Chapter 6: Part-6(Z&U)

💘💘💘မနှုတ်ရက်လေသောဆူး💘💘💘 💘💘💘မႏႈတ္ရက္ေလေသာဆူး💘💘💘Words: 21374

(Zawgyi)

“ အိမ္ဘက္ကိုလွည့္မလာတာၾကာလို႔ အသက္မွရိွေသးရဲ႕ လားလို႔ လာၾကည့္တာ"

ကိုးကိုျမင္ေတာ့ ေျပာၿပီးအိမ္ထဲကို၀င္ခ်လာသည့္သူ႕ရဲ႕ အေပါင္းအပါ သူငယ္ခ်င္းေကာင္းမ်ားျဖစ္ၾကသည့္ ၀ဏၰ၊ ဥကၠာႏွင့္ေကာင္းမိုးစက္။

“ ေဟ့ေကာင္ ကိုး မင္းမဟုတ္ေတာ့ဘူးေနာ္ ဟိုတေန႔ကဖုန္း ဆက္ေတာ့လည္း မအားလို႔ဆိုၿပီးေျပာတာေသခ်ာေျပာစမ္း မင္းဘာတုပ္ေကြးမိေနတာလဲ"

“ မာမီခိုင္းထားတဲ့အလုပ္ေလးရိွေသးလို႔ပါ"

“မင္းက အံမာသားလိမၼာေလးပ"

တစ္ေယာက္တစ္ခြန္းေျပာဆိုေနၾကစေနာက္ေနၾကသည္မွာ ဆူညံလို႔။

ယိင္း အျပင္သြားရေအာင္ျပင္ဆင္ၿပီးေအာက္ထပ္သို႔ဆင္းလာ ခဲ့လိုက္သည္။ အစကေတာ့မေခၚခ်င္ေပမယ့္ မာမီ့မ်က္ႏွာ ေၾကာင့္ေခၚသြားမည္ဟုစဥ္းစားလိုက္ေသာ္လည္းသူ႕သူငယ္ ခ်င္းမ်ားေရာက္လာ၍မေခၚေတာ့ပဲ မျမင္ခ်င္ေယာင္ေဆာင္ ကာထြက္လာခဲ့လိုက္သည္။

အေပၚထပ္မွဆင္းလာသူက ဂ်င္းေဘာင္းဘီအၿပဲကိုမွ အက်ႌ အျဖဴေရာင္လက္ရွည္ပါးလႊလႊတြင္ တစ္ဖက္ကခါးပတ္ပံုစံ ႀကိဳးအရွည္ေလးႏွင့္ လက္ထဲတြင္လည္းႀကိဳးပါအိတ္အရွည္ ကိုမွမလြယ္ပဲကိုင္ထားသျဖင့္ သူ႕စတိုင္လ္ကမိမိုက္ေနရာ အားလံုးရဲ႕အၾကည့္ကသူ႕ဆီမွာသာ။ ခါတိုင္းအိမ္မွာေနရင္း ေတာင္ ခ်စ္စရာေကာင္းေနေသာယိင္းက ဒီေန႔က်လည္း တစ္မ်ဳိးေလးလွေနျပန္ပါသည္။ ခမ်ားဟာေလ က်ဳပ္ႏွလံုးသား ကိုတစ္မ်ဳိးၿပီးတစ္မ်ဳိးဆြဲေဆာင္ေနျပန္ပါၿပီယိင္းရယ္။

“ ဒါကဘယ္လဲ"

အျပင္ဘက္သို႔လွမ္းေနတဲ့ ယိင္းေျခလွမ္းတို႔တံု႔ခနဲ။

“ ဆိုင္သြားၾကည့္ေတာ့မလို႔ေလ"

“ က်ဳပ္ကလိုက္ခဲ့ရမွာလား"

“ ရပါတယ္ယိင္းတစ္ေယာက္တည္းပဲသြားလိုက္ပါ့မယ္ သူငယ္ခ်င္းေတြေရာက္ေနတာမို႔လားအားနာလို႔ပါ"

“ ေကာင္းၿပီေလ အဲဒါဆိုလည္းသြားေတာ့"

က်န္တဲ့သူငယ္ခ်င္းသံုးေယာက္ရဲ႕အၾကည့္ေတြက သူ႕ဆီတစ္ လွည့္ယိင္းဆီတစ္လွည့္ ပါးစပ္ေတြကျပင္ေနၾကေပမယ့္ ယိင္း ထြက္သြားေအာင္ထိေစာင့္ေနၾကသည္။

