Chapter 9: Part-8(Z&U)

💘💘💘မနှုတ်ရက်လေသောဆူး💘💘💘 💘💘💘မႏႈတ္ရက္ေလေသာဆူး💘💘💘Words: 18956

(Zawgyi)

" ႀကီးဥ ယိင္းေရာ"

" အလုပ္သြားပါၿပီသခင္ေလး"

" ကြၽန္ေတာ္လိုက္သြားမလို႔ ဆိုင္ပိတ္မွပဲအတူျပန္ခဲ့ေတာ့မယ္"

" ေကာင္းပါၿပီကြယ္"

သခင္ေလးကိုးအနဂၢလွ်ံထြက္သြားသည္ႏွင့္ ပူစူးမတို႔ညီမ ႏွစ္ေယာက္ေဒၚေရႊဥနားကပ္လာၾကသည္။

" ႀကီးဥ အခုတေလာသခင္ေလးကိုးကလိမၼာလာသလိုပဲေနာ္"

"ဟုတ္တယ္ ပူစူးလည္းသတိထားမိတယ္ မပူတူး"

" အင္းေသခ်ာတာကေတာ့ သခင္ေလးယိင္းေၾကာင့္ပဲေပါ့"

" သခင္ေလးယိင္းကိုေက်းဇူးတင္လိုက္တာ အခုဆိုပူစူးမတို႔ သခင္ေလးကိုးအဆူမခံရတာၾကာၿပီ"

" ေအးပါအလုပ္ကိုလည္းေသခ်ာလုပ္ၾကၾကားလား သခင္မႀကီးတို႔ကေသခ်ာအပ္သြားတာ သခင္ေလးႏွစ္ေယာက္ ကိုလည္းဂ႐ုစိုက္ရမယ္"

" စိတ္ခ်ပါႀကီးဥရဲ႕ ပူတူးတို႔ညီအစ္မကသခင္ေလးႏွစ္ေယာက္ စလံုးကို ဂ႐ုစိုက္ေပးမွာပါ"

" ေအးေအး ကဲအလုပ္သြားလုပ္ေခ်ၾကေတာ့ ေတာ္ၾကာအရင္ ကလို ျပန္အဆူခံေနၾကရမယ္ ၾကားလား"

"ဟုတ္ကဲ့""ဟုတ္ကဲ့"

ညီအစ္မႏွစ္ေယာက္ တိုးတိုးတိုးတိုးႏွင့္ဘာေတြေျပာေနလဲ မသိ ရယ္ေနလိုက္ၾကေသးသည္။ အင္း သူတို႔လည္းသူတို႔ သခင္ေလးေတြအဆူမခံရၾကေတာ့ ေပ်ာ္ေနရွာေရာ့မေပါ့။

"အမွတ္တရ စာအုပ္ဆိုင္"

ဟန္လင္းသန္႔ကိုတစ္ေယာက္ ေကာ္ဖီဆိုင္မွအထြက္ စာအုပ္ ဆိုင္နာမည္ကိုျမင္ေတာ့ စိတ္၀င္စားသြားသည္။ ဆိုင္နာမည္ ကိုျမင္ေတာ့ တစ္စံုတစ္ေယာက္ကိုသတိရမိသြားေလသည္။

အခုဆို သူဘယ္ဆီမ်ားေရာက္ေနမလဲ အေတြးေတြနဲ႔အတူ ေျခလွမ္းတို႔က မထင္မွတ္ပဲစာအုပ္ဆိုင္ဆီသို႔ ေရာက္မိသြား သည္။ ဆိုင္ထဲသို႔၀င္လာၿပီး မ်က္လံုးမ်ားကိုကစားေနစဥ္

