Chapter 3: Part-3(Z&U)

💘💘💘မနှုတ်ရက်လေသောဆူး💘💘💘 💘💘💘မႏႈတ္ရက္ေလေသာဆူး💘💘💘Words: 18018

(Zawgyi)

အိမ္ေရွ႕မွကားသံၾကားသျဖင့္ ေဒၚေရႊဥတစ္ေယာက္ပ်ာယာ ခတ္သြားေလသည္။သခင္ႀကီးနဲ႔သခင္မႀကီးသာဒီကိစၥသိသြား ရင္ ဘယ္လိုလုပ္ရပါ့။

" ဪ သားယိင္းကဒီမွာရိွေနတာပဲ "

" မာမီ ျပန္လာၿပီလား"

"ဟုတ္တယ္ သားညီေလး ကိုးေရာ"

"အျပင္ထြက္သြားတယ္"

" ဘယ္အခ်ိန္ကလဲဟင္"

"မနက္၈နာရီေလာက္ကျဖစ္ႏိုင္တယ္"

"အခုေတာင္ညေန၅နာရီရိွေနၿပီ ေနပါေစဦးဒီကေလးျပန္လာ မွေတြ႕မယ္ သားယိင္းကိုေရာသူ အႏိုင္က်င့္ေသးလား"

" ဟို ဟိုမလုပ္ပါဘူး"

" ေအး ေအး တစ္ခုခုဆိုမာမီ့ကိုေျပာေနာ္"

" ဟုတ္ကဲ့"

"အဲဒါဆိုမာမီသြားနားဦးမယ္ေနာ္"

"ဟုတ္"

အခုမွသာ ယိင္းေရာ ေဒၚေရႊဥပါသက္ျပင္းခ်ႏိုင္သည္။ ေတာ္ပါေသးရဲ႕ ယိင္းလက္ကဒဏ္ရာကိုမျမင္မိလို႔ ယိင္းက လည္းမျမင္ေအာင္ဖံုးထားလိုက္လို႔။ သခင္ေလးကိုးအနဂၢလွ်ံ ဟာေလ သခင္ေလးယိင္းလိုသာဆိုဘယ္ေလာက္ေတာင္ ေကာင္းလိုက္မလဲ။

"သခင္ေလးယိင္း လက္ကဒဏ္ရာက"

"ရပါတယ္ႀကီးဥ ကြၽန္ေတာ့္ဖာသာေဆးထည့္လိုက္ပါ့မယ္"

ႏုနယ္လြန္းလွသည့္လက္ကေလးသည္ ႏွင္းဆီဆူးျခစ္႐ံုမွ်ျဖင့္ လက္ကေသြးတို႔ျဖာက်လာခဲ့သည္တဲ့ေလ။

ယိင္းအေပၚထပ္ရိွကိုယ့္အခန္းသို႔ျပန္တက္လာခဲ့သည္။လက္ကဒဏ္ရာကိုေဆးထည့္ေနစဥ္ တံခါးေခါက္သံၾကားရ သည္။

" ေဒါက္ ေဒါက္"

" ဘယ္သူလဲ"

" က်ဳပ္"

"ဟင္"

" တံခါးလာဖြင့္ေပးစမ္းပါ"

"ဘာလုပ္မလို႔လဲ "

"က်စ္ စကားရွည္လိုက္တာ အခုဖြင့္ေပးမလားဖြင့္မေပးဘူး လားပဲေျပာ"

"လာၿပီ လာၿပီ"

ယိင္း အျမန္ထကာတံခါးသြားဖြင့္ေပးလိုက္ရသည္။ မေတာ္လို႔ မာမီေဒၚျမသက္ႏွင္းသာသိသြားခဲ့လွ်င္ ႏွစ္ေယာက္လံုးအဆူခံ ေနရမွာစိုးသည္။ သူတံခါးဖြင့္ၿပီးသည္ႏွင့္ အရက္နံ႔ကေထာင္း ခနဲႏွာေခါင္းထဲ၀င္လာသလို အခန္းထဲ၀င္လာသူကလည္းေျခ လွမ္းမ်ားကဒရီးဒယိုင္။

" ျပစမ္းပါဦး ခမ်ားလက္"

" ဟင္ ဘာ ဘာလုပ္မလို႔လဲ"

" က်ဳပ္ကျပဆိုျပလိုက္စမ္းပါ အထြန္႔တက္မေနနဲ႔"

"ဒီ ဒီမွာ"