“ ကိုး သူကဘယ္သူလဲ အရမ္းလွတာပဲ"

မိုးစက္ရဲ႕အေမး။

“ ဟားဟား ဟား ဟား ဒီေကာင္ေျခခ်ဳပ္မိေနတာ အိမ္မွာလား"

“ ၀ဏၰ ေတာ္ေတာ့"

“ ရွက္ေနတာလား ဟားငါ့သူငယ္ခ်င္းႀကီးကရွက္တတ္လို႔လား"

“ကိုး သူဘယ္သူလဲလို႔ငါ့ကိုမိတ္ဆက္ေပးပါလား"

မိုးစက္ကလည္း အခုထိမေလွ်ာ့ေမးေနဆဲပင္။

“ သူ႕နာမည္ကယိင္းတဲ့ ငါ့ဒယ္ဒီရဲ႕သူငယ္ခ်င္းသား"

“ ယိင္း ဟုတ္လားနာမည္နဲ႔လူနဲ႔လိုက္ဖက္ေနေရာပဲ"

“ မင္းသူ႕ကို စိတ္၀င္စားသြားၿပီလား"

ဥကၠာရဲ႕အေမးေၾကာင့္ က်န္သံုးေယာက္မ်က္လံုးျပဴးကာ

“ ဟုတ္တယ္ ငါစိတ္၀င္စားတယ္ဒါေပမယ့္ ကိုး မင္းအဆင္ ေျပလား"

“ ဘာလို႔မေျပရမွာလဲ ေျပတယ္"

တကယ္ေတာ့ သူ႕ရင္ဘတ္ထဲနင့္ခနဲခံစားလိုက္ရေပမယ့္ သူငယ္ခ်င္းေတြၾကားမွာေတာ့ ၿပံဳးလ်က္သာ။

“ ေသခ်ာလို႔လား ေဟ့ေကာင္ေတာ္ၾကာမိုးစက္ေနာက္ပါသြား မွ ၀ဏၰနဲ႔ငါ့ကိုမ်က္ႏွာငယ္နဲ႔လာမေျပာနဲ႔"

“ မေျပာဘူး"

“ ဒါဆို ငါသူ႕ကိုလိုက္လို႔ရလား"

“ သူလက္ခံရင္ရတယ္"

“ ကဲထ သြားမယ္"

“ ဘယ္ကိုလဲ"

“ ၀ဏၰသူ႕ေကာင္မေလးနဲ႔ သြားေတြ႕မလို႔တဲ့လိုက္မွာမို႔လား"

“ ငါမလိုက္ေတာ့ဘူး သြားစရာရိွေသးတယ္"

“ဟုတ္ပါၿပီကြာ"

သူငယ္ခ်င္းသံုးေယာက္လံုးထြက္သြားမွ သူသက္ျပင္းအသာ ခိုးခ်မိလိုက္သည္။ ကိုယ္ခ်စ္ေနတဲ့သူကို ဘယ္လိုလူမ်ဳိးက မ်ားတစ္ျခားတစ္ေယာက္လက္ထဲ အသာတၾကည္ထည့္ေပး ႏိုင္မွာတဲ့လဲ။ ဟုတ္သားပဲ သူယိင္းေနာက္လိုက္သြားရဦးမွာပဲ။

ဆိုင္ခန္းအတြင္းလွည့္ပတ္ၾကည့္ၿပီး ျပင္ဆင္စရာရိွသည္မ်ား ႏွင့္ ေနရာခ်ရန္အစီအစဥ္ဆြဲေနမိသျဖင့္ ပတ္၀န္းက်င္ကိုပင္ သတိမထားမိ။ ႐ုတ္တရက္သူႀကိဳးျဖင့္ခလုတ္တိုက္ကာ စင္ေပၚတင္ထားသည့္ပစၥည္းအေဟာင္းမ်ားကျပဳတ္က်လာ ေလသည္။ မထင္မွတ္ပဲျဖစ္သြားသျဖင့္ မိမိေပၚပစၥည္းမ်ား ျပဳတ္က်လာသည္မို႔ မ်က္စိကိုစံုမိွတ္လိုက္စဥ္လူတစ္ေယာက္ ရဲ႕ဆြဲယူျခင္းခံလိုက္ရၿပီး လူကနာက်င္မႈကိုမခံစားလိုက္ရ။

