Chapter 24: Part 23{U}

နှလုံးသားထက်က လက်တစ်စုံ (Completed)Words: 10111

ဒီနေ့က မင်းမခ ဘွဲ့ယူမည့်နေ့ အချိန်က မာန် ဖွင်ပြောသည့် အချိန်မှ စပြီး 8လကြာခဲ့သည်။

" ရော့ မင်းအတွက်''

မာန်က မင်းမခအား ကမ်းပေးလာသည့် အနီရောင် ပန်းစည်းကြီး

'ဟင် ကျွန်တော်က မိန်းကလေးမှ မဟုတ်တာ အစ်ကိုရာ "

ခ စိတ်ပျက်လက်ပျက်ဖြင့် ပန်းစည်းကြီးအား ကြည့်ပြီး လက်ခံရန် တွန့်ဆုတ်နေသည်။

မေလေးနှင့် မြလေးတို့က

"ခကလည်း ပေးတဲ့သူ စိတ်မကောင်းဖြစ်အောင် လက်ခံလိုက်လေ ပန်းစည်းက မိန်းကလေးဘဲ လက်ခံရမယ်လို့ အဆိုမှ မရှိတာ ယောကျာ်းလေးလည်းရတာဘဲ ကိုး''

တိုက်တွန်းတော့မှ မျက်နှာကြီးစူပုတ်ကာ လက်ခံလိုက်သည်။

နေရဲမာန် ကတော့ ခအဖြစ်ကို ရီချင်သော်လည်းမျက်နှာပိုးသတ်ထားရသည်။

ပြီးတော့ သူတို့အဖွဲ့များ Group Photo /Family Photo  ရိုက်ကြသည်။ ဓာတ်ပုံ ထဲတွင် တစ်ယောက်သော ကောင်လေးကတော့ နှင်းဆီ ပန်းစည်းကြီး ကိုင်ထားပြီး မျက်နှာဆူပုတ်နေသည် ကိုတွေ့ရလိမ့်မည်။

ချစ်စရာကောင်း အလိုက်သိသော သူငယ်ချင်းများက နေရဲမာန်နှင့် မင်းမခတို့အား အမှတ်တရအဖြစ် နှစ်ယောက်တွဲပုံ ရိုက်ရန် တောင်းဆိုကြသည်။

နေရဲမာန်က ပြီးတီတီဖြင့် မင်းမခအား ဇွတ်ဆွဲခေါ်ကာ ရိုက်လိုက်သည်။

စိတ်ကောက်နေသော မင်းမခကို ချော့ရန်

" ဒီနေ့တော့ ကိုယ် Hotpot ဒကာခံမယ်ဟေ''

Hotpot ဆိုသည့် အသံကြားတော့ ဆူပုတ်နေသော မျက်နှာဖြူလေးကာ ဝင်းလက်လာသည်။

မင်းမခက အစားပုတ်လေးဆိုတာ သူသိတာပေါ့ ။ ဒါ့ကြောင့် နောက်ဆုံး လက်နတ် ထုတ်သုံးလိုက်သည်။ အဲဒါကတော့ သူကြိုက်သည့် အစားအသောက် လိုက်ဝယ်ကျွေးခြင်းပင်။

ဒင်းလေးက ထိုအခါမှ မျက်နှာပေါ်တွင် အပြုံးအယောင်များ သမ်းကာ နေရဲမာန်အား ကြည်ဖြူတော့သည်။ထိုနေ့က အိမ်ပြန်အဝတ်အစားလဲ ပြီး Hotpot ဆိုင်သို့ သူတို့အဖွဲ့  တက်ညီလက်ညီ ဒိုးကြသည်။

Hotpot ဆိုင်တွင်လည်း နေရဲမာန် က သိပ်မစား မင်းမခအတွက် အသားကင်ပေးလိုက် ဆော့စ် ယူပေးလိုက် ဟို အသားသွားယူပေးလိုက် ဒီအသား သွားယူပေးလိုက်ဖြင့် ပျာယာခတ်နေသည်။

ဘေးနားက အကြောင်းသိ သူငယ်ချင်းတွေက မနိုင်ဘူးဆိုသည့် ပုံစံဖြင့် လျစ်လျူရှုပေးလိုက်ပြီး စားစရာ ရှိတာ စားသည်။သွားလည်း မပြောရဲပါဘူး ။ Hotpot က နေရဲမာန် ဒကာခံတာမဟုတ်လား တော်ကြာသွားပြောမှ စားပေါက်ပိတ်နေရမည့် အဖြစ်ကိုသိသောကြောင့် အေးအေးဆေးဆေး ဂုန်းဆင်းကြသည်။