စာအုပ္စင္မွာစာအုပ္စီေနတဲ့ေကာင္ေလးတစ္ေယာက္ ဆံပင္ေရႊအိုေရာင္ေလးႏွင့္ႏွာတံစင္းစင္းေလး ေဘးတေစာင္း ျမင္ေနရေပမယ့္မ်က္ေတာင္ရွည္ေကာ့ေကာ့ေလးေတြက တစ္ခ်ိန္ကသူသိပ္ျမတ္ႏိုးခဲ့ရတဲ့လူတစ္ေယာက္ႏွင့္တူေနေလ သည္။

" မဂၤလာပါ ဘာစာအုပ္အမ်ဳိးအစားလိုခ်င္လို႔ပါလဲခမ်ာ"

ေျပာၿပီးသူ႕ဘက္လွည့္လာတဲ့အခါ ျမင္လိုက္ရတဲ့အခိုက္ အတန္႔အားလံုးႏွင့္အတူ လည္ေနတဲ့ကမ႓ာႀကီးပင္ေခတၱခဏ ရပ္တန္႔သြားေလသည္။

" ယိင္း ယိင္းဟုတ္တယ္မို႔လားဟင္"

" ဟုတ္ပါတယ္ ယိင္းအစစ္ပါ"

" ကိုကိုပါ ကိုကို႔ကိုမွတ္မိလားဟင္"

" သိပ္ကိုမွတ္မိတာေပါ့ အရမ္းမုန္းတဲ့အထိေလ"

" ကိုကိုေတာင္းပန္ပါတယ္ ယိင္းရယ္"

" တစ္ခုေလာက္ေျပာပါရေစ ခမ်ားနဲ႔က်ဳပ္ဘာမွမသက္ဆိုင္ ေတာ့တဲ့အတြက္ အဲဒီကိုကိုဆိုတာႀကီးထည့္မေျပာစမ္းပါနဲ႔ ခမ်ားနဲ႔မတန္လို႔ပါ"

" ကိုကို ေဆာရီး ကိုယ္ေတာင္းပန္ပါတယ္ေနာ္ ကိုယ့္အျပစ္ ဆိုတာ၀န္ခံပါတယ္ယိင္း အဲဒီအတြက္ကိုယ္ဘယ္လိုပဲေတာင္း ပန္ရေတာင္းပန္ရ ယိင္းေက်နပ္တဲ့အထိ ေတာင္းပန္ပါ့မယ္"

" က်ဳပ္ ခမ်ားမ်က္ႏွာကိုမျမင္ခ်င္ဘူး"

" အဲလိုေတာ့မလုပ္ပါနဲ႔ယိင္းရယ္ ကိုယ့္ကိုအခြင့္အေရးေလး ေပးလို႔ရမလားဟင္"

" ေပးခဲ့ၿပီးၿပီေလ"

သူယိင္းေရွ႕မွာ ဒူးေထာက္ထိုင္ခ်လိုက္ကာမ်က္ရည္မ်ားျဖင့္ ေတာင္းဆိုေနေလသည္။

" အားလံုးကိုယ့္အမွားဆိုတာ ၀န္ခံပါတယ္ကိုယ္သတၱိေၾကာင္ ခဲ့တာပါ အဲဒါေၾကာင့္အခုကိုယ္ယိင္းဆီကိုအၿပီးျပန္လာပါရေစ ေနာ္"

" ခမ်ား၀င္ခ်င္တိုင္း၀င္ထြက္ခ်င္တိုင္းထြက္ရေအာင္ က်ဳပ္ႏွလံုးသားက ကစားစရာမဟုတ္ဘူး ၿပီးေတာ့ျပတ္သား ခဲ့ၿပီးမွေနာက္ျပန္လွည့္ရမယ္ဆိုလည္း က်ဳပ္ႏွလံုးသားက လံုေလာက္ ေအာင္နာက်င္ခဲ့ၿပီးၿပီမို႔ဒီေလာက္နဲ႔ပဲ အဆံုးသတ္ ပါရေစ"

