Chapter 20: Part.20

ကျနော်ချစ်သော ထိုအမျိုးသမီးWords: 39472

ပတ်ဝန်းကျင်က လေထုဟာ အေးစက်နေသလို ပူလောင်နေသည် ။

တ်ိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်

ငြိမ်သက်နေသော အနေအထား

ဒေါသတွေလွှမ်းမိုးနေတဲ့ သူမ...

" မ ပြောတော့ မောင့်ကို ချစ်တယ်ဆို .. ထပ်တူကျစွာ မောင့်ကို ချစ်ပါတယ်ဆို ..

ဒါနဲ့များ ဘာလို့မောင့်ကို ရှင်းပြခွင့်တောင် မပေးနိုင်ရတာလဲ "

ဒေါသတွေ ကြီးစိုးနေတဲ့ မရဲ့ မျက်နှာထက်မှာ ခဏတာပြောင်းလဲခြင်း အရိပ်အယောင်ကို တွေ့လိုက်ရပေမဲ့ မဟာ မုန်းတီးစွာကြည့်နေဆဲပင် ။

" မောင့်ထက် တခြားလူစကားကို ယုံကြည်နေခဲ့တာလား ..

မောင့်ကို အပြည့်အဝပေးပါတယ်ဆိုတဲ့ မရဲ့ယုံကြည်မှုတွေဟာ အခုတော့ ဘယ်ရောက်ကုန်တာလဲ ..

မောင့်ကိုချစ်တယ်‌ဆို ... ဘာလို့လဲ!! ..

ဘာလို့ မောင့်ကို ရှင်းပြခွင့်တောင် မပေးရတာလဲ!! .. "

အသံကုန်အော်ဟစ်ပြီးသည်နှင့်  မရဲ့ မုန်းတီးစွာကြည့်နေတဲ့ မျက်ဝန်းတွေထဲမှာ မျက်ရည်တွေစီးကျလာခဲ့သည် ။

မရဲ့ မျက်ရည်တွေကို မြင်လိုက်ရတော့ ဓါးသွားဖြင့် ထိုးဆွနေသယောင် ရင်ဘတ်တစ်ခုလုံး နာကျင်ရသည် ။

" ငါနင့်ကို အရမ်းမုန်းတယ် သုတမောင် .. "

မျက်ရည်တွေ ခပ်ကြမ်းကြမ်း ဆွဲသုတ်ကာ ပြောပြီးသည်နှင့် မရဲ့ခြေလှမ်းတွေဟာ တံခါးမကြီးဘက်သို့ ထွက်သွားဟန်ပြင်နေခဲ့သည် ။

မ ထွက်သွားတော့မည် စိုးတဲ့စိတ်နှင့် မရဲ့လက်ကို အမိအရ လှမ်းဆွဲထားလိုက်သည် ။

မကတော့ အတင်းရုန်းကန်နေခဲ့ပြီး ဆွဲထားတဲ့လက်ကို ဆွဲဖယ်နေခဲ့သည် ။

" မောင်တောင်းပန်ပါတယ် ... ထွက်မသွားပါနဲ့ .. မောင်တောင်းပန်ပါတယ် ... မောင်မှားသွားပါတယ် "

ဒူးထောက်ထိုင်ချလိုက်ပြီး မရဲ့ ခြေထောက်ကို ကိုင်ကာ  အရူးတစ်ယောက်လို အသိစိတ်လွတ်သွားတဲ့ လူတစ်ယောက်လို ထွက်မသွားဖို့သာ တတွတ်တွတ်ပြောပြီး တောင်းပန်နေမိသည် ။

မသာ အခုလိုစိတ်နဲ့ ထွက်သွားခဲ့ရင် မောင့်နဲ့အဝေးဆုံးကို ထွက်သွားမှာ မောင်သိသည် ။

မောင်ဆီပြန်မလာနိုင်တော့တဲ့အထိ သံသယတွေနဲ့ မဟာ မောင်နဲ့အဝေးဆုံးကိုထွက်သွားမှာ ...

မဟာ မောင့်ဘဝအတွက် မရှိလို့မဖြစ်တဲ့ လူတစ်ယောက်မို့လို့ မကို မရှ်ိမဖြစ်လိုအပ်သည် ။

" မောင့်ကို ထားမသွားပါနဲ့နော် .. မောင်တောင်းပန်ပါတယ် ..မောင်ရဲ့ အဝေးကို ထွက်မသွားပါနဲ့ "

" ဖယ်စမ်း သုတမောင် "

မ ထွက်သွားမည်ကို စိုးတဲ့စိတ်တွေသာ ကြီးစိုးနေခဲ့သည် ။

ကျန်တာတွေ ခေါင်းထဲမရှ်ိတော့သလို မသာ ထွက်သွားခဲ့ရင် ဆိုတဲ့ ကြောက်စိတ်တွေဟာ နေရာယူနေခဲ့တော့သည် ။

အတင်းရုန်းကန်နေတဲ့ မကို နာကျင်နေပါသော်လည်း မလွှတ်တမ်းဖက်တွယ်ထားမိသည် ။

" မဖယ်ဘူး .. မောင်သာ ဖယ်ပေးလိုက်ရင် မက မောင်နဲ့ အဝေးဆုံးကို ထွက်သွားတော့မှာ ..

