Back
/ 25
Chapter 4

CHAPTER-3

Please Don't See Me [Mm Transl. || Completed]

UNICODE

အပိုင်း(၃)

သူက ကျွန်တော့်အစ်ကိုပါ

နံနက်ရောက်သော် ရှုကျင်း၏မျက်လုံးအစုံမှာ မို့မောက်ဖောင်းအစ်လျက်။

ရှုကျင်း၏လုပ်ဖော်ကိုင်ဖက်မှာတော့ လန့်ထိတ်သွားရကာ ဒူးခေါင်းဒဏ်ရာက အင်မတန်ပြင်းထန်သည်ဟုသာ ထင်နေတော့သည်။ ကုမ္ပဏီ၌ ရှုကျင်းက အသက်အငယ်ဆုံးဖြစ်၏။ အပေါ်ယံ ခြုံငုံကြည့်မည်ဆိုလျှင်လည်း ရှုကျင်းဟာ မိသားစုထဲ၌ အလိုလိုက်ခံထားရပြီး ကြီးပြင်းလာသကဲ့သို့။ ယမန်နေ့က ရှုကျင်းမှာ အိမ်၌ မည်သူမျှမရှိကြောင်း ပြောပြခဲ့သည်။ လုပ်ဖော်ကိုင်ဖက်က ဦးစွာပထမ တွေးထင်လိုက်သည်က ဆုံးပါးသွားကြလေပြီလောဟူ၍။ သို့သော် အသေအချာ တစ်ခါပြန် မှန်းဆကြည့်ပါက ရှုကျင်းဟာ မိသားစုနှင့် အချေအတင်ဖြစ်ကာ အိမ်ခွဲနေခြင်းလည်း ဖြစ်နိုင်သည်လေ။

လုပ်ဖော်ကိုင်ဖက်က မေးမြန်းလိုက်၏။

"တော်တော်နာနေလား? ငါ ဆရာဝန်ခေါ်ပေးရမလား?"

"ဟင့်အင်း.. ကျွန်တော် ညက ကောင်းကောင်းအိပ်မပျော်လို့နေမယ်"

နှစ်ဦးသား နံနက်စာစားကြပြီးနောက် အခန်း၌ အထုပ်အပိုးများ ပြန်လည်သိမ်းဆည်း၏။ ထို့နောက် ဧည့်ကြိုကောင်တာ၌ အခကြေးငွေ သွားရှင်းတော့သည်။

နံနက်ခင်း၌ ဟိုတယ်ခန်းများအတွက် ကျသင့်ငွေပေးသွင်းနေကြသည့်လူများက ငါးပိသိပ်ငါးချဥ်သိပ်ဖြစ်လျက်။ ဧည့်သည်တစ်ဦးဆိုလျှင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရလွန်း၍ ဟိုတယ်ဝန်ထမ်းနှင့်ပင် ရန်ဖြစ်နေလိုက်သေးသည်။

ရှုကျင်း၏လုပ်ဖော်ကိုင်ဖက်ဖြစ်သူမှာတော့ နာရီကိုသာ မလွတ်တမ်း မျှော်ကြည့်ရင်း လေယာဥ်ချိန်နောက်မကျရေးအတွက် ပူပန်စွာဖြင့် နှုတ်မှ တတွတ်တွတ် ရွတ်နေတော့သည်။

ရှုကျင်းမှာတော့ လုပ်ဖော်ကိုင်ဖက်အနောက်၌ အဝတ်သေတ္တာများဖြင့် မတ်တပ်ရပ်ကာ ဓာတ်လှေကားဘက်ကိုသာ ဒုတိယအကြိမ်မြောက် ငေးမောကြည့်နေမိ၏။

ယမန်နေ့က ဓာတ်လှေကားအရှေ့၌ ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းက သူ၏အတွေးစများထဲ လိုက်လံမွှေနှောက်နေဆဲ။

ထိုအချိန်ဝယ် ဟိုတယ်အတွင်း၌ ဧည့်သည်များက ဝင်လိုက်၊ ထွက်လိုက်ဖြင့် လူပင်လယ်ကြီးဖြစ်နေတော့သည်။

အကယ်၍များ သူတို့နှစ်ဦး လေယာဥ်ချိန်နှင့် လွဲသွားပါက ဟိုတယ်၌ နောက်တစ်နေ့ ထပ်နေရပေတော့မည်။

သို့သည့်တိုင် အံ့ဩစရာကောင်းလောက်အောင်ပင် ရှုကျင်းဟာ စိတ်ပျက်လက်ပျက်မဖြစ်ခဲ့။ ယခုအခြေအနေကိုပင် ကျေနပ်နေသည်လောဟု မေးယူရပေမည်။

အဆုံးတွင်တော့ ကြံဆထားသည့်အချိန်အတွင်း ကျသင့်ငွေရှင်းနိုင်ခဲ့လေပြီ။ ဟိုတယ်က တာဝန်ယူကာ သူတို့အား လေဆိပ်လိုက်ပို့မည်ဖြစ်သည့်အားလျော်စွာ ဧည့်တွေ့ခန်း၌ ခေတ္တခဏ စောင့်ဆိုင်းပေးပါရန် တောင်းဆိုထား၏။

စောင့်ဆိုင်းနေသည့်အချိန်အတွင်းမှာပင် chat box အတွင်းရှိ ကုမ္ပဏီမှလုပ်ဖော်ကိုင်ဖက်များဖြင့် ဖွဲ့စည်းထားသည့် group၌ အားကျမှုအဖြာဖြာဖြင့် စည်ကားတက်ကြွလာလေသည်။

ရှုကျင်းသည်လည်း လူတိုင်းပို့ထားသည့်စာများကို ဖတ်ရင်း ပျင်းရိလာ၏။ ထို့အပြင် တစ်စုံတစ်ဦးဆိုလျှင် သူ့အား mention ခေါ်ကာ လင်ဝမ်းအပေါ်တွင်တော့ ကောင်းကောင်းဆက်ဆံပေးသည့်တိုင် ကျန်လုပ်ဖော်ကိုင်ဖက်များကိုတော့ မည်သို့မည်နှယ် အလျော်ပေးမည်နည်းဟု အပျော်အပြက်မေးမြန်းထားသေးသည်။

လင်ဝမ်းဟူသည် ရှုကျင်းနှင့်အတူ ခရီးသို့လိုက်ပါလာသည့် လုပ်ဖော်ကိုင်ဖက်၏အမည်နာမဖြစ်သည်။ လွန်ခဲ့သည့် ရက်များအတွင်း လင်ဝမ်းက ရှုကျင်းဟာ ခရီးစရိတ်တစ်ဝက် ပေးချေဖို့ရာတောင်းဆိုခဲ့သော်လည်း ရှုကျင်းက ငြင်းပယ်ခဲ့သည်လေ။ ထို့ကြောင့် လောလောလတ်လတ်ရက်များအတွင်း မနာလိုအူတိုမှုဟူသော ဤချဥ်ခါးခါးခံစားချက်က လူတိုင်း၏စိတ်နှလုံးတွင် အနည်ထိုင်လျက်ရှိဖြစ်၏။

ကုမ္ပဏီ၌ ရှုကျင်း၏ရေပန်းစားမှုက မနည်းလှချေ။ ပြုံးရယ်ကာ ဟာသလုပ်နေသည့် emoji လေးဖြင့် စာပြန်လိုက်၏။

[ကျွန်တော် ဒီနေ့ ပြန်လာမှာဆိုတော့ကာ.. မနက်ဖြန် အားလုံးအတွက် ညစာ ကျွန်တော် ဒကာခံပါ့မယ်။]

[ရှောင်ရှုရေ.. ကျေနပ်တယ်ဝေ့.. တို့တော့ ဘာဘီကျူးစားချင်တယ်။]

[ဟော့ပေါ့မှ ဟော့ပေါ့နော်။ တစ်ပြားမှ မလျော့ဘူး။]

[သုံးထပ်သားကင်လေး တစ်လုပ်လောက် စားလိုက်ရရင် လူဖြစ်ရကျိုးနပ်ပါပြီ ကိုယ့်လူ။]

"Fxck... ရှုကျင်း... မင်း ဘာလို့ အားလုံးကို သဘောတူလိုက်ရတာလဲ?"

ရှုကျင်းက ပြန်ဖြေ၏။

"ဘာမှမဖြစ်ပါဘူး.. ဘူဖေးကျွေးမှာပဲကို"

လင်းဝမ်ကလည်း ပြုံးစစနှင့် ဆိုလိုက်သည်။

"အာ.. ဟုတ်သား.. မနက်ဖြန်ကတော့ ငါ ကျွေးမှာနော်.. လာမလုနဲ့တော့"

စကားပြောလက်စနှင့် ရှုကျင်း ဟိုတယ်စင်္ကြံလမ်းဘက်သို့ ခေါင်းလှည့်လိုက်သည်။ တစ်စုံတစ်ဦး သူ့အမည်နာမအား ခေါ်သံကို ကြားလိုက်ရသလိုလို။

"ရှုကျင်း!"

လင်ဝမ်းသည်လည်း တစ်စုံတစ်ဦး သူတို့ထံ ဦးတည်လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။

'ရှုကျင်း'ဟု လှမ်းခေါ်လိုက်သူဟာ ယမန်နေ့က ဓာတ်လှေကားထဲ၌ ဆုံဖြစ်ခဲ့ကြသည့် ရှန့်ရှင်းဟယ်၏အတွင်းရေးမှူးပင်။

ရှုကျင်းမှာလည်း အံ့ဩမှင်တက်သွားရသည်။

ရှုကျင်းတို့ထံ မနှေးမမြန်လှသော ခြေလှမ်းများဖြင့် ချဥ်းကပ်လာသူက ညင်သာလှသော အပြုံးကို ဆင်မြန်းလျက် စကားဆိုလိုက်၏။

"မောင်လေး ထွက်သွားတာ အစောကြီးပဲ.. အစ်မက မမှီတော့ဘူးလို့တောင် ထင်နေတာ"

ရှုကျင်း : "ဘာကိစ္စရှိလို့လဲဗျ?"

