Chapter 1: Part-1(Z&U)

💘💘💘မနှုတ်ရက်လေသောဆူး💘💘💘 💘💘💘မႏႈတ္ရက္ေလေသာဆူး💘💘💘Words: 17787

(Zawgyi)

"ဘယ္ကျပန္လာတာလဲယိင္း"

"သူငယ္ခ်င္းေတြကိုႏႈတ္ဆက္ၿပီးျပန္လာတာပါ"

" ၿပီးၿပီဆိုရင္သြားၾကရေအာင္ေလ"

"ဟုတ္ကဲ့"

ယိင္းအသက္မွာႏွစ္ဆယ္ျဖစ္ၿပီး မိဘႏွစ္ပါးလံုးဆံုးသြားသ ျဖင့္ တစ္ေကာင္ႂကြက္ျဖစ္ေသာသူ႕အား ဒယ္ဒီ၏မိတ္ေဆြ ဦးဓနလွ်ံႏွင့္ ဇနီးျဖစ္သူေဒၚျမသက္ႏွင္းတို႔မွ သူတို႔ႏွင့္အတူ ေနထိုင္ရန္လာေရာက္ေခၚၾကျခင္းျဖစ္သည္။အန္ကယ္ ဦးဓနလွ်ံက ဒယ္ဒီ့္အတြက္သူငယ္ခ်င္းျဖစ္႐ံုသာမက ညီအစ္ကိုလိုပါခင္ၾကတာျဖစ္သည္။ သူငယ္ငယ္ကခဏခဏ ေရာက္ဖူးေသာ္လည္း အသက္ဆယ္ႏွစ္ေက်ာ္မွ တစ္ခါမွမ ေရာက္ေတာ့ေခ်။ အန္ကယ္ဦးဓနလွ်ံမွာ ယိင္းထက္ႏွစ္ႏွစ္ခန္႔ ငယ္ေသာသားတစ္ေယာက္လည္းရိွသျဖင့္ ငယ္ငယ္ကေတာ့ အတူကစားေနၾကျဖစ္ကာ အခုေတာ့ပါမလာ၍ဘယ္လိုပံုစံလဲ မမွတ္မိေပ။ ဘယ္ေလာက္ပဲရင္းႏီွးပါေစ သူမသိေသာ ပတ္၀န္းက်င္အသစ္မွာေနထိုင္ရမည္ဆိုေသာ အားငယ္စိတ္ တို႔က၀င္လာတိုင္းမ်က္ရည္တို႔က၀ဲလာခဲ့သည္။ တစ္လမ္းလံုး ငို၍လိုက္လာေသာသူ႕ကို အန္တီေဒၚျမသက္ႏွင္းကလည္း ႏွစ္သိမ့္၍ပါလာေလသည္။ တျဖည္းျဖည္းနဲ႔ကားေလးသည္ က်ယ္၀န္းလွေသာၿခံႀကီးအတြင္းရိွ ေခတ္မီလွပၿပီးဆန္းသစ္ ေသာတိုက္ႀကီးေရွ႕တြင္ရပ္သြားေလသည္။ကားရပ္လိုက္သည္

ႏွင့္ အိမ္ထဲမွအိမ္အကူေကာင္မေလးသံုးေယာက္ႏွင့္ ေကာင္ေလးႏွစ္ေယာက္ထြက္လာေလသည္။ ၿပီးေနာက္ကား ေပၚရိွပစၥည္းမ်ားကိုခ်ကာအိမ္ထဲသို႔ သယ္သြားၾကေလသည္။

"လာ သားေလးအိမ္ထဲ၀င္ရေအာင္"

ယိင္းမ်က္ရည္မ်ားက်လာျပန္သည္ သူ႕မိဘေတြဆံုးသြားသ ျဖင့္သူ႕အားသားဟုေခၚသံထပ္မၾကားရေတာ့ဘူးဟုေတြးေန ခ်ိန္ အန္တီေဒၚျမသက္ႏွင္းထံမွသားဟုၾကားလိုက္ရေသာအခါ သူမ်က္ရည္တို႔မထိန္းႏိုင္။

" ငိုေနျပန္ပါၿပီကြယ္ ကဲတိတ္ေတာ့ေနာ္အခုကစၿပီး အန္တီတို႔ ႏွစ္ေယာက္စလံုးကယိင္းရဲ႕မိဘေတြပဲ ဟုတ္ၿပီလား"

"ယိင္း ယိင္းေက်းဇူးအရမ္းတင္တာပဲ"

"ကဲပါ အဲဒါဆိုမ်က္ရည္ေတြသုတ္လိုက္ေတာ့ေနာ္"

