Chapter 23: Part-22(Final )(Z&U)

💘💘💘မနှုတ်ရက်လေသောဆူး💘💘💘 💘💘💘မနှုတ်ရက်လေသောဆူး💘💘💘Words: 24349

(Zawgyi)





" ယိင်း"

" ပြောလေမောင်"


" ဟင်ဘာလုပ်ရမှာလဲ"

" ရိုက်လိုက်လေ"


" အာ့"



" အင်းလေ"



" ဒေါက် ဒေါက် ဒေါက်"

" ဘယ်သူလဲ"

" မာမီပါ"

" ဪ ဟုတ်ကဲ့မာမီ"


" အိပ်ကြတော့မလို့လား"

" မအိပ်သေးပါဘူးမာမီ"




" ဗျာ""ဗျာ"







"ယိင်း "

" ခွင့်ပြုပေးပါနော်"

" ဟင်း"





" ဒေါက် ဒေါက် ဒေါက်"

" ၀င်ခဲ့ပါ"


" ပါ ပါး"




" များရီးချစ်"


" ဖယ်ပါ အခုမှလာပြီး"

" မဖယ်ပါဘူး "

" မောင့် "

" ဗျ"

" ဖယ်လို့"





" မောင်နော်"



" ဟုတ်ကဲ့ပါ ဘော့စ်"


" ပါပါးက စားဘူးလား"




" စားတော့မှာလားမောင်"






" အင်း ဘယ်ကိုလဲ"

" တောင်ကြီးကို"

" ဟား ဟား ဟား ဟား ဟား"

" ဟား ဟား ဟား ဟား ဟား "


************************************

Start date-20.5.2024

End date-11.6.2024



(Unicode)

ယိင်းနဲ့မောင်ရဲ့မင်္ဂလာပွဲကို မန္တလေးရှိမောင်တို့ခြံထဲမှာပဲ ကျင်းပဖြစ်ခဲ့သည်။ ထိုမင်္ဂလာပွဲကိုလာသောသူများ၏ အကြည့်အမျိုးမျိုးကိုလည်းခံရလေသည်။ အန်ကယ်ဦးဓနလျှံ နှင့်အန်တီဒေါ်မြသက်နှင်းတို့ကတော့ အရမ်းကိုပျော်နေကြ လေသည်။ ယိင်းနဲ့မောင်ကတော့ အတိုင်းအဆမရှိပေါ့။

" ကွန်ဂရက်ကျူလေးရှင်းပါ ယိင်း"

" ကျေးဇူးပါ ကိုဟန်လင်းသန့်ကို"

ယိင်းနဲ့သူစသိကတည်းက သူ့ကိုအခုလိုနာမည်အပြည့်အစုံ ခေါ်တာ ဒါပထမဆုံးပင်။ ဘာပဲဖြစ်ဖြစ်အခုတော့လည်းယိင်း က အိမ်ထောင်သည်ဖြစ်သွားပြီမို့ သူ့ခံစားချက်တွေကိုပဲ ပြန်မျိုသိပ်ထားလိုက်သည်။ အင်း... ဒီဘဝတော့ဒီမျှသာပေါ့ ယိင်းရယ်။

" ယိင်း"

" ပြောလေမောင်"

" မောင့်ကိုတစ်ခုခုလုပ်လိုက်စမ်းပါ"

" ဟင်ဘာလုပ်ရမှာလဲ"

" ရိုက်လိုက်လေ"

ယိင်းလည်းမောင့်လက်ကို ဆွဲလိမ်လိုက်တော့

" အာ့"

" ဆောရီးပါမောင် ငါအားပါသွားတယ်ထင်တယ်"

" ဒါဆိုမောင်အိမ်မက်မက်နေတာမဟုတ်ဘူးပ ဲ"

" အင်းလေ"

" ဆောရီးပါယိင်းရယ် ယိင်းမောင့်ကိုလက်ထပ်တယ်ဆိုတာ အခုထိမယုံနိုင်သေးလို့"

မင်္ဂလာပွဲလေးဟာ အောင်အောင်မြင်မြင်နဲ့ပဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ အခုတော့ မောင်နဲ့ယိင်းနှစ်ယောက်ထဲ မင်္ဂလာ အခန်းထဲမှာထိုင်နေစဉ်

" ဒေါက် ဒေါက် ဒေါက်"

" ဘယ်သူလဲ"

" မာမီပါ"

" ဪ ဟုတ်ကဲ့မာမီ"