မောင်သွားခွင့်မပြုနိုင်ဘူး "

" အေး ..နင်နဲ့ အဝေးဆုံးကို ထွက်သွားမှာ ..

နင်သာမရှိခဲ့ရင် ငါ့ဘဝဟာ သာယာနေမှာ ပျော်ရွှင်နေရမှာ ... နင့်ကြောင့် .. အားလုံးဟာ နင့်ကြောင့်ဘဲဖြစ်ရတာ ..

နင့်ကိုအရမ်းမုန်းသလို နင့်မျက်နှာကိုလဲ ထပ်မမြင်ချင်တော့ဘူး "

အသံကုန် အော်ဟစ်လိုက်တဲ့ မရဲ့စကားသံတွေအဆုံးမှာ ...

ဖမ်းဆုပ်ထားတဲ့ လက်တွေဟာ အားပျော့သွားသလို တင်းထားသမျှ စိတ်‌တွေဂာလဲ လွတ်ထွက်သွား ရတော့သည် ။

အနောက်သို့တစ်ချက်တောင်လှည့်မကြည့်ဘဲ ထွက်သွားသော မဟာ အမြဲတမ်း စကားလုံးကြမ်းကြမ်းတွေနဲ့ အနိုင်ယူခဲ့သည် ။

မဟာ ကြင်နာပြပြီး ရက်စက်သွားခဲ့ပြီ ။

ရင်ဘတ်ထဲအောင့်တက်လာတဲ့ နာကျင်မှု ဒဏ်ကြောင့် ရင်ဘတ်ကိုဖိကာ အသံတိတ်ငိုကြွေးနေမိသည် ။

မောင့်ကို သိပ်ချစ်တာဘဲ ဆိုတဲ့ မဟာ အခုတော့ မောင့်ကို အရမ်းမုန်းသည်တဲ့လား ။

မောင့်ကိုဘဲ ယုံကြည်ပါတယ်ဆိုတဲ့ မဟာ အခုတော့ မောင့်စကားထက် တခြားလူတွေရဲ့ စကားတွေကို ယုံကြည်ခဲ့နေပါရောလား ။

မောင့်အနားက ထွက်သွားတဲ့နေ့ဟာ မ သေတဲ့နေ့သာ ဖြစ်မယ်လို့ ပြောခဲ့တာ မဟာ အခုတော့ တစ်ချက်တောင် ပြန်လှည့်မကြည့်ဘဲ ထွက်သွား ပါရောလား ။

မ လိမ်တယ် ..

မဟာ မောင့်ကို စကားတွေနဲ့ အယုံသွင်းခဲ့သည် ။

ရင်ဘတ်ထဲတွင် တစ်ဆို့စွာ နာကျင်ခံစားနေရသလို မျက်ရည်တွေဟာလဲ အဆက်မပြတ် ကျဆင်းနေခဲ့သည် ။

ကြိတ်မနိုင်ခဲမနိုင်တဲ့ စိတ်တွေဟာ ပေါက်ကွဲထွက်လုမတက် မွန်းကြပ်လွန်းလှသည် ။

" မောင်လေး... အဆင်ပြေရဲ့လား "

နောက်ကျောထက်သို့ ထိတွေ့လာတဲ့ လက်ကို ကြမ်းတမ်းစွာ ဖယ်ထုတ်လိုက်သည် ။

" မထိနဲ့!!!... ခင်ဗျားတို့ ကျနော့်အသားကို မထိနဲ့ ..

" ပျော်လား... ခင်ဗျားတို့ ဖြစ်စေချင်တဲ့ အတိုင်းဖြစ်သွားခဲ့ပြီလေ ပျော်ကြရဲ့လား...

ခင်ဗျားတို့ သိပ်မက်မောနေတဲ့ ဒီစည်းစိမ်တွေကို ခင်ဗျားတို့ဘဲ အပိုင်ယူကြ..

ကျနော်လိုချင်တာ ဒီစည်းစိမ်တွေမဟုတ်ဘူး...

ကျနော်လိုချင်တာ မကိုဘဲ...

မ တစ်ယောက်ထဲကိုဘဲ လိုအပ်တာ ..."