ထုက္လာသည့္လက္ဖဝါးေလးတစ္ဖက္ ျဖဴဥၿပီးသြယ္လ်ကာ မထိရက္မကိုင္ရက္ေအာင္ထိကိုႏူးညံ့လြန္းလွသည္။ ဒီလူသား ဟာအဲေလာက္ထိႏုနယ္ရသလား။ ၿပီးေတာ့အဲဒီျဖဴဥဥလက္ ကေလးထက္မွာ ဆူးျခစ္ရာေတြအမ်ားႀကီး ေသြးစေလးေတြ ကလည္းရဲေနသည္မို႔ ၾကည့္ၿပီး ကိုးသူ႕ကိုသနားသြားရသည္။

ဒါေပမယ့္လည္း ႏႈတ္ကေတာ့

" ခမ်ားကနေမာ္နမဲ့ႏိုင္တာပဲေနာ္"

" မင္း မင္းဘယ္လိုေျပာလိုက္တာလဲ"

" ေယာက်္ားလိုေျပာလိုက္တာေလ"

သူ႕စကားက ဘယ္နားေရာက္သြားမွန္းမသိေပမယ့္ၾကားလိုက္ ရတဲ့ သူ႕ေရွ႕ကလူကေတာ့မ်က္ႏွာတစ္ခုလံုးရဲေနလ်က္။

" ေပး ေဆးထည့္ေပးမယ္"

"မလိုဘူး ငါ့မွာလက္ပါတယ္"

"အဟက္ သိပ္ထည့္ေပးခ်င္လြန္းလို႔ေတာ့မထင္နဲ႔ေနာ္ က်ဳပ္ကခမ်ားကိုအႏိုင္က်င့္တယ္ဆိုၿပီး ဒယ္ဒီ့ဆီကအဆူခံရ မယ့္စကားလံုးေတြမၾကားခ်င္လို႔"

" စိတ္ခ် ဒယ္ဒီမသိေစရဘူး"

" ေကာင္းၿပီေလ ဒါဆိုက်ဳပ္တာ၀န္ေက်ၿပီ"

ေျပာၿပီးအခန္းထဲမွလွည့္ထြက္လာခဲ့လိုက္သည္။ ပံုမွန္ဆိုသူအိမ္ျပန္ေနာက္က်တာမွန္ေပမယ့္ ဒီေန႔ေတာ့ဘာ ေၾကာင့္ရယ္မသိ ေစာေစာျပန္လာခ်င္တာေၾကာင့္ျပန္လာခဲ့ရာ မာမီ့နဲ႔အဲဒီလူစကားေျပာေနတာေၾကာင့္ကိုယ့္ပါဆြဲထည့္မည္စိုး ၍ အကြယ္မွာခဏရပ္ေနစဥ္ ႀကီးဥႏွင့္ထိုလူေျပာတာေတြပါ ၾကားခဲ့ရ၍သူထိုလူ႕အတြက္စိတ္မေကာင္းပင္ျဖစ္သြားရသည္။

သို႔ေပမယ့္ သူ႕ကိုၾကည့္ၿပီးေၾကာက္ေနတဲ့ပံုစံကိုျမင္ေလ သူစ ခ်င္ေလျဖစ္၍ ႏႈတ္မွစကားလံုးတို႔ကပ်ားသကာလိုမခ်ဳိခဲ့။

ယိင္းထိုလူထြက္သြားမွ ထိန္းထားတဲ့မ်က္ရည္တို႔ကအတား အဆီးမရိွ က်လာခဲ့သည္။ တကယ္ပါပဲ ထိုလူဟာယိင္းကို အဲေလာက္ထိမုန္းေနခဲ့တာလား။ လက္ကဒဏ္ရာကိုေဆး ထည့္ၿပီးကုတင္ထက္လွဲကာ အိပ္လိုက္သည္။ အိပ္မေပ်ာ္တာ ေၾကာင့္စားပြဲေပၚရိွစာအုပ္တစ္အုပ္ကို ဆြဲယူလိုက္သည္။ ဖြင့္ ဖတ္မည္ျပဳကာလွန္လိုက္ေတာ့ မ်က္ႏွာထက္ျပဳတ္က်လာ သည့္ဓာတ္ပံုေလးတစ္ပံု ေရွ႕ဘက္ကိုမျမင္ရေသးေပမယ့္ ေက်ာဘက္ကလက္ေရး၀ိုင္း၀ိုင္းေလးကေတာ့ ထင္းခနဲ။