"ဟုတ္ကဲ့"

"အားလံုးကိုေျပာစရာရိွတယ္ ေမာင္ၿငိမ္းက်န္တဲ့လူေတြ ကိုပါသြားေခၚလိုက္"

"ဟုတ္ကဲ့ပါ သခင္မႀကီး"

" ေမာင္တိုးက သခင္ေလးကိုသြားေခၚလိုက္ပါ"

" ျပန္မေရာက္ေသးပါဘူး သခင္မႀကီး"

"ဟင္ အဲ့ကေလးကေတာ့ေလ ဘယ္အခ်ိန္ကထြက္သြားတာ လဲ"

"မေန႔ကည ကိုးနာရီေလာက္ကတည္းကပါ"

"ဘာျဖစ္လို႔ငါ့ကိုဖုန္းမဆက္ရတာလဲ"

"သခင္ႀကီးကိုေရာ သခင္မႀကီးကိုေရာဆက္ခဲ့ေပမယ့္ ဆက္သြယ္၍မရခဲ့ပါဘူး"

"ထားပါေတာ့ သားရဲ႕ညီေလးကနည္းနည္းဆိုးတယ္ယိင္းရယ္ မာမီ့ကိုကူထိန္းေပးပါဦးေနာ္"

"ဟုတ္ကဲ့ပါ"

"ကဲလူစံုၿပီဆိုမိတ္ဆက္ေပးရဦးမယ္ဒါကမင္းတို႔ရဲ႕သခင္ေလး

အသစ္ နာမည္ကယိင္းတဲ့ ဒီအိမ္မွာသခင္ေလးကိုးအနဂၢလွ်ံနဲ႔ အတူ အာဏာရိွတဲ့သူပဲ အခုကစၿပီးသူဒီမွာေနမယ္ ၾကားၾကလား"

"ဟုတ္ကဲ့ ၾကားပါတယ္"

"ၿပီးေတာ့ယိင္းရဲ႕ပစၥည္းေတြကို သခင္ေလးရဲ႕မ်က္ႏွာခ်င္း ဆိုင္အခန္းမွာ ထားေလိုက္ပါ"

"ဟုတ္ကဲ့ပါသခင္ႀကီး"

"မရွင္းတာရိွေသးလား"

"မရိွပါဘူး"

"အဲဒါဆို ကိုယ့္အလုပ္ကိုသြားလုပ္ၾကေတာ့"

"ဟုတ္ကဲ့"

တစ္ေယာက္ၿပီးတစ္ေယာက္အလွ်ဳိအလွ်ဳိေပ်ာက္သြားၾကေလသည္။ ယိင္းမွာသာမ်က္ႏွာငယ္ေလးျဖင့္။

"သားယိင္းကို မာမီေျပာစရာရိွတယ္"

"ဟုတ္ကဲ့"

"သားရဲ႕ညီေလး ကိုးအနဂၢလွ်ံကိုလည္း သားလိုပဲလိမၼာေအာင္

ဆံုးမေပးပါဦးေနာ္ၿပီးေတာ့ သူသားကိုအႏိုင္က်င့္လာရင္မာမီ ကိုေျပာေနာ္"

"ယိင္း နားလည္ပါၿပီ "

"ကဲပါ သားလည္းပင္ပန္းေနေတာ့မယ္ နားရေအာင္မာမီလိုက္ ပို႔ေပးမယ္လာ"

"ဟုတ္ကဲ့"

ကိုးအနဂၢလွ်ံကိုေတာ့ ယိင္းအခုထိမေတြ႕ေသး မေန႔ကညကိုး နာရီကတည္းက အခုမနက္၉နာရီထိအိမ္ျပန္မေရာက္ေသး တာ ဆိုေတာ့ ဒီေကာင္ေလးက ေတာ္ေတာ္ဆိုးမယ့္ပံုပင္။ သူ႕ကိုေရာ.. သူ႕ကိုေရာ ၾကည္ျဖဴပါ့မလားလို႔ေတြးမိေတာ့ လွမ္းေနတဲ့ ေျခလွမ္းတို႔က တံု႔ကနဲ။ သူဒီကိုလာမိတာ မွားမ်ားသြားၿပီလား ဟုယိင္းကိုယ့္ကိုယ္ကိုျပန္ေတြးေနမိသည္။