အဆုံးသတ်မှာ လေသံပျော့သွားတဲ့ ကျနော်ဟာ တကယ်လဲ မတစ်ယောက်ထဲကိုဘဲ လိုအပ်ခဲ့တာပါ ။

အတုအယောင်တွေ နာကျင်မှုတွေကြားထဲမှာမှ

မကတော့ ကျနော့်အတွက် အစစ်အမှန် ပျော်ရွှင်စရာ ရပ်ဝန်းလေးလို့ မှတ်ယူနေခဲ့တာ ။

အခုတော့ မဟာ အားလုံးထက် ရက်စက်လှသည် ။

မပေးတဲ့ နာကျင်မှုက အားလုံးထက် ပိုနာသည် ။

" မေမေတို့လဲ ဒီလိုဖြစ်စေဖို့ မရည်ရွယ်ပါဘူး "

" ဒီထက်မက ဖြစ်စေချင်တာမလား...ဟမ်!!..

အမှန်တွေသိနေတာတောင် ခင်ဗျားတို့ကို ခွင့်လွှတ်ခဲ့တာ .....

အားလုံးကိုသိတယ် .. ကျနော် အားလုံးကို သိနေခဲ့တယ် ..

အမှန်တွေအားလုံးကို သိနေခဲ့တယ်လို့ "

ပြတ်ထွက်သွားတဲ့ သူတို့ရဲ့မျက်နှာတွေဟာ သိပ်ရွံဖို့ကောင်းသည် ။

ဘယ်လိုဝဋ်ကြွေးတွေကြောင့်များ ဒီလိုမိသားစုမျိုးမှာ မွေးဖွားလာရတာလဲ ။

သားသမီးမျက်နှာထက် စည်းစိမ်ကိုသာ ကြည့်တတ်တဲ့ မိဘများကို ပိုင်ဆိုင်ခွင့်ရထားတဲ့ ဝဋ်ကြွေးတွေဟာ သိပ်ကြီးလှသည် ။

ပိုင်ဆိုင်ထားရတဲ့ မိသားစုအသိုက်အမြုံဆိုတာ မြွေပွေးကို လက်ဝယ်ကိုင်ဆောင်ထားသယောင် ..

ကြမ်းပြင်ထက်မှ အားယူကာ ထရပ်လိုက်ပြီး သူတို့ရဲ့ မျက်နှာကို စေ့စေ့ကြည့်လိုက်သည် ။

မျက်စိမျက်နှာပျက်နေတဲ့ သူတို့ဟာတော့ အကြည့်တွေကို ရှောင်ဖယ်နေကြသည် ။

သိပ်စိတ်ပျက်ဖို့ကောင်းသည် ။

အားယူကာ တစ်လှမ်းချင်းလျှောက်သွားပြီး လှေကားပေါ်သို့ လှမ်းလိုက်ချိန် ဟန်ချက်ပျက်ကာ လဲကျမလိုဖြစ်သွားရသည် ။

" အကိုလေး...... ရရဲ့လား .. ကျနော်လိုက်ပို့ပေးမယ် "

" ရတယ် ... တစ်ယောက်တည်းနေချင်တယ် "

အားပျော့သော လေသံနှင့် လေးလံစွာ တစ်လှမ်းချင်းတက်သွားတဲ့ အကိုလေးရဲ့ကျောပြင်ကို ကြည့်ပြီး စိတ်မသက်မသာ ဖြစ်မိသည် ။

တချို့အမှန်တရားတွေဟာ တစ်သက်တာ ဖုံးကွယ်ထားခြင်းက အားလုံးကို အဆင်ပြေနိုင်မယ်လို့ ထင်မိသည် ။

>>>>>

အခန်းတံခါးပိတ်လိုက်သည်နှင့် ပြိုလဲနေသော စိတ်တို့ဟာ ထပ်မံပြိုလဲရပြန်သည် ။

နားထဲတွင် ပဲ့တင်ထပ်နေတဲ့ စကားလုံးတွေဟာ ရင်ဘတ်တစ်ခုလုံး ဆွဲဆုတ်ခံထားရသယောင် နာကျင်ပြီးရင်း နာကျင်နေရသည် ။

" မကြားချင်ဘူး ... မပြောနဲ့... မပြောကြနဲ့တော့ "

အနီးနားရှိစားပွဲပေါ်က ပစ္စည်းများကို စိတ်ရှိသလို ပစ်ပေါက်နေမိသည် ။

စိတ်ရှိသလို အကုန်ပစ်ပေါက်ခွဲပြီးနောက်

တစ်ခန်းလုံးတွင်  ဖန်ကွဲစများ ပစ္စည်းအကျိုးအပဲ့များနှင့်သာ ပြည့်နှက်နေတော့သည် ။

" နင့်ကြောင့် ... နင့်ကြောင့်ဖြစ်ရတာ ... နင်သာမရှိခဲ့ရင် ငါပျော်နေရမှာ "

ပဲ့တင်ထပ်နေတဲ့ စကားလုံးတို့ဟာ လဲပြိုနေသော စိတ်တို့ကို အခါခါဆွဲချနေသယောင် ။

အားနည်းလာသော ခန္ဓာကိုယ်ဟာလဲ ရပ်တည်နိုင်စွမ်းမရှိတော့၍ ကြမ်းပြင်ထက်သို့ ခွေလဲကျသွားသည် ။

"မောင်က မကို သိပ်ချစ်တာမရဲ့... မကတော့ မောင့်ကို မုန်းတယ်တဲ့လား ..

