. အခန်းထဲမှာဘဲ တစ်နေကုန်မနေပါနဲ့..."

"  နှစ်၂၀တောင်ဒီလိုနေခဲ့ပြီးပြီဘဲ ကျနော်ကျင့်သားရ‌နေပါပြီ..

နောက်ပြီး မနဲ့မျက်နှာချင်းဆိုင်မိရင် မဒေါသထွက်နေပါအုံးမယ် ...မကကျနော့်ကိုမုန်းနေတာကို "

" ဒါက အကိုလေးရဲ့အမှားမှမဟုတ်ဘဲ သူတို့သာ.."

"မပြောပါနဲ့ဝောာ့ အကို... အတိတ်တွေကို အတိတ်မှာဘဲရှိနေချင်တယ် "

အတိတ်တွေကို တူးမဆွချင်တော့ ...

ဘာတစ်ခုမှကောင်းခဲ့တာမရှိတဲ့ ကျနော့်ရဲ့အတိတ်တွေဟာ ခြောက်ခြားဖွယ်ကောင်းလှသည် ။

" အကိုလေးက မေ့နိုင်ပြီမို့လို့လား "

တိတ်ဆိတ်သွားတဲ့ ကျနော့်ရဲ့စကားသံတွေဟာ အကို‌ကောင်းမြတ်အတွက် အဖြေဖြစ်မယ် ထင်ပါတယ် ။

မေ့နိုင်တယ်ဆိုတာ တကယ်တော့လိမ်တာ...

အတိတ်တွေဆိုတာ မေ့လို့မှမရဘဲ..

ပြန်သတိမရချင်လို့သာ မေ့ချင်ယောင်ဆောင်ထားကြတာ ... တကယ်ကမေ့ပစ်နိုင်တဲ့ အတိတ်ဆိုတာရှိမနေဘူး

မေ့ဖျောက်လို့မရတဲ့ အတိတ်တွေဆိုတာ ရှိတတ်ကြစမြဲလေ ..........

******************

" ဆူး....နင်အဆင်ပြေရဲ့လား.... နင့်ရဲ့ပုံစံကြည့်ရတာလဲ နေမကောင်းသလိုနဲ့ လူမမာရုပ်ကိုထွက်နေပြီ "

" ညက သောက်တာများသွားလို့ပါ "

ခပ်ပေါ့ပေါ့ဖြေသံနှင့် ကော်ဖီကိုသာတစ်စိုက်မတ်မတ် ထိုင်သောက်နေသော ဆူးခက်နွယ်ကို အလိုမကျသော အကြည့်တို့နှင့် ..

" ဆူး....နင်ဘယ်ချိန်ထိ ဒီလို‌တွေဆက်လုပ်နေအုံးမှာလဲ "

" ဟုတ်တယ်ဆူး....ငါလဲသိချင်နေတာ နင်အခုလိုပံုစံနဲ့ဘယ်ချိန်ထိ နေနေအုန်းမှာလဲ ..

ဖြစ်ခဲ့တာတွေက ဖြစ်ခဲ့ပြီးပြီလေ နင်လဲနင့်ဘဝနင်ရှေ့ဆက်လျှောက်ရမှာပေါ့ "

သူငယ်ချင်းနှစ်ယောက်ရဲ့ မေးခွန်းတွေကို ကျွန်မမဖြေပါ ။

ဖြေစရာမလိုသည့်တိုင်အောင် အဖြေကရှင်းနေပြီးသားပါ ။

" ငါပြောခဲ့ဖူးပါတယ် ...ကိုကိုကငါ့ဘဝလို့...အခု ကိုကိုကငါ့အနားမှာ မရှိတော့ဘူးလေ .. အဲ့တော့ ငါ့ဘဝဆိုတာလဲရှိပါအုံးတော့မလား ..."

" ကိုအောင်က နင်ကိုအခုလိုပုံစံမျိုးဖြစ်စေချင်ပါ့မလား .....

အခုနင့်ရဲ့ပုံစံက အရင်ကနင်နဲ့အရမ်းကိုကွဲပြားသွားပြီနော် ..."

" အဲ့တာဟိုကောင့်ကြောင့်လေ .... သူနဲ့သာ မဆုံခဲ့ရင် သူသာ ငါ့အနားရောက်မလာခဲ့ရင် ကိုကိုသေရမှာ မဟုတ်ဘူး ...

သူ့ကြောင့်သေသွားခဲ့ရတာ ...ကိုကိုက သူ့ကြောင့်သေသွားခဲ့ရ‌တာလေ "

ထွက်လာတဲ့ ဒေါသတွေနဲ့အတူ မျက်ရည်တွေဟာလဲထပ်တူ ကျဆင်းလာခဲ့သည် ။

" ငါသူ့ကို လုံးဝခွင့်လွှတ်မပေးနိုင်ဘူး.... ငါနာကျင်ရသလို ကိုကိုနာကျင်ခဲ့ရသလို သူလဲထပ်တူနာကျင်စေရမယ် "

မျက်ရည်တွေနဲ့ နာကျည်းစွာဆိုလာတဲ့စကားကို သူငယ်ချင်းနှစ်ယောက်လဲ မချေပနိုင်တော့ချေ ။

******************

" သုတထက်!!!! သုတထက် !..နင်ဘယ်မှာလဲ ငါခေါ်နေတယ်လေ "

အပေါ်ထပ်ကနေ ပြေးဆင်းလာသော သူ့ကိုမြင်တော့ မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည် ။

" မ...ဘာဖြစ်လို့လဲ ..အာ...အများကြီးသောက်လာတာဘဲ "

ခပ်လှမ်းလှမ်းကနေတောင် ရနေတဲ့ အရက်နံ့တွေကြောင့် အခြေအနေကို ကျနော်သဘောပေါက်သွားခဲ့သည် ။

ရီဝေဝေနဲ့ကြည့်နေတဲ့ မရဲ့အကြည့်တွေကို ကျနော်ကြောက်သည် ။

" မုန်းစရာကောင်းတဲ့ကောင်.... နင့်ကိုအရမ်းမုန်းတာဘဲ.... နင့်လိုလူသတ်သမားနဲ့အတူနေနေရတာလဲ အရမ်းမုန်းတယ်!!! ..မုန်းတယ်နင့်ကို!!!"