တံခါးထဖွင့်ပေးတော့ အခန်းထဲဝင်လာသည့်မာမီ့လက်ထဲမှာ ယွန်းသေတ္တာလေးတစ်ခု ပါလာလေသည်။

" အိပ်ကြတော့မလို့လား"

" မအိပ်သေးပါဘူးမာမီ"

" ရော့သားတို့အတွက်မင်္ဂလာလက်ဖွဲ့ပါ တစ်ခုပဲမာမီတောင်း ဆိုပါရစေ"

" ပြောပါမာမီ""ဟုတ်ကဲ့ပြောပါ"

" မာမီမြေးလေးလိုချင်တယ်"

" ဗျာ""ဗျာ"

" သင့်တော်တဲ့နည်းလမ်းကိုလည်းမာမီစဉ်းစားထားပြီးသားပါ အဲဒီအတွက် လိုအပ်တာတွေအကုန်လုံးမာမီစီစဉ်ထားတယ်"

" ဘယ်လိုစီစဉ်ထားတာလဲဟင်"

" သားအိမ်အတုထည့်ပြီး ကိုယ်ဝန်ဆောင်ရမှာ"

မာမီ့အပြောကြောင့်နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် အချိန်အကြာကြီအထိစိုက်ကြည့်နေမိသည်။ မာမီကတော့နှစ်ယောက်တိုင်ပင်ပြီး သေချာဆုံးဖြတ်ကြဟု မှာကြားကာ ပြန်ထွက်သွားလေသည်။

" အန္တရာယ်မများဘူးလားဟင်'

" ဒါပေမယ့် ယိင်းလုပ်ကြည့်ချင်တယ်"

"ယိင်း "

" ခွင့်ပြုပေးပါနော်"

" ဟင်း"

ကိုးအနဂ္ဂလျှံလည်း သက်ပြင်းအရှည်ကြီးချကာ ခေါင်းကိုငြိမ့် ပြလိုက်တော့ မြတ်နိုးရတဲ့လူသားလေးကရင်ခွင်ထဲတိုးကာ ခါးကိုအတင်းအကျပ် လာဖက်လေသည်။

" မပြင်တော့ဘူးလားယိင်း"

" ဟင့်အင်း ယိင်းမောင့်အတွက်ပျော်စရာမိသားစုလေး ဖန်တီး ပေးပါရစေ"

ရက်တွေလတွေတဖြည်းဖြည်းပြောင်းကာ အချိန်အားဖြင့် သုံးနှစ်ခန့်ရှိပြီဖြစ်သည်။ ဓနလျှံကျောက်မျက်နှင့်ရတနာ လုပ်ငန်းစု၏ရုံးခန်းထဲတွင် လုပ်ငန်းစုဥက္ကဌဖြစ်တဲ့ကိုးအနဂ္ဂလျှံ မှာတော့ အလုပ်တွေရှုပ်နေလေသည်။

" ဒေါက် ဒေါက် ဒေါက်"

" ဝင်ခဲ့ပါ"

ရုံးခန်းထဲသို့ နှစ်နှစ်အရွယ်ခန့်ရှိကလေးငယ်တစ်ဦးနှင့်အတူ ဖခင်ဖြစ်ဟန်တူသည့်အမျိုးသားတစ်ဦးတို့ လက်ထဲတွင် ထမင်းချိုင့်နှင့်အတူ ရုံးခန်းထဲသို့ဝင်လာလေသည်။

" ပါ ပါး"

ကလေးသည် ပါပါးဟုခေါ်ကာပြေးသွားသဖြင့်

"ပါပါးဆီ ဖြေးဖြေးသွားမှပေါ့ သားကိုးကုဋေယိင်းရယ်"

" သားက ပါပါးကိုချစ်လို့လား"

" များရီးချစ်"

လက်ကလည်းအမူအယာလေးပြကာပြောလာသည့် ကလေးငယ်ကြောင့် ကြည်နူးရပြန်ပါသည်။ ထို့နောက် ကိုးသည်ကလေးဆီပဲအာရုံရောက်နေ၍ မိမိအားစိတ်ကောက် နေသည့်အမျိုးသားလေးဆီသွားကာ ခါးမှနေ၍ဖက်ထားလိုက် သည်။

" ဖယ်ပါ အခုမှလာပြီး"

" မဖယ်ပါဘူး "

" မောင့် "

" ဗျ"

" ဖယ်လို့"