"ဒီလိုပါ.. မစ္စတာရှန့်က မောင်လေးကို မေးခိုင်းလိုက်လို့.. ဒီမှာ နောက်နှစ်ရက်လောက် ထပ်နေဖို့ အဆင်ပြေလားတဲ့.. သူက နောက်တစ်မြို့ကို တနင်္လာနေ့မှ သွားဖြစ်မှာဆိုတော့ အရင်တုန်းက အကြောင်းလေးတွေလည်း မောင်လေးနဲ့ ပြောချင်လို့ပါတဲ့.. ဖြစ်နိုင်မယ်ဆိုရင် အစ်မ အခုချက်ချင်း မောင်လေးရဲ့လေယာဥ်ချိန်ကိုပြောင်းပြီး လက်မှတ်ပြန်လဲလိုက်ပါ့မယ်"

ရှုကျင်းခမျာ တစ်မုဟုတ်ချင်း ကြက်သေသေသွားရတော့သည်။

ရှုကျင်းမှာလည်း ခေါင်းတဆတ်ဆတ်ညိတ်ပြလျက် လက်သင့်ခံမည်ပြုအံ့ဆဲဆဲ၊ 'ကောင်းသားပဲ'ဟူသည့် စကားလုံးများကို နှုတ်မှ သွန်မှောက်တော့အံ့ဆဲဆဲမှာပင် လေးစက္ကန့်၊ ငါးစက္ကန့်မျှ စဥ်းစားခန်းဝင်ပြီးနောက် လည်ချောင်းမှ ထွက်ပြေးသွားသည့်စကားလုံးများသည်ကား : "ဟုတ် ရပါတယ်"ဟူ၍။

နှလုံးစိုင်ကို ဆုပ်ညှစ်ထားသည့် အားတစ်မျိုးသည်လည်း ပြေလျော့သွားခဲ့ချေပြီ။

ကြွက်သားများကပင် လုံးလုံးလျားလျား အညောင်းအညာပြေသွားပါသကဲ့သို့။ ထိုသို့သော စကားအရာချုပ်တည်းမှုမျိုးကို မည်မျှလိုလားတောင့်တနေပါကြောင်း သက်သေသက္ကာရပြုနေသည့်ပမာ။

အူလည်လည်ဖြစ်နေသော လင်ဝမ်းအား နှုတ်ဆက်စကားဆိုပြီးနောက် တနင်္လာနေ့အမှီ အားလုံးနှင့်ညစာစားရန် အပြေးပြန်လာခဲ့မည်ဟုပင် ကတိပေးလိုက်သေးသည်။ ထို့နောက်တွင်တော့ ခရီးဆောင်လက်ဆွဲသေတ္တာအား တရွတ်တိုက်ဆွဲရင်း ရှန့်ရှင်းဟယ်၏အတွင်းရေးမှူးနှင့်အတူ ဓာတ်လှေကားထဲသို့ ဝင်သွားလေတော့၏။

အတွင်းရေးမှူးက အဆိုရှိလာသည်။

"စိတ်မရှိရင် မောင်လေးကို ရှုကျင်းလို့ပဲ ခေါ်မယ်နော်.. မစ္စတာရှန့်ဆီက ကြားထားတာကတော့ ရှုကျင်းက အစ်မထက် တစ်နှစ်ငယ်တယ်ဆိုပဲ"

ရှုကျင်းသည်လည်း ကိစ္စမရှိပါကြောင်း ပြန်လည်တုံ့ပြန်လိုက်၏၊

ရှန့်ရှင်းဟယ် သူ၏အတွင်းရေးမှူးအား မည်သို့မည်နှယ် ပြောပြထားကြောင်းကိုတော့ အလွန်အမင်း သိချင်စိတ်ပြင်းပြလျက်ရှိသည်။

အတွင်းရေးမှူးသည်လည်း စိတ်ပူပူဖြင့် ဒူးခေါင်းဒဏ်ရာအခြေအနေ သက်သာလောဟူ၍ သတင်းမေးလိုက်သေး၏။

ဓာတ်လှေကားသည်လည်း အလင်းအလျင်ဖြင့် အထက်သို့ ဆန်တက်လျက်။ ချက်ချင်းမဆိုင်းပင် ၅၂ထပ်သို့ ရောက်သွားချေပြီ။

ဓာတ်လှေကားအထွက် စင်္ကြံလမ်း၏ကော်ဇောခင်းသည်ကား ကျန်အောက်ထပ်များနှင့် ခြားနားစွာ အရောင်မတူဘဲ ပို၍ထူထူထပ်ထပ်ရှိသေးသည်။ ခန်းဆီးများ၊ အခန်းအပြင်ဘက်ဒီဇိုင်းများကလည်း ကွဲပြားနေ၏။ ဟိုဟိုသည်သည်စပ်စုရင်း အခန်းနံပါတ် (၅၂၀၁)အရှေ့သို့ ရောက်ရှိသွားပြီ။

ရှုကျင်းမှာတော့ ထိန်းမနိုင်သိမ်းမရ ရင်ခုန်စိတ်လှုပ်ရှားလျက်ရှိသည်။

အတွင်းရေးမှူးက အခန်းသော့ကဒ်ကို တံခါးပေါ် ပွတ်ဆွဲလိုက်ပြီးနောက် တံခါးဘေး၌ ကပ်ရပ်ကာ ဆို၏။

"ဝင်သွားလိုက်လေ"

သို့ပေတည့် ကြိုတင်မျှော်မှန်းတွေးဆထားပါသော ရှန့်ရှင်းဟယ်နှင့် မျက်နှာချင်းဆိုင်တွေ့ခွင့်ရရေးကိုတော့ အကောင်အထည်မဖော်နိုင်သေး။ ရှန့်ရှင်းဟယ်က အခန်းထဲ၌ ရှိမနေ။

"မစ္စတာရှန့်က ဌာနက ဖိတ်ထားလို့ ဒီမနက်စောစောပဲ ထွက်သွားတာ.. သူက ဒီရောက်တိုင်း ဒီဟိုတယ်မှာပဲ တည်းနေကျ.. ဒီဟိုတယ်ခန်းမှာက အိပ်ခန်းနှစ်ခန်းပါတယ်.. မစ္စတာရှန့်က ဘယ်ဘက်အခန်းမှာနေတာဆိုတော့ ညာဘက်အခန်းကတော့ လွတ်နေတယ်.. နောက်ရက်တွေထိ ဒီမှာနေရမှာ.. အဆင်ပြေရဲ့လား?"

ရှုကျင့်လည်း အဆင်ပြေကြောင်း ပြန်လည်ဖြေကြားလိုက်သည်။

အတွင်းရေးမှူးလည်း အခန်းထဲမှ ထွက်သွား၏။ မထွက်ခွာမီ ရှန့်ရှင်းဟယ်က မကြာခင် ရောက်လာတော့မည်ဖြစ်ကြောင်း၊ အကယ်၍များ ရှုကျင်း တစ်ခုခုလိုအပ်သည်ရှိသော် ဟိုတယ်ဝန်ဆောင်မှုဌာနကိုလည်းကောင်း၊ သူ(မ)၏ဖုန်းနံပါတ်ကိုလည်းကောင်း ဆက်သွယ်၍ရကြောင်း အကြောင်းကြားသွားသေးသည်။

ရှုကျင်းလည်း လက်ဆွဲသေတ္တာကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည့် လက်များကို ပြေလျော့လိုက်ပြီးနောက် ဧည့်ခန်းထဲ၌ အချိန်အတန်ကြာ မတ်တပ်ရပ်နေသေး၏။

ဧည့်ခန်းထဲတွင်တော့ စားပွဲခုံထက်ရှိ မတ်ခွက်မှလွဲ၍ လူနေသည့် အရိပ်အယောင် တစ်စိုးတစ်စိမျှ မရှိ။

ရှုကျင်း ဟိုဟိုသည်သည် လျှောက်ကြည့်မိသည်။ ထို့နောက် ရှန့်ရှင်းဟယ်၏အိပ်ခန်းတံခါးဆီသို့ လျှောက်သွားကာ တံခါးကို တွန်းဖွင့်လိုက်သည်။

ဧည့်ခန်းနှင့်ယှဥ်လျှင်တော့ ဤနေရာက အနည်းငယ် ပို၍ရှုပ်ပွနေ၏။ ရှန့်ရှင်းဟယ်က အခြားလူများ သူ့ပိုင်နက်ထဲ ကျူးကျော်သည်ကို တစ်ခါမျှ မနှစ်သက်ခဲ့ချေ။ ကုတင်နံဘေးရှိ စားပွဲထက်တွင် နက်ခ်တိုင်တစ်ခုရှိနေကာ စောင်ကိုလည်း မခေါက်ရသေး။ ကြည့်ရသည့်မှာ အခန်းပိုင်ရှင်က အလျင်စလို ထွက်သွားရပုံပင်။

မျက်နှာကျက်မှသည် ကြမ်းပြင်ထက်သို့ တွဲလောင်းကျနေသည့် ခန်းဆီးလိုက်ကာဟာလည်း တစ်ဝက်တစ်ပျက် ဖွင့်လျက်သား။ လျှော်ဖွတ်ရန်ပင် အချိန်မမှီလိုက်ပုံပေါ်သည့် ရှပ်အင်္ကျီတစ်ထည်ကလည်း ချိတ်ဖြင့် အခန့်သား တည်ရှိနေသည်။

ဤသည်ကား ယမန်နေ့က ရှုကျင်း ငိုယိုလျက် မျက်ရည်များဖြင့် ပေပွစေခဲ့သည့် တွန့်ခေါက်နေသည့် ရှပ်အင်္ကျီပင်ဖြစ်ချေ၏။

