နေရဲမာန် စားပွဲပေါ်က အနီရောင် Box ဘူးလေးကို ဖွင့်ကြည့်လိုက်သည်။ အနက်နှင့် အပြာစပ်ထားသော Dream Catcher

''ဟူး "

မင်းမခ မွေးနေ့လက်ဆောင်ပေးထားသော Dream Catcher အား ကြည့်ပြီး မာန်တစ်ယောက် သက်ပြင်းတစ်ချက်ချလိုက်သည်။

*ဒီကောင်လေး Dream Catcher တော်တော်ကြိုက်တာဘဲ တစ်ခါလာလည်း Dream Catcher တစ်ခါလာလည်း ဒါဘဲ  မဟုတ်သေးပါဘူး *

မာန်တစ်ယောက် ဒီနေ့က သူ့မွေးနေ့ ဖြစ်သည်မို့ ခင်မင်ရင်းနှီးရတဲ့  သူငယ်ချင်း အားလုံး အား ဖိတ်ပြီး မွေးနေ့ ကျင်းပသည်။ မင်းမခဆီကနေ ရမည့် မွေးနေ့ လက်ဆောင် ကို လည်း *ဘာပေးမလဲ* ဆိုပြီး သူရင်ခုန်မိတာ အမှန်ပင်။ ရတော့ Dream Catcher အဲဒီအထိက ဘာမှ မဖြစ်သေး ။Handmade လက်ဆောင်မို့  နေရဲမာန် မြင်မြင်ချင်းကတော့ woww မင်းမခ က သူ့တစ်ယောက်တည်းအတွက် အခုလို ပေးသည်ဆိုပြီး အပျော်လုံးကြီး တစ်ဆို့နေသည်။ သို့သော် ကြားလိုက်ရသည်က မေလေး မြလေး အပြင် သူ့သူငယ်ချင်း နှစ်ကောင်ကပါ ရဖူးသည်ဟု ပြောလိုက်သောကြောင့် မာန်မျက်နှာကြီး ကွက်ခနဲ ပျက်ခဲ့ရသည်။

* ဒါဆို သူကလည်း သူတို့ထဲကပေါ့ သူငယ်ချင်းလိုဘဲ သဘောထားသေးတာပေါ့ မင်းမခအတွက် အခုထိ Special မဟုတ်သေးဘူးပေါ့ *

မာန်တစ်ယောက် အတွေးများဖြင့် အိပ်မပျော်။ ဒါကြောင့် နေရဲမာန်တစ်ယောက် ညကြီး မိုးချုပ် 11 : 11 နာရီတွင်  မင်းမခဆီ ဖုန်းခေါ်လိုက်သည်။

တစ်ဖက်က အိပ်ချင်မူးတူးအသံဖြင့်

"ဟဲလို "ဆိုသည့် အသံ ကြားလိုက်သည်။

သေချာသည် မင်းမခ အိပ်နေတာဘဲ ဖြစ်ရမည်။

'' ခ    Dream Catcher ဘာလို့ လက်ဆောင်ပေးတာလဲ?? "

မာန်ရဲ့ အစမရှိ အဆုံးမရှိ မေးခွန်းကြောင့် ခ တစ်ယောက် အိပ်ချင်မူးတူး စိတ်များ ကြက်ပျောက်ဌက်ပျောက် ပျောက်ကာ ငုတ်တုတ်ထထိုင်လိုက်သည်။

''ဟင်း အစ်ကို မကြိုက်လို့လား?"

