Chapter 40: Part 13{Z}

နှလုံးသားထက်က လက်တစ်စုံ (Completed)Words: 28756

နေရဲမာန် မနက်ခင်းစောစော 6နာရီ ခန့်

ဟိန်းထက်နှင့် မျိုး မြင့်စီစဉ် လာသော light truck ကားကို မြင်ကတည်းက ဒေါသဖြစ်ရသည်။ တစ်ယောက်တည်း သူငယ်ချင်းများနှင့် လွတ်လွတ်လပ်လပ် trip ထွက်ချင်ပါသည်ဆိုမှ အိမ်က အမတော် ဟေမာန်က တောင်တက်ဝါ သနာ ပါသူပီပီ သူပါ အတင်းလိုက်မည်ဆိုသောကြောင့် လည်းကောင်း ၊ သားယောကျာ်း

လေး တစ်ယောက်တည်း စိတ်မချ သော

ကြောင့် နားပူနာဆာ ပြနေသော အမတော်ကို လိုက်ခိုင်းသည့် မာမီ ရဲ့ တစ်ချက်လွှတ် အမိန့်ကြောင့် နေရဲမာန် အမအား မခေါ်ချင်ဘဲ ခေါ်ခဲ့ရသောကြောင့် စိတ်ထဲတွင် မကျေနပ်ပင်။

နောက်က စုံထောက်လိုလို အမ ပါလာသည့်မို့

သူကဲချင်တိုင်း ကဲလို့မရသောကြောင့် နဂို ကတည်း မှ စိတ် က တင်းနေသည်ကတစ်ကြောင်း  သူငယ်ချင်းများကို အားကိုးတကြီးဖြင့် ကားစီစဉ် မှုကို သူတို့အား ယုံကြည်စွာ လွှဲထားလိုက်ရာ ယခု တော့ အထင်နဲ့အမြင် တက်တက်စင်း လွဲသွားရသည့်အဖြစ်။

ကိုယ့်ရဲ့ အိမ်က 12ယောက်စီး Minivan နဲ့သွားလျှင် ယခုလို light truck ကားသေး

သေးထဲတွင် လူ 8ယောက်ကြပ်ကြပ်တည်းတည်း ဖြင့် စီးစရာမလို။ စိမ်ပြေနပြေ လိုက်ပါနိုင်သေးသည်။ ယခုတော့ သူငယ်ချင်းများ၏အသုံးမကျမှုကြောင့် မစီးချင်သော light truck ကို ရှိုးပဲ့စွာ ကြပ်ကြပ်တည်းတည်း ဖြင့် စီးရမည့် အဖြစ်။

နေရဲမာန် မကျေမနပ်သောလေသံဖြင့်

အပြစ်တင် လာသည်မှာ မင်းမခ အိမ်ရောက်

သည်အထိ ပေါက်ပေါက်ဖောက်သလို ပင်။

အိမ်ဝင်းတံခါး အနက်ရောင် သုတ်ထားပြီး

အစိမ်းရောင် အိမ်အမိုး မိုးထားသော နှစ်ထပ် တိုက်အိမ်ရှေ့ အရောက် ရောက်ပြီဖြစ်ကြောင်းအသိပေးရန် ကားဟွန်း နှစ်ချက် တီးလိုက်သည်။ အိမ်ထဲမှ မင်းမခ ထွက်အလာကို နေရဲမာန် သစ်ကုလားအုတ်တစ်ကောင်လို လည်ပင်း တရှည်ရှည်ဖြင့် မမျှော်ရုံတစ်မယ်။

မကြာပါ။ အင်္ကျီ လက်ရှည် အနက်ရောင်နဲ့

လျှာထိုးဦးထုပ် အနီ ရောင်ဆောင်းထားသော

ကောင်လေးတစ်ယောက်နဲ့ ဘေးက အမေဖြစ်သူ နဲ့အတူ မုန့်ထုပ် ကိုင်လျက် ထွက်လာခဲ့သည်။

အနီရောင်နဲ့ အဖြူ ရောင် စပ်ထားသော sneakersနဲ့အတူ တွဲဖက်ဝတ်ဆင် ထားသော  ဒူးလောက်ရှိသောဂျင်းဘောင်းဘီ တိုNavy ပြာန သည် ဖြူဖွေး သွယ်တန်းနေသော ခြေတံရှည် များ ပေါ်လျက်။ ခန္ဓာကိုယ်နှင့်မလိုက် လွယ်ထားသော ကျောပိုးအိတ်ထဲမှာလည်း ဘာတွေထည့်ထားမှန်းမသိ။ ဖောင်းပွနေသည်။

