Chapter 1: Part .1

ကျနော်ချစ်သော ထိုအမျိုးသမီးWords: 22034

မြင်မြင်ချင်းချစ်ခဲ့မိတာမဟုတ်....

မြင်မြင်ချင်းစွဲလန်းမိခဲ့တာ...

ပထမဆုံးတွေဆုံမှုမှာတင် မျက်လုံး ၊ နှလုံးသားထိစွဲအောင်  သူမကို မြင်မြင်ချင်းစွဲလန်းမိခဲ့တာ...

သူမရဲ့နက်မှောင်ရှည်လျားတဲ့ ဆံနွယ်တွေ..

မျက်မှန်အောက်က မျက်ဝန်းတွေဟာ ကျနော်သဘောကျမိဆုံး အရာတွေသာဖြစ်သည် ။

လမ်းလျှောက်တိုင်း ယိမ်းနွဲ့သွားတဲ့ဆံနွယ်လေးတွေ

မျက်မှန်လေးကို ပင့်တင်လိုက်တဲ့ဟန်ပန်တွေဟာ ကျနော့်အတွက် မြတ်နိုးစရာတွေသာဖြစ်သည် ။

ကဗျာတွေဟာနာထောင်ရလွယ်ပေမဲ့...

အဓိပ္ပါယ်နက်နဲတယ်...

သူမရဲ့အလှတရားဟာလဲ အကြည့်တစ်ချက်ပို့ဖို့လွယ်ပေမဲ့ ရုန်းထွက်ဖို့ခက်ခဲတယ် ..

ဘာကြောင့်ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်မရှိဘဲ သူမကိုသဘောကျခဲ့သည် ၊ ချစ်ခဲ့သည် ၊ မြတ်နိုးခဲ့မိသည် .....သို့သော်............…......…….………..............................................................................

##################

‌ခွမ်း!!!!!!

တိတ်ဆိတ်ငြိမ်သက်နေသော နေရာကို ဆူညံသံအဖြစ်ပြောင်းလဲခဲ့သောအသံ ...

ထိုအသံကြောင့် ခြံထဲမှလူနှစ်ဦးသည် အိမ်ထဲသို့ပြေးဝင်လာခဲ့သည် ။

ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော ပုလင်းကွဲအပိုင်းအစများ

ထိုအပိုင်းအစများနှင့်အတူ ရပ်နေသောလူနှစ်ဦး ၊ သူတို့နှစ်ဦးအနက် တစ်ဦးကတော့ဒေါသများထွက်နေသယောင်

တစ်ဦးကဝော့ အသက်မဲ့နေသောလူတစ်ယောက်ပမာ ကြမ်းပြင်က ဖန်ကွဲစများကိုသာ စိုက်ကြည့်နေခဲ့သည် ။

အိမ်ထဲသို့ပြေးဝင်လာသော လူနှစ်ဦးမှာလဲ ထိုလူနှစ်ယောက်ရဲ့ အနေအထားကိုသိနေသည့်တိုင်အောင် ဘာတစ်ခွန်းမှပြောဆိုခြင်း မရှိဘဲ ဘေးတွင်သာရပ်နေခဲ့ကြသည် ။

" ကျနော်ပြောလိုက်တဲ့ စကားထဲမှာ မ အတွက် ဒေါသထွက်စရာ ပါသွားခဲ့လို့လား "

အသက်မဲ့နေသောလူတစ်ယောက်လို ကြမ်းပြင်ကပုလင်းကွဲစများကိုသာ ငေးကြည့်ရင်းပြောလိုက်သောစကားကို တစ်ဖက်လူကမကြားလိုက်သလို ပြန်ဖြေသံမရှိ ။

သူမရဲ့ခန္ဓာကိုယ်မှ စူးရှရှအရက်နံ့နဲ့အတူ အင်္ကျီခါးတို ရင်ဟိုက်ကိုမှ ပေါင်လယ်ထိတိုတက်နေသော စကပ်တိုဖြင့်တွဲဖက်ဝတ်ဆင်ထားသော သူမဟာ အများအမြင်မှာ အရိုင်းဆန်နေမလား ။