ရှုကျင်းလည်း အနည်းငယ် ရှက်ရွံ့သွားခဲ့ရသည်ပင်။ မျက်ဝန်းနှစ်စုံကို မီးအရှိန်ဟပ်ခြင်းခံရသကဲ့သို့ တစ်မုဟုတ်ချင်း မှိတ်ပစ်လိုက်ကာ ရှန့်ရှင်းဟယ်၏အခန်းထဲမှ အလျင်အမြန်ထွက်လာခဲ့တော့သည်။

~~~

ရှန့်ရှင်းဟယ်က ပြန်ရောက်လာသည့်အချိန်က မှန်းထားသည်ထက်ပင် နောက်ကျသေး၏။ သူပြန်လာချိန်၌ ရှုကျင်းမှာ အိပ်မောကျလျက်ရှိနေပြီဖြစ်သည်။

အိပ်ခန်းက အလင်းစိုးစင်းမျှ မရှိဘဲ မည်းမှောင်နေ၏။ ရှုကျင်းက လိုက်ကာကိုလည်း မဖွင့်ထားချေ။ အဝတ်အစားပင် မလဲတော့ဘဲ ကုတင်ထောင့်စွန်းလေးအနား၌ ကွေးကွေးလေး အိပ်စက်နေသော အကြင်လူဟာ ဝင်သက်ထွက်သက်တိုင်း၌ ခန္ဓာကိုယ်လေးက စည်းချက်ကျလျက်။

ရှုကျင်း နိုးမလာခင်အချိန်အထိ ရှန့်ရှင်းဟယ်က သူ့ကိုသာ တစိမ့်စိမ့် ငေးမောကြည့်နေသည်။

"ကို?"

ရှုကျင်း အိပ်ယာမှနိုးလာခဲ့ပြီ။ အသံသည်လည်း ခပ်ဩဩ။ ကြားနေကျ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်၏လေသံကဲ့သို့ မဟုတ်တော့။

ရှန့်ရှင်းဟယ်က စကားပြန်မပြောခဲ့။

ရှုကျင်းသည်လည်း မှောင်ပိန်းနေသည့် အခန်းထဲ၌ ရှန့်ရှင်းဟယ်၏မျက်နှာအား ကွဲကွဲပြားပြား မမြင်တွေ့နိုင်ခဲ့ချေ။ ရုတ်ခြည်းဆိုသလို ကြက်သီးမွေးညင်းများ ထသွားရကာ ကုတင်နံဘေးရှိ စားပွဲတင်မီးအိမ်လေးအား ချက်ချင်းမဆိုင်း ထဖွင့်လိုက်သည်။

ထိုအခါတွင်မှ မီးအိမ်၏အလင်းရောင်အကူအညီဖြင့် သူ့အရှေ့ရှိလူ၏မျက်နှာအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။

ရှန့်ရှင်းဟယ်က ယခုထိ ရှပ်အအင်္ကျီကို ဝတ်ဆင်ထားဆဲ။ ညိုနက်နက်မျက်ခုံးအောက်မှ မီးခိုးမှိုင်းရောင် မျက်ဝန်းလေးက ရှုကျင်းအား တိတ်တဆိတ် စိုက်ကြည့်လျက်။

ရှန့်ရှင်းဟယ်က ဆိုလိုက်သည်။

"ထတော့"

"ဟမ်?"

"မင်း ငါးရှဥ့်ထမင်း စားချင်တယ်မဟုတ်ဘူးလား? ကိုယ် တစ်ယောက်ယောက်ကို ဘိုကင်တင်ခိုင်းထားတယ်"

ရုတ်တရက် နိုးလာရသည့် ရှုကျင်း၏စိတ်အစဥ်သည်လည်း ယခုထက်တိုင် ရှုပ်ထွေးနေဆဲ။

"အခုက ဘယ်အချိန်ရှိပြီလဲ?"

ရှုကျင်းက ရှန့်ရှင်းဟယ်၏လက်မောင်းအား လှမ်းဆွဲကာ လက်ကောက်ဝတ်ထက်ရှိ နာရီကို ကြည့်လိုက်သည်။ ၁၂နာရီပင် ထိုးတော့မည်။

ရှုကျင်းလည်း ရှန့်ရှင်းဟယ်၏လက်ကောက်ဝတ်ကို လွှတ်ကာ မျက်လုံးအစုံကို ပွတ်သပ်လိုက်၏။

"ကျွန်တော် အကြာကြီး အိပ်ပျော်သွားတာပဲ.. ဘယ်တုန်းက ပြန်လာတာလဲ?"

ရှန့်ရှင်းဟယ်က ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

"အခုလေးတင်ပဲ ပြန်ရောက်တာ.. ကိုယ် အပြင်မှာ စောင့်နေမယ်"

ရှန့်ရှင်းဟယ် ထွက်သွားသည်နှင့် ရှုကျင်းလည်း အိပ်ယာထက်မှ ငေါက်ခနဲ ထရပ်ကာ အလျင်အမြန် မျက်နှာသွားသစ်သည်။ ထို့နောက် အဝတ်အစားများက သူ လှဲလျောင်းအိပ်စက်ထားသည့် ဒဏ်ကြောင့် မပြောပလောက်ဖွယ်ရာ တွန့်ကြေနေကြောင်း သတိထားမိသွား၏။ လက်ကိုင်ဖုန်းထဲတွင် လုပ်ဖော်ကိုင်ဖက်များ ပို့ထားသည့် မြောက်များလှစွာသော မက်ဆေ့ချ်များကို တွေ့ရလေသည်။ လင်ဝမ်းကပင် မစ္စတာရှန့်အကြောင်းကို မေးမြန်းထား၏။ ထို့အပြင် ရှုကျင်းအား လာခေါ်သည့် အမျိုးသမီးက ရှန့်ရှင်းဟယ်၏လက်ထောက်နှင့် အင်မတန် ဆင်တူလှကြောင်း ပြောထားသေးသည်။

နောက်ဆုံးတွင်တော့ လင်ဝမ်းက မေးထား၏ : [မင်း ရှန့်ရှင်းဟယ်ကို တကယ်သိတယ်ပေါ့? မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဘာလဲ? ]

ထိုအချိန်ဝယ် လင်ဝမ်းက လေယာဥ်ပေါ် ရောက်နေလောက်ပြီ။

ရှုကျင်းလည်း ဖုံးကွယ်ရန် မရည်ရွယ်ထားသောကြောင့် ပြန်ဖြေလိုက်၏ : [သူက ကျွန်တော့်ရဲ့အစ်ကိုပါ ]

အိပ်ခန်းထဲမှ ထွက်လာသည်နှင့် ဧည့်ခန်းထဲ၌ စောင့်ဆိုင်းနေသည့် ရှန့်ရှင်းဟယ်အား တွေ့လိုက်ရသည်။

ရှန့်ရှင်းဟယ်သည်လည်း အဝတ်အစားလဲထားပြီးဖြစ်၏။ ကောလိပ်နေ့ရက်များ၏ အငွေ့အသက်လွှမ်းမိုးနေသည့် ရိုးရိုးရှင်းရှင်း တီရှပ်လေးကို ဝတ်ဆင်ထားခြင်းဖြစ်သည်။

အင်တာနက်၌နာမည်ကြီးနေသည့် စားသောက်ဆိုင်သည်ကား သူတို့တည်းခိုရာဟိုတယ်နှင့် အနည်းငယ် ကွာဝေးလေသည်။ ရှန့်ရှင်းဟယ်က နဂိုကတည်းက ကားစီစဥ်ထားပြီးဖြစ်၏။ အတွင်းရေးမှူးကတော့ လိုက်မလာတော့ချေ။

နေက အလွန်ပူပြင်းလှ၏။

ပင်လယ်ပြင်မှ တိုက်ခတ်လိုက်သော လေညင်းလေးများက ကမ်းရိုးတန်းတစ်လျှောက်ရှိ ထန်းရွက်များကို မွှေနှောက်ကျီစယ်လိုက်သည်။ လမ်းတစ်လျှောက် အဆောက်အအုံများအကြားမှ အပြာဖျော့ဖျော့ပင်လယ်ကိုလည်း ဟိုတစ်စသည်တစ်စ မြင်တွေ့နေရ၏။

ရှန့်ရှင်းဟယ်က အနောက်ခုံ၏ဘယ်ဘက်နေရာတွင် ထိုင်သည်။ ကားပေါ်မတက်မီအထိ စကားများများစားစား မပြောဖြစ်ကြ။

ရှုကျင်း ကားထက်သို့ ဝင်ထိုင်လိုက်သည်နှင့် ရှန့်ရှင်းဟယ်က မေးလာတော့သည်။

"ဒူးခေါင်း သက်သာရဲ့လား?"

ရှုကျင်းက ရှန့်ရှင်းဟယ်၏ညာဘက်ခြမ်းတွင် ထိုင်ရခြင်းကို သဘောကျ၏။

ရှန့်ရှင်းဟယ်က ကားပြတင်းပေါက်မှန်မှတစ်ဆင့် အပြင်သို့ ကြည့်နေစဥ် ရှုကျင်းသည်လည်း ရှန့်ရှင်းဟယ်၏မျက်နှာတစ်ဖက်ခြမ်းကို မရိုးဖြောင့်စွာဖြင့် တိတ်တခိုးရှုစားခွင့်ရတော့သည်။ ဆင်ခြင်တုံတရားများက ထိုသို့မလုပ်ရန် တားမြစ်သည့်တိုင်။

ရှန့်ရှင်းဟယ်လည်း ရုတ်တရက် ရှုကျင်းဘက်သို့ လှည့်ကာ မေးမြန်း၏။

"ဘာတွေစဥ်းစားနေတာလဲ?"