" မဟုတ်ဘူးလေ အဲလို သဘောမျိုး ပြောတာမဟုတ်ဘူး မင်းက သူများတွေလည်း Dream Catcher လက်ဆောင်ပေး ကိုယ့်လည်း Dream Catcher လက်ဆောင်ပေးဆိုတော့ ဘာသဘောလဲ လို့သိချင်တာ "

"Ahhhh အကိုဗျာ အာတာများ ညကြီး မိုးချုပ် ဖုန်းဆက်မေးရတယ်လို့။ မသိပါဘူး ကျွန်တော်က အစ်ကိုများ မကြိုက်လို့ လားထင်နေတာ ။ ဒီလို အစ်ကိုရ   Dream Catcherတွေကို ကျနော်သဘောကျတယ်။ အကို သိတဲ့အတိုင်း Dream Catcher က အိမ်မက်ကောင်းတွေ ယူဆောင်ပေးတယ်လို့ အများက ယုံကြည်ကြတယ်။ ကျနော်ကကျတော့ Dream Catcher ပေးရတဲ့အကြောင်းအရင်းက  နာမည်အတိုင်း အိမ်မက်တွေ ဆန္ဒတွေ ပြည့်ဝပါစေ ဆိုတဲ့ ရည်ရွယ်ချက်နှင့် ကျွန်တော်အရမ်းခင်ရတဲ့သူတွေကို  ကျွန်တော်ကိုယ်တိုင် သဘောကျရတဲ့ လက်နဲ့ လုပ်ထားတဲ့  Handmade Present ပေးတာ။ Exclusive ပေါ့ အဟီး နောက်မွေးနေ့တွေကျရင် အကို အတွက် တခြားဟာ ကျွန်တော်ပေးပါမယ် "

မင်းမခ ရှင်းပြတာ ကြားမှ နေရဲမာန် ကျေနပ်သွားသည်။ ဒါဆို မင်းမခကလည်း သူ့အပေါ်  မစိမ်းကားဘူး သူ့ရဲ့ အရင်းနှီးဆုံး အဖြစ် သတ်မှတ်တာ ကြားတော့ အပျော်လှိုင်းလေး များ ရင်ထဲတွင်ဖြတ်ပြေးသွားသည်။

''ကဲ ဟုတ်ပါပြီ ကျေးဇူးပါ  မင်းရဲ့ အရင်းနှီးဆုံး သူတွေထဲမှာ ကိုယ်ပါနေလို့ ။ ဒါပေမဲ့ ကိုယ် အဲဒီထက် တစ်ဆင့်ထပ်တက်ချင်သေးတယ်။ မင်း ကိုယ့်ရဲ့ ဆန္ဒကို ပြည့်ဝအောင် ခွင့်ပြုပေးမလား?"

နေရဲမာန် အရဲစွန့်ပြီးမေးလိုက်တော့

"ဗျာ''

ဆိုသည့် စကားတစ်လုံးသာ ပြောပြီး တစ်ဖက်က ကောင်လေးကတော့ တိတ်ဆိတ်နေသည်။ ထိုကောင်လေး ရဲ့ အသက်ရှုသံများသည် ဖုန်းထဲတွင်  မကြားတစ်ချက် ကြားတစ်ချက်။ သေချာသည် ထိုကောင်လေး ရှက်နေမည်ဆိုတာ . . .

ဒါကြောင့် နေရဲမာန် က တဟားဟား ရယ်ပြီး

'' အကို မင်းကို သဘောကျနေတာကြာပြီ ခ။ မင်းကို စတွေ့ကတည်းကဘဲ ။ ကိုယ် မင်းကို သဘောကျတာထက် ပိုတယ် ။ မင်းကို ချစ်တယ်"

"ဗျာ!!"

