Chapter 14: Part-13(Z&U)

💘💘💘မနှုတ်ရက်လေသောဆူး💘💘💘 💘💘💘မႏႈတ္ရက္ေလေသာဆူး💘💘💘Words: 20213

(Zawgyi)

“ ဘယ္လိုလဲသားေလးေနေကာင္းလား"

“ မာမီတို႔ကိုလြမ္းေနတာကလြဲရင္ ေနေကာင္းပါတယ္"

“ ယိင္းနဲ႔ေရာအဆင္ေျပေအာင္ေနလား"

“ အဆင္ေျပပါတယ္မာမီ"

“ မာမီယိင္းနဲ႔ေျပာခ်င္တယ္"

“ ဟုတ္ခဏေလးေနာ္"

ေရခ်ဳိးၿပီးထြက္လာေတာ့ မာမီတို႔ဆီမွ video call ၀င္လာသျဖင့္ ေျပာေနသည္မွာအက်ႌပင္မ၀တ္ရေသးေခ်။ ယိင္းအခန္းဆီထြက္လာခဲ့လိုက္သည္။

“ ယိင္း ယိင္းတံခါးဖြင့္ေပးပါဦး"

“ အင္းခဏေလး"

အခန္းတံခါးဖြင့္ေပးၿပီး သူ႕ကိုျမင္ေတာ့မ်က္လံုးမ်ားျပဴးကာ တံခါးကိုအတင္းျပန္ပိတ္ေလသည္။

“ ေမာင္ ဘာလာလုပ္တာလဲလို႔"

“ ဘာလဲ ေမာင္ကဘာလုပ္လို႔လဲ"

“ ေမာင္က အက်ႌလဲမပါဘူး"

“ ဪ ေမာင္ကအခုမွေရခ်ဳိးၿပီးတာေလ အဟမ္း ယိင္းကေမာင့္ကိုဘယ္လိုေတြးေနတာလဲ ဒီမွာ ေမာင္ကမာမီတို႔ဆီက ဖုန္းလာလို႔ယိင္းနဲ႔ေျပာခ်င္တယ္ဆိုလို႔ လာပို႔တာေလ"

“ ဟင္ "

သူရွင္းျပလိုက္မွတံခါးျပန္ဖြင့္ေပးေလသည္။ ဖုန္းကိုသာ ယူသြားၿပီး သူ႕ကိုေတာ့၀င္ခြင့္မေပးခဲ့။ ယိင္းအရမ္းရွက္ေနမွာ သူသိသည္။

“ ဟယ္လို မာမီေနေကာင္းလား"

“ ေကာင္းပါတယ္ရွင္ ဒါနဲ႔မာမီခုနကေမာင္လို႔ေခၚသံ ျကားလိုက္သလားလို႔"

“ ဟို ဟိုေလ"

“ ဘာလဲ ႏွစ္ေယာက္အဆင္ေျပသြားၿပီလား"

“ အဲဒါကေလ ဟို ယိင္းေမာင့္ကိုအေျဖျပန္ေပးလိုက္ပါၿပီ"

“ လူႀကီးေတြသေဘာထားေၾကာင့္ လက္ထပ္လိုက္ရတာမ်ဳိး မျဖစ္တဲ့အတြက္ မာမီအရမ္း၀မ္းသာတာပဲ"

“ မာမီေရာဒယ္ဒီေရာ က်န္းမာေရးဂ႐ုစိုက္ပါေနာ္"

“ စိတ္ခ်ပါ မာမီ့သားေတြအတြက္က်န္းမာေရးအၿမဲတမ္း ဂ႐ုစိုက္ေနတယ္"

“ သားတို႔ကို မာမီတကယ္သေဘာတူရဲ႕လား"