20.4.2016

"ခ်စ္ေသာယိင္းအတြက္ကိုကို"တဲ့။ ေနာက္ဆံုးေတာ့လည္း သိပ္ခ်စ္ပါတယ္ဆိုတဲ့ကိုကိုေတာင္ ယိင္းကိုထားသြားခဲ့ေသး တာမဟုတ္လား။ ဘာေၾကာင့္မ်ား သူ႕ဘ၀ကအခုလို၀မ္းနည္း စရာေတြနဲ႔ျပည့္ေနရတာပါလိမ့္။ အတိတ္ဆိုတာအတိတ္မွာပဲ ရိွသင့္တဲ့အရာမဟုတ္လား။ ဒါေပမယ့္တခ်ဳိ႕အမွတ္တရေတြ က တိုက္ဆိုင္မႈရိွလာတဲ့အခါ ျပန္သတိရတတ္ၾကတာပါပဲေလ။

(Unicode)

အိမ်ရှေ့မှကားသံကြားသဖြင့် ဒေါ်ရွှေဥတစ်ယောက်ပျာယာ ခတ်သွားလေသည်။သခင်ကြီးနဲ့သခင်မကြီးသာဒီကိစ္စသိသွား ရင် ဘယ်လိုလုပ်ရပါ့။

" ဪ သားယိင်းကဒီမှာရှိနေတာပဲ "

" မာမီ ပြန်လာပြီလား"

"ဟုတ်တယ် သားညီလေး ကိုးရော"

"အပြင်ထွက်သွားတယ်"

" ဘယ်အချိန်ကလဲဟင်"

"မနက်၈နာရီလောက်ကဖြစ်နိုင်တယ်"

"အခုတောင်ညနေ၅နာရီရှိနေပြီ နေပါစေဦးဒီကလေးပြန်လာ မှတွေ့မယ် သားယိင်းကိုရောသူ အနိုင်ကျင့်သေးလား"

" ဟို ဟိုမလုပ်ပါဘူး"

" အေး အေး တစ်ခုခုဆိုမာမီ့ကိုပြောနော်"

" ဟုတ်ကဲ့"

"အဲဒါဆိုမာမီသွားနားဦးမယ်နော်"

"ဟုတ်"

အခုမှသာ ယိင်းရော ဒေါ်ရွှေဥပါသက်ပြင်းချနိုင်သည်။ တော်ပါသေးရဲ့ ယိင်းလက်ကဒဏ်ရာကိုမမြင်မိလို့ ယိင်းက လည်းမမြင်အောင်ဖုံးထားလိုက်လို့။ သခင်လေးကိုးအနဂ္ဂလျှံ ဟာလေ သခင်လေးယိင်းလိုသာဆိုဘယ်လောက်တောင် ကောင်းလိုက်မလဲ။

"သခင်လေးယိင်း လက်ကဒဏ်ရာက"

"ရပါတယ်ကြီးဥ ကျွန်တော့်ဖာသာဆေးထည့်လိုက်ပါ့မယ်"

နုနယ်လွန်းလှသည့်လက်ကလေးသည် နှင်းဆီဆူးခြစ်ရုံမျှဖြင့် လက်ကသွေးတို့ဖြာကျလာခဲ့သည်တဲ့လေ။

ယိင်းအပေါ်ထပ်ရှိကိုယ့်အခန်းသို့ပြန်တက်လာခဲ့သည်။လက်ကဒဏ်ရာကိုဆေးထည့်နေစဉ် တံခါးခေါက်သံကြားရ သည်။

" ဒေါက် ဒေါက်"

" ဘယ်သူလဲ"

" ကျုပ်"

"ဟင်"

" တံခါးလာဖွင့်ပေးစမ်းပါ"

"ဘာလုပ်မလို့လဲ "

"ကျစ် စကားရှည်လိုက်တာ အခုဖွင့်ပေးမလားဖွင့်မပေးဘူး လားပဲပြော"

"လာပြီ လာပြီ"

ယိင်း အမြန်ထကာတံခါးသွားဖွင့်ပေးလိုက်ရသည်။ မတော်လို့ မာမီဒေါ်မြသက်နှင်းသာသိသွားခဲ့လျှင် နှစ်ယောက်လုံးအဆူခံ နေရမှာစိုးသည်။ သူတံခါးဖွင့်ပြီးသည်နှင့် အရက်နံ့ကထောင်း ခနဲနှာခေါင်းထဲဝင်လာသလို အခန်းထဲဝင်လာသူကလည်းခြေ လှမ်းများကဒရီးဒယိုင်။

" ပြစမ်းပါဦး ခများလက်"

" ဟင် ဘာ ဘာလုပ်မလို့လဲ"

" ကျုပ်ကပြဆိုပြလိုက်စမ်းပါ အထွန့်တက်မနေနဲ့"

"ဒီ ဒီမှာ"