သူမဟာ အရင်ကဒီလိုမှမဟုတ်ဘဲ ။

သူမဟာ အရမ်းရိုးအေးခဲ့တာ

အနေအေးပြီး ရိုးရိုးယဉ်ယဉ်လေးနဲ့ သူမဟာလေ အခုပုံစံနဲ့ အများကြီးကွဲပြားခဲ့ပါတယ် ။

အပြုံးချိုချို လေသံအေးအေးလေးနဲ့ ပြောတတ်တဲ့သူမဟာ အခုတော့ အရယ်အပြုံးလဲမရှိဝော့ာသလို သူမရဲ့ အသံလေးကြားရဖို့တောင် ခဲယဉ်းသွားခဲ့သည် ။

အခုလို သူမအလိုမကျတဲ့အချိန်တွေမှသာ သူမအသံကိုကြားရတတ်တော့တဲ့အထိ သူမဟာ ကျနော့်ကို စိမ်းကားခဲ့လေသည်။

" ကျနော်က မကိုစိတ်ပူလို့‌ ပြောမိတာပါ "

" မပြောစမ်းနဲ့ !!!! နင့်ပါးစပ်ကဒီလိုစကားတွေပြောထွက်ခွင့် ရှိလို့လား !ဟမ်! ပြောဖို့ရော တန်လို့လား

ဘာတဲ့... စိတ်ပူလို့..ဟုတ်လား ...သိပ်ရွံဖို့ကောင်းတာဘဲ အဟင်း "

သူမ၏ ခပ်သဲ့သဲ့ရယ်သံအဆုံးမှာ ကျနော့်မျက်ရည်များဟာလဲ တဆက်တည်းပါးပြင်ပေါ်သို့ စီးဆင်းလာကြသည် ။

သူမအသံကြားရတဲ့နေ့တိုင်းဟာ ကျနော်မျက်ရည်ကျရတဲ့ နေ့တွေပါဘဲ ။

အခုလဲ သူမဆိုလိုက်သော စကားကြောင့် မျက်ရည်တွေဟာ ပါးပြင်ပေါ်သို့ တလိမ့်လိမ့်စီးကျလာကြပြန်ပြီ ။

ကျနော်ဟာ သူမရှေ့မှာဆို ဘာမှမပြောတတ်မဆိုတတ် ၊

ဘာမှမလုပ်တတ်တဲ့ ငတုံးတစ်ယောက်လို ..

သူမရှေ့မှာဆို မျက်ရည်ကျဖို့ကလွဲရင် တခြားဘာမှမလုပ်တတ်တော့တဲ့ လူတစ်ယောက်အသွင်ကို ပြောင်းလဲသွားတာ ။

သိပ်မုန်းဖို့ကောင်းတာဘဲ

သူမရှေ့မှာဆို အမြဲပျော့ညံ့တဲ့လူတစ်ယောက်ဖြစ်သွားရတယ် ။

" နင့်ရဲ့မျက်ရည်တွေကို အရမ်းသဘောကျတယ် ..

နင်မျက်ရည်ကျရင် ငါအရမ်းပျော်တယ်သိလား .. သုတထက်! ....

ငါနင့်ကို နှိပ်စက်ရတာလဲ သဘောကျတယ် .... ဒီလိုလုပ်ချင်လို့လဲ နင့်ကိုလက်ထပ်ခဲ့တာလေ .. ဟင်းဟင်း ... ဆက်ပြီးငါ့ရှေ့မှာ အရှုံးသမားတစ်ယောက်လို နေလိုက်အုန်း "

ခပ်တင်းတင်းဆိုသွားတဲ့ သူမရဲ့စကားတွေကို ကျနော့်နှလုံးသားဟာ ခံနိုင်ရိုးရှိပါ့မလား ။

သူမကို နူးညံ့စွာချစ်နေတဲ့ နှလုံးသားကို သူမကတော့ စကားလုံးကြမ်းကြမ်းတွေနဲ့ အမြဲရိုက်ချပစ်တတ်သည် ။

ချစ်တယ် ....ဟုတ်တာပေါ့ ...သူမကိုသိပ်ချစ်တာ

အရင်ကရော အခုရော မပြောင်းလဲတဲ့ချစ်ခြင်းမျိုးနဲ့ချစ်နေခဲ့တာ ။

သူမရဲ့ အချစ်တွေကိုတော့ ကျနော်မဟုတ်တဲ့ တခြားတစ်ယောက်က ပိုင်ဆိုင်ထားတာလေ သိပ်ဝမ်းနည်းဖို့ကောင်းတယ် ။