မင်းမခ ကားပေါ်သို့မတက်မီ သူစီးထားသော sneakers ကို ချွတ်နေစဉ်

''ရော့ ဒါ သားတို့လမ်းမှာ စားဖို့အတွက်။

သား မင်းမခ ကိုလည်း ဂရုစိုက်ပေးပါအုံး။ဒီခရီးကို လွှတ်သာ လွှတ်ရတာ ။စိတ်မချဘူးကွဲ့။ သားတော်မောင် တဂျီဂျီ ပူဆာနေလို့သာ လွှတ်ရတာ ။ ဂရုတစိုက်သွားကြအုံး ''

မင်းမခ အမေဖြစ်သူ ဒေါ်နန်းသင်းက မုန့်ထုပ်ကို မင်းမခ သူငယ်ချင်းများအား ပေးလိုက်ပြီး ဂရုတစိုက်သွားကြရန် အတန်တန်မှာနေသည် ။

''အန်တီသင်း စိတ်ချပါ။ သမီးတို့တွေပါနေတာဘဲ။ အန်တီသားကို ဂရုစိုက်လိုက်ပါမယ်။ ''

လူမှုရေး သွက်လက်ချက်ချာသော မေနှင်းကခ အမေအား စိတ်မပူစေရန် အာမခံမှုပေးလိုက်သည်။

ကားခေါင်း ရှေ့တွင် နေရဲမာန် ခအမေ အား

ပြုံးပြ လိုက်ပြီး သူ့ဘေးနား က မင်းမခအတွက် နေရာဦးပေးထားသည့်အနေဖြင့် နေရဲမာန် လွယ်အိတ်အား သူ့ပေါင်ပေါ်သို့ တင်ပြီး မင်းမအား သူဘေးနား လာထိုင်ရန် ပါးစပ်ဟရုံပင်ရှိသေး . . .ကား နောက်ပိုင်း တွင် ထိုင်နေသောအမဖြစ်သူ ဟေမာန်က မင်းမခ light truck ကားပေါ်သို့တက်သည့်နဲ့တစ်ပြိုင်နက် ခရဲ့ လက်ကိုဆွဲလိုက်သည်။

''လာ မောင်လေး ။ဒီမှာ လာထိုင်။ အမဘေး မှာ နေရာ လွတ်တယ် ''

နှစ်ခါပင်ပြောစရာမလို

''ဟုတ်ကဲ့ အမ ''

ဟုဆိုကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ယဉ်ကျေးစွာ ခွန်းတုံပြန်လိုက်ပြီး ဟေမာန် ဘေးနားသို့ ဇွတ်ခနဲ နေရာယူလိုက်ပြီး

''မေမေ သားတို့သွားပြီ ဘိုင်ဘိုင်''

ကလေးလေးတစ်ယောက်လို လက် ဝှေ့ယမ်းပြကာ နှုတ်ဆက် နေသော မင်းမခ။

မင်းမခ အမေအား နှုတ်ဆက်ပြီး ကားစတင်ထွက်ခွာလာခဲ့သည်။

နေရဲမာန် အမဖြစ်သူအား မကျေမနပ် ကြည့်ကာ မျက်နှာထားမှာ တင်းနေသည်။ ဟေမာန်ကတော့ ဂရုမစိုက်။ မသိကျိုးကျွံပြုကာ အောင်နိုင်သူ အပြုံး ဆင်မြန်းကာ ကားပေါ်ရှိ  မောင် ဖြစ်သူ သူငယ်ချင်း များနဲ့ အချင်းချင်း မိတ်ဆက်ကာ စကားဖောင်ဖွဲ့နေကြသည်။

မင်းမခ ရဲ့ မျက်နှာ ကတော့ အပြုံး ပန်းများ ပွင့်လန်းနေလို့။ တော်တော်လေး တက်ကြွနေ

သည်။ထို့ပြင် ဖောင်းကြွနေသော သူ့ကျောပိုးအိတ်ကို ဖွင့် လိုက်တော့ စားစရာတွေက အပြည့်။ သူ့သူငယ်ချင်း ကောင်မလေး များမှာလည်း ရေဘူး နဲ့စားစရာမုန့်ပဲသရေစာ  အထုပ်များယူလာသည်မှာ တစ်ဆိုင်လုံးသိမ်းကြုံးလာသလား အောက်မေ့ရသည်။ တကယ် foodieကြီးများပင်။

