Chapter 19: Part-18(Z&U)

💘💘💘မနှုတ်ရက်လေသောဆူး💘💘💘 💘💘💘မႏႈတ္ရက္ေလေသာဆူး💘💘💘Words: 25559

(Zawgyi)

" သားေလးယိင္း ႀကီးတင္အားလံုးျပင္ဆင္ၿပီးသြားၿပီ"

" ဟုတ္ကဲ့ပါႀကီးတင္"

သူဒီျပန္ေရာက္တုန္း ဒယ္ဒီနဲ႔မာမီအုတ္ဂူဆီသြားေရာက္ကန္ ေတာ့ရန္ ျပင္ဆင္ေနျခင္းျဖစ္သည္။ ေမာင္ကေတာ့ယိင္းကို အရိပ္တၾကည့္ၾကည့္

" ယိင္း ေနလို႔ေကာင္းရဲ႕လား"

" ေကာင္းပါတယ္ေမာင္"

ေမာင္သည္စတစ္အျဖဴေရာင္လက္ရွည္ေလးကိုမွ နက္ျပာေရာင္ပုဆိုးကြက္စိပ္ေလးႏွင့္မို႔ လူႀကီးဆန္ဆန္တစ္မ်ဳိး ေလးၾကည့္ေကာင္းေနျပန္သည္။ ေမာင့္ကိုအက်ႌၾကယ္သီး တပ္ေပးေနရင္းမွ ဘယ္ဘက္ရင္အံုေလးအားခပ္ဖြဖြအနမ္း ေလးေပးမိေတာ့ ေမာင္ကသေဘာက်စြာရယ္ေလသည္။

" အဟမ္း ယိင္းေမာင္တို႔ဒီေန႔မသြားျဖစ္ေအာင္မလုပ္နဲ႔ေနာ္"

သူေျပာလိုက္ေတာ့ က်န္ေနသည့္ၾကယ္သီးမ်ားကိုပင္ တပ္မေပးေတာ့ဘဲ ေအာက္ကိုတစ္ခ်ဳိးတည္းလစ္ေျပးေလ သည္။ေမာင့္ရဲ႕ယိင္းကေတာ့ေလ ဘယ္အခ်ိန္ျဖစ္ျဖစ္ခ်စ္စရာ ေကာင္းေနတာပါပဲ။ အားလံုးျပင္ဆင္ၿပီးေအာက္ထပ္သို႔ဆင္း လာခဲ့လိုက္သည္။

" ၿပီးၿပီလားေမာင္ သြားရေအာင္"

" အင္း သြားၾကမယ္ေလ"

" အဲဒါဆိုႀကီးႀကီးတင္ သားတို႔ခဏသြားလိုက္ပါဦးမယ္"

" ေအးပါကြယ္ ျဖည္းျဖည္းေမာင္းၾကေနာ္"

ကားေလးသည္ ၿခံ၀န္းထဲမွထြက္လာၿပီးမိနစ္ႏွစ္ဆယ္ခန္႔မွ် အၾကာတြင္ သခ်ဳႋင္းတစ္ခု၏၌အေရွ႕ရပ္ကာ ကားေပၚမွ ေကာင္ေလးႏွစ္ေယာက္ဆင္းလာေလသည္။

" ေမာင္ကဒီပစၥည္းေတြသယ္ခဲ့မယ္ ယိင္းကပန္းေတြပဲသယ္ ခဲ့ေနာ္"

ေမာင္သည္ေျပာၿပီး ယိင္းေနာက္ကပါလာေလသည္။ မၾကာမီ ယိင္းရဲ႕မိဘႏွစ္ပါးျမႇဳပ္ႏွံထားရာ အုတ္ဂူေရွ႕သို႔ေရာက္လာေလ သည္။

" ဦးေကာင္းမာန္ဟိန္း

အသက္-၅၁ႏွစ္

15.9.2019ေန႔တြင္ကြယ္လြန္သည္"

" ေဒၚပုလဲျဖဴ

အသက္- ၅၀ႏွစ္

15.9.2019ေန႔တြင္ကြယ္လြန္သည္"

ပါလာတဲ့ပစၥည္းမ်ားႏွင့္ ကံ့ေကာ္ပန္းမ်ားကိုအုတ္ဂူေလးမ်ား ေပၚတင္ေပးရင္း ယိင္းမ်က္၀န္းမွမ်က္ရည္တို႔စီးက်လာ ခဲ့သည္။