အသက်ရှူရခက်တဲ့အထိ ရင်ဘတ်ထဲတွင် မွန်းကြပ်စွာ နာကျင်မှုကိုခံစားနေရသော်လည်း ဂရုစိုက်မဲ့သူမရှိတဲ့ဘဝမို့ ဒီနာကျင်မှုကို ဘယ်သောအခါမှ ထုတ်ပြခွင့်မှမရခဲ့ ။

" အကိုလေး ..လက်ထိခိုက်လိမ့်မယ် ကျနော်တို့သိမ်းလိုက်ပါ့မယ် "

ပုလင်းကွဲတွေကို လက်ဗလာဖြင့် ကောက်ယူမိသည်အထိ ကျနော်ဟာသတိလက်လွတ်ဖြစ်ခဲ့ရသည် ။

ကြေကွဲပြန့်ကျဲနေသော ပုလင်းကွဲ အပိုင်းအစများကိုကြည့်ရင်း ရူးသွပ်စွာတစ်ချက်ရယ်လိုက်မိသည် ။

" ဒီပုလင်းကွဲလေးတွေက သိပ်ကံကောင်းတယ်နော် .. မကွဲခင်တောင် မရဲ့ထိတွေ့မှုကိုရလိုက်သေးတယ် ..ဟင်းဟင်း.. မက ကျနော့်ရဲ့ စကားတွေကိုတောင်ရွံတယ်တဲ့ "

ကြေကွဲစွာ ဆိုလာတဲ့စကားတွေဟာ နားထောင်ရသူကိုပါ ဝမ်းနည်းရလောက်တဲ့အထိ ကြေကွဲစရာကောင်းလှသည် ။

ဒီဝမ်းနည်းမှုကို ကြေကွဲအောင်လုပ်တဲ့သူကတော့ သိမည်မဟုတ် ။

********************

" အကိုလေး နိုးလာပြီလား "

ထမင်းစားခန်းထဲဝင်ဝင်ချင်း မေးလာတဲ့ အကိုကောင်းမြတ်နဲ့ ဘေးတွင်ရပ်နေသော ကြီးကြီးတင်တို့အား ရယ်ပြကာ..

" ဟုတ် ... မရောနိုးပြီလား "

မနက်ခင်းနိုးလာသည်နှင့် ခေါင်းထဲပေါ်လာသည်က သူမတစ်ယောက်ထဲသာ ။

" မမလေးကတော့ အခုထိ ဆင်းမလာသေးဘူး အကိုလေး "

" အော် ... ကျနော်နဲ့အတူ မနက်စာစားချိန်ဆုံမှာစိုးလို့ထင်တယ် "

အပြုံးနဲ့ပြောနေသော်လည်း ရင်ထဲမှာနာကျင်နေရတာကို ကြီးကြီးတို့တောင် သိလို့ထင်တယ် သူတို့ပါမျက်နှာမကောင်းကြချေ ။

ကျနော်ရဲ့မနက်ခင်းတိုင်းဟာ ဒီလိုပါဘဲ အပြုံးနဲ့နိုးထလာရပေမဲ့ တကယ်ပျော်ရတာမှမဟုတ်ဘဲ ။

ပျော်ရွှင်မှုဆိုတဲ့ စကားစုလေးဟာ ကျနော့်အတွက်ရှာဖို့သိပ်ခဲယဉ်းတယ် ။

ငယ်ငယ်ကတည်းက ဥပေက္ခာတွေနဲ့ကြီးပြင်းခဲ့ရပြီး အခုတော့ အမုန်းတွေနဲ့ ရှင်သန်နေရတယ် ။

ဝဋ်ကြွေးတွေက ကြီးလိုက်တာ ။

ဒေါက်!ဒေါက်!

" မ.. ကျနော် company သွားတော့မယ် ...

