Chapter 15: Part.15

ကျနော်ချစ်သော ထိုအမျိုးသမီးWords: 18096

မနက်ခင်းရဲ့ လေပြေအဝှေ့ကြောင့် ပြတင်းပေါက်တွင်ချထားသော လိုက်ကာအဖြူစလေးက တလွှင့်လွှင့်...

ရင်ခွင်ထဲတွင် အိပ်စက်နေသော အဖြူရောင်လူသားလေးဟာလဲ သာယာလှပသောမနက်ခင်းနှင့်အပြိုင် နှစ်သက်ကြည်နူး ဖွယ်ကောင်းလှသည် ။

" မောင် "

နာမည်တစ်ခုလို နာမ်စားတစ်ခုလို ခေါ်လိုက်မိတဲ့ မောင်ဆိုတဲ့ စကားလုံးလေးကို သိပ်သဘောကျမိသည် ။

မတိုမရှည်နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်တချို့ကို အသာသပ်တင်လိုက်ပြီး နဖူးထက်သို့ အနမ်းတစ်ပွင့်ခြွေလိုက်သည် ။

" ထတော့လေ ... အလုပ်သွားရအုံးမှာကို "

ပြောလိုက်မှ ရင်ခွင်ထဲပိုတိုးဝင်လာတဲ့ ကလေးရဲ့ခေါင်းလေးကို တစ်ဖန်နမ်းရှိုက်မိပြန်သည် ။

" ၅မိနစ်ဘဲ .. ၅မိနစ်ဘဲ

ဒီလိုလေးနေချင်သေးလို့ "

မပီတပီအသံတိုးတိုးလေးကြောင့် ခဏတာငြိမ်သက်ပေးနေလိုက်သည် ။

" မ "

ရုတ်တရက် ခေါင်းလေးထောင်ပြီး မျက်လုံးပြူးပြူးလေးနဲ့ ကြည့်ကာ ခေါ်လာတဲ့ ကလေးကြောင့်  ဘာများဖြစ်သလဲဆိုပြီး စိတ်လှုပ်ရှားရသေးသည် ။

" ချစ်တယ် "

ထပ်မံထွက်ပေါ်လာတဲ့ စကားသံလေးကြောင့် အသံထွက်အောင်ပင် ရယ်ချမိလိုက်သည် ။

" မောင်ရယ် ...မမှာ ဘာများဖြစ်သလဲဆိုပြီး စိတ်ပူသွားတာဘဲ....

မလဲ မောင့်ကို ချစ်ပါတယ်နော် "

ပြုံလိုက်ရင်ပေါ်လာတဲ့ ပါးချိုင့်လေးနှင့် ရယ်လိုက်ရင်ပေါ်လာတဲ့ သွားတက်လေးတွေနဲ့ ကလေးဟာ တကယ်ကိုဖမ်းစားလွန်းသည် ။

ရင်ခွင်ထဲကထွက်ကာ ထသွားတော့မဲ့ ကလေးရဲ့လက်ကို ဖမ်းဆွဲလိုက်တော့ တစ်ဖန်ရင်ခွင်ထဲပြန်ရောက်လာခဲ့သည် ။

" ဘာဖြစ်လို့လဲ မရဲ့ "

" ဒီအတိုင်းထသွားတော့မလို့လား "

ပြူးကြောင်ကြောင်လေးကြည့်နေတဲ့ ကလေးကို အူယားလွန်း၍ ပါးလေးတစ်ဖက်ကို အသာဆွဲကာ

" ချစ်သူဖြစ်တာမှ တစ်ရက်တောင်မရှိသေးဘူး ..

ဒီတိုင်းပစ်ထားခဲ့တော့မယ်ပေါ့ "

"မ..ဘာတွေပြောနေတာလဲ .. မောင်က မကိုဘာလို့ ပစ်ထားခဲ့ရမှာလဲ "

စိတ်ဆိုးသလိုပြောလိုက်တော့ ချက်ချင်းမျက်နှာညှိုးသွားတဲ့ ကလေးကို ထပ်ပြီးသဘောကျရပြန်ရော ။

အမုန်းတရားတွေကြီးစိုးနေတုန်းက ဥပေက္ခာပြုခဲ့မိတဲ့ ကလေးဟာ ကျွန်မမျက်နှာ ကျွန်မပုံစံကိုကြည့်ပြီး ကလေးရဲ့စိတ်အခြေအနေဟာ ပြောင်းလဲနေခဲ့ရောလား ။