" ဆံုးျဖတ္ခ်က္ကိုျပန္မျပင္ႏိုင္ေတာ့ဘူးလားယိင္း ကိုယ့္ကို မသနားဘူးလားဟင္ ကိုယ္အခုလိုခံစားေနရတာကိုေလ"

" လြန္ခဲ့တဲ့သံုးႏွစ္လံုးလံုး က်ဳပ္ခံစားခဲ့ရတုန္းကေရာဘယ္သူ ကမ်ား ကိုယ္ခ်င္းစာေပးခဲ့လို႔လဲအခုမွအနာက်က္ေအာင္ႀကိဳး စားထားတဲ့က်ဳပ္ႏွလံုးသားကို ဒဏ္ရာေဟာင္းျပန္လာမဆြပါနဲ႔ ကိုယ့္ဘ၀နဲ႔ကိုယ္ေနသားက်ေနၿပီပဲ က်ဳပ္ဘ၀ထဲထပ္၀င္လာ ၿပီးမေႏွာင့္ယွက္ပါနဲ႔ေတာ့"

" ဘယ္ေတာ့မွ မျဖစ္ႏိုင္ေတာ့ဘူးလားဟင္"

" ဒီဘ၀အတြက္ေတာ့ လံုေလာက္သြားပါၿပီ"

" ယိင္းစိတ္ခ်မ္းသာတယ္ဆို ကိုယ္ေက်နပ္ပါၿပီ ကိုယ္ျပန္ ေတာ့မယ္ဪ ကိုယ့္ကိုစာအုပ္တစ္အုပ္ေပးပါ"

" ဘာစာအုပ္လဲ"

" ဆရာမဂ်ဴးရဲ႕ အမွတ္တရ"

ဆိုင္ထဲကထြက္သြားသူမွာလည္း မ်က္ရည္စေတြႏွင့္ က်န္ခဲ့တဲ့ သူမွာလည္းမ်က္ရည္စေတြႏွင့္ ၿပီးေတာ့ တိတ္တိတ္ေလး ခိုးနားေထာင္ေနတဲ့လူတစ္ေယာက္မွာလည္း မ်က္ရည္စေတြ ႏွင့္။သူတို႔သံုးေယာက္စလံုး အခ်စ္၏နာက်င္မႈေၾကာင့္က်လာ တဲ့ မ်က္ရည္မ်ားသာျဖစ္သည္။ ဒီလိုပါပဲေလ အခ်စ္ဆိုတာ တစ္ခါတရံမွာေတာ့ ေပ်ာ္ရႊင္မႈအစား၀မ္းနည္းမႈကိုလည္း ေပးတတ္တာပဲမဟုတ္လား။

(Unicode)

" ကြီးဥ ယိင်းရော"

" အလုပ်သွားပါပြီသခင်လေး"

" ကျွန်တော်လိုက်သွားမလို့ ဆိုင်ပိတ်မှပဲအတူပြန်ခဲ့တော့မယ်"

" ကောင်းပါပြီကွယ်"

သခင်လေးကိုးအနဂ္ဂလျှံထွက်သွားသည်နှင့် ပူစူးမတို့ညီမ နှစ်ယောက်ဒေါ်ရွှေဥနားကပ်လာကြသည်။

" ကြီးဥ အခုတလောသခင်လေးကိုးကလိမ္မာလာသလိုပဲနော်"

"ဟုတ်တယ် ပူစူးလည်းသတိထားမိတယ် မပူတူး"

" အင်းသေချာတာကတော့ သခင်လေးယိင်းကြောင့်ပဲပေါ့"

" သခင်လေးယိင်းကိုကျေးဇူးတင်လိုက်တာ အခုဆိုပူစူးမတို့ သခင်လေးကိုးအဆူမခံရတာကြာပြီ"

" အေးပါအလုပ်ကိုလည်းသေချာလုပ်ကြကြားလား သခင်မကြီးတို့ကသေချာအပ်သွားတာ သခင်လေးနှစ်ယောက် ကိုလည်းဂရုစိုက်ရမယ်"