မက မောင့်ကိုရှင်းပြ ခွင့်‌တောင်မပေးဘူး ...

မောင့်စကားကိုလဲ မယုံကြည်ပေးခဲ့ဘူး ...

အခုလဲ မောင့်ဆီကနေ ထွက်သွားခဲ့ပြီ ..

မောင်သိပ်ကြောက်ခဲ့တာ ... မ မောင့်ဆီက ထွက်သွားမှာကိုသိပ်ကြောက်နေခဲ့တာ ... မ သိရဲ့လား!

ဟား.....ဟား!.... အခုတော့ မက မောင့်ဆီက ထွက်သွားခဲ့ပြီ ...ဟား...ဟား!!..."

စကားလုံးတွေနဲ့ ခြောက်ကပ်ကပ်ရယ်သံတွေကို နားထောင်သူ တစ်ယောက်မှရှိမနေခဲ့ ။

မဟာ တိမ်တွေလိုဘဲ

ငေးကြည့်နေဖို့‌ဘဲ ကောင်းတာ ။

မဟာ ပုံစံအမျိုးမျိုး အရွယ်အစား အမျိုးမျိုး ရှိတတ်တဲ့ တိမ်တွေလိုဘဲ အမြဲပြောင်းလဲနေခဲ့တာ ။

အခုလဲ လေနှင်ရာမျောပါသွားတဲ့ တိမ်စိုင်လိုမျိုး မောင့်အနားကနေ ထွက်သွားခဲ့ပြီ ။

မဟာ သိပ်ရက်စက်တာ

မောင့်ဘဝမှာ မ မရှိရင် မဖြစ်ဘူးဆိုတာ သိသိရက်နဲ့ မောင့်အနားက ထွက်သွားခဲ့တာ ..

" မောင့်ဘဝမှာလေ မက ပထမဦးဆုံးဘဲ..

မောင့်အပေါ်မှာ ပထမဆုံး ဂရုတစိုက်ရှိခဲ့တဲ့ လူဟာ မ ဖြစ်ခဲ့သလို မောင်ပထမဆုံး တွယ်တာမိ ချစ်ခဲ့မိတဲ့လူကလဲ မတစ်ယောက်ဘဲ ဆိုတာ မ သိရဲ့လား...

မကလွဲရင် ကျန်တာဘာတစ်ခုမှ မောင်မမက်မောဘူး... ဒါကို မက မောင့်ကို...ဟင်းဟင်း...

မ အရမ်းရက်စက်တယ် "

" မ အနားမှာဘဲနေပြီး မတစ်ယောက်တည်းကိုဘဲ ငေးကြည့်ချင်တာ ... မအနားမှာဘဲ တစ်ချိန်လုံး  ကပ်တွယ်နေချင်တာ ..

မောင်ကျန်တာမလိုအပ်ဘူး... မတစ်ယောက်ဘဲ..

မတစ်ယောက်ထဲကိုဘဲ လိုအပ်တာ ..."

ငိုလိုက်ရယ်လိုက်စိတ်တွေဟာ အစိုးမရတော့သလို ..

မ ထွက်သွားပြီဆိုတဲ့ အသိကြီးဟာ စိုးမိုးနေတော့သည် ။

" သုတမာင်က အဲ့လောက်တောင်ပျော့ညံ့တာလား "

ကြားလိုက်ရသောအသံကြောင့် အခန်းထဲဝေ့ဝဲ လိုက်ကြည့်ပေမဲ့ တစ်ယောက်မှရှိမနေခဲ့ ။

" ဒီလောက်ပျော့ညံ့နေတာကို ဘာကြောင့်ဆက်ပြီး အသက်ရှင်နေတာလဲ ..  .. မင်းလို လူပျော့ လူညံ့နားမှာ ဘယ်လိုလူကများ ရှိနေပေးမှာလဲ ..

အခု မင်းအနားမှာ ဘယ်သူမှ မရှိတော့ဘူး .."