" ငိုခ်င္ရင္ငိုခ်လိုက္ပါယိင္း ေဘးမွာေမာင္ရိွေနတယ္ေနာ္"

တစ္ေကာင္ႂကြက္ဆိုတဲ့အသိနဲ႔ ၀မ္းနည္းမိသြားေပမယ့္ ေမာင္ရိွေနေသးတယ္ဆိုတဲ့အသိနဲ႔ ယိင္းစိတ္တို႔ကိုျပန္လည္ အားတင္းလိုက္သည္။

" ယိင္းမိဘႏွစ္ပါးလံုးဆံုး႐ံႈးလိုက္ရတဲ့ေန႔က ယိင္းကမ႓ာပ်က္ ၿပီထင္ေနတာ ေမာင့္ရဲ႕မိဘေတြကယိင္းအေပၚတကယ္ ေကာင္းေပးခဲ့တယ္ "

" အခုကစၿပီးေမာင္က ယိင္းအေပၚအရင္ကထက္ပိုၿပီး ေကာင္းေပးပါ့မယ္ေနာ္"

" ေက်းဇူးတင္ပါတယ္ေမာင္ ၿပီးေတာ့မာမီတို႔ကိုလည္း ယိင္းေက်းဇူးတင္ပါတယ္ ေမာင့္ကိုယိင္းအတြက္လက္ေဆာင္ ေပးထားခဲ့တဲ့အတြက္ေပါ့"

" ကြၽန္ေတာ္ကလည္းအန္ကယ္လ္တို႔အန္တီတို႔ကို ေက်းဇူး အမ်ားႀကီးတင္ပါတယ္"

" ဘာလို႔လဲေမာင္"

" ေဟာဒီလိုခ်စ္စရာေကာင္းတဲ့သူကို ေမြးေပးခဲ့တဲ့အတြက္ ေပါ့"

ေမာင့္ရဲ႕အေျဖစကားက ယိင္းကိုစိတ္ေက်နပ္ေစပါသည္။ ေမာင္သာမရိွရင္ ယိင္းအခုလိုရပ္တည္ေနႏိုင္ပါ့မလား မေသခ်ာေပ။ မၾကာမီမိုးရြာေတာ့မည္ထင္ ေကာင္းကင္ျပင္ တစ္ခြင္လံုး အံု႔မိႈင္းလာေလသည္။

" မိုးရြာေတာ့မယ္ထင္တယ္ယိင္း ျပန္ၾကရေအာင္ေနာ္"

" အင္း"

ေမာင္နဲ႔ယိင္းလည္း မိဘႏွစ္ပါးအားရည္စူးကာကန္ေတာ့ခဲ့ၿပီး အ္မ္သို႔ျပန္လာခဲ့ေလသည္။ လမ္းမေပၚေရာက္သည္ႏွင့္ ဘယ္အခ်ိန္ကတည္းကၿငိဳးထားခဲ့လဲမသိတဲ့မိုးသည္ သည္းႀကီးမဲႀကီးရြာခ်လာေလသည္။ ကားကိုလမ္းေဘးခဏ ထိုးရပ္ကာ မိုးတိတ္ေအာင္ေစာင့္လိုက္သည္။ မိုးေရထဲမွာ ကားေမာင္းတာကို ယိင္းေၾကာက္သည္။ ဒယ္ဒီနဲ႔မာမီ့ကိုယိင္း ဆံုး႐ံႈးလိုက္ရတာလည္း မိုးေရထဲမွာကားေမာင္းလို႔ပဲ မဟုတ္လား။အဲဒီေန႔က အဲဒီေန႔က....