“ ဟိုးအရင္ သားတို႔မေမြးခင္ကတည္းကသေဘာတူထားခဲ့ တာ ယိင္းရဲ႕မိဘေတြနဲ႔မာမီတို႔နဲ႔က ညီအစ္ကိုလိုေနခဲ့ၾကၿပီး တစ္ႏွစ္ထဲမွာပဲအတူတူ လက္ထပ္ခဲ့ၾကတယ္ ေမြးလာတဲ့ သားသမီးေတြကိုလက္ထပ္ ေပးဖို႔လည္းကတိထားခဲ့ၾကတယ္ ဒါေပမယ့္ယိင္းမာမီ ေဒၚပုလဲျဖဴကအရင္ယိင္းကိုေမြးခဲ့တယ္ မာမီကေတာ့ႏွစ္ႏွစ္ ၾကာၿပီးမွသားကိုးအနဂၢလွ်ံကိုေမြးခဲ့တယ္"

“ ႏွစ္ေယာက္လံုးကေယာက်္ားေလးျဖစ္ေနေတာ့ မာမီတို႔

ကတိကိုဖ်က္လို႔ရတာပဲေလ"

“ အင္း ဒါေပမယ့္ႏွစ္ဖက္လံုးကဖ်က္ဖို႔မစဥ္းစားခဲ့ဘူး"

“ ဘာျဖစ္လို႔လဲဟင္"

“ ဒါက သားတို႔ရဲ႕ေရစက္ပဲမို႔ေလ"

“ ယိင္းမာမီတို႔ကို ေက်းဇူးတင္ပါတယ္ "

“ ကဲသားလည္းနားေတာ့ေလ တေနကုန္အလုပ္လုပ္ထား ေတာ့ပင္ပန္းေနမွာေပါ့"

“ ဟုတ္ "

ဖုန္းခ်ၿပီးထိုင္ေနစဥ္အခန္းေရွ႕မွတံခါးေခါက္သံၾကားရသည္။

“ ယိင္း ေမာင့္ကိုတံခါးဖြင့္ေပးပါဦးကြာ"

“ မအားဘူး"

“ လုပ္ပါကြာ ေနာ္ ေမာင့္ကိုမခ်စ္ဘူးလားေျပာ"

“ မခ်စ္ဘူး"

“ တကယ္လား"

“ တကယ္"

အျပင္ဘက္မွအသံမၾကားရေတာ့ေခ် ေမာင္သူ႕ကိုစိတ္ဆိုး သြားတာမ်ားလား ထိုင္ေနရာမွထကာတံခါးကိုဖြင့္ၿပီးေခ်ာင္း ၾကည့္လိုက္ေတာ့ သန္မာတဲ့လက္တစ္စံုရဲ႕ဆြဲယူျခင္းကို ခံလိုက္ရၿပီးအခန္းထဲသို႔ေရာက္သြားေလသည္။

“ ေမာင္ ေမာင္ ဘာလုပ္တာလဲလို႔လႊတ္"

“ ဘယ္သူလဲေမာင့္ကိုမခ်စ္ဘူးေျပာတာ"

“ လႊတ္လို႔ေမာင္ေနာ္"

“ ဘယ္ပါးစပ္ကလည္းမခ်စ္ဘူးေျပာတာ"

ေျပာၿပီးယိင္းရဲ႕ႏႈတ္ခမ္းေလးမ်ားကို ဆြဲယူကာစားသံုးလိုက္ သည္။ ႏႈတ္ခမ္းခ်င္းထိကပ္သြားၿပီး ေႏြးေထြးတဲ့အနမ္းၾကမ္း ေတြေၾကာင့္ ေအာက္ကယိင္းမွာ အတင္း႐ုန္းေနေလသည္။သူအသည္းယားစြာျဖင့္နမ္းေနရင္းမွ ႏႈတ္ခမ္းသားေလးအား အသာေလးဖိကိုက္လိုက္သျဖင့္ ညည္းသံေလးပင္ ထြက္လာေလသည္။

“ အာ့ ေမာင္"

သူယိင္းကိုခဏလႊတ္ေပးလိုက္ေတာ့ ေမာ့ၾကည့္လာတဲ့ မ်က္၀န္းေလးက သူ႕ကိုဆြဲေဆာင္ေနသည့္ႏွယ္။ ဒီပံုစံအတိုင္း သာဆို သူ႕စိတ္ကိုအဆံုးစြန္ထိလႊတ္ထားမိမွာေသခ်ာသည္မို႔ နဖူးေလးအားအနမ္းေပးၿပီး တစ္ဖက္လွည့္လိုက္ေတာ့ ေနာက္ကေနခါးကိုဖက္တြယ္လာသည့္ လက္သြယ္သြယ္ေလး တစ္စံု။