မင်းမခလေးကတော့ မာန်ကင်ပေးထားသည့် အသားကင်လေးများ တစ်ခုပြီးတစ်ခု ပလုတ်ပလောင်း စားလိုက် ဖျော်ရည်လေး သောက်လိုက် ဇိမ်ကျနေသည်။

ထိုနေ့က မင်းမခအား နေရဲမာန် အိမ်ကို လိုက်ပို့ပေးသည်။

"ရော့ မင်းအတွက် "

မင်းမခ လက်ထဲသို့ ထည့်လာသော ဝက်ရုပ်လေး

" ဒါက ဘာအတွက်လဲ ?ချစ်စရာလေး"

ဝက်ရုပ်လေးအားကြည့်ပြီး မေးလာသော ထိုကောင်လေး

"မင်းနဲ့တူလို့ ကိုယ်ပေးတာ ဟီး"

" ဘာ အစ်ကို က ကျွန်တော် ဝက်ဆိုပြီး စော်ကားတာလား??''

ထစ်ခနဲရှိ ဒေါသထွက်နေတသော ထိုကောင်လေးအား ကြည့်ပြီး လက်တကာကာဖြင့်

"မဟုတ်ရပါဘူး ဒီနေ့ မင်းက ကိုယ်တေဲ့ပန်းစည်း မကြိုက်တော့  အရုပ်များ ကြိုက်မလား ဆိုပြီး​ ပြောင်းပေးတာပါ။ "

မနည်းချော့မောပြီးပြောလိုက်မှ ပြီးရော ဆိုသည့်ပုံစံဖြင့် ဝက်ရုပ်လေးအား ပွေ့ပြီး အိမ်ထဲဝင်သွားသည်။

အခန်းထဲရောက်တော့ နေရဲမာန် ပေးထားသည့် ဝက်ရုပ်လေးအား ကြည့်ပြီး

နေရဲမာန် ဖွင့်ပြောပြီးသည့်အချိန်မှ စ၍  သူ့အနားမှာ ပင် တဝဲလည်လည်။ ဘာလိုလိုဖြင့် သူနှင့် နေရဲမာန်တို့နှင့်ခင်မင်တာ 1နှစ်ခွဲ  ကြာပြီ။ ကိုနေရဲမာန်အား အဖြေလည်း အခုထိ ပြန်မပေးရသေးပင်။

မစိမ်းသက်သွားပေမဲ့ သူ အတွက်မူ  နေရဲမာန်အား Friend Zone ထဲတွင် ထားချင်သေးသည်။ နေရဲမာန် မင်းမခအပေါ် ဂရုစိုက်မှုများ ခကိုယ်တိုင် မနှစ်သက်လို့လားဆို မဟုတ် နှစ်သက်သည်။ သို့သော် အဖြေပြန်ပေးရန် တွေဝေနေသည်။

ယောကျာ်းလေးနှစ်ယောက် ရည်းစားထားခြင်းသည် Normal Coupleတွေလို မလွယ်ကူ။ ပြီးတော့ သူရဲ့ရုပ်ရည်ကြောင့် အခြောက် ဆိုပြီး ဝိုင်းစကြသည့်အဖြစ်တွေလည်းကြုံခဲ့ဖူးသည်။ အကယ်၍ နေရဲမာန် အချစ်သာ လက်ခံလျှင် သူကို  ပတ်ဝန်းကျင်က ပိုအထင်သေးသွားမည်။ ပိုဆိုးသည်က နေရဲမာန်လို အများတကာတွင် impressionရှိသူအဖို့ သူ့အတွက်ဖြင့် ထိခိုက်နေရမည်။ ပြီးတော့ အခုခေတ်က LGBT ကျယ်ကျယ်ပြန့်ပြန့် လက်ခံသည်ထား မိဘတွေကကော သူတို့ သားသမီးကို လက်ခံပါ့မလား??ပြီးတော့ နေရဲမာန်က သူလို ယောကျာ်းလေး တစ်ယောက်ကို အပျော်တွဲမလား အတည်တွဲမလား သေချာမသိ?? သူဒါတွေကို စိုးရိမ်သည်။ သူ မာန်ကို မချစ်ဘူး ဆိုပြီး အဖြေပြန်ပေးလိုက်လျှင် မာန် သူ့ များ သူငယ်ချင်းအဖြစ်ကနေပါ ထားသွားမလား?? မာန်ကို အနည်းဆုံးတော့ သူငယ်ချင်းလို အစ်ကိုလို ခင်ချင်သည်။

ကြိုးရှည်ရှည်လှန်ထားသည်ဟု ထင်ရသော်လည်း မာန်နှင့် ခင်မင်ရင်းနှီးမှုဆိုသည့် နှောင်ကြိုး မပြတ်ချင်သောကြောင့် နည်းနည်းတော့ သူအတ္တဆန်ပါရစေ . . .

~~~~~~~~~~~~~~~~~