အခန်းထဲတွင် တစ်ယောက်မှရှိမနေပေမဲ့ စကားသံတွေကတော့ ဆက်တိုက်ထွက်ပေါ်နေခဲ့သည် ။

" သုတမောင်.. မင်းကငတုံးဘဲ ကိုယ့်ကို မလိုချင်တဲ့သူတွေကိုမှ အတင်းလိုက်ကပ်တွယ်နေတာ .. မင်းကအရူးဘဲ ဟား...ဟား...ဟား... "

" သွား... မကြားချင်ဘူး!! ... မပြောကြနဲ့ ...သွား!!!"

ဟားတိုက်ရယ်နေတဲ့ အသံတွေကြောင့် နားနှစ်ဖက်ကို ပိတ်ကာ အရူးတစ်ယောက်လို အော်ဟစ်နေမိသည် ။

" အရူး... မင်းကအရူးဘဲ .. မင်းက လူတိုင်းကို ဒုက္ခပေးနေတဲ့ကောင် .. မင်းကို ဘယ်သူမှ မလိုချင်ကြဘူး ..

မင်းက လူတိုင်းအတွက် အနှောင့်အယှက်ဘဲ ..

မင်းမရှိမှ လူတွေက ပျော်ရွှင်ရမှာ ဟား..ဟား.."

အသံတွေကို ဆက်မကြားရတော့ပေမဲ့ နားထဲတွင်ပဲ့တင်ထပ်နေတုန်း ။

ခေါင်းထဲက အသိတချို့ပျောက်ကွယ်သွားသလို ..

စိတ်တွေဟာလဲ တစ်စုံတစ်ရာ ဆွဲခေါ်ရာနောက် လိုက်ပါနေခဲ့သည် ။

" ဟုတ်တယ် ကျနော်မရှိတော့မှ မက ပျော်ရွှင်ရမှာ ... မက ကျနော်မရှိတော့မှ ပျော်ရွှင်ရမှာတဲ့ .."

ထိန်းချုပ်ခံထားရတဲ့ လူတစ်ယောက်ပမာ ပဲ့တင်ထပ်နေတဲ့ စကားသံတွေကို ယုံသွင်းနေတော့သည် ။

စိတ်တွေသေဆုံးသွားတဲ့အခါ ရှင်သန်လည်ပတ်နေတဲ့ ကမ္ဘာ ၊ ပတ်ဝန်းကျင် ၊ အသက်ခန္ဓာကိုယ်သာလဲ ထပ်တူ သေဆုံးသွားခဲ့သည် ။

****************

" ဆူးရာ... သေချာနေတာကြီးလဲ မဟုတ်ဘဲနဲ့ .. ဘာလို့ ပြသနာဖြစ်အောင်လုပ်ခဲ့ရတာလဲ "

" ဘာကို မသေချာတာလဲ .. ဗီဒီယိုတွေရော.စာရွက်စာတမ်းတွေပါ ရှိနေတာလေ "

" ဆူး... နင်မစဉ်းစားတတ်ဘူးလား ..

အဲ့အစအဆုံး မရှိတဲ့  video ကို နင်ကယုံကြည်နေတာလား ...

အကြောင်းအရာလဲ အပြည့်အစုံ တိတိကျကျမပါဘဲနဲ့လေ ..."

" ဟိုလူ့ပါးစပ်က သုတမောင် ခိုင်းတာပါလို့ ဝန်ခံခဲ့တာလေ ...."

" ဆူး!!!."

သက်ထားရဲ့ အော်သံကြောင့် ဘေးက မေဘယ်ရောဆူးပါ လန့်သွားရသည် ။

" ဘာလို့ငါ့ကို အော်နေတာလဲ "

" နင် သေချာစဉ်းစားကြည့်စမ်း ...

နင်သုတမောင်ကို မချစ်ဘူးလား "

ဒေါသထွက်နေတဲ့ အချိန်တုန်းက မောင့်ကို မုန်းတယ်လို့ ပြောခဲ့ပေမဲ့ ယခုချိန်မှာတော့ မောင့်ကို မမုန်းတာသေချာသည် ။ သို့သော် ...

" ငါမသိဘူး "

သက်ထားဟာ စိတ်ပျက်ဖွယ် အကြည့်ဖြင့် ကြည့်လာခဲ့သည် ။

" ဆူး .. နင်ဟာ တကယ် စိတ်ပျက်ဖို့ကောင်းတယ် ..

နင်လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို ပြန်စဉ်းစားကြည့် ..

ကိုယ်ချစ်ရတဲ့ ချစ်သူရဲ့စကားထက် တခြားဘေးစကားကို ယုံနေခဲ့တယ် ..