“ ေမာင္ အဟင့္"

“ ဘာျဖစ္လို႔လဲဟင္ ဘာျဖစ္လို႔ငိုတာလဲယိင္း"

သူစိတ္ပူစြာ လွည့္ၾကည့္မည္လုပ္ေတာ့ ယိင္းကတင္းၾကပ္စြာ ျပန္ဖက္ထားေလသည္။

“ ဒီအတိုင္းပဲေနေပးပါေမာင္ရယ္ ယိင္းေမာင့္ကိုဖက္ထားခ်င္ လို႔ပါ"

“ ယိင္း "

“ဘာလဲ ေမာင္"

“ ေမာင့္ကိုအဲေလာက္ထိခ်စ္တာလား"

“ အင္း ေမာင္ကေရာ"

“ ေမာင္ကယိင္းကိုဘယ္ေလာက္ခ်စ္လဲဆို ယိင္းကိုခ်စ္တဲ့ အခ်စ္ကဆူးတစ္ေခ်ာင္းျဖစ္ၿပီးေမာင့္ႏွလံုးသားကိုစိုက္ခဲ့မယ္ဆိုရင္ေတာင္ ေမာင္ဘယ္ေတာ့မွအဲဒီဆူးကိုႏႈတ္ပစ္မွာ မဟုတ္ဘူး ေမာင္မႏႈတ္ရက္လို႔ပါယိင္း"

“ အင္း ယိင္းေမာင့္ကိုယံုတယ္ေနာ္"

တင္းက်ပ္စြာဖက္ထားေသာလက္ကေလးမွ ေျပေလ်ာ့သြားၿပီး သူ႕ေရွ႕ေရာက္လာကာ ႏႈတ္ခမ္းေလးကိုနမ္းလာေလသည္။

တကယ္ပါေလ ဒီျမတ္ႏိုးစရာေကာင္းတဲ့လူသားေလးကေတာ့ သူ႕ကိုဘယ္လိုမွ႐ုန္းမထြက္ႏိုင္ေအာင္ အခ်စ္ေတြနဲ႔ျပဳစားေန ျပန္ပါၿပီ။ ဒီအတိုင္းသာဆို ဒီေမာင္႐ူးရေတာ့မွာပဲယိင္းရယ္။

************************************

အခ်ဳိေတြသိပ္မေရးတတ္လို႔ပါ သည္းခံၿပီးသာဖတ္ေပးၾက  ပါရွင္။

(Unicode)

“ ဘယ်လိုလဲသားလေးနေကောင်းလား"

“ မာမီတို့ကိုလွမ်းနေတာကလွဲရင် နေကောင်းပါတယ်"

“ ယိင်းနဲ့ရောအဆင်ပြေအောင်နေလား"

“ အဆင်ပြေပါတယ်မာမီ"

“ မာမီယိင်းနဲ့ပြောချင်တယ်"

“ ဟုတ်ခဏလေးနော်"

ရေချိုးပြီးထွက်လာတော့ မာမီတို့ဆီမှ video call ဝင်လာသဖြင့် ပြောနေသည်မှာအင်္ကျီပင်မဝတ်ရသေးချေ။ ယိင်းအခန်းဆီထွက်လာခဲ့လိုက်သည်။

“ ယိင်း ယိင်းတံခါးဖွင့်ပေးပါဦး"

“ အင်းခဏလေး"

အခန်းတံခါးဖွင့်ပေးပြီး သူ့ကိုမြင်တော့မျက်လုံးများပြူးကာ တံခါးကိုအတင်းပြန်ပိတ်လေသည်။

“ မောင် ဘာလာလုပ်တာလဲလို့"

“ ဘာလဲ မောင်ကဘာလုပ်လို့လဲ"

“ မောင်က အင်္ကျီလဲမပါဘူး"

