ဒီနေ့ ညနေ တွင် နေရဲမာန်က မင်းမခဆိုင်တွင် သူ့အသိမိတ်ဆွေ တစ်ယောက်အတွက် ကိတ်မုန့်ကို သူကိုယ်တိုင် လုပ်ပေးချင်သည် ဆိုပြီးပြောလာသည့်အတွက် မင်းမခ သူ့တောင်းဆိုမှုကို လက်ခံလိုက်သည်။ မင်းမခတို့ဆိုင်တွင် Self-made Birthday Cake serviceလည်း လက်ခံသည်။

ဆိုင်က ည 7ခွဲဆို ပိတ်ပြီ။ ဆိုင်ပိတ်ချိန်တွင် ရောက်လာသော နေရဲမာန်အား မင်းမခ စိတ်တိုရသည်။ သူကတော့ sorry ဆိုသည့်စကားလုံးဖြင့် ဆင်ခြေဆင်လက်ပေးပြီး မုန့်ခန်းထဲသို့ ဝင်သွားသည်။ မင်းမခမှာတော့ အိမ်ကို ဒီနေ့ည နောက်ကျမည်ဆိုသည်ကို အသိပေးပြီး နေရဲမာန် အား ကိတ်မုန့်လုပ်နည်း သင်ရန် စတော့သည်။

အစမှာပင် မာန်တစ်ယောက် ကိတ်သားလုပ်ရန် ပထမဆုံးအဆင့်ဖြစ်သည့် ကြက်ဥအကာနဲ့ အနှစ်ခွဲသည့် အဆင့်တွေ စပြီး တိုင်ပတ်တော့သည်။

6လက်မ ကိတ်လုပ်ဖို့ ကြက်ဥ 3လုံးခွဲတာကို အကုန်လုံးကိုရောပြီး ပန်းကန်ထဲသို့ ခွဲချလိုက်သောကြောင့် ခတစ်ယောက် စိတ်မရှည်တော့ ။ နောက်ဆုံး ဇကာနဲ့ စစ်ပြီး အကာတစ်ခု အနှစ်တစ်ခု သီးသန့်ထားရသည်။

ပြီးတော့လာသေးသည်။ ကိုယ်က အခုမှ မီးဖိုချောင် ပထမဆုံးစဝင်ရတာပါ ဆိုသည့် ဆင်ခြေအပြုံးဖြင့်။

ပါဝင်ပစ္စည်းများကိုလည်း အချိုးအစားသေချာမကြည့်ဘဲ ပိုထည့်လို့ထည့် 1 နာရီထဲ လုပ်ရမည့် ကိတ်သားက 1နာရီခွဲကြာသွားပြီ

တော်သေးသည် ကိတ်သားတော့ ထွက်လာပြီ။ Decodation အတွက် topping cream ရိုက်ရမည်။ ကိတ်သားကို Cream များဖြင့် ပတ်သည့်အခါတွင်လည်း Cream ပတ်သည့်ဓါး(Spatula)ဖြင့် Topping cream ကို ဘယ်လို ပတ်ရန်ပြသည်။ ကိုယ်တော်ချောကို လက်တွေ့လုပ်ခိုင်းတော့ သူမှာ ပတ်နေတာ မပြီးနိုင် မစီးနိုင် Turnable Stand ကြီးသာ အကြိမ်တစ်ရာမက လည်နေသည်။ သူမှာတော့ ပတ်ထားသည့် Cream တွေက ပုံပျက်ပန်းပျက်။

ကြာတော့ မင်းမခရဲ့ စိတ်ရှည်မှု level ကဂိတ်ဆုံးမည်။ သူကိုယ်တိုင် ဝင်ပတ်ပေးလိုက်တော့သည်။ ကိတ်ကို အလှဆင်တော့လည်း ကိုယ်တော်ချောက Cake Nozzle Set တွေတောင် မသုံးတော့ဘဲ တစ်ခါတည်း Spatula ဖြင့် အလှဆင်လိုက်သည်။

ထွက်လာသည့် ပုံစံကတော့ အိမ်း. . .မဆိုးပါဘူး

မုန့်ခန်းထဲတွင် 2နာရီခွဲလောက် ကိတ်မုန့်ဖြင့် နပန်းလုံးလိုက်ရပြီး နောက်ဆုံးတော့ အလှဆင်ပြီးသား ကိတ်ထွက်လာခဲ့ပြီ။ နေရဲမာန်လည်း အခုမှ သက်ပြင်းလုံးလုံးချနိုင်တော့သည်။

ပြီးတော့ နဖူးပေါ်က ချွေးများကို သိပ်ရင်း

"ဖယောင်းတိုင်ကော ?"