" ယိင္းအရမ္းေနမေကာင္းျဖစ္ေနတယ္ မမေလးျဖဴ"

" ကြၽန္မတို႔ျပန္လာေနၿပီ ခဏေလာက္ပဲေစာင့္ပါေနာ္ ဒါမွမဟုတ္ေဆး႐ံုသြားႏွင့္လိုက္ပါလား ျဖဴတို႔လိုက္လာခဲ့ပါ့မယ္မမတင္"

အိမ္ေတာ္ထိန္းလင္မယားမွဖုန္းလွန္းဆက္သျဖင့္ လုပ္လက္စ အလုပ္မ်ားကိုလက္စသပ္ခဲ့ၿပီး အိမ္သို႔ျပန္လာခဲ့လိုက္သည္။ သားယိင္းကငယ္ငယ္ကတည္းက အခင္ပါးတတ္သူျဖစ္၍ သူမပို၍စိတ္ပူကာ ကားကိုျမန္ျမန္ေမာင္းဖို႔ေျပာခဲ့သည္။

" ကားကိုျမန္ျမန္ေမာင္းပါ ကိုေကာင္းမာန္ရယ္"

" ကိုယ္လည္းေမာင္းေနတာပဲ ျဖဴရယ္"

လမ္းတစ္၀က္အေရာက္တြင္မိုးကသည္းႀကီးမည္းႀကီးရြာခ် ေလေတာ့သည္။ အိမ္နီးလာၿပီဆိုတဲ့စိတ္ႏွင့္ အရိွန္ကိုပိုတင္ လိုက္ခ်ိန္မွာ တစ္ဖက္ကကားမီးေရာင္ေၾကာင့္ လမ္းေဘး ခ်ေပးလိုက္ေသာ္လည္း အရိွန္မထိန္းႏိုင္ပဲကားကေခ်ာက္ထဲ ျပဳတ္ၾကသြားခဲ့ၿပီး ေပါက္ကြဲမႈေၾကာင့္လင္မယားႏွစ္ေယာက္ စလံုး ဆံုးပါးသြားခဲ့ၾကသည္။

ယိင္းကိုေဆးခန္းပို႔ၿပီးျပန္လာေတာ့ေဆးတိုက္ကာ သိပ္ခဲ့ၿပီး အိမ္ေအာက္သို႔ဆင္းလာခဲ့ခ်ိန္ ဖုန္း၀င္လာသျဖင့္ေကာက္ကိုင္ လိုက္သည္။

" ဟယ္လို "

" ဦးေကာင္းမာန္ဟိန္းတို႔အိမ္ကပါလားဗ်ာ"

" ဟုတ္ပါတယ္"

" ဟုတ္ကဲ့ သူတို႔အခုကားအက္စီးဒင့္ျဖစ္လို႔ပါ ႏွစ္ေယာက္စ လံုးအသက္မရွင္ေတာ့ပါဘူး အဲဒါအေၾကာင္းၾကားတာပါ"

" ရွင္"

" အဲဒါဆို ခြင့္ျပဳပါဦးဗ်ာ"

သားေလးယိင္းကလည္းေနမေကာင္းျဖစ္ေနတာမို႔ သူမဘယ္လိုေျပာျပရမလဲမသိေပ။ ညလယ္ေလာက္ေရာက္ ေတာ့ အဖ်ားက်သြားၿပီျဖစ္ကာလူကနည္းနည္းထူထူေထာင္ ေထာင္ျဖစ္လာေလသည္။ အေျခအေနကိုခဏၾကည့္ၿပီး ဘယ္ ကစေျပာရမလဲဆိုတာကိုပဲ ထပ္ကာထပ္ကာစဥ္းစားေနမိ သည္။ ႐ုတ္တရက္ေခါင္းထဲေပၚလာတာက မမႀကီးတို႔ရဲ႕မိတ္ ေဆြျဖစ္ၿပီးညီအစ္ကိုအရင္းလိုခင္တဲ့ ဦးဓနလွ်ံတို႔ဆီဖုန္းဆက္ အေၾကာင္းၾကားလိုက္သည္။ သူတို႔ေရာက္လာမွပဲ ယိင္းကိုေျပာျပၾကေလသည္။ အဖ်ားေပ်ာက္ကာစမို႔ေရာ ရင္ထဲကနာက်င္ရတာေရာေပါင္းၿပီး ေခါင္းထဲတဆစ္ဆစ္ကိုက္ ခဲေနရာမွ သတိလစ္သြားခဲ့သည္။

" ယိင္း ယိင္း သားေလး"

" ယိင္းလူေလးသတိထားပါဦးကြယ္"

" ယိင္း ဘာျဖစ္သြားတာလဲ"