သူေနရမည့္အခန္းမွာအေတာ္က်ယ္၀န္းၿပီး အခန္းထဲတြင္ လည္း လိုအပ္သည့္ပစၥည္းမ်ားအစံုအလင္ထည့္ေပးထားသည္ မွာ အကုန္လံုးေနာက္ဆံုးေပၚပစၥည္းမ်ားသာ။ ေတြးေလေတြး ေလ လိုက္မမီွႏိုင္ျဖစ္ေနေသာ သူ႕ဦးေႏွာက္ကိုခဏအနားေပး ကာ ကုတင္ေပၚလွဲလိုက္သည္ႏွင့္ပင္ပန္းလြန္း၍ထင္ ခဏေလးနဲ႔ အိပ္ေပ်ာ္သြားခဲ့ေလသည္။

(Unicode)

"ဘယ်ကပြန်လာတာလဲယိင်း"

"သူငယ်ချင်းတွေကိုနှုတ်ဆက်ပြီးပြန်လာတာပါ"

" ပြီးပြီဆိုရင်သွားကြရအောင်လေ"

"ဟုတ်ကဲ့"

ယိင်းအသက်မှာနှစ်ဆယ်ဖြစ်ပြီး မိဘနှစ်ပါးလုံးဆုံးသွားသ ဖြင့် တစ်ကောင်ကြွက်ဖြစ်သောသူ့အား ဒယ်ဒီ၏မိတ်ဆွေ ဦးဓနလျှံနှင့် ဇနီးဖြစ်သူဒေါ်မြသက်နှင်းတို့မှ သူတို့နှင့်အတူ နေထိုင်ရန်လာရောက်ခေါ်ကြခြင်းဖြစ်သည်။အန်ကယ် ဦးဓနလျှံက ဒယ်ဒီ့်အတွက်သူငယ်ချင်းဖြစ်ရုံသာမက ညီအစ်ကိုလိုပါခင်ကြတာဖြစ်သည်။ သူငယ်ငယ်ကခဏခဏ ရောက်ဖူးသော်လည်း အသက်ဆယ်နှစ်ကျော်မှ တစ်ခါမှမ ရောက်တော့ချေ။ အန်ကယ်ဦးဓနလျှံမှာ ယိင်းထက်နှစ်နှစ်ခန့် ငယ်သောသားတစ်ယောက်လည်းရှိသဖြင့် ငယ်ငယ်ကတော့ အတူကစားနေကြဖြစ်ကာ အခုတော့ပါမလာ၍ဘယ်လိုပုံစံလဲ မမှတ်မိပေ။ ဘယ်လောက်ပဲရင်းနှီးပါစေ သူမသိသော ပတ်ဝန်းကျင်အသစ်မှာနေထိုင်ရမည်ဆိုသော အားငယ်စိတ် တို့ကဝင်လာတိုင်းမျက်ရည်တို့ကဝဲလာခဲ့သည်။ တစ်လမ်းလုံး ငို၍လိုက်လာသောသူ့ကို အန်တီဒေါ်မြသက်နှင်းကလည်း နှစ်သိမ့်၍ပါလာလေသည်။ တဖြည်းဖြည်းနဲ့ကားလေးသည် ကျယ်ဝန်းလှသောခြံကြီးအတွင်းရှိ ခေတ်မီလှပပြီးဆန်းသစ် သောတိုက်ကြီးရှေ့တွင်ရပ်သွားလေသည်။ကားရပ်လိုက်သည်

နှင့် အိမ်ထဲမှအိမ်အကူကောင်မလေးသုံးယောက်နှင့် ကောင်လေးနှစ်ယောက်ထွက်လာလေသည်။ ပြီးနောက်ကား ပေါ်ရှိပစ္စည်းများကိုချကာအိမ်ထဲသို့ သယ်သွားကြလေသည်။

"လာ သားလေးအိမ်ထဲဝင်ရအောင်"

ယိင်းမျက်ရည်များကျလာပြန်သည် သူ့မိဘတွေဆုံးသွားသ ဖြင့်သူ့အားသားဟုခေါ်သံထပ်မကြားရတော့ဘူးဟုတွေးနေ ချိန် အန်တီဒေါ်မြသက်နှင်းထံမှသားဟုကြားလိုက်ရသောအခါ သူမျက်ရည်တို့မထိန်းနိုင်။

" ငိုနေပြန်ပါပြီကွယ် ကဲတိတ်တော့နော်အခုကစပြီး အန်တီတို့ နှစ်ယောက်စလုံးကယိင်းရဲ့မိဘတွေပဲ ဟုတ်ပြီလား"

"ယိင်း ယိင်းကျေးဇူးအရမ်းတင်တာပဲ"

"ကဲပါ အဲဒါဆိုမျက်ရည်တွေသုတ်လိုက်တော့နော်"

"ဟုတ်ကဲ့"

"အားလုံးကိုပြောစရာရှိတယ် မောင်ငြိမ်းကျန်တဲ့လူတွေ ကိုပါသွားခေါ်လိုက်"