မင်းမခ အမဖြစ်သူနဲ့ သူ့သူငယ်

ချင်းမုန့်ဝယ်လာသည်မှာ လည်း မနည်းမနော။ လက်ဗလာဖြင့် လိုက်ပါလာသူကတော့ နေရဲမာန်နှင့် သူ့ဘော်ဒါများပင်။

တမူထူးခြားစွာ စကား သိပ်မပြောသည့် မင်းမခကဒီနေ့ ကြက်တူရွေးလို အဆက်မပြတ်ပြောနေသည့်အပြင် ပွဲကျကာ ကားပေါ်တွင် စကားပြောသံများ ရယ်သံများဖြင့် လွှမ်းခြုံနေဆဲ။ ထိုကောင်လေးကတော့ သူအား မကျေမနပ် ကြည့်နေသူရှိနေသည်ကို သတိမမူမိပင်။

နေရဲမာန်၏တည်ရှိမှုကိုပင် မည်သူမျှ သတိထားမိပုံမပေါ်။ တစ်လမ်းလုံး စကားလည်းမပြော။ ဝစိပိတ်ကိုယ်တော် လို နေကာ အမဲရောင် Headphone တပ်ပြီး သီချင်းနားထောင်ရင်း မျက်စိမှိတ်ကာ လိုက်ပါလာခဲ့သည်။ စိတ်ထဲက အခဲမကျေမှုများကို သီချင်းနားထောင်ရင်းဖြေဖျောက်နေသည်။

မနက်စာ ဘယ်သူမှ စားမလာခဲ့ရသောကြောင့်လမ်းကြုံသည့် လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် မနက်စာ စားဖို့ရပ်နားလိုက်သည်။ နေရဲမာန်ကမူ သီချင်းနားထောင်ရင်း ခဏတာ မှေးသွားသောကြောင့် ကားရပ်လိုက်သည်ကို မသိလိုက်။ မှေးကောင်းနေဆဲ။ မျိုးမြင့်နဲ့ဟိန်းထက်က နေရဲမာန် မနက်ကတည်းက သူတို့ကြောင့် ဒေါသထွက်နေသည်ကို သိသောကြောင့် မနှိုးရဲကြ။ဟေမာန် က အရိပ်အကဲနားလည်သူပီပီ

မင်းမခအား  သွား နှိုးခိုင်းလိုက်သည်။

''အကို နေရဲမာန် ထတော့ ''

ပုခုံးကို လာပုတ်သော အထိအတွေ့ကြောင့်

နေရဲမာန် မှေးနေရာမှ ဆတ်ခနဲနှိုးလာသည်။ မျက်လုံးဖွင့်ဖွင့် ချင်းတွေ့လိုက်ရသော မျက်နှာ သွယ်သွယ်လေးနဲ့ကောင်လေး။ ဒူးထောက်ကာ သူအား ပြုံးကာ ကြည့်နေသောသူ။ နေရဲမာန် Headphone ကို ဖြုတ်ကာ ဂုတ်ပေါ်တွင် တင်လိုက်ပြီး  အိပ်ချင် မူးတူးဖြစ်နေသော  မျက်လုံး ကို လက်နှစ်ဖက်ဖြင့် ပွတ်ကာ

''ငါတို့တွေ အခု ဘယ်ရောက်နေတာလဲ?''

မေးလိုက်သည်။

''ကျနော်တို့ လက်ဖက်ရည် ဆိုင် တစ်ဆိုင် ရှေ့ ရောက်နေတာ။  မနက်စာကို ဒီမှာ ဝင် စား မလို့။  အကိုကို လာနှိုးတာ။ ထ မြန်မြန်။ သူများတွေတောင်  မှာနေကြပြီ ''

နေရဲမာန် light truckပေါ်မှဆင်း ကာခြင်းတောင်းထဲတွင် ချွတ်ထားသောကိုယ့် sneakers တစ်စုံကို ပြန် စီးအပြီး ဆိုင်ထဲသို့သွားဖို့အပြင် ဘေးနားက မင်းမခ မှာမူ လွယ်အိတ်ဖောင်းကြီးကို လွယ်ကာ ကုန်းရုန်းပြီး shoelace ကို အသည်းအသန်ချည်နေသည်။ အသည်းအသန် shoelaceကြိုး ချည်နေတာ မပြီးနိုင်မစီးနိုင်ဖြစ်နေသော ကြောင့် မာန်စိတ်မရှည်။