ပတ္၀န္းက်င္ရိွအသံမ်ားဆူညံေနေပမယ့္ ယိင္းအသိကေတာ့ ခဏဆိတ္သုဥ္းသြားခဲ့သည္။ ယိင္း သတိျပန္ရလာေတာ့ ေဆး႐ံုက အခန္းတစ္ခုထဲမွာျဖစ္သည္။ ဒယ္ဒီနဲ႔မာမီကိစၥ ၿပီးေတာ့ ဒယ္ဒီ့သူငယ္ခ်င္းဦးဓနလွ်ံတို႔ဇနီးေမာင္ႏွံက ယိင္းကို ေစာင့္ေရွာက္ေပးရမည့္ကတိတည္ႏိုင္ဖို႔ သူတို႔ႏွင့္အတူလိုက္ ခဲ့ရန္ေခၚသျဖင့္ ယိင္းအခုလိုေမာင္တို႔အိမ္ကိုေရာက္ခဲ့ရတာ ျဖစ္သည္။

(Unicode)

" သားလေးယိင်း ကြီးတင်အားလုံးပြင်ဆင်ပြီးသွားပြီ"

" ဟုတ်ကဲ့ပါကြီးတင်"

သူဒီပြန်ရောက်တုန်း ဒယ်ဒီနဲ့မာမီအုတ်ဂူဆီသွားရောက်ကန် တော့ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ မောင်ကတော့ယိင်းကို အရိပ်တကြည့်ကြည့်

" ယိင်း နေလို့ကောင်းရဲ့လား"

" ကောင်းပါတယ်မောင်"

မောင်သည်စတစ်အဖြူရောင်လက်ရှည်လေးကိုမှ နက်ပြာရောင်ပုဆိုးကွက်စိပ်လေးနှင့်မို့ လူကြီးဆန်ဆန်တစ်မျိုး လေးကြည့်ကောင်းနေပြန်သည်။ မောင့်ကိုအင်္ကျီကြယ်သီး တပ်ပေးနေရင်းမှ ဘယ်ဘက်ရင်အုံလေးအားခပ်ဖွဖွအနမ်း လေးပေးမိတော့ မောင်ကသဘောကျစွာရယ်လေသည်။

" အဟမ်း ယိင်းမောင်တို့ဒီနေ့မသွားဖြစ်အောင်မလုပ်နဲ့နော်"

သူပြောလိုက်တော့ ကျန်နေသည့်ကြယ်သီးများကိုပင် တပ်မပေးတော့ဘဲ အောက်ကိုတစ်ချိုးတည်းလစ်ပြေးလေ သည်။မောင့်ရဲ့ယိင်းကတော့လေ ဘယ်အချိန်ဖြစ်ဖြစ်ချစ်စရာ ကောင်းနေတာပါပဲ။ အားလုံးပြင်ဆင်ပြီးအောက်ထပ်သို့ဆင်း လာခဲ့လိုက်သည်။

" ပြီးပြီလားမောင် သွားရအောင်"

" အင်း သွားကြမယ်လေ"

" အဲဒါဆိုကြီးကြီးတင် သားတို့ခဏသွားလိုက်ပါဦးမယ်"

" အေးပါကွယ် ဖြည်းဖြည်းမောင်းကြနော်"

ကားလေးသည် ခြံဝန်းထဲမှထွက်လာပြီးမိနစ်နှစ်ဆယ်ခန့်မျှ အကြာတွင် သချုႋင်းတစ်ခု၏၌အရှေ့ရပ်ကာ ကားပေါ်မှ ကောင်လေးနှစ်ယောက်ဆင်းလာလေသည်။

" မောင်ကဒီပစ္စည်းတွေသယ်ခဲ့မယ် ယိင်းကပန်းတွေပဲသယ် ခဲ့နော်"

မောင်သည်ပြောပြီး ယိင်းနောက်ကပါလာလေသည်။ မကြာမီ ယိင်းရဲ့မိဘနှစ်ပါးမြှုပ်နှံထားရာ အုတ်ဂူရှေ့သို့ရောက်လာလေ သည်။

" ဦးကောင်းမာန်ဟိန်း

အသက်-၅၁နှစ်

15.9.2019နေ့တွင်ကွယ်လွန်သည်"

" ဒေါ်ပုလဲဖြူ

အသက်- ၅၀နှစ်

15.9.2019နေ့တွင်ကွယ်လွန်သည်"

ပါလာတဲ့ပစ္စည်းများနှင့် ကံ့ကော်ပန်းများကိုအုတ်ဂူလေးများ ပေါ်တင်ပေးရင်း ယိင်းမျက်ဝန်းမှမျက်ရည်တို့စီးကျလာ ခဲ့သည်။