ရှုကျင်းက ရှန့်ရှင်းဟယ်၏အကြည့်စူးစူးများကို မလွန်ဆန်နိုင်ခဲ့။ ပြတင်းပေါက်ဘက်သို့သာ ရုတ်ခနဲ လှည့်ကာ ပြန်ဖြေသည်။

"မနက်ဖြန်ရယ်၊ သန်ဘက်ခါရယ်မှာ ဘာတွေလုပ်ရမလဲ စဥ်းစားနေတာ.. ကျွန်တော်က နေရာတော်တော်များများကို ရောက်ဖူးပြီးသားဆိုတော့ သိပ်ပျော်စရာမကောင်းတော့သလိုပဲ.. ကမ်းခြေဆိုရင်လည်း ရိုးတောင်ရိုးနေပြီ"

ရှန့်ရှင်းဟယ်က အမေးပြုလာ၏။

"ဒီမှာ နေရစ်ခဲ့တာကို နောင်တရတာလား?"

ရှုကျင်းက ရုတ်ခြည်း ခေါင်းပြန်လှည့်ကာ အကျောက်အကန် ငြင်းဆိုသည်။

"မဟုတ်ပါဘူး! ကျွန်တော် ပြောချင်တာက အစ်ကို အားတယ်ဆိုရင် နောက်တစ်ခါ သွားရလည်း အဆင်ပြေတယ်လို့"

ရှန့်ရှင်းဟယ်က ပြတင်းပေါက်ဘက်သို့ မျက်နှာပြန်လှည့်သွား၏။ ရှုကျင်း၏အဖြေအား မှတ်ချက်မပြုတော့။

အင်တာနက်၌ နာမည်ကြီးနေသည့်စားသောက်ဆိုင်၌ ငါးရှဥ့်ထမင်းကို မြိန်ရေယှက်ရေ စားသုံးခဲ့ကြသည်။ ထို့နောက် အခြားမည်သည့်နေရာကိုမျှ မလည်ပတ်တော့ဘဲ ဟိုတယ်သို့သာ တန်းတန်းမတ်မတ် ပြန်လာခဲ့တော့၏။

ဟိုတယ်အခန်းသို့ ပြန်ရောက်သော် ရှန့်ရှင်းဟယ်က လုပ်စရာအလုပ်များ ကျန်ရှိသေးသည့်အတွက် ရှုကျင်းအား ခဏတစ်ဖြုတ် အိပ်စက်အနားယူရန် ဆို၏။

ရှုကျင်းမှာ ကုတင်ထက်၌ ဟိုဘက်လှိမ့်၊ သည်ဘက်လှိမ့်နှင့် လှဲလျောင်းနေခဲ့သည်။ ထို့နောက် ဗီရိုထဲမှ ပါးပါးလျလျ စောင်လေးတစ်ထည်ကို ယူကာ ရှန့်ရှင်းဟယ်၏အခန်းတံခါးအား သွားခေါက်၏။

ရှန့်ရှင်းဟယ်က ကွန်ပျူတာအား မျက်နှာချင်းဆိုင်လျက် လက်ထဲတွင်လည်း စာရင်းစာရွက်များက အပြည့်။

ရှုကျင်းက မေးမြန်းလိုက်သည်။

"ကျွန်တော် ဒီမှာအိပ်လို့ရလား?"

တစ်ဖက်လူမှ ဖြေကြားလာမည့် အဖြေစကားကိုတောင် မစောင့်ဆိုင်းနိုင်တော့ဘဲ ရှုကျင်းက အခန်းထဲသို့ ဝင်လာကာ နောက်မှီထိုင်ခုံထက်၌ ကွေးကွေးလေး ကျောခင်းရင်း မျက်လုံးအစုံကို မှိတ်လိုက်တော့သည်။

ရှုကျင်းခမျာ ယမန်နေ့ညက မပြည့်ဝခဲ့ရသော အိပ်စက်ခြင်းနာရီများကို အစားပြန်ဖြည့်နေသည့်ပုံပင်။

မှောင်ရီမှိုင်းစပျိုးလာသည့်အခါ ရှန့်ရှင်းဟယ်က ရှုကျင်းအား နောက်တစ်ကြိမ် ထပ်မံနှိုးယူရ၏။

"ရှုကျင်း.. ရှုကျင်း.. ညစာစားပွဲရှိတယ်.. မင်း ကိုယ်နဲ့ လိုက်ခဲ့ရမယ်"

ရှပ်အင်္ကျီကို တစ်ဖန် ဝတ်ဆင်ပြီးသော ရှန့်ရှင်းဟယ်က ခေါင်းငုံ့ကာ နာရီကို စိမ်ပြေနပြေ ပြင်ဝတ်နေသည်။

ရှုကျင်းက အင်မတန်မှ အံ့အားသင့်သွားရ၏။

ရှန့်ရှင်းဟယ်က ဆိုလေသည်။

"ပွဲအကြီးကြီးတော့ မဟုတ်ဘူး.. ဒီအတိုင်း ညစာစားရုံပဲ"

ရှုကျင်းလည်း သဘောတူလိုက်သည်။

ညစာစားပွဲကို ဌာနအကြီးအကဲက အနှီဟိုတယ်၌ပင် စီစဥ်ပေးထားခြင်းဖြစ်၏။ ဤပွဲက ကိန်းကြီးခန်းကြီးနိုင်သည့် ညစာစားပွဲမဟုတ်သကဲ့သို့ အလုပ်ကိစ္စနှင့်လည်း မသက်ဆိုင်ချေ။ ရှန့်ရှင်းဟယ်နံဘေး၌ ရှုကျင်းပါ ပါလာသည်ကို မြင်သော် နယမေးမြန်းကြ၏။ ရှန့်ရှင်းဟယ်သည်လည်း ရှုကျင်းအား အတွင်းရေးမှူးဟူ၍ မိတ်ဆက်ပေးခဲ့သည်။

သူတို့နှစ်ဦး၏ ဆက်ဆံရေးအား အပြင်လူများက ထဲထဲဝင်ဝင် အသေးစိတ်မသိရှိကြသေးသည်ကတော့ အမှန်တရားပင်။ သဲလွန်စပင် ရှာနိုင်လောက်အံ့မထင်။

ရှုကျင်းသည်လည်း ရှန့်ရှင်းဟယ်၏အတွင်းရေးမှူးဂုဏ်ပုဒ်အတွက် မျက်စိမှိတ်ခေါင်းညိတ်လိုက်၏။ စားပွဲ၌လည်း စကားကို ရောရောဝင်ဝင် မပြောဖြစ်။

ထိုနေ့ဟာ ပျင်းရိဖွယ်ကောင်းသော နေ့တစ်နေ့ပင်တည်း။

သူတို့နှစ်ဦး အတိတ်ကအကြောင်းများကို ပြန်ပြောင်းလွမ်းဆွတ်ခြင်း မပြုခဲ့သလို ဘာဆိုဘာမှကို မပြောဖြစ်ခဲ့သည်ပင်။

ရှန့်ရှင်းဟယ်က ရှုကျင်းအား အခန်းကဒ်ပေးလိုက်၏။

"ရော့.. မအိပ်နဲ့ဦးနော်"

ရှုကျင်းဟာလည်း အအိပ်မက်သူတစ်ဦး မဟုတ်ရပါချေ။ တစ်ချိန်လုံး အိပ်စက်အနားယူပြီးဖြစ်သည့်အလျောက် ခေါင်းညိတ်ပြကာ အခန်းဆီသို့သာ ပြန်လာလိုက်တော့သည်။

(၁၂)မိနစ်ခန့်ကြာမြင့်ပြီးနောက် ရှန့်ရှင်းဟယ်လည်း နှစ်ဆယ့်လေးနာရီစတိုးဆိုင်လေး၏စက္ကူအိတ်လေးနှင့်အတူ အခန်းထဲ ရောက်လာ၏။ ဆုံလည်စားပွဲထက်၌ ထိုအိတ်ကို ချထားလိုက်ပြီး ရေခဲသေတ္တာထဲသို့ ဝယ်ယူလာသည့်ပစ္စည်းများအား ဖြည့်သွင်းလေသည်။ အတော်များများက အဆာပြေမုန့်များ၊ သစ်သီးဝလံများနှင့် အခြားအရာများပင်ဖြစ်၏။

ရှုကျင်းလည်း ရေမိုးချိုးသန့်စင်ပြီး ကုလားထိုင်၌ထိုင်ကာ ရှန့်ရှင်းဟယ်အား ကူထည့်ပေးသည်။

စက္ကူအိတ်ထဲမှ ပစ္စည်းများလည်း ကုန်သလောက်ရှိနေပြီ။

ကွန်ဒုံးတစ်ထုပ်နှင့် ချောဆီတစ်ဘူးသာ အိတ်ထဲ၌ ကျန်ရှိတော့၏။

ရှုကျင်းက စူးစိုက်ကြည့်ရင်းနှင့်မှ​ ရုတ်တရက် လက်ထဲမှ လွှတ်ချလိုက်သည်။

ရှန့်ရှင်းဟယ်က ရှုကျင်းဘက်သို့ လှည့်လာကာ ပုံမှန်အတိုင်း မေးမြန်းလေ၏။

"ဘာဖြစ်တာလဲ?"

ရှုကျင်း၏မျက်နှာတွင်တော့ ပန်းရောင်လေး ဖြတ်ပြေးသွားသည်။ အတတ်နိုင်ဆုံး တည်ငြိမ်ဟန်ဆောင်ရင်း စကားလမ်းကြောင်းလွှဲ၏။

"အစ်ကို ပြန်လာတာ စောသားပဲ.. ကျွန်တော်က အစ်ကို အလုပ်ရှုပ်နေဦးမယ်ထင်နေတာ"

ရှန့်ရှင်းဟယ် : "ကိုယ် ဒီနေ့နေ့လယ်က အလုပ်ရှုပ်ပြီးသားလေ"

ရှုကျင်း : "ဒါဆို ဒီနေ့ည ဘာမှလုပ်စရာမရှိတော့ဘူးပေါ့"

"အင်......"

ရှန့်ရှင်းဟယ်က ဆုံလည်စားပွဲဆီသို့ လျှောက်သွားကာ ရှုကျင်းအား ကောက်ပွေ့လိုက်ရင်း အခန်းဆီသို့ ဦးတည်သွားလေတော့၏။

"ဒီညတော့ ကိုယ့်မှာ တခြားလုပ်စရာတစ်ခုခုရှိနေသေးတယ်"