"ရော့ဒီမှာ ''

Birthday ဖယောင်းတိုင်ကဒ်အား ပေးလိုက်ပြီး

"ခဏနော် အစ်ကို ကျွန်တော် ကိတ်မုန့် ထုတ်ဖို့ Box သွားယူလိုက်အုံးမယ်"

​Box သွားယူနေခိုက် ကိတ်ပေါ်တွင် ဖယောင်းတိုင်များ ထွန်းပြီး မင်းမခရှိရာသို့ သွားလိုက်သည်။

'' 🎼🎼Happy Birthday To You

Happy Birthday To You

Happy Birthday Dear Min Ma Kha

Happy Birthday To You 🎼🎼""

မင်းမခ သူအားကြည့်ပြီး BD song ဆိုနေသော နေရဲမာန်အားကြည့်ပြီး အံ့သြနေသည်။ သူအခုတလော ပြည်ပတွင် Scholarshipဖြင့် ကျောင်းသွားတက်ရမည် ကိစ္စနဲ့ကော Bakery အလုပ်နဲ့ကော ပေါင်းပြီး အလုပ်ရှုပ်နေသည်မှာ မနက်ဖြန် သူမွေးနေ့ဆိုတာတောင် သတိမမူမိခဲ့။ Master ကို ပြည်ပတွင် ကျောင်းသွားတက်မည် နောက်( 3 ) လကျရင် သူသွားရတော့မည်။ ဒါကို မာန်တို့အဖွဲ့ မသိသေး။ မေလေး မြလေး တို့အားလည်း နှုတ်ပိတ်ထားရသည်။ မာန် စောစောစီးစီး ကြိုသိလျှင် စိတ်ဆင်းရဲမည်ဆိုသောကြောင့်ပင်။ သွားခါနီးမှဘဲ သူ့အား အသိပေးတော့မည်ဟု စိတ်ကူးထားသောကြောင့် မြန်မာပြည်တွင် လက်ကျန်အလုပ်များကို မသွားခင် အပြီးဖြတ်ထားရမည် စိတ်ကူးထားသောကြောင့် အလုပ်များနေသည်မှာ အမှန်ပင်။

"မနက်ဖြန် မင်းရဲ့ 22နှစ်ပြည့် မွေးနေ့ လေ။ ကိုယ် မင်းရဲ့မွေးနေ့ကိတ်ကို ကိုယ်တိုင် လုပ်ပေးချင်လို့ ဒီလို မင်းကို အကူအညီတောင်းလိုက်တာပါ။ ကိုယ်တောင်းပန်ပါတယ် မင်းကို ပင်ပန်းစေမိလို့ "

ထိုစကားကြားတော့ မင်းမခရဲ့ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လျှံလာသည်။

မျက်ရည်များဝိုင်းနေသည်ကို မြင်တော့ နေရဲမာန်တစ်ယောက် ပြာပြာသလဲ ကိတ်မုန့်ကြီးအား စားပွဲပေါ်တင်လိုက်ပြီး မင်းမခအနားသို့ မျက်ရည်များသုတ်ပေးရန် လက်လှမ်းလိုက်တော့ မင်းမခနောက်သို့ဆုတ်လာသည်။ မာန်ရဲ့ ညာဘက်လက်တစ်ဖက် က လေထဲတွင်တန့်လျက်

" မလာနဲ့ အစ်ကို ဘာလို့ ကျွန်တော် အပေါ် ဂရုစိုက်နေ ရတာလဲ? အစ်ကို အဲလို ဂရုစိုက်လေလေ အစ်ကိုကို မကြိုက်အောင် ထိန်းထားတဲ့ ကျွန်တော် စိတ်တွေ အစိုးမရလေဘဲ''

" ဘာလို့လဲ ? ဘာလို့ မင်း ကိုယ့်ကို သဘောကျတဲ့ စိတ်ကို ထိန်းချုပ်ထားရတာလဲ ?"

" ဘာလို့လဲ ဆိုတာ တကယ် မသိတာလား? ယေကျာ်းလေးနှစ်ယောက် တွဲလိုက်ရင် ပတ်ဝန်းကျင် အကြည့်တွေက ဘယ်လိုဖြစ်မလဲ ဆိုတာ အစ်ကို မသိတာလား ? ပတ်ဝန်းကျင် အသိုင်းအဝန်းကကော ဘယ်လိုပြောမလဲ?ပြီးတော့ ကျွန်တော်ကိုတွဲဖို့ တောင်းဆိုတာက ရေတို အတွက်ဘဲမလား? "

ခ တစ်ယောက် မျက်ရည်များ တာကျိုးစွာ ငိုယိုပြောနေသည်။ ထိုစကားကို ကြားတော့ မာန်တစ်ယောက် ဒေါသထွက်ကာ မင်းမခရှေ့သို့ တိုးပြီး ပါးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး အကြည့်ချင်းဆုံစေသည်

" ကိုယ့်ကို ကြည့်စမ်း ခ ။ ကိုယ့်ရဲ့ မျက်လုံးတွေက မင်းကို အပျော် တွဲမဲ့ ပုံများ ပေါက်နေလား ? ဟမ် ဖြေစမ်းပါ ဖြေစမ်း!!"