အဲ့ထက်ဆိုးတာက နင်သူ့ကို ရှင်းပြခွင့်တောင် မပေးခဲ့ဘူး ... သူဘယ်လောက်တောင် ဝမ်းနည်းသွားရမလဲ ... သူ့နေရာမှာ နင်ဝင်စဉ်းစားကြည့် "

စိုးထိတ်သွားတဲ့ စိတ်တွေကြောင့် ခြေဖျားလက်ဖျားပင်အေးစက်လာသည် ။

သွေးပူနေတုန်း လုပ်ချင်ရာလုပ်ခဲ့မိပြီး အခုသေချာပြန်စဉ်းစားတော့မှ လုပ်ခဲ့တဲ့လုပ်ရပ်တွေဟာ မှားနေပါရောလား ။

ဘာလို့ မောင့်ထက် တခြားအရာတွေကို ယုံကြည်မိခဲ့တာလဲ ။

" ငါတို့သိနေခဲ့တဲ့ ကိစ္စတွေနဲ့ အခုဖြစ်နေတဲ့ ကိစ္စတွေကို နှိုင်းယှဉ်ကြည့် ... လုံးဝမတူတဲ့ ဒီကိစ္စနှစ်ခုမှာ တစ်ခုကတော့ အလိမ်အညာဘဲ ..

သေချာတာကတော့ ကာယံကံရှင် ဖြစ်တဲ့ သုတမောင်ဘဲ အမှန်သိလိမ့်မယ် "

သေချာစဉ်းစားကြည့်တော့မှ အဖြစ်အပျက်တွေဟာ ဆင်တူမလိုလိုနဲ့ ကွဲပြားနေသည် ။

သုတထက်နဲ့ ကိုကို accident ဖြစ်ချိန်ဟာ ကိုကို့ကားနှင့်ဖြစ်သည် ။

ယခု မြင်ခဲ့ရတဲ့ videoထဲမှာက သုတထက်ရဲ့ကားဖြစ်နေခဲ့သည် ။

စဉ်းစားရင်းစဉ်းစားရင်း ရှုတ်ထွေးလာခဲ့တဲ့အခါ စိတ်ပူမိသွားသည်က မောင် ... မောင့်ကို..

ပြောခဲ့တဲ့ စကားတွေဟာ လွန်လွန်းကြူးကြူးတွေ  ဖြစ်သည့်အတွက် မောင်စိတ်ထိခိုက်သွားရမှာ အမှန် ။

ခြေထောက်ဖက်ပြီး တောင်းပန်နေတဲ့ မောင့်ကို တစ်ချက်တောင် လှည့်မကြည့်ဘဲ ထွက်လာခဲ့မိတာ ။

အခုချိန်မှာ မောင် ဘယ်လောက်တောင် ဝမ်းနည်းပြီး ဘယ်လောက်တောင် ငိုနေလိုက်မလဲ ။

" ငါ.... ငါ မှားသွားပြီ ထင်တယ် "

" နင် မှားကိုမှားနေတာဆူး ..... နင်သုတမောင်ကို တစ်ကယ်ချစ်တယ်ဆို ရှင်းပြခွင့်တော့ ပေးခဲ့သင့်တယ် ..

မဟုတ်ဘူး .. မဟုတ်ဘူး... နင်အစကတည်းက သုတမောင်စကားကိုဘဲ ယုံကြည်ခဲ့သင့်တာ ...

သုတမောင်ကိုဘဲ ယုံကြည်ပေးသင့်တာ "

ကျွန်မဟာ တကယ်တုံးအတဲ့ လူတစ်ယောက်သာ

မောင့်ကို ပေးခဲ့တဲ့ ဂတိစကားတွေနဲ့ ကွဲလွဲစွာ မောင့်မပေါ် ယုံကြည်ခြင်း ပျက်ပြားခဲ့သည် ။

မောင့်ထက် တခြားအရာတွေကို ယုံကြည်နေမိသည် ။

" ငါပြန်သွားမှ ဖြစ်မယ် ... မောင် အခုချိန်ဆို အရမ်းငိုနေတော့မှာ .. အရမ်း ဝမ်းနည်းနေရမှာ "

အိတ်ပင်မယူနိုင်ဘဲ ပြာပြာသလဲ ထထွက်သွားသော သူငယ်ချင်းဖြစ်သူကို ကြည့်ရင်း အဆင်ပြေဖို့သာ ဆုတောင်းမိတော့သည် ။

**************

ခြံထဲတွင် ကားရပ်လိုက်သည်နှင့် နောက်မှ တရကြမ်း မောင်းဝင်လာသော ကားကို တစ်ချက်လှမ်းကြည့်မိသည် ။

ကားထဲမှ မေမာန်ထက်ဟာ ပြာပြာသလဲ ဆင်းလာခဲ့ပြီး အိမ်ထဲသို့ ပြေးဝင်သွားခဲ့သည် ။

သူ့ပုံစံကြောင့် မောင်များတစ်ခုခုဖြစ်သလားစိုးတဲ့စိတ်နဲ့ စိုးရိမ်တကြီး အိမ်ထဲဝင်သွားတဲ့ မေမာန်ထက်နောက်သို့ လိုက်ဝင်ခဲ့လိုက်သည် ။

" ကောင်းမြတ် မောင်ရော..."