"ဟုတ်ကဲ့ပါ သခင်မကြီး"

" မောင်တိုးက သခင်လေးကိုသွားခေါ်လိုက်ပါ"

" ပြန်မရောက်သေးပါဘူး သခင်မကြီး"

"ဟင် အဲ့ကလေးကတော့လေ ဘယ်အချိန်ကထွက်သွားတာ လဲ"

"မနေ့ကည ကိုးနာရီလောက်ကတည်းကပါ"

"ဘာဖြစ်လို့ငါ့ကိုဖုန်းမဆက်ရတာလဲ"

"သခင်ကြီးကိုရော သခင်မကြီးကိုရောဆက်ခဲ့ပေမယ့် ဆက်သွယ်၍မရခဲ့ပါဘူး"

"ထားပါတော့ သားရဲ့ညီလေးကနည်းနည်းဆိုးတယ်ယိင်းရယ် မာမီ့ကိုကူထိန်းပေးပါဦးနော်"

"ဟုတ်ကဲ့ပါ"

"ကဲလူစုံပြီဆိုမိတ်ဆက်ပေးရဦးမယ်ဒါကမင်းတို့ရဲ့သခင်လေး

အသစ် နာမည်ကယိင်းတဲ့ ဒီအိမ်မှာသခင်လေးကိုးအနဂ္ဂလျှံနဲ့ အတူ အာဏာရှိတဲ့သူပဲ အခုကစပြီးသူဒီမှာနေမယ် ကြားကြလား"

"ဟုတ်ကဲ့ ကြားပါတယ်"

"ပြီးတော့ယိင်းရဲ့ပစ္စည်းတွေကို သခင်လေးရဲ့မျက်နှာချင်း ဆိုင်အခန်းမှာ ထားလေိုက်ပါ"

"ဟုတ်ကဲ့ပါသခင်ကြီး"

"မရှင်းတာရှိသေးလား"

"မရှိပါဘူး"

"အဲဒါဆို ကိုယ့်အလုပ်ကိုသွားလုပ်ကြတော့"

"ဟုတ်ကဲ့"

တစ်ယောက်ပြီးတစ်ယောက်အလျှိုအလျှိုပျောက်သွားကြလေသည်။ ယိင်းမှာသာမျက်နှာငယ်လေးဖြင့်။

"သားယိင်းကို မာမီပြောစရာရှိတယ်"

"ဟုတ်ကဲ့"

"သားရဲ့ညီလေး ကိုးအနဂ္ဂလျှံကိုလည်း သားလိုပဲလိမ္မာအောင်

ဆုံးမပေးပါဦးနော်ပြီးတော့ သူသားကိုအနိုင်ကျင့်လာရင်မာမီ ကိုပြောနော်"

"ယိင်း နားလည်ပါပြီ "

"ကဲပါ သားလည်းပင်ပန်းနေတော့မယ် နားရအောင်မာမီလိုက် ပို့ပေးမယ်လာ"

"ဟုတ်ကဲ့"

ကိုးအနဂ္ဂလျှံကိုတော့ ယိင်းအခုထိမတွေ့သေး မနေ့ကညကိုး နာရီကတည်းက အခုမနက်၉နာရီထိအိမ်ပြန်မရောက်သေး တာ ဆိုတော့ ဒီကောင်လေးက တော်တော်ဆိုးမယ့်ပုံပင်။ သူ့ကိုရော.. သူ့ကိုရော ကြည်ဖြူပါ့မလားလို့တွေးမိတော့ လှမ်းနေတဲ့ ခြေလှမ်းတို့က တုံ့ကနဲ။ သူဒီကိုလာမိတာ မှားများသွားပြီလား ဟုယိင်းကိုယ့်ကိုယ်ကိုပြန်တွေးနေမိသည်။

သူနေရမည့်အခန်းမှာအတော်ကျယ်ဝန်းပြီး အခန်းထဲတွင် လည်း လိုအပ်သည့်ပစ္စည်းများအစုံအလင်ထည့်ပေးထားသည် မှာ အကုန်လုံးနောက်ဆုံးပေါ်ပစ္စည်းများသာ။ တွေးလေတွေး လေ လိုက်မမှီနိုင်ဖြစ်နေသော သူ့ဦးနှောက်ကိုခဏအနားပေး ကာ ကုတင်ပေါ်လှဲလိုက်သည်နှင့်ပင်ပန်းလွန်း၍ထင် ခဏလေးနဲ့ အိပ်ပျော်သွားခဲ့လေသည်။

First Chapter
ContentsNext
Previous
ContentsNext