" Morning kiss ပေးအုံးလေ "

ထိုအခါမှ ကလေးရဲ့မျက်နှာလေးဟာ ပြန်လည် လန်းဆန်းလာခဲ့သည် ။

ပါးကိုလှစ်ခနဲ ဖြတ်နမ်းသွားပြီး ရေချိုးခန်းထဲသို့ ပြေးဝင်သွားတဲ့ ကလေးကို ကြည့်ရင်း ကျွန်မမှာ ခုတင်ပေါ်တွင် ပြုံးပြုံးကြီးသာ ကျန်ခဲ့ရတော့သည် ။

ချစ်မိပြီဆိုရင် သူ့ကို...

ဆုံးရှုံးရမှာကြောက်တဲ့ အတ္တနဲ့ ကိုယ်တစ်ယောက်တည်းပိုင်ဆိုင်ချင်တဲ့ လောဘတွေဟာ ကပ်ပါလာကြစမြဲ ။

ချစ်မိသွားခဲ့လို့ အတ္တကြီးပါရစေ..

ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးမခံနိုင်လို့ ...

ဘယ်လိုနည်းနဲ့မှ မဝေးချင်တာကြောင့် ..

ချစ်မိသွားခဲ့လို့ လောဘကြီးပါရစေ ...

နှစ်ယောက်အတူ အနာဂတ်တွေဆီ လျှောက်လှမ်းချင်လို့ ကိုယ်တစ်ယောက်တည်းသာ ပိုင်ဆိုင်လိုပါတယ် ။

******************

" မမလေး... ခြံထဲလမ်းဆင်းလျှောက်တာလား "

အရင်တုန်းကဆို မမလေးကို အခုလိုစကားပြောဖို့မပြောနဲ့ မျက်လုံးချင်းတောင်မဆုံရဲခဲ့တာ ။

" ဟုတ်တယ် ... ယမင်းကရော ဘယ်သွားမလို့လဲ "

လက်ထဲတွင်ငါးဆင့်ချိုင့်ကြီး ဆွဲထားတာကြောင့် ဘာရယ်မဟုတ် မေးလိုက်မိခြင်းဖြစ်သည် ။

" အ‌နောက်ဘက် ခြံထဲကလူတွေအတွက် ထမင်းချိုင့်သွားပို့မလို့လေ ...

မမလေးအနောက်ဖက်ခြံထဲကို မရောက်ဖူးဘူးမလား ယမင်းနဲ့အတူလိုက်ကြည့်ပါလား "

ရောက်လဲမရောက်ဖူး တစ်ယောက်ထဲလဲပျင်းတာနဲ့ ယမင်းနဲ့အတူလိုက်လာလိုက်သည် ။

သုတစံအိမ်ဟာ တကယ်ကိုကျယ်ဝန်းလွန်းသည် ။

စံအိမ်ရဲ့ အနောက်ဘက်တွင် ဂရုတစိုက်စိုက်ပျိုးထားသလို သစ်ပင်ကြီးတွေဟာစီတန်းစွာ ပေါက်ရောက်နေပြီး လူသွားလမ်းလေးနဲ့အတူ မြင်ရတဲ့မြင်ကွင်းဟာ အေးချမ်းဖွယ်ကောင်းလှသည် ။

တော်တော်ကြာ လျှောက်လာရပြီး လမ်းအဆုံးတွင် မြင်လိုက်ရတဲ့ မြင်ကွင်းဟာ အံ့ဩဖွယ်ကောင်းလှသည် ။

" မမလေး လျှောက်ကြည့်နေလိုက်အုံးနော် .. ယမင်းချိုင့်လေးသွားပေးလိုက်အုံးမယ် "

ခေါင်းသာငြိမ့်ပြလိုက်ပြီး အံ့ဩခဲ့ရသည့်အရာများကို လိုက်လံကြည့်ရှူနေမိသည် ။

ရုပ်ရုပ်တွေထဲမှာတွေ့ရတဲ့ ပန်းခင်းကြီးထဲရောက်သွားသလို

လက်တွေ့မျက်စိရှေ့တွင်မြင်နေရတဲ့ ပန်းပေါင်းစုံများကို သဘောကျစွာလိုက်ကြည့်နေမိသည် ။

" မမလေး သဘောကျရဲ့လား "

" အင်း.. အရမ်းသဘောကျတယ် ....

