(Unicode)

Tong Yao ကသူ့ရဲ့ပုခုံးကိုဝင်တိုက်ပြီးကျော်သွားတဲ့ ကောင်လေးကိုကြည့်လိုက်တယ်။ သူ့မျက်လုံးတွေ လက်တွေကျစွာနဲ့ပဲ ပြူးထွက်လာတယ်။ အဲ့တစ်ယောက်နဲ့ အဝတ်အစားဆင်တူတွေ တကယ်ကြီး ဝတ်လာမိပြန်ပြီ!!

သူနဲ့ဆင်တူဝတ်လာမိတဲ့တစ်ယောက်က ကျောင်းရဲ့မင်းသားလေး Jaing Jinyue ။ သူက Tong Yao ရဲ့အတန်းဖော်အကောင်းဆုံးသော ပုံပန်းသွင်ပြင်နဲ့ အရမ်းမိုက်တဲ့ အဆင့်တွေနဲ့တစ်ယောက်။ Jiang Jinyue က ထူးခြားတဲ့စွမ်းရည်နဲ့ အသွင်အပြင်ရှိတယ်။

အဲ့ဒီအချိန်မှာပဲ သူ့ရဲ့အတန်းဖော် ကျောင်းရဲ့မင်းသားလေးက နားမှာနားကြပ်တပ်ထားရင်း ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ပြီး Tong Yao ရှေ့ကနေ ဖြတ်လျှောက်သွားခဲ့တယ်။

Jiang Jinyue က နားကြပ်ကို ပြောင်ပြောင်တင်းတင်း သုံးရဲတဲ့ ဒီကျောင်းတစ်ကျောင်းလုံးရဲ့ တစ်ယောက်တည်းသော သူဖြစ်နိုင်တယ်။

ဒါပေမယ့် ထိပ်တန်းကျောင်းသားအားလုံးမှာ မသေနိုင်သော အကာအကွယ်တွေဆောင်းထားကြတယ်။ နောက်ဆုံးတော့ သူက အင်္ဂလိပ်စာပရိုဂရမ်တွေကို နားထောင်နေပုံပါပဲ။

လေညှင်းအနည်းငယ်က သူတို့ကို ဖြတ်ကျော်သွားတယ်။ ကျောင်းမင်းသားလေးရဲ့ နားရွက်နောက်ဘက်ရှိ ဆံပင်များက မနာခံစွာဘဲ တဖျပ်ဖျပ်လွင့်နေကာ အနက်ရောင်န

ရိုးရိုးတီရှပ်အင်္ကျီ၏ ရှေ့နှင့်နောက်ဘက်ရှိ "Fat Weeb" ဟူသော စာလုံးကြီးနှစ်လုံးကလည်း လေနှင့်အတူ ရွေ့လျားသွားတယ်။ သူလျှောက်လှမ်းတဲ့ခြေလှမ်းတိုင်းက မိန်းကလေးတွေရဲ့ shoujo manga တွေထဲကအမျိုးသားဇာတ်ဆောင်တစ်ယောက်နဲ့ ဆင်တူနေတယ်။

Jiang Jinyue သည် ဒီလိုအဝတ်အစားမျိုးဖြင့် ကြည့်ကောင်းနေတဲ့ တစ်ယောက်တည်းသောသူဖြစ်နိုင်တယ် ။

Tong Yao က သူ့ရဲ့ရင်ဘတ်ပေါ်မှာ ရိုက်နှိပ်ထားတဲ့ "Fat Weeb" ကိုကြည့်ရန် ခေါင်းငဲ့လိုက်တယ်။ သူအရမ်းရှက်လွန်းလို့ မြေပြင်ပေါ်က အက်ကွဲကြောင်းတွေထဲကို တူးဝင်လုနီးပါးပါပဲ။

ဖြတ်သွားသောမိန်းကလေးများက Jiang Jinyue ကိုငေးကြည့်ရုံမှတပါး မထိန်းနိုင်တော့ပေ။

"ကြည့်စမ်း! အတန်း ၈ က Jiang Jinyue က အရမ်းချောတာပဲ!"

"သူ့အဝတ်အစားတွေက အရမ်းထူးခြားတယ်! ဒါက ဆန့်ကျင်ဘက်ရဲ့ ချစ်စရာဖြစ်ရမယ်!"

"ဘုရား ဘုရား! ဟိုမှာ ဒီကောင်ကို ကြည့်စမ်း! သူက Jiang Jinyue နဲ့ တူတဲ့အဝတ်အစားကိုပဲ တကယ်ကြီးဝတ်ထားတာ!"

"တစ်စုံတစ်ယောက်နဲ့ တူညီတဲ့အဝတ်အစားကို ၀တ်တာက ကြောက်စရာမဟုတ်ပေမယ့် ရုပ်ဆိုးတဲ့သူက ရှက်ရမှာပဲ......"

(Zawgyi)















Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!