ကျနော်သွားတော့မှာဆိုတော့ မနက်စာဆင်းစားလိုက်အုံးနော် .. "

ဘယ်သောအခါမှ ပြန်ဖြေခြင်းမရှိတဲ့ တံခါးတစ်ဖက်ခြမ်းက သူမဟာအနေစိမ့်လှသည် ။

ပြန်ဖြေခြင်းမရှိသည်ကို နေသားကျနေသည့်တိုင်အောင် အမြဲတမ်းသတိပေးပြီးမှ သွားတတ်တဲ့ကျနော်ဟာလဲ ရူးမိုက်လှသည် ။

ကားတံခါးကိုအသင့်ဖွင့်ကာစောင့်နေသော အကိုကောင်းမြတ်ကို ကျော်ကာကားထဲသို့ဝင်ထိုင်လိုက်သည် ။

ကားလေးဟာ ခြံပြင်ကိုရောက်တာနဲ့ ကျနော့်မျက်နှာထားကိုပါ ပြောင်းလဲလိုက်ရသည် ။

" မနက်ပိုင်း ရှယ်ယာဝင်တွေနဲ့ ညှိနှိုင်းအစည်းအဝေးရှိတယ် အကိုလေး.. ညနေပိုင်းမှာ လုပ်ငန်းရှင်တွေ့ဆုံပွဲတက်ဖို့လဲ ရှိတယ် ..

အကိုလေးမသွားချင်ရင် ကျနော်သွားလိုက်မယ် "

" ရတယ် အကိုကောင်းမြတ် ကျနော်ဘဲတက်လိုက်ပါ့မယ် .. အမြဲတမ်းပုန်းနေလို့မှမဖြစ်တာ "

အမြဲတမ်းပျော့ညံ့နေလို့ မရတဲ့‌အနေအထားမှာ သန်မာချင်ယောင်လဲဆောင်ရအုံးမယ် ။

**********************

" အကိုလေး ..ရရဲ့လား "

တစ်နေ့လုံးတင်းထားသမျှစိတ်ကို အခုမှလျှော့ချလိုက်တော့ ခန္ဓာကိုယ်ကပါမနေနိုင် ယိုင်နဲ့စွာဖြစ်သွားရသည် ။

လူများတဲ့နေရာတွေကို ကြောက်သည့်တိုင်အောင် တစ်နေ့လုံးလူအများနှင့်ဆက်ဆံခဲ့ရသည် ။

အယောင်ဆောင်ချင်းတွေဟာ တကယ်ကိုခက်ခဲလှပါသည် ။

" ရပါတယ် ...

တော်သေးတာပေါ့ တစ်ပတ်မှာတစ်ခါလောက်ဘဲ ဒီလိုသွားရလို့ .. အကို့ကိုလဲကျေးဇူးတင်ပါတယ် .. နေ့တိုင်းကျနော်လုပ်ရမဲ့ အလုပ်တွေကိုကိုယ်စားလုပ်ပေးနေလို့ "

" ကျေးဇူးတင်ဖို့ မလိုပါဘူး အကိုလေး .. ကျနော့်အတွက်ကတော့ အကိုလေး အဆင်ပြေဖို့သာ အရေးကြီးတာပါ .. အကိုလေး အဆင်ပြေရင် ကျနော်လဲ အဆင်ပြေတယ် "

" ကျနော်အဆင်ပြေပါတယ် ... အကိုလဲသွားနားတော့လေ "

" အကိုလေး... ဆေးရောပုံမှန်သောက်ရဲ့လား ... အခုတလော အကိုလေး ပုံစံကပုံမှန်မဟုတ်ဘူး .. အမြဲတမ်းအားနည်းနေသလိုဘဲ "

ကျနော့်အတွက်စိတ်ပူစွာ ပြောလာတဲ့အကိုကောင်းမြတ်ရဲ့စကားကို ကြားရတော့ ရင်ထဲကလှိုက်ခနဲခံစားချက်နဲ့အတူ မျက်ရည်ပါဝဲမိသည် ။

ကျနော်ငယ်ငယ်ကတည်းက တောင်းတခဲ့ရတဲ့ဂရုစိုက်မှုတစ်ခုဘဲလေ ။

" ကျနော်ဆေးပုံမှန်သောက်ပါတယ် ... ပင်ပန်းလို့ဖြစ်ပါလိမ့်မယ် ...အရမ်းကြီးစိတ်မပူပါနဲ့

ကျနော်အဆင်ပြေပါတယ် "