ထိုကောင်လေးရဲ့ ဒုတိယအကြိမ် 'ဗျာ' ဆိုသည့် အသံက အတော် ကျယ်သည်။ သူတောင် ဖုန်းနှင့်နားက ခွာလိုက်ပြီး သိုသပ်စွာ သက်ပြင်းချလိုက်ပြီး

'' အရမ်းကြီး စိတ်မလှုပ်ရှားပါနဲ့။ ကိုယ့်ကိုယ်လည်း မစိမ်းကားသွားပါနဲ့။ မင်းကို ဖွင့်ပြောရတာ မလွယ်မှန်းသိပါတယ်။ ယောကျာ်းချင်းမို့ မင်း ပြန်သဘောမကျလည်း ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ကိုယ်မင်းကို ချစ်နေတာကိုတော့ သိထားပေးပါ။''

''အ . . .အကို ကျွန်တော် ဘယ်လိုပြန်ပြောရမှန်းတောင် မသိတော့ဘူး။ ကျွန်. . .ကျွန်တော် အချိန်ယူပြီး စဥ်းစားပါရစေအုန်း "

မထင်မှတ်ထားသော မင်းမခ စကားကြောင့် မာန်တစ်ယောက် ယိမ်းယိုင်နေသော စိတ်များ ပြန်လည် တည့်မတ်လာသည်။

" စဥ်းစားပေးပါ ခ ။ မင်း ကြိုက်သလောက် အချိန်ယူပါ ။ ကိုယ် မင်းကို စိတ်ရှည် လက်ရှည် စောင့်နေပေးပါမယ်"

"ဒါဘဲနော် အစ်ကို ကျွန်တော် အိပ်တော့မယ်။ Good night ပြီးတော့ Happy Birthday ပါ အစ်ကို "

မင်းမခတစ်ယောက် နေရဲမာန် ပြန်ပြောတာတောင် မစောင့် ပြောချင်တာပြောပြီး တီခနဲ ဖုန်းချပစ်လိုက်သည်။ ရင် တွင်ကတော့ ကဆုန်ပေါက်အောင် ခုန်နေလျက်။

တိခနဲ ချသွားသည့် ဖုန်း Screen ကို ကြည့်ပြီးနေရဲမာန် တစ်ယောက် ကျေနပ်အပြုံး ကြီးဖြင့်။ ထို့နောက် မင်းမခလက်ဆောင်ပေးထားသော Dream Catcherလေးအား နမ်းပြီး *ငါ့ဆန္ဒတွေ ပြည့်ဝတော့မယ် *အတွေးဖြင့်နံရံပေါ်တွင် ချိတ်ထားလိုက်ပြီး ကုတင်ပေါ်ကပြုံးပြုံးကြီး 1 မိနစ်ကြာ ကြည့်နေသည်။

ပြီးနောက် အိပ်စက်ခြင်းဆီသို့။

ထိုနေ့ညက အိမ်မက်ထဲတွင် အိမ်မက်ကောင်းများဖြင့် ပျော်မွေ့စွာ နှစ်နှစ်ခြိုက်ခြိုက် ကောင်လေးရှိသလို တစ်ဖက်တွင်လည်း မထင်မှတ်ဘဲ ရည်းစားစကား ပြောခံလိုက်ရသောကြောင့် ရင်တွေ ခုန်ပြီး မနက် 3နာရီထိ ကုတင်ပေါ်တွင် ဟိုဘက််လိမ့်လိုက် ဒီဘက် လိမ့်လိုက်ဖြင့် အိပ်မပျော်နိုင်သော ကောင်လေးတစ်ယောက်လည်း ရှိခဲ့သည်။

~~~~~~~~~~

Note

လူတစ်ယောက်က မင်းကို Handmade Gift ပေးရင် မင်းပျော်လိုက်ပါ။ Handmade လုပ်ရတာ မလွယ်ပါဘူး ဒါကို Handmade လုပ်ဖူးသူတိုင်း သိပါတယ်။ အချိန်ရော Handmade အတွက် ကုန်ကြမ်းပစ္စည်းတွေအတွက် ငွေရော လုပ်အားရော စိုက်ထုတ်ရပါတယ်။ ဒါကြောင့် သင်ဟာ Handmade Gift လက်ခံရရှိပြီဆို သူဟာ မင်းအတွက် တကယ်ခင်မင်ရသူမို့ ပေးတာမို့ တန်ဖိုးထားပါ✨💕

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!