ထို့ကြောင့် နေရဲမာန် သူရှေ့ ဒူး ထောက် သလို ထိုင်ချကာ သူရဲ့ကျန်ရှိသေးသည့် ဘယ်ဘက် sneaker shoelace ကို ချည်ပေးမည့်အလုပ်

''ဟာ အကို မလုပ်နဲ့။ ငရဲတွေကြီးကုန်တော့

မယ် ။ကျနော် ဘာသာလုပ်မယ် ''

မင်းမခ ပြောလည်းပြော ခြေထောက်ကို နောက်သို့ဆုတ်ရန် ပြင်နေစဉ် နေရဲမာန် သူ ဘယ်ခြေထောက် ကို ထပ်မရွေ့ရန် လက်ဖြင့် လှမ်းကိုင် လိုက်ရင်း

''ငြိမ်ငြိမ်နေစမ်း။ မင်း ဖိနိပ် ကြိုး ချည်နေတာ

မပြီးတော့ဘူး။ အာကြောင့် ငါ ကူချည်ပေးနေတာလေသံ ခပ်မာမာ ပြောလိုက်တော့ ထိုကောင်လေး တုံခနဲရပ်သွားကာ ငြိမ်ငြိမ်နေတော့ သည်။

လက်ဖက်ရည်ဆိုင်အပြင်ဘက်မှာတော့

ဖိနပ် ကြိုး ချည်ပေးနေသော smart ကျကျ ကောင်လေးကို  မလှုပ်မယှက် ငုံကြည့်နေသော ဖြူ ဖြူလုံးလုံး ကောင်လေး ရှိနေသည်. . .

ဆိုင်ထဲရှိ ဝိုင်းတစ်ဝိုင်းတွင် ထိုင်နှင့်ပြီး

စားနေသော သူငယ်ချင်းမများကတော့ ထို moment ကို မျက်လုံးကျွတ်မကျရုံတစ်မယ် ကြည့်နေကြသည်မှာ တူဖြင့် ကော်ထားသော

ရှမ်းခေါက်ဆွဲအဖတ်များပင် အောက်သို့ပြုတ် ကျရသည့်အထိ။

ရေနွေး ဌဲ့ပေးနေသော မျိုးမြင့်နဲ့ဟိန်းထက်ကမူ ရေနွေး ခွက်များဆီအာရုံမရောက် ။ သမီးရည်းစား အတွဲတွေလို Ro ဆန်နေကြသော လက်ဖက်ရည် ဆိုင်ရှေ့ကနှစ်ကောင်သမားဆီ။ ရေနွေးများ လျှံကျ လာပြီး စားပွဲအောက်ထဲသို့စီးကျ လာမှသာ  ရေနွေး လျှံနေသည်ကို သိရသည့်အဖြစ်။

နေရဲမာန်  ဝိုင်းထဲသို့ ဝင်ထိုင်လိုက်ပြီး ဘေးနားက ခုံကို ဆွဲကာ

''မင်းမခ ဒီမှာ လာထိုင် ''

ခအား သူဘေးချင်းကပ်လျက်ထိုင်ခိုင်းလိုက်

သည်။

ထိုင်ပြီးပြီးချင်း Waiter အား လှမ်းခေါ်ကာ စားစရာ မှာလိုက်သည်။ စားတာသောက်တာ မှာသည့်အချိန်တွင်လည်း မင်းမခ တစ်ခုခု မှာလျှင် အစားအသောက်ဆိုလျှင် ချေး များတတ်သူ နေရဲမာန်အဖို့ထိုဟာ မကောင်းဘူး ဒါမကောင်းဘူး ဟု ဆိုကာ ပိတ်ပင်နေသည့်အတွက် ကြောင့် ကြာတော့ အမဖြစ်သူကပင် ကြားထဲက

''ဟဲ့နေရဲမာန် နင် ကလည်း ကလေးကို။ သူဟာနဲ့သူ စားချင်တာ စားပါစေပေါ့။ ဘယ်နှယ် ဟို ဟာ မကောင်းဘူး ဒီဟာ မကောင်းဘူးနဲ့။ ဆရာကြီးလုပ်လွန်းတယ်။

ဗိုက်ပြည့်ဖို့အရေးကြီးတယ်။ မြန်မြန်မှာ ။အချိန်မရှိဘူး။ ''