ဒါနဲ့ ဘာလို့ ပန်းတွေအားလုံးကို အဖြူရောင်တွေကြည့်ဘဲ စိုက်ထားရတာလဲ "

ပထမဆုံးတွေ့လိုက်ရတုန်းကဆို အဖြူရောင်တွေနဲ့သာ စိုက်ပျိုးထားတဲ့ ပန်းခင်းကြီးကြောင့် တော်တော်အံ့ဩခဲ့ရသည် ။

" အဖြူရောင်က အကိုလေးသဘောအကျဆုံး အရောင်လေ ... နောက်ပြီး ....."

ယမင်းလက်ဆွဲခေါ်ရာနောက်ကို စိတ်ဝင်စားစွာလိုက်ပါခဲ့ရသည် ။

" ဒီမှာ ... ဒီနှင်းဆီဖြူလေးတွေဟာ အကိုလေးတန်ဖိုးအထားဆုံး ပန်းလေးတွေလေ ..

ဘာလို့လဲ သိလား "

ခေါင်းခါပြလိုက်တော့ ယမင်းဟာ ခပ်ဖွဖွရယ်သည် ။

" မမလေး တကယ်မသိဘူးလား .. ယမင်းတောင် ဒီကိုရောက်တာ မကြာသေးဘူး ဒါပေမဲ့ သိတယ် "

" အစ်မ တကယ်မသိဘူး "

" မမလေးကတော့လေ ... မမလေးက နှင်းဆီဆို အဖြူမှသဘောကျတာ မဟုတ်ဘူး‌လား "

" ဟုတ်တယ်လေ "

" အင်းလေ ... မမလေးသဘောကျတဲ့ အရာမို့လို့ အကိုလေးက တန်ဖိုးထားတာပေါ့ "

ယမင်းရဲ့စကားဟာ ပန်းခင်းကြီးကို စတွေ့တုန်းကထက် ပိုအံ့ဩဖို့ကောင်းလှသည် ။

မောင်ဟာ ကျွန်မကို အဲ့လောက်ထိတောင် ချစ်သည်တဲ့လား ။

" ဒါဆို ဒါတွေက မောင်ကိုယ်တိုင်စိုက်ထားတာလား "

" ဟုတ်တယ် ဒီနှင်းဆီဖြူတွေကို အကိုလေးကိုယ်တိုင် ဂရုတစိုက် စိုက်ပျိုး ထားတာ "

မောင်ကိုယ်တိုင် တယုတယ စိုက်ပျိုးထားတဲ့ နှင်းဆီဖြူလေးတွေကို အသာထိကြည့်ရင်း ရင်ထဲတွင်ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေဟာ စကားလုံးအဖြစ်တောင်ပြောင်းလဲလို့မရခဲ့ ။

" မောင်က မကိုအဲ့လောက်တောင် ချစ်တာလား "

" မမလေးထင်ထားတာထက်ကို အကိုလေးက မမလေးကို အများကြီးပိုချစ်ပါတယ် "

ပြုံးလိုက်မိတဲ့ အပြုံးတွင် ဝမ်းနည်းမှုတချို့ရောပါသွားခဲ့ရသည် ။

ပိုချစ်တဲ့သူက ပိုနာကျင်ရသလို

မောင်လဲအများကြီးနာကျင်ခဲ့ရမှာ ။

မောင့်အပေါ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို ပြန်မြင်ယောင်လာပြီး ချက်ချင်းပင်မျက်ရည်များဟာ ဝဲတက်လာခဲ့သည် ။

🎵📱🎶📱📱

ရုတ်တရက်ကြားလိုက်ရတဲ့ ဖုန်းသံကြောင့် ကျလုဆဲဆဲ မျက်ရည်တချို့ကို သုတ်ယူလိုက်ပြီး...