အသံမ်ားၿငိမ္သြား၍မ်က္လံုးဖြင့္ၾကည့္လိုက္ေသာ္ သူမ်က္ႏွာ အပ္ထားတာက လူတစ္ေယာက္ရဲ႕ရင္ခြင္ထဲမွာ။ ယိင္းလည္း လန္႔သြားၿပီး အသာေလးေနာက္ဆုတ္ကာမ်က္ႏွာကိုၾကည့္မိ ေတာ့ စိုးရိမ္မႈအျပည့္နဲ႔မ်က္ႏွာက သူျမင္ေနက်လူမဟုတ္ သည့္အတိုင္း ထူးဆန္းလွစြာ။

“ ေက်းဇူးပဲ ဘာျဖစ္သြားေသးလဲ"

စိတ္ပူသလို ေျပာၿပီးသူ႕ကိုေနရာအႏွံ႔လိုက္ၾကည့္ေနသည့္အခါ

ကိုးသူ႕ကိုယ္သူစိတ္မထိန္းႏိုင္စြာပဲ တင္းၾကပ္စြာဆြဲဖက္လိုက္ မိသည္။ ခမ်ားဘာျဖစ္လို႔ အဲေလာက္ထိခ်စ္စရာေကာင္းေနရ တာလဲ ယိင္းရယ္။

“ လႊတ္ လႊတ္ မင္းဘာလုပ္တာလဲကိုး"

“ ေတာ္ေသးတာေပါ့ ဘာမွမျဖစ္သြားလို႔"

“ဟုတ္တယ္ ငါဘာမွမျဖစ္ဘူးလႊတ္ေတာ့လို႔"

“ ခဏေလး ခဏေလးပါက်ဳပ္စိတ္မၿငိမ္ေသးလို႔"

ယိင္းကေမာ့အၾကည့္ သူကေအာက္အငံု႔အၾကည့္ခ်င္းဆံုသြား ေလသည္။ ေဟာဒီမ်က္လံုး၀ိုင္း၀ိုင္းေလးနဲ႔မ်က္ေတာင္ရွည္ ေကာ့ေကာ့ေလး၊ႏွင္းဆီေရာင္ႏႈတ္ခမ္းဖူးဖူးေလး အို ခမ်ားရဲ႕ အရာအားလံုးဟာတေန႔က်ရင္ က်ဳပ္အပိုင္ျဖစ္ပါရေစ ယိင္းရယ္။ သူစိတ္မထိန္းႏိုင္စြာနမ္းမည္ျပဳေတာ့ သူ႕ကိုတြန္း ဖယ္ကာထြက္သြားသူက ရက္စက္စြာပင္တစ္စက္ကေလး ေတာင္ျပန္လွည့္မၾကည့္ခဲ့။

(Unicode)

“ အိမ်ဘက်ကိုလှည့်မလာတာကြာလို့ အသက်မှရှိသေးရဲ့ လားလို့ လာကြည့်တာ"

ကိုးကိုမြင်တော့ ပြောပြီးအိမ်ထဲကိုဝင်ချလာသည့်သူ့ရဲ့ အပေါင်းအပါ သူငယ်ချင်းကောင်းများဖြစ်ကြသည့် ဝဏ္ဏ၊ ဥက္ကာနှင့်ကောင်းမိုးစက်။

“ ဟေ့ကောင် ကိုး မင်းမဟုတ်တော့ဘူးနော် ဟိုတနေ့ကဖုန်း ဆက်တော့လည်း မအားလို့ဆိုပြီးပြောတာသေချာပြောစမ်း မင်းဘာတုပ်ကွေးမိနေတာလဲ"

“ မာမီခိုင်းထားတဲ့အလုပ်လေးရှိသေးလို့ပါ"

“မင်းက အံမာသားလိမ္မာလေးပ"

တစ်ယောက်တစ်ခွန်းပြောဆိုနေကြစနောက်နေကြသည်မှာ ဆူညံလို့။

ယိင်း အပြင်သွားရအောင်ပြင်ဆင်ပြီးအောက်ထပ်သို့ဆင်းလာ ခဲ့လိုက်သည်။ အစကတော့မခေါ်ချင်ပေမယ့် မာမီ့မျက်နှာ ကြောင့်ခေါ်သွားမည်ဟုစဉ်းစားလိုက်သော်လည်းသူ့သူငယ် ချင်းများရောက်လာ၍မခေါ်တော့ပဲ မမြင်ချင်ယောင်ဆောင် ကာထွက်လာခဲ့လိုက်သည်။