ဝင် ဟန့်လိုက်မှသာ နေရဲမာန် ဘာမှမပြော

တော့ဘဲ ငြိမ်နေလိုက်သည်။ နောက်ဆုံးတော့လည်းမင်းမခ နေရဲမာန် စိတ်ချမ်းသာစေရန် သူမှာသည့် ပေါင်မုန့်ကြက်ဥကြော်ကိုပင် လိုက်မှာစားရသည့်အဖြစ်။

မင်းမခတစ်ယောက် စိတ်ထဲတွင် သူရဲ့ မိခင်အား မနက်စာ အတင်းကျွေးလိုက်သည့်အတွက် ကျေးဇူးတင်မိသည်။ မဟုတ်လျှင် ပေါင်မုန့်ကြက်ဥကြော် တစ်ပွဲတည်းနဲ့ သူ့ဗိုက်က မရ။

မင်းမခနဲ့ နေရဲမာန် တို့ကလွဲလျှင် အကုန် လုံး မျက်နှာက ပြုံး စိစိဖြင့်။ မျိုးမြင့်နဲ့ဟိန်းထက် စားပွဲပေါ်တွင် အိုင်ထွန်းနေသော ရေများကို

tissueဖြင့် သုတ်ကာ  ရယ်ချင်စိတ်ကို ထိန်းကာ မနည်းမျက်နှာပိုးသတ်လျက်။

စားပြီးသောက်ပြီး ပိုက်ဆံရှင်းပြီး မာန် ကားဆီသို့ ရှေ့ဆုံးကထွက်လာခဲ့သည်။ မင်းမခကမူ သူလွယ်အိတ်ထဲက lollipop တုတ်ချိုချဉ် လေးများကို တစ်ယောက်တစ်ချောင်းစီ လိုက်ဝေနေသည်။

light truck ကားပေါ်သို့မတက်သေးဘဲ

အပြင်ဘက်တွင် ကားbody ကို မှီရပ်ကာ

လက်ပိုက်ပြီး အခြားသူများကို စောင့်ရင်းမာန် phone ကို ဖွင့်ကြည့်နေလိုက်သည်။ ဖြူဖွေးနေသော သွယ်သွယ်ရှည်ရှည် လက်ချောင်းများကြားတွင်

ကိုင်ထားသော lollipop တစ်ချောင်း phone screen ကို ကြည့်နေသော မာန် မျက်လုံးရှေ့သို့ရောက်လာသည်။

''ရော့. . . . အကို အတွက်''

မာန် မျက်လုံးပင့်ကြည့်လိုက်တော့ lollipop ကို ပါးစပ် ထဲတွင်ငုံကာ ပြောနေသော မင်းမခ။

ချိုချဉ် ငုံထားသောကြောင့် ပါးတစ်ဖက်က ချိုချဉ် ကြောင့် ဖောင်းနေသည်မှာ သွေးကြောနီလေးများထင်း နေသည်။ ပန်းရောင် သမ်းသော နှုတ်ခမ်းသားမှာလည်း ချိုချဉ်အရောင် ကြောင့် အနီရောင် ဘက်သို့ ပြောင်းလဲလာပြီ စိုလဲ့နေသည်။

မာန် မင်းမခ အား ကြည့်ရင်း တံထွေးကို မသိမသာ မျိုချပြီး သူပေးသော lollipop ကို အမြန်ယူကာ

''thank you ''

ဟု ဆိုပြီး ကား ရှေ့ခေါင်းထဲသို့ဝင်ထိုင်မည့် အပြု ကားတံခါး ဖွင့်လိုက်စဉ် နောက်မှ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ကားတံခါးကို ပြန်ပိတ်ပြီး မင်းမခ ဆီသို့ပြန်လျှောက်ကာ

''ကားရှေ့ ခန်းထဲ ကိုယ်သွားထိုင်မလို့။ အကို တစ်ယောက်တည်းမို့လို့ ပျင်းလို့။ ညီပါ အတူတူလာထိုင်ပေးပါလား''

နေရဲမာန် တောင်းဆို လာသော ကြောင့် မင်းမခ အနည်းငယ်တွေဝေသွားသည်။ စိတ်ထဲတွင် မထိုင်ချင်။ ကားရှေ့ခန်း က ပျင်းစရာကောင်းသည်ကို သူကောင်းကောင်းသိသည်။

light truck နောက်ခန်းတွင် သူငယ်ချင်းများ အမများနဲ့ ထိုင်ချင်သောကြောင့် နေရဲမာန် ရဲ့ ကမ်းလှမ်းမှုကို ယဉ်ယဉ်ကျေးကျေးငြင်းရန် အသည်အသန် အကြောင်းပြချက်များကို ခေါင်းထဲတွင်စီးရင်း

''ရှေ့ခန်းက ကျဉ်းတယ်လေ။လူနှစ်ယောက်ဘဲဆန့်တာ ။ ဘယ်လို လုပ် သုံးယောက် စီးလို့ဖြစ်ပ့ါမလဲ?''