" Hello! "

" ဆူး...အားလား "

" အင်း.. အားတယ်လေ "

" နင်စုံစမ်းခိုင်းထားတဲ့ကိစ္စ ..... အဲ့တာ သဲလွန်စသိရပြီ "

" အေး..ငါအခုလာခဲ့မယ် "

>>>>>>>>>>>>>>>

" ဘာတွေသိထားပြီလဲ ငါ့ကိုပြောပါအုံး "

ဆိုင်ထဲအလောတကြီးဝင်လာပြီး ထိုင်တောင်မထိုင်သေးဘဲ မေးလာတဲ့ဆူးကြောင့် နှစ်ယောက်သားပြောလက်စစကားပင် ပြတ်တောက်သွားခဲ့ရသည် ။

" ထိုင်ပါအုံးဆူးရယ် .. ဘာတွေ ဒီလောက်လောနေတာလဲ "

" ဟုတ်ပါ့ ... အလောတကြီးအနားရောက်လာတာ လန့်တောင်လန့်တယ် "

သူငယ်ချင်းနှစ်ယောက်ပြောတာကို ဂရုမစိုက်စွာနဲ့ ရေတစ်ခွက်ကိုသာ မော့သောက်လိုက်သည် ။

" ငါနင်တို့နဲ့ စကားနိုင်လုဖို့လာတာမဟုတ်ဘူး ...

ဘာတွေသိရပြီလဲ ပြောတော့ "

" ပြောပါ့မယ် မယ်မင်းကြီးမရယ် .. မပြောခင် ဒါလေးတော့အရင်ကြည့်လိုက် "

ပေးလာတဲ့ ဖုန်းလေးကို ယူပြီးကြည့်လိုက်တော့ ဗီဒီယိုဖိုင်တစ်ခု .......

" ဒီကားက ကိုကို့ကားနောက်ကို တောက်လျှောက်လိုက်နေခဲ့တာဘဲ "

" ဟုတ်တယ် ... ထူးဆန်းတာက  ဒီဗီဒီယိုထဲမှာ Accident မဖြစ်ခင် အချိန်ပိုင်းအလိုမှာ သုတထက်နဲ့ အကိုအောင်တို့က ကားကိုတစ်စီးတည်းအတူစီးသွားကြတာ ..

ဒါမဲ့တရားရုံးမှာတင်ပြခဲ့တာက သုတထက်ကနေအိမ်မှာရှိနေခဲ့တာလေ "

" ဒီဗီဒီယိုအတိုင်းသာဆို သုတထက်ပါ Accident ထဲမှာ အတူပါသွားခဲ့မှာ ....

သုတထက်နဲ့ သုတမောင်ကရုပ်ချင်းဆင်တဲ့ အမွှာဆိုတော့ သုတမောင်က သုတထက်အဖြစ် အစားထိုးဝင် နေခဲ့တာဖြစ်မယ် "

" ငါလဲအဲ့လိုဘဲမြင်တယ် ...

မောင်က သုတထက်အစားဝင်တာဆိုတော့ သုတထက်ကသေသွားခဲ့ပြီလား .....

တကယ်လို့ ကိုကို့ကားနောက်လိုက်ခဲ့တဲ့ကားက ကိုကို့ကိုမဟုတ်ဘဲ သုတထက်နောက်ကို လိုက်ခဲ့တာဆိုရင်....

အခုမောင့်ကိုရော မောင့်ကိုလဲ အန္တရာယ်ပေးနိုင်တာပေါ့ "

" အခုက ငါတို့အမြင်နဲ့ဘဲပြောကြည့်နေတာ...

တကယ်အန္တရာယ်ရှိတာဆိုရင် မဖြစ်ခင်ကြိုတင်ကာကွယ်ရလိမ့်မယ် ငါတို့ရှေ့ဆက်ပြီး လုပ်သင့်တာလုပ်ဖို့အတွက် အဖြစ်မှန်တွေကို အကြောင်းစုံသိသင့်တယ် ဆူး......."

ချစ်‌နေရုံနဲ့ မလုံလောက်တော့တဲ့ နေ့ရက်တွေမှာ မင်းကိုဘဲပိုင်ဆိုင်ချင်တော့တယ်....

ပိုင်ဆိုင်ချင်တဲ့ မင်းကိုလဲ ဆုံးရှုံးရမှာသိပ်ကြောက်တယ် ။

ပျော်ရွှင်ခြင်းတွေကို ပိုင်ဆိုင်ခဲ့ရတဲ့အချိန်ဟာ သိပ်ကိုတိုတောင်းလွန်းပါတယ် ။

ပျော်ရွှင်ရတဲ့အချိန်တွေပြီးရင် ငိုရမဲ့ရက်တွေဟာရောက်လာအုံးမှာဘဲ ။

#################