“ ဪ မောင်ကအခုမှရေချိုးပြီးတာလေ အဟမ်း ယိင်းကမောင့်ကိုဘယ်လိုတွေးနေတာလဲ ဒီမှာ မောင်ကမာမီတို့ဆီက ဖုန်းလာလို့ယိင်းနဲ့ပြောချင်တယ်ဆိုလို့ လာပို့တာလေ"

“ ဟင် "

သူရှင်းပြလိုက်မှတံခါးပြန်ဖွင့်ပေးလေသည်။ ဖုန်းကိုသာ ယူသွားပြီး သူ့ကိုတော့ဝင်ခွင့်မပေးခဲ့။ ယိင်းအရမ်းရှက်နေမှာ သူသိသည်။

“ ဟယ်လို မာမီနေကောင်းလား"

“ ကောင်းပါတယ်ရှင် ဒါနဲ့မာမီခုနကမောင်လို့ခေါ်သံ ကြားလိုက်သလားလို့"

“ ဟို ဟိုလေ"

“ ဘာလဲ နှစ်ယောက်အဆင်ပြေသွားပြီလား"

“ အဲဒါကလေ ဟို ယိင်းမောင့်ကိုအဖြေပြန်ပေးလိုက်ပါပြီ"

“ လူကြီးတွေသဘောထားကြောင့် လက်ထပ်လိုက်ရတာမျိုး မဖြစ်တဲ့အတွက် မာမီအရမ်းဝမ်းသာတာပဲ"

“ မာမီရောဒယ်ဒီရော ကျန်းမာရေးဂရုစိုက်ပါနော်"

“ စိတ်ချပါ မာမီ့သားတွေအတွက်ကျန်းမာရေးအမြဲတမ်း ဂရုစိုက်နေတယ်"

“ သားတို့ကို မာမီတကယ်သဘောတူရဲ့လား"

“ ဟိုးအရင် သားတို့မမွေးခင်ကတည်းကသဘောတူထားခဲ့ တာ ယိင်းရဲ့မိဘတွေနဲ့မာမီတို့နဲ့က ညီအစ်ကိုလိုနေခဲ့ကြပြီး တစ်နှစ်ထဲမှာပဲအတူတူ လက်ထပ်ခဲ့ကြတယ် မွေးလာတဲ့ သားသမီးတွေကိုလက်ထပ် ပေးဖို့လည်းကတိထားခဲ့ကြတယ် ဒါပေမယ့်ယိင်းမာမီ ဒေါ်ပုလဲဖြူကအရင်ယိင်းကိုမွေးခဲ့တယ် မာမီကတော့နှစ်နှစ် ကြာပြီးမှသားကိုးအနဂ္ဂလျှံကိုမွေးခဲ့တယ်"

“ နှစ်ယောက်လုံးကယောကျ်ားလေးဖြစ်နေတော့ မာမီတို့

ကတိကိုဖျက်လို့ရတာပဲလေ"

“ အင်း ဒါပေမယ့်နှစ်ဖက်လုံးကဖျက်ဖို့မစဉ်းစားခဲ့ဘူး"

“ ဘာဖြစ်လို့လဲဟင်"

“ ဒါက သားတို့ရဲ့ရေစက်ပဲမို့လေ"

“ ယိင်းမာမီတို့ကို ကျေးဇူးတင်ပါတယ် "

“ ကဲသားလည်းနားတော့လေ တနေကုန်အလုပ်လုပ်ထား တော့ပင်ပန်းနေမှာပေါ့"

“ ဟုတ် "

ဖုန်းချပြီးထိုင်နေစဉ်အခန်းရှေ့မှတံခါးခေါက်သံကြားရသည်။

“ ယိင်း မောင့်ကိုတံခါးဖွင့်ပေးပါဦးကွာ"

“ မအားဘူး"

“ လုပ်ပါကွာ နော် မောင့်ကိုမချစ်ဘူးလားပြော"

“ မချစ်ဘူး"

“ တကယ်လား"

“ တကယ်"