" ငိုချင်ရင်ငိုချလိုက်ပါယိင်း ဘေးမှာမောင်ရှိနေတယ်နော်"

တစ်ကောင်ကြွက်ဆိုတဲ့အသိနဲ့ ဝမ်းနည်းမိသွားပေမယ့် မောင်ရှိနေသေးတယ်ဆိုတဲ့အသိနဲ့ ယိင်းစိတ်တို့ကိုပြန်လည် အားတင်းလိုက်သည်။

" ယိင်းမိဘနှစ်ပါးလုံးဆုံးရှုံးလိုက်ရတဲ့နေ့က ယိင်းကမ္ဘာပျက် ပြီထင်နေတာ မောင့်ရဲ့မိဘတွေကယိင်းအပေါ်တကယ် ကောင်းပေးခဲ့တယ် "

" အခုကစပြီးမောင်က ယိင်းအပေါ်အရင်ကထက်ပိုပြီး ကောင်းပေးပါ့မယ်နော်"

" ကျေးဇူးတင်ပါတယ်မောင် ပြီးတော့မာမီတို့ကိုလည်း ယိင်းကျေးဇူးတင်ပါတယ် မောင့်ကိုယိင်းအတွက်လက်ဆောင် ပေးထားခဲ့တဲ့အတွက်ပေါ့"

" ကျွန်တော်ကလည်းအန်ကယ်လ်တို့အန်တီတို့ကို ကျေးဇူး အများကြီးတင်ပါတယ်"

" ဘာလို့လဲမောင်"

" ဟောဒီလိုချစ်စရာကောင်းတဲ့သူကို မွေးပေးခဲ့တဲ့အတွက် ပေါ့"

မောင့်ရဲ့အဖြေစကားက ယိင်းကိုစိတ်ကျေနပ်စေပါသည်။ မောင်သာမရှိရင် ယိင်းအခုလိုရပ်တည်နေနိုင်ပါ့မလား မသေချာပေ။ မကြာမီမိုးရွာတော့မည်ထင် ကောင်းကင်ပြင် တစ်ခွင်လုံး အုံ့မှိုင်းလာလေသည်။

" မိုးရွာတော့မယ်ထင်တယ်ယိင်း ပြန်ကြရအောင်နော်"

" အင်း"

မောင်နဲ့ယိင်းလည်း မိဘနှစ်ပါးအားရည်စူးကာကန်တော့ခဲ့ပြီး အ်မ်သို့ပြန်လာခဲ့လေသည်။ လမ်းမပေါ်ရောက်သည်နှင့် ဘယ်အချိန်ကတည်းကငြိုးထားခဲ့လဲမသိတဲ့မိုးသည် သည်းကြီးမဲကြီးရွာချလာလေသည်။ ကားကိုလမ်းဘေးခဏ ထိုးရပ်ကာ မိုးတိတ်အောင်စောင့်လိုက်သည်။ မိုးရေထဲမှာ ကားမောင်းတာကို ယိင်းကြောက်သည်။ ဒယ်ဒီနဲ့မာမီ့ကိုယိင်း ဆုံးရှုံးလိုက်ရတာလည်း မိုးရေထဲမှာကားမောင်းလို့ပဲ မဟုတ်လား။အဲဒီနေ့က အဲဒီနေ့က....

" ယိင်းအရမ်းနေမကောင်းဖြစ်နေတယ် မမလေးဖြူ"

" ကျွန်မတို့ပြန်လာနေပြီ ခဏလောက်ပဲစောင့်ပါနော် ဒါမှမဟုတ်ဆေးရုံသွားနှင့်လိုက်ပါလား ဖြူတို့လိုက်လာခဲ့ပါ့မယ်မမတင်"

အိမ်တော်ထိန်းလင်မယားမှဖုန်းလှန်းဆက်သဖြင့် လုပ်လက်စ အလုပ်များကိုလက်စသပ်ခဲ့ပြီး အိမ်သို့ပြန်လာခဲ့လိုက်သည်။ သားယိင်းကငယ်ငယ်ကတည်းက အခင်ပါးတတ်သူဖြစ်၍ သူမပို၍စိတ်ပူကာ ကားကိုမြန်မြန်မောင်းဖို့ပြောခဲ့သည်။