အော်ဟစ်ပြောဆိုနေတဲ့ မရဲ့စကားတွေဟာ ကျနော့်နှလုံးသားကိုဆွဲဆုပ်ခံရသလို အရမ်းနာကျင်ရသည် ။

လူသတ်သမား...

ကျနော့်လိုလူသတ်သမားနဲ့ အတူနေရတာကို မကမုန်းတယ်တဲ့ ။

" နင့်ကြောင့်သာ မဟုတ်ရင် ကိုကိုကသေရမှာ မဟုတ်ဘူး... နင့်ကြောင့်သာမဟုတ်ရင် ကိုကိုနဲ့ငါနဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင်နေနေရမှာ...

နင့်ကြောင့်!!! နင့်ကြောင့် ကိုကိုသေရတာ..နင်သတ်လိုက်လို့သေရတာ!!! "

အင်္ကျီကော်လံစကိုဆောင့်ဆွဲကာ ရင်ကျိုးမရပြောနေသော မကိုကြည့်ရင်း

ဖြစ်နိုင်ရင် လွန်ခဲ့တဲ့တစ်နှစ်လောက်ကိုပြန်သွားချင်မိသည် ။

ကျနော်သာတားခဲ့ရင် ကျနော်သာ မရရအောင်တားနိုင်ခဲ့ရင် မလဲကျနော့်ကို အခုလိုမုန်းတီးနေမှာမဟုတ်ဘူး ။

မ ချစ်ရတဲ့သူနဲ့လဲ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေရမှာ..

အခုတော့ ...အခုတော့...အရာရာဟာ လှပမှု ပျော်ရွှင်မှုမရှိတော့ဘူး ။

" တောင်းပန်ပါတယ် "

ကျနော့်စကားကြောင့် ဝမ်းနည်းပက်လက်ငိုကြွေးနေတဲ့ မရဲ့မျက်နှာထက်မှာ ဒေါသရိပ်တွေလွှမ်းမိုးသွားခဲ့သည် ။

ဖြန်း!!!!!

ရှစ်ကြိမ်မြောက် ညာဘက်ပါးပြင်ပေါ်သို့ ကျရောက်လာသော မရဲ့လက်နုနုလေးကြောင့် ပါးပြင်တစ်ခုလုံးပူထူသွားသော်လည်း  မရဲ့လက်လေးနာသွားမှာကိုသာ စိတ်ပူနေမိသည် ။

" ဖြစ်နိုင်ရင် နင့်ကိုသတ်ပါသတ်ပစ်ချင်တာ...

ဒါမဲ့ငါ့လက်မှာ နင်ရဲ့ ရွံစရာကောင်းတဲ့သွေးတွေအစွန်းမခံနိုင်လို့... ဒီလို နင့်ပါးကိုရိုက်ရတာတောင် ငါ့လက်ငါသနတယ်..

စိတ်ချ ....နင့်ကို သေတာထက် ဆိုးရွားတဲ့အရာတွေ ငါပေးပြမယ် .. နင်လက်ခံဖို့သာပြင်ထားလိုက် "

လှေကားပေါ်တက်သွားသော ကျောပြင်လေးကိုကြည့်ရင်း ရင့်ထဲမှာတင်းကြပ်ဆို့နင့်လာရသည် ။

" အကိုလေး...စိတ်ကိုတင်မထားနဲ့ ငိုချင်ရင်ငိုချလိုက်ပါ "

"အကို..ကျ..ကျနော် အရမ်းပင်ပန်းနေပြီ ..

ကျနော်တကယ်ပင်ပန်းနေပြီ "

ရှိုက်သံဖြင့်လုံးထွေးစွာပြောလာသော အကိုလေး ပင်ပန်းနေပြီဆိုတာ ကျနော်သိတာပေါ့ ...

လက်လွှတ်လို့မရနိုင်တဲ့‌အခြေအနေမှာ အကိုလေးထပ်ပြီးပင်ပန်းခံရအုံးမှာ...

" နည်းနည်းဘဲ နည်းနည်းလောက်ဘဲ ထပ်ပြီးအပင်ပန်းခံလိုက် ... ပြီးရင် အားလုံးကိုလွှတ်ချပြီး ပျော်ရွှင်စရာရှိတဲ့ အရပ်မှာနေထိုင်တော့နော် "

ငိုကြွေးနေတဲ့ အကိုလေးရဲ့ကျောပြင်လေးကိုပုတ်ကာ အားပေးစကားဆိုလိုက်သော်လည်း ငယ်ငယ်ကတည်းက ပျော်ရွှင်စရာမရှိခဲ့တဲ့ အကိုလေးက ပျော်ရွှင်စရာကို ရှာတွေ့နိုင်ပါ့မလား...

ဒဏ်ရာဒဏ်ချက်များစွာရှိတဲ့ အကိုလေးကို ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့လူရောရှိပါ့မလား ။

သွေးမထွက်တဲ့ ဒဏ်ရာတွေဟာ သွေးထွက်တဲ့ ဒဏ်ရာထက် ပိုပြီးနာကျင်ရသလို ပျောက်ဖို့ခဲယဉ်းလှသည် ။

#################

Smirk 123