အပြင်ဘက်မှအသံမကြားရတော့ချေ မောင်သူ့ကိုစိတ်ဆိုး သွားတာများလား ထိုင်နေရာမှထကာတံခါးကိုဖွင့်ပြီးချောင်း ကြည့်လိုက်တော့ သန်မာတဲ့လက်တစ်စုံရဲ့ဆွဲယူခြင်းကို ခံလိုက်ရပြီးအခန်းထဲသို့ရောက်သွားလေသည်။

“ မောင် မောင် ဘာလုပ်တာလဲလို့လွှတ်"

“ ဘယ်သူလဲမောင့်ကိုမချစ်ဘူးပြောတာ"

“ လွှတ်လို့မောင်နော်"

“ ဘယ်ပါးစပ်ကလည်းမချစ်ဘူးပြောတာ"

ပြောပြီးယိင်းရဲ့နှုတ်ခမ်းလေးများကို ဆွဲယူကာစားသုံးလိုက် သည်။ နှုတ်ခမ်းချင်းထိကပ်သွားပြီး နွေးထွေးတဲ့အနမ်းကြမ်း တွေကြောင့် အောက်ကယိင်းမှာ အတင်းရုန်းနေလေသည်။သူအသည်းယားစွာဖြင့်နမ်းနေရင်းမှ နှုတ်ခမ်းသားလေးအား အသာလေးဖိကိုက်လိုက်သဖြင့် ညည်းသံလေးပင် ထွက်လာလေသည်။

“ အာ့ မောင်"

သူယိင်းကိုခဏလွှတ်ပေးလိုက်တော့ မော့ကြည့်လာတဲ့ မျက်ဝန်းလေးက သူ့ကိုဆွဲဆောင်နေသည့်နှယ်။ ဒီပုံစံအတိုင်း သာဆို သူ့စိတ်ကိုအဆုံးစွန်ထိလွှတ်ထားမိမှာသေချာသည်မို့ နဖူးလေးအားအနမ်းပေးပြီး တစ်ဖက်လှည့်လိုက်တော့ နောက်ကနေခါးကိုဖက်တွယ်လာသည့် လက်သွယ်သွယ်လေး တစ်စုံ။

“ မောင် အဟင့်"

“ ဘာဖြစ်လို့လဲဟင် ဘာဖြစ်လို့ငိုတာလဲယိင်း"

သူစိတ်ပူစွာ လှည့်ကြည့်မည်လုပ်တော့ ယိင်းကတင်းကြပ်စွာ ပြန်ဖက်ထားလေသည်။

“ ဒီအတိုင်းပဲနေပေးပါမောင်ရယ် ယိင်းမောင့်ကိုဖက်ထားချင် လို့ပါ"

“ ယိင်း "

“ဘာလဲ မောင်"

“ မောင့်ကိုအဲလောက်ထိချစ်တာလား"

“ အင်း မောင်ကရော"

“ မောင်ကယိင်းကိုဘယ်လောက်ချစ်လဲဆို ယိင်းကိုချစ်တဲ့ အချစ်ကဆူးတစ်ချောင်းဖြစ်ပြီးမောင့်နှလုံးသားကိုစိုက်ခဲ့မယ်ဆိုရင်တောင် မောင်ဘယ်တော့မှအဲဒီဆူးကိုနှုတ်ပစ်မှာ မဟုတ်ဘူး မောင်မနှုတ်ရက်လို့ပါယိင်း"

“ အင်း ယိင်းမောင့်ကိုယုံတယ်နော်"

တင်းကျပ်စွာဖက်ထားသောလက်ကလေးမှ ပြေလျော့သွားပြီး သူ့ရှေ့ရောက်လာကာ နှုတ်ခမ်းလေးကိုနမ်းလာလေသည်။

တကယ်ပါလေ ဒီမြတ်နိုးစရာကောင်းတဲ့လူသားလေးကတော့ သူ့ကိုဘယ်လိုမှရုန်းမထွက်နိုင်အောင် အချစ်တွေနဲ့ပြုစားနေ ပြန်ပါပြီ။ ဒီအတိုင်းသာဆို ဒီမောင်ရူးရတော့မှာပဲယိင်းရယ်။

************************************

အချိုတွေသိပ်မရေးတတ်လို့ပါ သည်းခံပြီးသာဖတ်ပေးကြ  ပါရှင်။