" စိတ်ချပါကြီးဥရဲ့ ပူတူးတို့ညီအစ်မကသခင်လေးနှစ်ယောက် စလုံးကို ဂရုစိုက်ပေးမှာပါ"

" အေးအေး ကဲအလုပ်သွားလုပ်ချေကြတော့ တော်ကြာအရင် ကလို ပြန်အဆူခံနေကြရမယ် ကြားလား"

"ဟုတ်ကဲ့""ဟုတ်ကဲ့"

ညီအစ်မနှစ်ယောက် တိုးတိုးတိုးတိုးနှင့်ဘာတွေပြောနေလဲ မသိ ရယ်နေလိုက်ကြသေးသည်။ အင်း သူတို့လည်းသူတို့ သခင်လေးတွေအဆူမခံရကြတော့ ပျော်နေရှာရော့မပေါ့။

"အမှတ်တရ စာအုပ်ဆိုင်"

ဟန်လင်းသန့်ကိုတစ်ယောက် ကော်ဖီဆိုင်မှအထွက် စာအုပ် ဆိုင်နာမည်ကိုမြင်တော့ စိတ်ဝင်စားသွားသည်။ ဆိုင်နာမည် ကိုမြင်တော့ တစ်စုံတစ်ယောက်ကိုသတိရမိသွားလေသည်။

အခုဆို သူဘယ်ဆီများရောက်နေမလဲ အတွေးတွေနဲ့အတူ ခြေလှမ်းတို့က မထင်မှတ်ပဲစာအုပ်ဆိုင်ဆီသို့ ရောက်မိသွား သည်။ ဆိုင်ထဲသို့ဝင်လာပြီး မျက်လုံးများကိုကစားနေစဉ်

စာအုပ်စင်မှာစာအုပ်စီနေတဲ့ကောင်လေးတစ်ယောက် ဆံပင်ရွှေအိုရောင်လေးနှင့်နှာတံစင်းစင်းလေး ဘေးတစောင်း မြင်နေရပေမယ့်မျက်တောင်ရှည်ကော့ကော့လေးတွေက တစ်ချိန်ကသူသိပ်မြတ်နိုးခဲ့ရတဲ့လူတစ်ယောက်နှင့်တူနေလေ သည်။

" မင်္ဂလာပါ ဘာစာအုပ်အမျိုးအစားလိုချင်လို့ပါလဲခမျာ"

ပြောပြီးသူ့ဘက်လှည့်လာတဲ့အခါ မြင်လိုက်ရတဲ့အခိုက် အတန့်အားလုံးနှင့်အတူ လည်နေတဲ့ကမ္ဘာကြီးပင်ခေတ္တခဏ ရပ်တန့်သွားလေသည်။

" ယိင်း ယိင်းဟုတ်တယ်မို့လားဟင်"

" ဟုတ်ပါတယ် ယိင်းအစစ်ပါ"

" ကိုကိုပါ ကိုကို့ကိုမှတ်မိလားဟင်"

" သိပ်ကိုမှတ်မိတာပေါ့ အရမ်းမုန်းတဲ့အထိလေ"

" ကိုကိုတောင်းပန်ပါတယ် ယိင်းရယ်"

" တစ်ခုလောက်ပြောပါရစေ ခများနဲ့ကျုပ်ဘာမှမသက်ဆိုင် တော့တဲ့အတွက် အဲဒီကိုကိုဆိုတာကြီးထည့်မပြောစမ်းပါနဲ့ ခများနဲ့မတန်လို့ပါ"

" ကိုကို ဆောရီး ကိုယ်တောင်းပန်ပါတယ်နော် ကိုယ့်အပြစ် ဆိုတာဝန်ခံပါတယ်ယိင်း အဲဒီအတွက်ကိုယ်ဘယ်လိုပဲတောင်း ပန်ရတောင်းပန်ရ ယိင်းကျေနပ်တဲ့အထိ တောင်းပန်ပါ့မယ်"