" ကားကိုမြန်မြန်မောင်းပါ ကိုကောင်းမာန်ရယ်"

" ကိုယ်လည်းမောင်းနေတာပဲ ဖြူရယ်"

လမ်းတစ်ဝက်အရောက်တွင်မိုးကသည်းကြီးမည်းကြီးရွာချ လေတော့သည်။ အိမ်နီးလာပြီဆိုတဲ့စိတ်နှင့် အရှိန်ကိုပိုတင် လိုက်ချိန်မှာ တစ်ဖက်ကကားမီးရောင်ကြောင့် လမ်းဘေး ချပေးလိုက်သော်လည်း အရှိန်မထိန်းနိုင်ပဲကားကချောက်ထဲ ပြုတ်ကြသွားခဲ့ပြီး ပေါက်ကွဲမှုကြောင့်လင်မယားနှစ်ယောက် စလုံး ဆုံးပါးသွားခဲ့ကြသည်။

ယိင်းကိုဆေးခန်းပို့ပြီးပြန်လာတော့ဆေးတိုက်ကာ သိပ်ခဲ့ပြီး အိမ်အောက်သို့ဆင်းလာခဲ့ချိန် ဖုန်းဝင်လာသဖြင့်ကောက်ကိုင် လိုက်သည်။

" ဟယ်လို "

" ဦးကောင်းမာန်ဟိန်းတို့အိမ်ကပါလားဗျာ"

" ဟုတ်ပါတယ်"

" ဟုတ်ကဲ့ သူတို့အခုကားအက်စီးဒင့်ဖြစ်လို့ပါ နှစ်ယောက်စ လုံးအသက်မရှင်တော့ပါဘူး အဲဒါအကြောင်းကြားတာပါ"

" ရှင်"

" အဲဒါဆို ခွင့်ပြုပါဦးဗျာ"

သားလေးယိင်းကလည်းနေမကောင်းဖြစ်နေတာမို့ သူမဘယ်လိုပြောပြရမလဲမသိပေ။ ညလယ်လောက်ရောက် တော့ အဖျားကျသွားပြီဖြစ်ကာလူကနည်းနည်းထူထူထောင် ထောင်ဖြစ်လာလေသည်။ အခြေအနေကိုခဏကြည့်ပြီး ဘယ် ကစပြောရမလဲဆိုတာကိုပဲ ထပ်ကာထပ်ကာစဉ်းစားနေမိ သည်။ ရုတ်တရက်ခေါင်းထဲပေါ်လာတာက မမကြီးတို့ရဲ့မိတ် ဆွေဖြစ်ပြီးညီအစ်ကိုအရင်းလိုခင်တဲ့ ဦးဓနလျှံတို့ဆီဖုန်းဆက် အကြောင်းကြားလိုက်သည်။ သူတို့ရောက်လာမှပဲ ယိင်းကိုပြောပြကြလေသည်။ အဖျားပျောက်ကာစမို့ရော ရင်ထဲကနာကျင်ရတာရောပေါင်းပြီး ခေါင်းထဲတဆစ်ဆစ်ကိုက် ခဲနေရာမှ သတိလစ်သွားခဲ့သည်။

" ယိင်း ယိင်း သားလေး"

" ယိင်းလူလေးသတိထားပါဦးကွယ်"

" ယိင်း ဘာဖြစ်သွားတာလဲ"

ပတ်ဝန်းကျင်ရှိအသံများဆူညံနေပေမယ့် ယိင်းအသိကတော့ ခဏဆိတ်သုဉ်းသွားခဲ့သည်။ ယိင်း သတိပြန်ရလာတော့ ဆေးရုံက အခန်းတစ်ခုထဲမှာဖြစ်သည်။ ဒယ်ဒီနဲ့မာမီကိစ္စ ပြီးတော့ ဒယ်ဒီ့သူငယ်ချင်းဦးဓနလျှံတို့ဇနီးမောင်နှံက ယိင်းကို စောင့်ရှောက်ပေးရမည့်ကတိတည်နိုင်ဖို့ သူတို့နှင့်အတူလိုက် ခဲ့ရန်ခေါ်သဖြင့် ယိင်းအခုလိုမောင်တို့အိမ်ကိုရောက်ခဲ့ရတာ ဖြစ်သည်။