အပေါ်ထပ်မှဆင်းလာသူက ဂျင်းဘောင်းဘီအပြဲကိုမှ အင်္ကျီ အဖြူရောင်လက်ရှည်ပါးလွှလွှတွင် တစ်ဖက်ကခါးပတ်ပုံစံ ကြိုးအရှည်လေးနှင့် လက်ထဲတွင်လည်းကြိုးပါအိတ်အရှည် ကိုမှမလွယ်ပဲကိုင်ထားသဖြင့် သူ့စတိုင်လ်ကမိမိုက်နေရာ အားလုံးရဲ့အကြည့်ကသူ့ဆီမှာသာ။ ခါတိုင်းအိမ်မှာနေရင်း တောင် ချစ်စရာကောင်းနေသောယိင်းက ဒီနေ့ကျလည်း တစ်မျိုးလေးလှနေပြန်ပါသည်။ ခများဟာလေ ကျုပ်နှလုံးသား ကိုတစ်မျိုးပြီးတစ်မျိုးဆွဲဆောင်နေပြန်ပါပြီယိင်းရယ်။

“ ဒါကဘယ်လဲ"

အပြင်ဘက်သို့လှမ်းနေတဲ့ ယိင်းခြေလှမ်းတို့တုံ့ခနဲ။

“ ဆိုင်သွားကြည့်တော့မလို့လေ"

“ ကျုပ်ကလိုက်ခဲ့ရမှာလား"

“ ရပါတယ်ယိင်းတစ်ယောက်တည်းပဲသွားလိုက်ပါ့မယ် သူငယ်ချင်းတွေရောက်နေတာမို့လားအားနာလို့ပါ"

“ ကောင်းပြီလေ အဲဒါဆိုလည်းသွားတော့"

ကျန်တဲ့သူငယ်ချင်းသုံးယောက်ရဲ့အကြည့်တွေက သူ့ဆီတစ် လှည့်ယိင်းဆီတစ်လှည့် ပါးစပ်တွေကပြင်နေကြပေမယ့် ယိင်း ထွက်သွားအောင်ထိစောင့်နေကြသည်။

“ ကိုး သူကဘယ်သူလဲ အရမ်းလှတာပဲ"

မိုးစက်ရဲ့အမေး။

“ ဟားဟား ဟား ဟား ဒီကောင်ခြေချုပ်မိနေတာ အိမ်မှာလား"

“ ဝဏ္ဏ တော်တော့"

“ ရှက်နေတာလား ဟားငါ့သူငယ်ချင်းကြီးကရှက်တတ်လို့လား"

“ကိုး သူဘယ်သူလဲလို့ငါ့ကိုမိတ်ဆက်ပေးပါလား"

မိုးစက်ကလည်း အခုထိမလျှော့မေးနေဆဲပင်။

“ သူ့နာမည်ကယိင်းတဲ့ ငါ့ဒယ်ဒီရဲ့သူငယ်ချင်းသား"

“ ယိင်း ဟုတ်လားနာမည်နဲ့လူနဲ့လိုက်ဖက်နေရောပဲ"

“ မင်းသူ့ကို စိတ်ဝင်စားသွားပြီလား"

ဥက္ကာရဲ့အမေးကြောင့် ကျန်သုံးယောက်မျက်လုံးပြူးကာ

“ ဟုတ်တယ် ငါစိတ်ဝင်စားတယ်ဒါပေမယ့် ကိုး မင်းအဆင် ပြေလား"

“ ဘာလို့မပြေရမှာလဲ ပြေတယ်"

တကယ်တော့ သူ့ရင်ဘတ်ထဲနင့်ခနဲခံစားလိုက်ရပေမယ့် သူငယ်ချင်းတွေကြားမှာတော့ ပြုံးလျက်သာ။

“ သေချာလို့လား ဟေ့ကောင်တော်ကြာမိုးစက်နောက်ပါသွား မှ ဝဏ္ဏနဲ့ငါ့ကိုမျက်နှာငယ်နဲ့လာမပြောနဲ့"

“ မပြောဘူး"

“ ဒါဆို ငါသူ့ကိုလိုက်လို့ရလား"

“ သူလက်ခံရင်ရတယ်"