" ပြသနာဖြစ်ပြီးကတည်းက အပေါ်တက်သွားတာ အခုထိ ပြန်ဆင်းမလာသေးဘူး "

" မောင် .. မောင် ဘာဖြစ်လို့လဲ "

လှည့်ကြည့်လာခဲ့တဲ့ မေမာန်ထက်ရဲ့ အကြည့်တွေဟာ လူသတ်တော့မဲ့ လူတစ်ယောက်ပမာ ကြောက်ဖို့ကောင်းလှသည် ။

စူးစိုက်ကြည့်နေတဲ့ အကြည့်တို့နဲ့ အတူ တင်းတင်းဆုပ်ထားတဲ့ လက်သီးတွေဟာ ဘယ်လောက်ဒေါသထွက်နေကြောင်းကို ဖော်ပြနေသည် ။

ဒီလောက်ဆို ဖြစ်ခဲ့တဲ့ ပြသနာကို သိပြီးလောက်ရောပေါ့ ။

" တောက်စ်! ဆူးခက်နွယ် .. နင်မစဉ်းစားတတ်ဘူးလား ...

ပြောတိုင်းယုံရအောင် နင်မှာ စဉ်းစားတတ်တဲ့ ဦးနှောက်မရှိဘူးလား ဟမ် !!"

အံတကြိတ်ကြတ်နဲ့ ပြောနေတဲ့ မေမာန်ထက်ရဲ့ စကားတွေကို ခေါင်းငုံ့ခံနေဖို့သာ တတ်နိုင်သည် ။

" ငါ..ငါမှားတာ... ငါမောင့်ကို ယုံခဲ့သင့်တာ "

" မောင့် အချစ်နဲ့ မတန်လိုက်တာကွာ ... မောင်က နင့်ကို သူ့အသက်ထက်တောင် ပိုချစ်တာဟ ... "

ပြောသမျှ ခေါင်းငုံ့သာခံနေလိုက်သည် ။

သူ‌ပြောသလို ကျွန်မဟာ မောင့်အချစ်နဲ့ မတန်တဲ့ မိန်းမ ...

လှေကားထစ်တွေကို ဖြတ်ကျော်လျှောက်ရင်း မောင့်အခန်းရှေ့ရောက်တော့ တံခါးဟာ လော့ခ်ချထားသည် ။

" မောင် တံခါးဖွင့်အုံး... မမမေပါ.. "

" မောင်... မမပြောတာကြားလား... တံခါးဖွင့်အုံးလို့ .. မောင် ... မောင် ...."

တံခါးကို တဒုန်းဒုန်းထုရိုက်နေသော်လည်း အထဲမှ တုန့်ပြန့်သံ တစ်သံမှမကြားရတော့ စိတ်တွေဟာ စိုးရိမ်တယ်ဆိုတာထက် ပိုနေမိသည် ။

" မောင်.. တံခါးဖွင့်လို့ မမပြောနေတယ်လေ .. "

" ကောင်းမြတ် .. အခန်းသော့ သွားယူခဲ့ "

သွက်လက်လှတဲ့ ကောင်းမြတ်ဟာ မိနစ်တောင်မခြားဘဲ သော့ကို ယူလာခဲ့သည် ။

သော့ရသည်နှင့် တခါတည်း အခန်တံခါးကို ဖွင့်လိုက်ရာ ဆီးကြိုနေတဲ့ မြင်ကွင်းဟာ ခြောက်ခြားဖွယ် ကောင်းလှသည် ။

" မောင် !! "

အခန်းထဲတွင် ပြန့်ကြဲနေသော ပစ္စည်းအပိုင်းအစများနှင့်အတူ နီရဲနေသောသွေးအိုင်ထဲတွင် လဲကျနေတဲ့ မောင့်ကို တွေ့လိုက်ရတဲ့ ဒီအခိုက်အတန့်ဟာ နှလုံးခုန်ရပ်မတက် တုန်လှုပ်ခြောက်ခြားရသည် ။

" ဆေးရုံးကား ... အခုချက်ချင်းဆေးရုံကားခေါ်လိုက် !!!!"

ကျယ်လောင်လှသော မေမာန်ထက်ရဲ့ အသံနှင့်အတူ လှုပ်လှုပ်ရှားရှားဖြစ်နေသော ပတ်ဝန်းကျင်တွင် ကျွန်မ မလှုပ်မယှက်ရပ်နေမိသည် ။

မေမာန်ထက် လက်ထဲတွင် ပွေ့ချီထားသော ဖြူဖျော့နေတဲ့ မောင့်မျက်နှာလေးသည်သာ ကျွန်မရဲ့ အမြင်အာရုံထဲတွင် ထင်သပ်နေတော့သည် ။

" မောင်.. သတိထားအုံးလေ .. မမပြောတာကြားရဲ့လား...မောင် !!"