★彡★彡★彡★彡★彡★彡★彡★彡

ZAWGYI

အပိုင္း(၃)

သူက ကၽြန္ေတာ့္အစ္ကိုပါ

နံနက္ေရာက္ေသာ္ ရွုက်င္း၏မ်က္လုံးအစုံမွာ မို႔ေမာက္ေဖာင္းအစ္လ်က္။

ရွုက်င္း၏လုပ္ေဖာ္ကိုင္ဖက္မွာေတာ့ လန့္ထိတ္သြားရကာ ဒူးေခါင္းဒဏ္ရာက အင္မတန္ျပင္းထန္သည္ဟုသာ ထင္ေနေတာ့သည္။ ကုမၸဏီ၌ ရွုက်င္းက အသက္အငယ္ဆုံးျဖစ္၏။ အေပၚယံ ျခဳံငုံၾကည့္မည္ဆိုလၽွင္လည္း ရွုက်င္းဟာ မိသားစုထဲ၌ အလိုလိုက္ခံထားရၿပီး ႀကီးျပင္းလာသကဲ့သို႔။ ယမန္ေန႔က ရွုက်င္းမွာ အိမ္၌ မည္သူမၽွမရွိေၾကာင္း ေျပာျပခဲ့သည္။ လုပ္ေဖာ္ကိုင္ဖက္က ဦးစြာပထမ ေတြးထင္လိုက္သည္က ဆုံးပါးသြားၾကေလၿပီေလာဟူ၍။ သို႔ေသာ္ အေသအခ်ာ တစ္ခါျပန္ မွန္းဆၾကည့္ပါက ရွုက်င္းဟာ မိသားစုႏွင့္ အေခ်အတင္ျဖစ္ကာ အိမ္ခြဲေနျခင္းလည္း ျဖစ္နိုင္သည္ေလ။

လုပ္ေဖာ္ကိုင္ဖက္က ေမးျမန္းလိုက္၏။

"ေတာ္ေတာ္နာေနလား? ငါ ဆရာဝန္ေခၚေပးရမလား?"

"ဟင့္အင္း.. ကၽြန္ေတာ္ ညက ေကာင္းေကာင္းအိပ္မေပ်ာ္လို႔ေနမယ္"

ႏွစ္ဦးသား နံနက္စာစားၾကၿပီးေနာက္ အခန္း၌ အထုပ္အပိုးမ်ား ျပန္လည္သိမ္းဆည္း၏။ ထို႔ေနာက္ ဧည့္ႀကိဳေကာင္တာ၌ အခေၾကးေငြ သြားရွင္းေတာ့သည္။

နံနက္ခင္း၌ ဟိုတယ္ခန္းမ်ားအတြက္ က်သင့္ေငြေပးသြင္းေနၾကသည့္လူမ်ားက ငါးပိသိပ္ငါးခ်ဥ္သိပ္ျဖစ္လ်က္။ ဧည့္သည္တစ္ဦးဆိုလၽွင္ အခ်ိန္ၾကာျမင့္စြာ ေစာင့္ဆိုင္းရလြန္း၍ ဟိုတယ္ဝန္ထမ္းႏွင့္ပင္ ရန္ျဖစ္ေနလိုက္ေသးသည္။

ရွုက်င္း၏လုပ္ေဖာ္ကိုင္ဖက္ျဖစ္သူမွာေတာ့ နာရီကိုသာ မလြတ္တမ္း ေမၽွာ္ၾကည့္ရင္း ေလယာဥ္ခ်ိန္ေနာက္မက်ေရးအတြက္ ပူပန္စြာျဖင့္ ႏွုတ္မွ တတြတ္တြတ္ ရြတ္ေနေတာ့သည္။

ရွုက်င္းမွာေတာ့ လုပ္ေဖာ္ကိုင္ဖက္အေနာက္၌ အဝတ္ေသတၱာမ်ားျဖင့္ မတ္တပ္ရပ္ကာ ဓာတ္ေလွကားဘက္ကိုသာ ဒုတိယအႀကိမ္ေျမာက္ ေငးေမာၾကည့္ေနမိ၏။

ယမန္ေန႔က ဓာတ္ေလွကားအေရွ႕၌ ျဖစ္ပ်က္ခဲ့သည့္ ျမင္ကြင္းက သူ၏အေတြးစမ်ားထဲ လိုက္လံေမႊေႏွာက္ေနဆဲ။

ထိုအခ်ိန္ဝယ္ ဟိုတယ္အတြင္း၌ ဧည့္သည္မ်ားက ဝင္လိုက္၊ ထြက္လိုက္ျဖင့္ လူပင္လယ္ႀကီးျဖစ္ေနေတာ့သည္။

အကယ္၍မ်ား သူတို႔ႏွစ္ဦး ေလယာဥ္ခ်ိန္ႏွင့္ လြဲသြားပါက ဟိုတယ္၌ ေနာက္တစ္ေန႔ ထပ္ေနရေပေတာ့မည္။

သို႔သည့္တိုင္ အံ့ဩစရာေကာင္းေလာက္ေအာင္ပင္ ရွုက်င္းဟာ စိတ္ပ်က္လက္ပ်က္မျဖစ္ခဲ့။ ယခုအေျခအေနကိုပင္ ေက်နပ္ေနသည္ေလာဟု ေမးယူရေပမည္။

အဆုံးတြင္ေတာ့ ႀကံဆထားသည့္အခ်ိန္အတြင္း က်သင့္ေငြရွင္းနိုင္ခဲ့ေလၿပီ။ ဟိုတယ္က တာဝန္ယူကာ သူတို႔အား ေလဆိပ္လိုက္ပို႔မည္ျဖစ္သည့္အားေလ်ာ္စြာ ဧည့္ေတြ႕ခန္း၌ ေခတၱခဏ ေစာင့္ဆိုင္းေပးပါရန္ ေတာင္းဆိုထား၏။

ေစာင့္ဆိုင္းေနသည့္အခ်ိန္အတြင္းမွာပင္ chat box အတြင္းရွိ ကုမၸဏီမွလုပ္ေဖာ္ကိုင္ဖက္မ်ားျဖင့္ ဖြဲ႕စည္းထားသည့္ group၌ အားက်မွုအျဖာျဖာျဖင့္ စည္ကားတက္ႂကြလာေလသည္။

ရွုက်င္းသည္လည္း လူတိုင္းပို႔ထားသည့္စာမ်ားကို ဖတ္ရင္း ပ်င္းရိလာ၏။ ထို႔အျပင္ တစ္စုံတစ္ဦးဆိုလၽွင္ သူ႔အား mention ေခၚကာ လင္ဝမ္းအေပၚတြင္ေတာ့ ေကာင္းေကာင္းဆက္ဆံေပးသည့္တိုင္ က်န္လုပ္ေဖာ္ကိုင္ဖက္မ်ားကိုေတာ့ မည္သို႔မည္ႏွယ္ အေလ်ာ္ေပးမည္နည္းဟု အေပ်ာ္အျပက္ေမးျမန္းထားေသးသည္။

လင္ဝမ္းဟူသည္ ရွုက်င္းႏွင့္အတူ ခရီးသို႔လိုက္ပါလာသည့္ လုပ္ေဖာ္ကိုင္ဖက္၏အမည္နာမျဖစ္သည္။ လြန္ခဲ့သည့္ ရက္မ်ားအတြင္း လင္ဝမ္းက ရွုက်င္းဟာ ခရီးစရိတ္တစ္ဝက္ ေပးေခ်ဖို႔ရာေတာင္းဆိုခဲ့ေသာ္လည္း ရွုက်င္းက ျငင္းပယ္ခဲ့သည္ေလ။ ထို႔ေၾကာင့္ ေလာေလာလတ္လတ္ရက္မ်ားအတြင္း မနာလိုအူတိုမွုဟူေသာ ဤခ်ဥ္ခါးခါးခံစားခ်က္က လူတိုင္း၏စိတ္ႏွလုံးတြင္ အနည္ထိုင္လ်က္ရွိျဖစ္၏။

ကုမၸဏီ၌ ရွုက်င္း၏ေရပန္းစားမွုက မနည္းလွေခ်။ ျပဳံးရယ္ကာ ဟာသလုပ္ေနသည့္ emoji ေလးျဖင့္ စာျပန္လိုက္၏။

[ကၽြန္ေတာ္ ဒီေန႔ ျပန္လာမွာဆိုေတာ့ကာ.. မနက္ျဖန္ အားလုံးအတြက္ ညစာ ကၽြန္ေတာ္ ဒကာခံပါ့မယ္။]

[ေရွာင္ရွုေရ.. ေက်နပ္တယ္ေဝ့.. တို႔ေတာ့ ဘာဘီက်ဴးစားခ်င္တယ္။]

[ေဟာ့ေပါ့မွ ေဟာ့ေပါ့ေနာ္။ တစ္ျပားမွ မေလ်ာ့ဘူး။]

[သုံးထပ္သားကင္ေလး တစ္လုပ္ေလာက္ စားလိုက္ရရင္ လူျဖစ္ရက်ိဳးနပ္ပါၿပီ ကိုယ့္လူ။]

"Fxck... ရွုက်င္း... မင္း ဘာလို႔ အားလုံးကို သေဘာတူလိုက္ရတာလဲ?"

ရွုက်င္းက ျပန္ေျဖ၏။

"ဘာမွမျဖစ္ပါဘူး.. ဘူေဖးေကၽြးမွာပဲကို"

လင္းဝမ္ကလည္း ျပဳံးစစႏွင့္ ဆိုလိုက္သည္။

"အာ.. ဟုတ္သား.. မနက္ျဖန္ကေတာ့ ငါ ေကၽြးမွာေနာ္.. လာမလုနဲ႔ေတာ့"

စကားေျပာလက္စႏွင့္ ရွုက်င္း ဟိုတယ္စႀကႍလမ္းဘက္သို႔ ေခါင္းလွည့္လိုက္သည္။ တစ္စုံတစ္ဦး သူ႔အမည္နာမအား ေခၚသံကို ၾကားလိုက္ရသလိုလို။

"ရွုက်င္း!"

လင္ဝမ္းသည္လည္း တစ္စုံတစ္ဦး သူတို႔ထံ ဦးတည္ေလၽွာက္လွမ္းလာသည္ကို ျမင္လိုက္ရသည္။

'ရွုက်င္း'ဟု လွမ္းေခၚလိုက္သူဟာ ယမန္ေန႔က ဓာတ္ေလွကားထဲ၌ ဆုံျဖစ္ခဲ့ၾကသည့္ ရွန့္ရွင္းဟယ္၏အတြင္းေရးမွူးပင္။

ရွုက်င္းမွာလည္း အံ့ဩမွင္တက္သြားရသည္။

ရွုက်င္းတို႔ထံ မေႏွးမျမန္လွေသာ ေျခလွမ္းမ်ားျဖင့္ ခ်ဥ္းကပ္လာသူက ညင္သာလွေသာ အျပဳံးကို ဆင္ျမန္းလ်က္ စကားဆိုလိုက္၏။

"ေမာင္ေလး ထြက္သြားတာ အေစာႀကီးပဲ.. အစ္မက မမွီေတာ့ဘူးလို႔ေတာင္ ထင္ေနတာ"

ရွုက်င္း : "ဘာကိစၥရွိလို႔လဲဗ်?"