“ ကဲထ သွားမယ်"

“ ဘယ်ကိုလဲ"

“ ဝဏ္ဏသူ့ကောင်မလေးနဲ့ သွားတွေ့မလို့တဲ့လိုက်မှာမို့လား"

“ ငါမလိုက်တော့ဘူး သွားစရာရှိသေးတယ်"

“ဟုတ်ပါပြီကွာ"

သူငယ်ချင်းသုံးယောက်လုံးထွက်သွားမှ သူသက်ပြင်းအသာ ခိုးချမိလိုက်သည်။ ကိုယ်ချစ်နေတဲ့သူကို ဘယ်လိုလူမျိုးက များတစ်ခြားတစ်ယောက်လက်ထဲ အသာတကြည်ထည့်ပေး နိုင်မှာတဲ့လဲ။ ဟုတ်သားပဲ သူယိင်းနောက်လိုက်သွားရဦးမှာပဲ။

ဆိုင်ခန်းအတွင်းလှည့်ပတ်ကြည့်ပြီး ပြင်ဆင်စရာရှိသည်များ နှင့် နေရာချရန်အစီအစဉ်ဆွဲနေမိသဖြင့် ပတ်ဝန်းကျင်ကိုပင် သတိမထားမိ။ ရုတ်တရက်သူကြိုးဖြင့်ခလုတ်တိုက်ကာ စင်ပေါ်တင်ထားသည့်ပစ္စည်းအဟောင်းများကပြုတ်ကျလာ လေသည်။ မထင်မှတ်ပဲဖြစ်သွားသဖြင့် မိမိပေါ်ပစ္စည်းများ ပြုတ်ကျလာသည်မို့ မျက်စိကိုစုံမှိတ်လိုက်စဉ်လူတစ်ယောက် ရဲ့ဆွဲယူခြင်းခံလိုက်ရပြီး လူကနာကျင်မှုကိုမခံစားလိုက်ရ။

အသံများငြိမ်သွား၍မျက်လုံးဖွင့်ကြည့်လိုက်သော် သူမျက်နှာ အပ်ထားတာက လူတစ်ယောက်ရဲ့ရင်ခွင်ထဲမှာ။ ယိင်းလည်း လန့်သွားပြီး အသာလေးနောက်ဆုတ်ကာမျက်နှာကိုကြည့်မိ တော့ စိုးရိမ်မှုအပြည့်နဲ့မျက်နှာက သူမြင်နေကျလူမဟုတ် သည့်အတိုင်း ထူးဆန်းလှစွာ။

“ ကျေးဇူးပဲ ဘာဖြစ်သွားသေးလဲ"

စိတ်ပူသလို ပြောပြီးသူ့ကိုနေရာအနှံ့လိုက်ကြည့်နေသည့်အခါ

ကိုးသူ့ကိုယ်သူစိတ်မထိန်းနိုင်စွာပဲ တင်းကြပ်စွာဆွဲဖက်လိုက် မိသည်။ ခများဘာဖြစ်လို့ အဲလောက်ထိချစ်စရာကောင်းနေရ တာလဲ ယိင်းရယ်။

“ လွှတ် လွှတ် မင်းဘာလုပ်တာလဲကိုး"

“ တော်သေးတာပေါ့ ဘာမှမဖြစ်သွားလို့"

“ဟုတ်တယ် ငါဘာမှမဖြစ်ဘူးလွှတ်တော့လို့"

“ ခဏလေး ခဏလေးပါကျုပ်စိတ်မငြိမ်သေးလို့"

ယိင်းကမော့အကြည့် သူကအောက်အငုံ့အကြည့်ချင်းဆုံသွား လေသည်။ ဟောဒီမျက်လုံးဝိုင်းဝိုင်းလေးနဲ့မျက်တောင်ရှည် ကော့ကော့လေး၊နှင်းဆီရောင်နှုတ်ခမ်းဖူးဖူးလေး အို ခများရဲ့ အရာအားလုံးဟာတနေ့ကျရင် ကျုပ်အပိုင်ဖြစ်ပါရစေ ယိင်းရယ်။ သူစိတ်မထိန်းနိုင်စွာနမ်းမည်ပြုတော့ သူ့ကိုတွန်း ဖယ်ကာထွက်သွားသူက ရက်စက်စွာပင်တစ်စက်ကလေး တောင်ပြန်လှည့်မကြည့်ခဲ့။