ထုက်လာသည့်လက်ဖဝါးလေးတစ်ဖက် ဖြူဥပြီးသွယ်လျကာ မထိရက်မကိုင်ရက်အောင်ထိကိုနူးညံ့လွန်းလှသည်။ ဒီလူသား ဟာအဲလောက်ထိနုနယ်ရသလား။ ပြီးတော့အဲဒီဖြူဥဥလက် ကလေးထက်မှာ ဆူးခြစ်ရာတွေအများကြီး သွေးစလေးတွေ ကလည်းရဲနေသည်မို့ ကြည့်ပြီး ကိုးသူ့ကိုသနားသွားရသည်။

ဒါပေမယ့်လည်း နှုတ်ကတော့

" ခများကနမော်နမဲ့နိုင်တာပဲနော်"

" မင်း မင်းဘယ်လိုပြောလိုက်တာလဲ"

" ယောကျ်ားလိုပြောလိုက်တာလေ"

သူ့စကားက ဘယ်နားရောက်သွားမှန်းမသိပေမယ့်ကြားလိုက် ရတဲ့ သူ့ရှေ့ကလူကတော့မျက်နှာတစ်ခုလုံးရဲနေလျက်။

" ပေး ဆေးထည့်ပေးမယ်"

"မလိုဘူး ငါ့မှာလက်ပါတယ်"

"အဟက် သိပ်ထည့်ပေးချင်လွန်းလို့တော့မထင်နဲ့နော် ကျုပ်ကခများကိုအနိုင်ကျင့်တယ်ဆိုပြီး ဒယ်ဒီ့ဆီကအဆူခံရ မယ့်စကားလုံးတွေမကြားချင်လို့"

" စိတ်ချ ဒယ်ဒီမသိစေရဘူး"

" ကောင်းပြီလေ ဒါဆိုကျုပ်တာဝန်ကျေပြီ"

ပြောပြီးအခန်းထဲမှလှည့်ထွက်လာခဲ့လိုက်သည်။ ပုံမှန်ဆိုသူအိမ်ပြန်နောက်ကျတာမှန်ပေမယ့် ဒီနေ့တော့ဘာ ကြောင့်ရယ်မသိ စောစောပြန်လာချင်တာကြောင့်ပြန်လာခဲ့ရာ မာမီ့နဲ့အဲဒီလူစကားပြောနေတာကြောင့်ကိုယ့်ပါဆွဲထည့်မည်စိုး ၍ အကွယ်မှာခဏရပ်နေစဉ် ကြီးဥနှင့်ထိုလူပြောတာတွေပါ ကြားခဲ့ရ၍သူထိုလူ့အတွက်စိတ်မကောင်းပင်ဖြစ်သွားရသည်။

သို့ပေမယ့် သူ့ကိုကြည့်ပြီးကြောက်နေတဲ့ပုံစံကိုမြင်လေ သူစ ချင်လေဖြစ်၍ နှုတ်မှစကားလုံးတို့ကပျားသကာလိုမချိုခဲ့။

ယိင်းထိုလူထွက်သွားမှ ထိန်းထားတဲ့မျက်ရည်တို့ကအတား အဆီးမရှိ ကျလာခဲ့သည်။ တကယ်ပါပဲ ထိုလူဟာယိင်းကို အဲလောက်ထိမုန်းနေခဲ့တာလား။ လက်ကဒဏ်ရာကိုဆေး ထည့်ပြီးကုတင်ထက်လှဲကာ အိပ်လိုက်သည်။ အိပ်မပျော်တာ ကြောင့်စားပွဲပေါ်ရှိစာအုပ်တစ်အုပ်ကို ဆွဲယူလိုက်သည်။ ဖွင့် ဖတ်မည်ပြုကာလှန်လိုက်တော့ မျက်နှာထက်ပြုတ်ကျလာ သည့်ဓာတ်ပုံလေးတစ်ပုံ ရှေ့ဘက်ကိုမမြင်ရသေးပေမယ့် ကျောဘက်ကလက်ရေးဝိုင်းဝိုင်းလေးကတော့ ထင်းခနဲ။

20.4.2016

"ချစ်သောယိင်းအတွက်ကိုကို"တဲ့။ နောက်ဆုံးတော့လည်း သိပ်ချစ်ပါတယ်ဆိုတဲ့ကိုကိုတောင် ယိင်းကိုထားသွားခဲ့သေး တာမဟုတ်လား။ ဘာကြောင့်များ သူ့ဘဝကအခုလိုဝမ်းနည်း စရာတွေနဲ့ပြည့်နေရတာပါလိမ့်။ အတိတ်ဆိုတာအတိတ်မှာပဲ ရှိသင့်တဲ့အရာမဟုတ်လား။ ဒါပေမယ့်တချို့အမှတ်တရတွေ က တိုက်ဆိုင်မှုရှိလာတဲ့အခါ ပြန်သတိရတတ်ကြတာပါပဲလေ။