"ဒီလိုပါ.. မစၥတာရွန့္က ေမာင္ေလးကို ေမးခိုင္းလိုက္လို႔.. ဒီမွာ ေနာက္ႏွစ္ရက္ေလာက္ ထပ္ေနဖို႔ အဆင္ေျပလားတဲ့.. သူက ေနာက္တစ္ၿမိဳ႕ကို တနလၤာေန႔မွ သြားျဖစ္မွာဆိုေတာ့ အရင္တုန္းက အေၾကာင္းေလးေတြလည္း ေမာင္ေလးနဲ႔ ေျပာခ်င္လို႔ပါတဲ့.. ျဖစ္နိုင္မယ္ဆိုရင္ အစ္မ အခုခ်က္ခ်င္း ေမာင္ေလးရဲ့ေလယာဥ္ခ်ိန္ကိုေျပာင္းၿပီး လက္မွတ္ျပန္လဲလိုက္ပါ့မယ္"

ရွုက်င္းခမ်ာ တစ္မုဟုတ္ခ်င္း ၾကက္ေသေသသြားရေတာ့သည္။

ရွုက်င္းမွာလည္း ေခါင္းတဆတ္ဆတ္ညိတ္ျပလ်က္ လက္သင့္ခံမည္ျပဳအံ့ဆဲဆဲ၊ 'ေကာင္းသားပဲ'ဟူသည့္ စကားလုံးမ်ားကို ႏွုတ္မွ သြန္ေမွာက္ေတာ့အံ့ဆဲဆဲမွာပင္ ေလးစကၠန့္၊ ငါးစကၠန့္မၽွ စဥ္းစားခန္းဝင္ၿပီးေနာက္ လည္ေခ်ာင္းမွ ထြက္ေျပးသြားသည့္စကားလုံးမ်ားသည္ကား : "ဟုတ္ ရပါတယ္"ဟူ၍။

ႏွလုံးစိုင္ကို ဆုပ္ညႇစ္ထားသည့္ အားတစ္မ်ိဳးသည္လည္း ေျပေလ်ာ့သြားခဲ့ေခ်ၿပီ။

ႂကြက္သားမ်ားကပင္ လုံးလုံးလ်ားလ်ား အေညာင္းအညာေျပသြားပါသကဲ့သို႔။ ထိုသို႔ေသာ စကားအရာခ်ဳပ္တည္းမွုမ်ိဳးကို မည္မၽွလိုလားေတာင့္တေနပါေၾကာင္း သက္ေသသကၠာရျပဳေနသည့္ပမာ။

အူလည္လည္ျဖစ္ေနေသာ လင္ဝမ္းအား ႏွုတ္ဆက္စကားဆိုၿပီးေနာက္ တနလၤာေန႔အမွီ အားလုံးႏွင့္ညစာစားရန္ အေျပးျပန္လာခဲ့မည္ဟုပင္ ကတိေပးလိုက္ေသးသည္။ ထို႔ေနာက္တြင္ေတာ့ ခရီးေဆာင္လက္ဆြဲေသတၱာအား တရြတ္တိုက္ဆြဲရင္း ရွန့္ရွင္းဟယ္၏အတြင္းေရးမွူးႏွင့္အတူ ဓာတ္ေလွကားထဲသို႔ ဝင္သြားေလေတာ့၏။

အတြင္းေရးမွူးက အဆိုရွိလာသည္။

"စိတ္မရွိရင္ ေမာင္ေလးကို ရွုက်င္းလို႔ပဲ ေခၚမယ္ေနာ္.. မစၥတာရွန့္ဆီက ၾကားထားတာကေတာ့ ရွုက်င္းက အစ္မထက္ တစ္ႏွစ္ငယ္တယ္ဆိုပဲ"

ရွုက်င္းသည္လည္း ကိစၥမရွိပါေၾကာင္း ျပန္လည္တုံ႔ျပန္လိုက္၏၊

ရွန့္ရွင္းဟယ္ သူ၏အတြင္းေရးမွူးအား မည္သို႔မည္ႏွယ္ ေျပာျပထားေၾကာင္းကိုေတာ့ အလြန္အမင္း သိခ်င္စိတ္ျပင္းျပလ်က္ရွိသည္။

အတြင္းေရးမွူးသည္လည္း စိတ္ပူပူျဖင့္ ဒူးေခါင္းဒဏ္ရာအေျခအေန သက္သာေလာဟူ၍ သတင္းေမးလိုက္ေသး၏။

ဓာတ္ေလွကားသည္လည္း အလင္းအလ်င္ျဖင့္ အထက္သို႔ ဆန္တက္လ်က္။ ခ်က္ခ်င္းမဆိုင္းပင္ ၅၂ထပ္သို႔ ေရာက္သြားေခ်ၿပီ။

ဓာတ္ေလွကားအထြက္ စႀကႍလမ္း၏ေကာ္ေဇာခင္းသည္ကား က်န္ေအာက္ထပ္မ်ားႏွင့္ ျခားနားစြာ အေရာင္မတူဘဲ ပို၍ထူထူထပ္ထပ္ရွိေသးသည္။ ခန္းဆီးမ်ား၊ အခန္းအျပင္ဘက္ဒီဇိုင္းမ်ားကလည္း ကြဲျပားေန၏။ ဟိုဟိုသည္သည္စပ္စုရင္း အခန္းနံပါတ္ (၅၂၀၁)အေရွ႕သို႔ ေရာက္ရွိသြားၿပီ။

ရွုက်င္းမွာေတာ့ ထိန္းမနိုင္သိမ္းမရ ရင္ခုန္စိတ္လွုပ္ရွားလ်က္ရွိသည္။

အတြင္းေရးမွူးက အခန္းေသာ့ကဒ္ကို တံခါးေပၚ ပြတ္ဆြဲလိုက္ၿပီးေနာက္ တံခါးေဘး၌ ကပ္ရပ္ကာ ဆို၏။

"ဝင္သြားလိုက္ေလ"

သို႔ေပတည့္ ႀကိဳတင္ေမၽွာ္မွန္းေတြးဆထားပါေသာ ရွန့္ရွင္းဟယ္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ေတြ႕ခြင့္ရေရးကိုေတာ့ အေကာင္အထည္မေဖာ္နိုင္ေသး။ ရွန့္ရွင္းဟယ္က အခန္းထဲ၌ ရွိမေန။

"မစၥတာရွန့္က ဌာနက ဖိတ္ထားလို႔ ဒီမနက္ေစာေစာပဲ ထြက္သြားတာ.. သူက ဒီေရာက္တိုင္း ဒီဟိုတယ္မွာပဲ တည္းေနက်.. ဒီဟိုတယ္ခန္းမွာက အိပ္ခန္းႏွစ္ခန္းပါတယ္.. မစၥတာရွန့္က ဘယ္ဘက္အခန္းမွာေနတာဆိုေတာ့ ညာဘက္အခန္းကေတာ့ လြတ္ေနတယ္.. ေနာက္ရက္ေတြထိ ဒီမွာေနရမွာ.. အဆင္ေျပရဲ့လား?"

ရွုက်င့္လည္း အဆင္ေျပေၾကာင္း ျပန္လည္ေျဖၾကားလိုက္သည္။

အတြင္းေရးမွူးလည္း အခန္းထဲမွ ထြက္သြား၏။ မထြက္ခြာမီ ရွန့္ရွင္းဟယ္က မၾကာခင္ ေရာက္လာေတာ့မည္ျဖစ္ေၾကာင္း၊ အကယ္၍မ်ား ရွုက်င္း တစ္ခုခုလိုအပ္သည္ရွိေသာ္ ဟိုတယ္ဝန္ေဆာင္မွုဌာနကိုလည္းေကာင္း၊ သူ(မ)၏ဖုန္းနံပါတ္ကိုလည္းေကာင္း ဆက္သြယ္၍ရေၾကာင္း အေၾကာင္းၾကားသြားေသးသည္။

ရွုက်င္းလည္း လက္ဆြဲေသတၱာကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားသည့္ လက္မ်ားကို ေျပေလ်ာ့လိုက္ၿပီးေနာက္ ဧည့္ခန္းထဲ၌ အခ်ိန္အတန္ၾကာ မတ္တပ္ရပ္ေနေသး၏။

ဧည့္ခန္းထဲတြင္ေတာ့ စားပြဲခုံထက္ရွိ မတ္ခြက္မွလြဲ၍ လူေနသည့္ အရိပ္အေယာင္ တစ္စိုးတစ္စိမၽွ မရွိ။

ရွုက်င္း ဟိုဟိုသည္သည္ ေလၽွာက္ၾကည့္မိသည္။ ထို႔ေနာက္ ရွန့္ရွင္းဟယ္၏အိပ္ခန္းတံခါးဆီသို႔ ေလၽွာက္သြားကာ တံခါးကို တြန္းဖြင့္လိုက္သည္။

ဧည့္ခန္းႏွင့္ယွဥ္လၽွင္ေတာ့ ဤေနရာက အနည္းငယ္ ပို၍ရွုပ္ပြေန၏။ ရွန့္ရွင္းဟယ္က အျခားလူမ်ား သူ႔ပိုင္နက္ထဲ က်ဴးေက်ာ္သည္ကို တစ္ခါမၽွ မႏွစ္သက္ခဲ့ေခ်။ ကုတင္နံေဘးရွိ စားပြဲထက္တြင္ နက္ခ္တိုင္တစ္ခုရွိေနကာ ေစာင္ကိုလည္း မေခါက္ရေသး။ ၾကည့္ရသည့္မွာ အခန္းပိုင္ရွင္က အလ်င္စလို ထြက္သြားရပုံပင္။

မ်က္ႏွာက်က္မွသည္ ၾကမ္းျပင္ထက္သို႔ တြဲေလာင္းက်ေနသည့္ ခန္းဆီးလိုက္ကာဟာလည္း တစ္ဝက္တစ္ပ်က္ ဖြင့္လ်က္သား။ ေလၽွာ္ဖြတ္ရန္ပင္ အခ်ိန္မမွီလိုက္ပုံေပၚသည့္ ရွပ္အကၤ်ီတစ္ထည္ကလည္း ခ်ိတ္ျဖင့္ အခန့္သား တည္ရွိေနသည္။

ဤသည္ကား ယမန္ေန႔က ရွုက်င္း ငိုယိုလ်က္ မ်က္ရည္မ်ားျဖင့္ ေပပြေစခဲ့သည့္ တြန့္ေခါက္ေနသည့္ ရွပ္အကၤ်ီပင္ျဖစ္ေခ်၏။

ရွုက်င္းလည္း အနည္းငယ္ ရွက္ရြံ႕သြားခဲ့ရသည္ပင္။ မ်က္ဝန္းႏွစ္စုံကို မီးအရွိန္ဟပ္ျခင္းခံရသကဲ့သို႔ တစ္မုဟုတ္ခ်င္း မွိတ္ပစ္လိုက္ကာ ရွန့္ရွင္းဟယ္၏အခန္းထဲမွ အလ်င္အျမန္ထြက္လာခဲ့ေတာ့သည္။