" ကျုပ် ခများမျက်နှာကိုမမြင်ချင်ဘူး"

" အဲလိုတော့မလုပ်ပါနဲ့ယိင်းရယ် ကိုယ့်ကိုအခွင့်အရေးလေး ပေးလို့ရမလားဟင်"

" ပေးခဲ့ပြီးပြီလေ"

သူယိင်းရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ကာမျက်ရည်များဖြင့် တောင်းဆိုနေလေသည်။

" အားလုံးကိုယ့်အမှားဆိုတာ ဝန်ခံပါတယ်ကိုယ်သတ္တိကြောင် ခဲ့တာပါ အဲဒါကြောင့်အခုကိုယ်ယိင်းဆီကိုအပြီးပြန်လာပါရစေ နော်"

" ခများဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်ရအောင် ကျုပ်နှလုံးသားက ကစားစရာမဟုတ်ဘူး ပြီးတော့ပြတ်သား ခဲ့ပြီးမှနောက်ပြန်လှည့်ရမယ်ဆိုလည်း ကျုပ်နှလုံးသားက လုံလောက် အောင်နာကျင်ခဲ့ပြီးပြီမို့ဒီလောက်နဲ့ပဲ အဆုံးသတ် ပါရစေ"

" ဆုံးဖြတ်ချက်ကိုပြန်မပြင်နိုင်တော့ဘူးလားယိင်း ကိုယ့်ကို မသနားဘူးလားဟင် ကိုယ်အခုလိုခံစားနေရတာကိုလေ"

" လွန်ခဲ့တဲ့သုံးနှစ်လုံးလုံး ကျုပ်ခံစားခဲ့ရတုန်းကရောဘယ်သူ ကများ ကိုယ်ချင်းစာပေးခဲ့လို့လဲအခုမှအနာကျက်အောင်ကြိုး စားထားတဲ့ကျုပ်နှလုံးသားကို ဒဏ်ရာဟောင်းပြန်လာမဆွပါနဲ့ ကိုယ့်ဘဝနဲ့ကိုယ်နေသားကျနေပြီပဲ ကျုပ်ဘဝထဲထပ်ဝင်လာ ပြီးမနှောင့်ယှက်ပါနဲ့တော့"

" ဘယ်တော့မှ မဖြစ်နိုင်တော့ဘူးလားဟင်"

" ဒီဘဝအတွက်တော့ လုံလောက်သွားပါပြီ"

" ယိင်းစိတ်ချမ်းသာတယ်ဆို ကိုယ်ကျေနပ်ပါပြီ ကိုယ်ပြန် တော့မယ်ဪ ကိုယ့်ကိုစာအုပ်တစ်အုပ်ပေးပါ"

" ဘာစာအုပ်လဲ"

" ဆရာမဂျူးရဲ့ အမှတ်တရ"

ဆိုင်ထဲကထွက်သွားသူမှာလည်း မျက်ရည်စတွေနှင့် ကျန်ခဲ့တဲ့ သူမှာလည်းမျက်ရည်စတွေနှင့် ပြီးတော့ တိတ်တိတ်လေး ခိုးနားထောင်နေတဲ့လူတစ်ယောက်မှာလည်း မျက်ရည်စတွေ နှင့်။သူတို့သုံးယောက်စလုံး အချစ်၏နာကျင်မှုကြောင့်ကျလာ တဲ့ မျက်ရည်များသာဖြစ်သည်။ ဒီလိုပါပဲလေ အချစ်ဆိုတာ တစ်ခါတရံမှာတော့ ပျော်ရွှင်မှုအစားဝမ်းနည်းမှုကိုလည်း ပေးတတ်တာပဲမဟုတ်လား။