အခုမှ အသိဝင်လာတဲ့ လူတစ်ယောက်လို လန့်ဖြန့်သွားပြီး မောင့်အနားသို့ တိုးကပ်သွားမိတော့သည် ။

" မထိနဲ့!! ..... နင်မောင့်ကို မထိနဲ့... နင့်ကြောင့် ဖြစ်ရတာ... နင့်ကြောင့် မောင်အခုလိုဖြစ်ရတာ ..နင့်ကြောင့် !!! "

ပူနွေးနွေး မျက်ရည်တွေဟာ ပါးတစ်လျှောက်ကျဆင်းလာခဲ့သည် ။

အခုလိုပုံစံကို မယုံနိုင်ဖြစ်ရသော်လည်း မောင့်ရဲ့လက်ကောက်ဝတ်မှ စီးကျနေတဲ့ သွေးတွေဟာ လက်တွေ့ ဖြစ်ကြောင်း သက်သေပြနေသည် ။

" မောင်က မ မရှိရင် သေမှာ "

ဖျတ်ကနဲ ကြားလိုက်ရတဲ့ စကားသံကြောင့် ရင်ဘတ်ထဲဆူးအောင့်လာခဲ့ပြီး အသပ်ရှူမရနိုင်အောင် လည်ပင်းထဲ တင်းဆို့ကာ မွန်းကြပ်လာရသည် ။

ကျွန်မသာ ကျွန်မစကားတွေကို မတည်နိုင်ခဲ့တာ

မောင်ကတော့ မောင့်စကားကို တည်နိုင်ခဲ့သည် ။

မ မရှိရင် သေမှာဆိုတဲ့ မောင်ဟာ တစ်ခဏလေးအတွင်းမှာ အားလုံးကို သက်သေပြသွားခဲ့သည် ။

မောင်ဟာ ကျွန်မနဲ့ ဝေးရာကို အပြီးတိုင်ထွက်သွားတော့မည်လား ။

အတွေးနဲ့တင် နှလုံးသားတစ်ခုလုံး ဆွဲဆုတ်ခံထားရသလို နာကျင်ရသည် ။

ကျွန်မတောင် ဒီလောက်နာကျင်နေရတာ မောင်ဆိုဘယ်လောက်ထိတောင် နာကျင်ခဲ့ရမလဲ ။

မ မရှိရင်မဖြစ်ပါဘူးဆိုပြီး တတွတ်တွတ်ပြောနေတဲ့ကြားက မောင့်ဆီက ထွက်ပြေးခဲ့မိသည် ။

မောင် နာကျင်ရမှာ သိသိရက်ရက်နဲ့  ထားခဲ့ရက်တဲ့ ကျွန်မဟာ မေမာန်ထက်ပြောသလို မောင့်အချစ်နဲ့ မတန်တဲ့ မိန်မတစ်ယောက် ဖြစ်သည်မှာ အမှန် ။

############

ကောင်းကင်ပြာပြာအောက်မှာ ပျံသန်းနေတဲ့ ငှက်လေးတွေကို မြင်ရင် အရမ်းအားကျတယ် ။

သူတို့မှာ သူတို့လိုရာကို လွတ်လွတ်လပ်လပ်ပျံသန်းလို့ ရတဲ့ အတောင်လေးတွေရှိသလို အချိန်တန်ရင် နားခိုရမဲ့ အသိုက်အမြုံလေးတွေဟာလဲ အသင့်ရှိနေကြသည် ။

ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးကြတဲ့ လူနည်းစုကိုလဲ အားကျသည် ။

သူတို့ရဲ့ ပျော်ရွှင်မှုဟာ သူတို့ကိုယ်တိုင်ဖြစ်နေလို့ စိတ်ကြိုက် ခြယ်လှယ်လို့ရကြသည် ။

ကိုယ့်ရဲ့ ပျော်ရွှင်မှုဟာ တစ်စုံတစ်ယောက်အပေါ် မူတည်နေတော့ သူမရဲ့ အပြုအမူတစ်ခုစီတိုင်းဟာ ကိုယ့်ရဲ့ ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်းကို ဖြစ်ပေါ်စေသည် ။

ဒီလိုဖြစ်အောင်လဲ ကိုယ်တိုင် ဖန်တီးထားတဲ့အရာမို့လို့ နာကျင်နေရရင်တောင် လွှတ်ချဖို့ရာ ခက်ခဲလှသည် ။

#############