~~~

ရွန့္ရွင္းဟယ္က ျပန္ေရာက္လာသည့္အခ်ိန္က မွန္းထားသည္ထက္ပင္ ေနာက္က်ေသး၏။ သူျပန္လာခ်ိန္၌ ရွုက်င္းမွာ အိပ္ေမာက်လ်က္ရွိေနၿပီျဖစ္သည္။

အိပ္ခန္းက အလင္းစိုးစင္းမၽွ မရွိဘဲ မည္းေမွာင္ေန၏။ ရွုက်င္းက လိုက္ကာကိုလည္း မဖြင့္ထားေခ်။ အဝတ္အစားပင္ မလဲေတာ့ဘဲ ကုတင္ေထာင့္စြန္းေလးအနား၌ ေကြးေကြးေလး အိပ္စက္ေနေသာ အၾကင္လူဟာ ဝင္သက္ထြက္သက္တိုင္း၌ ခႏၶာကိုယ္ေလးက စည္းခ်က္က်လ်က္။

ရွုက်င္း နိုးမလာခင္အခ်ိန္အထိ ရွန့္ရွင္းဟယ္က သူ႔ကိုသာ တစိမ့္စိမ့္ ေငးေမာၾကည့္ေနသည္။

"ကို?"

ရွုက်င္း အိပ္ယာမွနိုးလာခဲ့ၿပီ။ အသံသည္လည္း ခပ္ဩဩ။ ၾကားေနက် ဆယ္ေက်ာ္သက္ေကာင္ေလးတစ္ေယာက္၏ေလသံကဲ့သို႔ မဟုတ္ေတာ့။

ရွန့္ရွင္းဟယ္က စကားျပန္မေျပာခဲ့။

ရွုက်င္းသည္လည္း ေမွာင္ပိန္းေနသည့္ အခန္းထဲ၌ ရွန့္ရွင္းဟယ္၏မ်က္ႏွာအား ကြဲကြဲျပားျပား မျမင္ေတြ႕နိုင္ခဲ့ေခ်။ ႐ုတ္ျခည္းဆိုသလို ၾကက္သီးေမြးညင္းမ်ား ထသြားရကာ ကုတင္နံေဘးရွိ စားပြဲတင္မီးအိမ္ေလးအား ခ်က္ခ်င္းမဆိုင္း ထဖြင့္လိုက္သည္။

ထိုအခါတြင္မွ မီးအိမ္၏အလင္းေရာင္အကူအညီျဖင့္ သူ႔အေရွ႕ရွိလူ၏မ်က္ႏွာအား ရွင္းရွင္းလင္းလင္း ျမင္လိုက္ရ၏။

ရွန့္ရွင္းဟယ္က ယခုထိ ရွပ္အအကၤ်ီကို ဝတ္ဆင္ထားဆဲ။ ညိဳနက္နက္မ်က္ခုံးေအာက္မွ မီးခိုးမွိုင္းေရာင္ မ်က္ဝန္းေလးက ရွုက်င္းအား တိတ္တဆိတ္ စိုက္ၾကည့္လ်က္။

ရွန့္ရွင္းဟယ္က ဆိုလိုက္သည္။

"ထေတာ့"

"ဟမ္?"

"မင္း ငါးရွဥ့္ထမင္း စားခ်င္တယ္မဟုတ္ဘူးလား? ကိုယ္ တစ္ေယာက္ေယာက္ကို ဘိုကင္တင္ခိုင္းထားတယ္"

႐ုတ္တရက္ နိုးလာရသည့္ ရွုက်င္း၏စိတ္အစဥ္သည္လည္း ယခုထက္တိုင္ ရွုပ္ေထြးေနဆဲ။

"အခုက ဘယ္အခ်ိန္ရွိၿပီလဲ?"

ရွုက်င္းက ရွန့္ရွင္းဟယ္၏လက္ေမာင္းအား လွမ္းဆြဲကာ လက္ေကာက္ဝတ္ထက္ရွိ နာရီကို ၾကည့္လိုက္သည္။ ၁၂နာရီပင္ ထိုးေတာ့မည္။

ရွုက်င္းလည္း ရွန့္ရွင္းဟယ္၏လက္ေကာက္ဝတ္ကို လႊတ္ကာ မ်က္လုံးအစုံကို ပြတ္သပ္လိုက္၏။

"ကၽြန္ေတာ္ အၾကာႀကီး အိပ္ေပ်ာ္သြားတာပဲ.. ဘယ္တုန္းက ျပန္လာတာလဲ?"

ရွန့္ရွင္းဟယ္က ေပါ့ေပါ့ပါးပါး ျပန္ေျဖသည္။

"အခုေလးတင္ပဲ ျပန္ေရာက္တာ.. ကိုယ္ အျပင္မွာ ေစာင့္ေနမယ္"

ရွန့္ရွင္းဟယ္ ထြက္သြားသည္ႏွင့္ ရွုက်င္းလည္း အိပ္ယာထက္မွ ေငါက္ခနဲ ထရပ္ကာ အလ်င္အျမန္ မ်က္ႏွာသြားသစ္သည္။ ထို႔ေနာက္ အဝတ္အစားမ်ားက သူ လွဲေလ်ာင္းအိပ္စက္ထားသည့္ ဒဏ္ေၾကာင့္ မေျပာပေလာက္ဖြယ္ရာ တြန့္ေၾကေနေၾကာင္း သတိထားမိသြား၏။ လက္ကိုင္ဖုန္းထဲတြင္ လုပ္ေဖာ္ကိုင္ဖက္မ်ား ပို႔ထားသည့္ ေျမာက္မ်ားလွစြာေသာ မက္ေဆ့ခ်္မ်ားကို ေတြ႕ရေလသည္။ လင္ဝမ္းကပင္ မစၥတာရွန့္အေၾကာင္းကို ေမးျမန္းထား၏။ ထို႔အျပင္ ရွုက်င္းအား လာေခၚသည့္ အမ်ိဳးသမီးက ရွန့္ရွင္းဟယ္၏လက္ေထာက္ႏွင့္ အင္မတန္ ဆင္တူလွေၾကာင္း ေျပာထားေသးသည္။

ေနာက္ဆုံးတြင္ေတာ့ လင္ဝမ္းက ေမးထား၏ : [မင္း ရွန့္ရွင္းဟယ္ကို တကယ္သိတယ္ေပါ့? မင္းတို႔ႏွစ္ေယာက္ရဲ့ဆက္ဆံေရးက ဘာလဲ? ]

ထိုအခ်ိန္ဝယ္ လင္ဝမ္းက ေလယာဥ္ေပၚ ေရာက္ေနေလာက္ၿပီ။

ရွုက်င္းလည္း ဖုံးကြယ္ရန္ မရည္ရြယ္ထားေသာေၾကာင့္ ျပန္ေျဖလိုက္၏ : [သူက ကၽြန္ေတာ့္ရဲ့အစ္ကိုပါ ]

အိပ္ခန္းထဲမွ ထြက္လာသည္ႏွင့္ ဧည့္ခန္းထဲ၌ ေစာင့္ဆိုင္းေနသည့္ ရွန့္ရွင္းဟယ္အား ေတြ႕လိုက္ရသည္။

ရွန့္ရွင္းဟယ္သည္လည္း အဝတ္အစားလဲထားၿပီးျဖစ္၏။ ေကာလိပ္ေန႔ရက္မ်ား၏ အေငြ႕အသက္လႊမ္းမိုးေနသည့္ ရိုးရိုးရွင္းရွင္း တီရွပ္ေလးကို ဝတ္ဆင္ထားျခင္းျဖစ္သည္။

အင္တာနက္၌နာမည္ႀကီးေနသည့္ စားေသာက္ဆိုင္သည္ကား သူတို႔တည္းခိုရာဟိုတယ္ႏွင့္ အနည္းငယ္ ကြာေဝးေလသည္။ ရွန့္ရွင္းဟယ္က နဂိုကတည္းက ကားစီစဥ္ထားၿပီးျဖစ္၏။ အတြင္းေရးမွူးကေတာ့ လိုက္မလာေတာ့ေခ်။

ေနက အလြန္ပူျပင္းလွ၏။

ပင္လယ္ျပင္မွ တိုက္ခတ္လိုက္ေသာ ေလညင္းေလးမ်ားက ကမ္းရိုးတန္းတစ္ေလၽွာက္ရွိ ထန္းရြက္မ်ားကို ေမႊေႏွာက္က်ီစယ္လိုက္သည္။ လမ္းတစ္ေလၽွာက္ အေဆာက္အအုံမ်ားအၾကားမွ အျပာေဖ်ာ့ေဖ်ာ့ပင္လယ္ကိုလည္း ဟိုတစ္စသည္တစ္စ ျမင္ေတြ႕ေနရ၏။

ရွန့္ရွင္းဟယ္က အေနာက္ခုံ၏ဘယ္ဘက္ေနရာတြင္ ထိုင္သည္။ ကားေပၚမတက္မီအထိ စကားမ်ားမ်ားစားစား မေျပာျဖစ္ၾက။

ရွုက်င္း ကားထက္သို႔ ဝင္ထိုင္လိုက္သည္ႏွင့္ ရွန့္ရွင္းဟယ္က ေမးလာေတာ့သည္။

"ဒူးေခါင္း သက္သာရဲ့လား?"