ယိင်းအတင်းပြောမှ ပါးလေးတစ်ဖက်အားအနမ်းလေးပေးကာ လွှတ်ပေးလေသည်။ သားကတော့အဖေနှစ်ယောက်ကိုကြည့် ပြီး သဘောတွေကျနေလေရဲ့။

" ဘာတွေချက်လာပြန်တာလဲ မောင့်အသည်း"

" မောင်ကြိုက်တဲ့ ငါးဖယ်ရဲယိုရွက်ချက်လာတယ်"

" ဟုတ်လား ဒါပေမယ့်မောင်ကယိင်းကိုပိုစားချင်တယ်"

" မောင်နော်"

မောင်ကခလုပ်တစ်ခုကိုနှိပ်လိုက်တော့ အတွင်းရေးမှူးဖြစ်တဲ့ ဆုလဲ့ဆိုတဲ့သူဝင်လာလေသည်။

" ဆုလဲ့ ကလေးကိုခေါ်ပြီးမုန့်သွားဝယ်ကျွေးလိုက် ငါမခေါ်မချင်းဝင်မလာနဲ့"

" ဟုတ်ကဲ့ပါ ဘော့စ်"

" သား ကုဋေလေးမမနဲ့မုန့်ဝယ်လိုက်သွားနော်"

" ပါပါးက စားဘူးလား"

" ပါပါးက ဒီမှာစားစရာရှိတယ်လေ"

ယိင်းကိုကြည့်ပြီးပြောချလိုက်တဲ့မောင်ကြောင့် ယိင်းနားထင် ကြောလေးများပင်ထောင်သွားသကဲ့သို့ခံစားရကာ ခေါင်းကိုငုံ့ ထားလိုက်သည်။

တကယ်ပါပဲ မောင့်ရဲ့အမျိုးသားလေးဟာလေ ကလေးတစ် ယောက်တောင်ရနေပြီ အခုထိရှက်နေတုန်း ဒါကြောင့်လည်း သူယိင်းကိုကြည့်မိတဲ့အချိန်တိုင်း သူအသည်းယားလာခြင်း ပင်။

" စားတော့မှာလားမောင်"

မေးပြီးထမင်းချိုင့်ကိုဖွင့်မည်ပြုတော့ မောင်ကနောက်ကနေခါး ကိုဖက်ထားပြီးနားနားကိုတိုးကာ

" အင်းအရမ်းကိုစားချင်နေပြီ ထမင်းတော့မဟုတ်ဘူး ယိင်း ကို"

ပြောပြီး မောင်ကစတင်စားသုံးလေသည်။ အချိန်ဘယ် လောက်ကြာသွားလဲဆိုရင် နေ့လည်ကတည်းကစခဲ့ပြီး အားလုံးပြီးတဲ့အချိန်တွင် သားကုဋလေးပင်အိပ်ပျော်နေလေပြီ။ နာရီကိုကြည့်လိုက်တော့ အချိန်အားဖြင့် ညခုနစ်နာရီခွဲ။

" မောင်တို့မိသားစု ခရီးမထွက်တာကြာတော့ ဒီတစ်ပတ် ပိတ်ရက်ကြ ဘယ်သွားချင်လဲဟင်"

" မောင်တကယ်လိုက်ပို့မှာလားပြော"

" အင်း ဘယ်ကိုလဲ"

" တောင်ကြီးကို"

" ဟား ဟား ဟား ဟား ဟား"

" ဟား ဟား ဟား ဟား ဟား "

ကားပေါ်ရှိလူနှစ်ယောက်၏ ရယ်သံများနှင့်အတူ ကားအ နောက်ခန်းက ကလေးငယ်၏ဟောက်သံများက ဆူညံသွား ခဲ့သည်။ တဖြည်းဖြည်းနှင့်ကားလေးသည် မန္တလေးမြို့နှင့် ဝေးကွာလာခဲ့ပြီး တောင်ကြီးမြို့ဆီသို့ဦးတည်လာ ခဲ့ပြီ ဖြစ်သည်။

************************************

Start date-20.5.2024

End date-11.6.2024

အရေးအသားများဒီထက်ပိုကောင်းအောင် ကြိုးစားပါဦးမည်။

ဝါသနာအရရေးခြင်းဖြစ်၍ သည်းခံပြီးဖတ်ရှူ့ပေးကြတဲ့ တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်စွာဖြင့်....။

PreviousContents
Last Chapter
PreviousContents
Next