မင်းမခ ပြန်၍မေးခွန်းထုတ်လိုက်ရာ

''ကျတ်စ် နောက်ခန်းလည်း ကျပ်တာဘဲလေ။မုန့်ထုပ်တွေနဲ့ကော ရေဘူးတွေနဲ့ကော ရှုပ်ယှက်ခတ်နေတာဘဲ။

ရှေ့ ခန်းက လူနှစ်ယောက်ဘဲဆန့်တယ် လို့ မရှိပါဘူး။ အကို ကြည့်ပြီးသွားပြီ။ မင်းလို

ခန္ဓာကိုယ် လေးနဲ့ ဆန့်ပါတယ်။''

မင်းမခ နေရဲမာန် ရဲ့အပြောကြောင့် မျက်နှာတစ်ချက်ကြုတ်လိုက်သည်။နေရဲမာန်သိလိုက်သည်။ သူကို သေးသည် ဟု ယူဆလျှင် သူမကြိုက်မှန်း ။ ချိုချဉ် ငုံရင်း နီရဲနေသော အောက်နှုတ်ခမ်းကို ကိုက်ကာ စဉ်းစားနေသော မင်းမခပုံစံကို ကြည့်ပြီး နေရဲမာန် သူပုခုံးကို လှမ်းဖက်ကာ

''လာပါကွာ မင်းကလည်း။ဘာတွေများ

အာလောက်တွေဝေနေတာလဲ?ငါမင်းကို ကိုက်မစားပါဘူး။ နောက်ခန်းမှာကျရင် မင်း ဖိနိပ် ခဏခဏ ချွတ်ရမှာနဲ့ စီးရမှာနဲ့ အဆင်မပြေဘူး။ အာကြောင့် ရှေ့ ခန်း မှာ  ငါနဲ့အတူ လာထိုင်ပေးပါ''

မာန်ရဲ့ အတင်းအကြပ် တောင်းဆိုမှုကြောင့်

မင်းမခ သူငယ်ချင်းများအား ပြောပြီး မာန်နဲ့ အတူ ရှေ့ ခန်းသို့ ကျဉ်းကျဉ်းကျပ်ကျပ် လာထိုင်ခဲ့ရသည်။

ကားနောက်ခန်းတွင် စကားတစ်လုံးမျှ မပြော

သော အချေမင်းသားနေရဲမာန် က ကားရှေ့ ခန်းကျ မင်းမခ နဲ့ စကားလက်ဆုံ ကျနေသည်မှာ ပါးစပ်က အမြှုပ် ထွက်မတတ်။  နေရဲမာန်ကချည်း ဒိုင်ခံကာ ရှာကြံပြီး စပ်မိစပ်ရာ ပြောကြသည်။ ထို့ပြင် ကား sound box ထဲက သီချင်းများကို ရွေးလိုက် ကျော်လျက် sound box ကို ကလိနေသော ထိုကောင်လေးနှစ်ယောက်ကို ဘေးက driver ကကြည့်မရတော့။ မရောက် ဖူး သည့် အရပ်ဒေသ ဖြစ်သည့်အတွက်

လမ်းရှာ ရသည် ကတစ်ကြောင်း ကားရှေ့

ခေါင်းထဲတွင် အာရုံလာနောက်အောင်

စကားပေါ နေကြသော ထိုကောင်လေး

နှစ်ယောက်ကြောင့် driverခမျာ နားကို ဂွမ်းဖြင့်သာ ဆို့ထားချင်စိတ် တဖွားဖွားဖြစ်ရသည်။

နောက်ခန်းက သူငယ်ချင်းများက  ကားမှန်မှ

တစ်ဆင့် ရှေ့ ခန်းက နှစ်ကောင်သမား၏အဖြစ် ကို လည်ပင်းတမော့မော့ ဖြင့် အတွဲချောင်းသလို ခိုး ကြည့်နေသည့်အဖြစ်။

~~~~~~~~~~~~~~~