ဆေးပုံမှန်သောက်ပါတယ်ဆိုမှ စိတ်ချသွားတဲ့ အကို့ရဲ့မျက်ဝန်းတွေဟာ အကိုအရင်းတစ်ယောက်ရဲ့မျက်ဝန်းတွေလို ။

ဒါမဲ့ ကျနော့်အကိုအရင်းက ဒီလိုမှမဟုတ်ဘဲ ။

သူသာကျနော့်အပေါ် စာနာပေးခဲ့ရင် ကျနော်ဒီလောက်ထိ ပင်ပန်းနေရမှာမဟုတ်ဘူး ။

" ဒါဆို အကိုလေးနားတော့လေ .. တစ်ခုခုဆိုလှမ်းခေါ်လိုက်နော် "

ပြုံးပြပြီး အပေါ်ထပ်အခန်းရှိရာသို့ တက်လာခဲ့လိုက်သည် ။

ကျနော်အရမ်းပင်ပန်း‌နေပြီ  နားဖို့လိုအပ်နေပြီလေ  ။

" နင်ကတော်တော်အသုံမကျတဲ့ ကလေးဘဲ ... ဒါလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာမသိဘူးလား "

၅နှစ်အရွယ်ကလေးရဲ့ဘေးမှာ ကွဲကျနေသော ဖန်ကွဲစများ ၊

ထိုကလေးကိုဆူငေါက်နေသော အမျိုးသမီးတစ်ဦး.

" မောင်က ဒီအရုပ်လေးလိုချင်လို့ တက်ယူတာပါ "

" နင်မမှီမကမ်းနဲ့ယူလို့ ဒီမှာငါ့ပန်းအိုးကျကွဲပြီလေ ..

ဒါဘယ်လောက်တန်တယ်ထင်လဲ "

ပုလင်းကွဲစတက်နင်းမိလို့ ရှပြီးသွေးရဲရဲထွက်နေသောခြေထောက်က ဒဏ်ရာကိုမမြင်တာဘဲလား မြင်ရဲ့သားနဲ့မမြင်ချင်ယောင်ဆောင်နေခဲ့သလား ..

ကိုယ့်သားသမီးအရေးထက် ပန်းအိုးကျကွဲမှုကိုဘဲ အရေးစိုက်တဲ့ အမေတစ်ယောက်ရဲ့ မေတ္တာ....

" နင်ကကောင်းကျိုးမပေးတဲ့ ကလေးဘဲ ... နင့်ကိုမွေးမိတာကိုက ငါမှားတာ ဘာတစ်ခုမှကို အသုံးမကျဘူး "

စိတ်ဆိုးမာန်ဆိုး လှည့်ထွက်သွားတဲ့ အမျိုးသမီးကြီးရဲ့ကျောပြင်ကို ကြည့်ရင်း

တစ်ဖန် သွေးထွက်နေသော ခြေထောင်ကဒဏ်ရာကိုကြည့်ရင်း ၅နှစ်အရွယ်ကလေးဟာ ဆို့နင့်စွာငို‌ကြွေး‌‌နေရသည် ။

"မောင်မှားသွားပါတယ်!! ...မောင့်ကိုမထားခဲ့ပါနဲ့!!! "

ချွေးသီး‌ချွေးပေါက်များနှင့် အိပ်ယာထက်မှ လန့်နိုးရသည့်တိုင် ကျနော်ဟာ ဒီအတိတ်‌ဆိုးတွေထဲကနေ ရုန်းမထွက်နိုင်သေးချေ ။

အခုချိန်ထိ ဒီအရာတွေဟာ အိမ်မက်ဆိုးတွေအဖြစ်တည်ရှိနေတုန်း ။

ဒီစိတ်ဒဏ်ရာတွေကြောင့် ...

တ‌ဖြေးဖြေးအသက်ရှင်ရတာကို မုန်းတီးလာသည် ။

ဘာကြောင့်များ ကျနော့်ကိုမှ နာကျင်မှုတွေဘဲ တစ်စီတစ်တန်းပေးနေရတာလဲ ။

ရင်ဖွင့်စရာတစ်စုံတစ်ယောက်မှမရှိတဲ့အခါ နာကျင်ခြင်းတွေက ပိုပြီးနာကျင်ရတယ် ။

#########Smirk########

First Chapter
ContentsNext
Previous
ContentsNext