ခတစ်ယောက် ပါးစပ်ကနေ ဘာတစ်လုံးမှ မထွက်နိုင်။ ထိုအစား ခေါင်းသာ ရမ်းပြနေသည်။

ကိုယ်သိတာပေါ့ ပတ်ဝန်းကျင်အသိုင်းအဝန်းက ဘယ်လိုလာမလဲဆိုတာ ကိုယ်မင်းကို စချစ်ကတည်းက ကိုယ့်စိတ်ကို ကိုယ် ပြင်ဆင်ပြီးသား ။ ကိုယ်မင်းကို ချစ်တာ အတည် တစ်ဘဝလုံးစာ ရည်ရွယ်ပြီးသား ။ ဒါကြောင့် ကိုယ်မင်းကို စိတ်ရှည်ရှည်နဲ့ မင်းကို လိုက်နေတာကို အခုထိ သဘောမပေါက်သေးဘူးလား ငတုံးလေးရ ''

'' ကျွန်တော်ကို ငတုံးလို့မပြောနဲ့ "

သူကို ငတုံးလို့ပြောလို့ ငိုနေသည့်ကြားက မျက်စောင်းထိုးကာ ပတ်ခနဲ ပြန်ပြောနေသူလေး

နေရဲမာန် မျက်ရည်များအား သုတ်ပေးလိုက်ပြီး ခပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး

" ခ ကိုယ်ပြောတာ သေချာနားထောင် ။ ကိုယ်တို့ရဲ့ ဘဝကို ကိုယ်တို့ ကိုယ်တိုင်ဘဲ ပဲ့ကိုင်ရမှာ။ တခြားသူ လာကူညီပေးမှာ မဟုတ်ဘူး။ ပတ်ဝန်းကျင် ကို ဂရုစိုက်နေရအောင်လည်း ပတ်ဝန်းကျင်က ကိုယ်တို့ကို ထမင်းကျွေးနေတာ မဟုတ်ဘူး။ သူများတွေရဲ့ အမြင်တွေကြောင့် ကိုယ့်ရဲ့ ခံယူချက် ပျော်ရွှင်မှုတွေနဲ့ မပြောင်းလဲလိုက်နဲ့။ ဒီခေတ်က ခ သိတဲ့အတိုင်း ယောကျာ်းလေးနှစ်ယောက် တွဲသွားလည်း ဘာမှ မဖြစ်ဘူး။ အဲတော့ ခ အရမ်းကြီး တွေးပူမနေနဲ့ ။ ပတ်ဝန်းကျင် ကြောင့် ကိုယ့်ခံစားချက်တွေကို မထိန်းချုပ်ထားနဲ့။ ပြီးတော့ ကိုယ်မင်းကို တစ်ဘဝလုံးစာ အတွက်ရည်ရွယ် ထားပြီးသား ''

ထိုသို့ ပြောလိုက်တော့ မင်းမခတစ်ယောက် နေရဲမာန် အားမော့ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ ငိုထားရသည့် အတွက်ကြောင့် ပါးလေးကော နှာထိပ်ကော နီနေသည်။သူကို မော့ကြည့်နေသော ကောင်လေးအားကြည့်ပြီး အသည်းယားကာ နေရဲမာန် မင်းမခရဲ့ နီရဲနေသော နှုတ်ခမ်းပေါ်သို့ သူနှုတ်ခမ်းနဲ့ ထပ်တူကျလိုက်သည်။ထိုကောင်လေး သူအား တွန်းဖယ်ခြင်း မပြုသည့်အတွက် အနမ်းများကို သူခဏအတွင်းရပ်ရန် စိတ်ကူးမရှိတော့ဘဲ ကြာရှည်သော အနမ်းများဖြင့် ဖန်တီးလိုက်သည်။

ကိတ်မုန့်ပေါ်က ဖယောင်းတိုင်လေးတွေခမျာ သူတို့ရှေ့ ချစ်ကြည်နူးနေသောစုံတွဲကြောင့် စိတ်ရှည်စွာ မစောင့်နိုင်တော့ဘဲ အရည်ပျော်ကုန်လျက် . . .

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!