ရွုက်င္းက ရွန့္ရွင္းဟယ္၏ညာဘက္ျခမ္းတြင္ ထိုင္ရျခင္းကို သေဘာက်၏။

ရွန့္ရွင္းဟယ္က ကားျပတင္းေပါက္မွန္မွတစ္ဆင့္ အျပင္သို႔ ၾကည့္ေနစဥ္ ရွုက်င္းသည္လည္း ရွန့္ရွင္းဟယ္၏မ်က္ႏွာတစ္ဖက္ျခမ္းကို မရိုးေျဖာင့္စြာျဖင့္ တိတ္တခိုးရွုစားခြင့္ရေတာ့သည္။ ဆင္ျခင္တုံတရားမ်ားက ထိုသို႔မလုပ္ရန္ တားျမစ္သည့္တိုင္။

ရွန့္ရွင္းဟယ္လည္း ႐ုတ္တရက္ ရွုက်င္းဘက္သို႔ လွည့္ကာ ေမးျမန္း၏။

"ဘာေတြစဥ္းစားေနတာလဲ?"

ရွုက်င္းက ရွန့္ရွင္းဟယ္၏အၾကည့္စူးစူးမ်ားကို မလြန္ဆန္နိုင္ခဲ့။ ျပတင္းေပါက္ဘက္သို႔သာ ႐ုတ္ခနဲ လွည့္ကာ ျပန္ေျဖသည္။

"မနက္ျဖန္ရယ္၊ သန္ဘက္ခါရယ္မွာ ဘာေတြလုပ္ရမလဲ စဥ္းစားေနတာ.. ကၽြန္ေတာ္က ေနရာေတာ္ေတာ္မ်ားမ်ားကို ေရာက္ဖူးၿပီးသားဆိုေတာ့ သိပ္ေပ်ာ္စရာမေကာင္းေတာ့သလိုပဲ.. ကမ္းေျခဆိုရင္လည္း ရိုးေတာင္ရိုးေနၿပီ"

ရွန့္ရွင္းဟယ္က အေမးျပဳလာ၏။

"ဒီမွာ ေနရစ္ခဲ့တာကို ေနာင္တရတာလား?"

ရွုက်င္းက ႐ုတ္ျခည္း ေခါင္းျပန္လွည့္ကာ အေက်ာက္အကန္ ျငင္းဆိုသည္။

"မဟုတ္ပါဘူး! ကၽြန္ေတာ္ ေျပာခ်င္တာက အစ္ကို အားတယ္ဆိုရင္ ေနာက္တစ္ခါ သြားရလည္း အဆင္ေျပတယ္လို႔"

ရွန့္ရွင္းဟယ္က ျပတင္းေပါက္ဘက္သို႔ မ်က္ႏွာျပန္လွည့္သြား၏။ ရွုက်င္း၏အေျဖအား မွတ္ခ်က္မျပဳေတာ့။

အင္တာနက္၌ နာမည္ႀကီးေနသည့္စားေသာက္ဆိုင္၌ ငါးရွဥ့္ထမင္းကို ၿမိန္ေရယွက္ေရ စားသုံးခဲ့ၾကသည္။ ထို႔ေနာက္ အျခားမည္သည့္ေနရာကိုမၽွ မလည္ပတ္ေတာ့ဘဲ ဟိုတယ္သို႔သာ တန္းတန္းမတ္မတ္ ျပန္လာခဲ့ေတာ့၏။

ဟိုတယ္အခန္းသို႔ ျပန္ေရာက္ေသာ္ ရွန့္ရွင္းဟယ္က လုပ္စရာအလုပ္မ်ား က်န္ရွိေသးသည့္အတြက္ ရွုက်င္းအား ခဏတစ္ျဖဳတ္ အိပ္စက္အနားယူရန္ ဆို၏။

ရွုက်င္းမွာ ကုတင္ထက္၌ ဟိုဘက္လွိမ့္၊ သည္ဘက္လွိမ့္ႏွင့္ လွဲေလ်ာင္းေနခဲ့သည္။ ထို႔ေနာက္ ဗီရိုထဲမွ ပါးပါးလ်လ် ေစာင္ေလးတစ္ထည္ကို ယူကာ ရွန့္ရွင္းဟယ္၏အခန္းတံခါးအား သြားေခါက္၏။

ရွန့္ရွင္းဟယ္က ကြန္ပ်ဴတာအား မ်က္ႏွာခ်င္းဆိုင္လ်က္ လက္ထဲတြင္လည္း စာရင္းစာရြက္မ်ားက အျပည့္။

ရွုက်င္းက ေမးျမန္းလိုက္သည္။

"ကၽြန္ေတာ္ ဒီမွာအိပ္လို႔ရလား?"

တစ္ဖက္လူမွ ေျဖၾကားလာမည့္ အေျဖစကားကိုေတာင္ မေစာင့္ဆိုင္းနိုင္ေတာ့ဘဲ ရွုက်င္းက အခန္းထဲသို႔ ဝင္လာကာ ေနာက္မွီထိုင္ခုံထက္၌ ေကြးေကြးေလး ေက်ာခင္းရင္း မ်က္လုံးအစုံကို မွိတ္လိုက္ေတာ့သည္။

ရွုက်င္းခမ်ာ ယမန္ေန႔ညက မျပည့္ဝခဲ့ရေသာ အိပ္စက္ျခင္းနာရီမ်ားကို အစားျပန္ျဖည့္ေနသည့္ပုံပင္။

ေမွာင္ရီမွိုင္းစပ်ိဳးလာသည့္အခါ ရွန့္ရွင္းဟယ္က ရွုက်င္းအား ေနာက္တစ္ႀကိမ္ ထပ္မံႏွိုးယူရ၏။

"ရွုက်င္း.. ရွုက်င္း.. ညစာစားပြဲရွိတယ္.. မင္း ကိုယ္နဲ႔ လိုက္ခဲ့ရမယ္"

ရွပ္အကၤ်ီကို တစ္ဖန္ ဝတ္ဆင္ၿပီးေသာ ရွန့္ရွင္းဟယ္က ေခါင္းငုံ႔ကာ နာရီကို စိမ္ေျပနေၿပ ျပင္ဝတ္ေနသည္။

ရွုက်င္းက အင္မတန္မွ အံ့အားသင့္သြားရ၏။

ရွန့္ရွင္းဟယ္က ဆိုေလသည္။

"ပြဲအႀကီးႀကီးေတာ့ မဟုတ္ဘူး.. ဒီအတိုင္း ညစာစား႐ုံပဲ"

ရွုက်င္းလည္း သေဘာတူလိုက္သည္။

ညစာစားပြဲကို ဌာနအႀကီးအကဲက အႏွီဟိုတယ္၌ပင္ စီစဥ္ေပးထားျခင္းျဖစ္၏။ ဤပြဲက ကိန္းႀကီးခန္းႀကီးနိုင္သည့္ ညစာစားပြဲမဟုတ္သကဲ့သို႔ အလုပ္ကိစၥႏွင့္လည္း မသက္ဆိုင္ေခ်။ ရွန့္ရွင္းဟယ္နံေဘး၌ ရွုက်င္းပါ ပါလာသည္ကို ျမင္ေသာ္ နယေမးျမန္းၾက၏။ ရွန့္ရွင္းဟယ္သည္လည္း ရွုက်င္းအား အတြင္းေရးမွူးဟူ၍ မိတ္ဆက္ေပးခဲ့သည္။

သူတို႔ႏွစ္ဦး၏ ဆက္ဆံေရးအား အျပင္လူမ်ားက ထဲထဲဝင္ဝင္ အေသးစိတ္မသိရွိၾကေသးသည္ကေတာ့ အမွန္တရားပင္။ သဲလြန္စပင္ ရွာနိုင္ေလာက္အံ့မထင္။

ရွုက်င္းသည္လည္း ရွန့္ရွင္းဟယ္၏အတြင္းေရးမွူးဂုဏ္ပုဒ္အတြက္ မ်က္စိမွိတ္ေခါင္းညိတ္လိုက္၏။ စားပြဲ၌လည္း စကားကို ေရာေရာဝင္ဝင္ မေျပာျဖစ္။

ထိုေန႔ဟာ ပ်င္းရိဖြယ္ေကာင္းေသာ ေန႔တစ္ေန႔ပင္တည္း။

သူတို႔ႏွစ္ဦး အတိတ္ကအေၾကာင္းမ်ားကို ျပန္ေျပာင္းလြမ္းဆြတ္ျခင္း မျပဳခဲ့သလို ဘာဆိုဘာမွကို မေျပာျဖစ္ခဲ့သည္ပင္။

ရွန့္ရွင္းဟယ္က ရွုက်င္းအား အခန္းကဒ္ေပးလိုက္၏။

"ေရာ့.. မအိပ္နဲ႔ဦးေနာ္"

ရွုက်င္းဟာလည္း အအိပ္မက္သူတစ္ဦး မဟုတ္ရပါေခ်။ တစ္ခ်ိန္လုံး အိပ္စက္အနားယူၿပီးျဖစ္သည့္အေလ်ာက္ ေခါင္းညိတ္ျပကာ အခန္းဆီသို႔သာ ျပန္လာလိုက္ေတာ့သည္။

(၁၂)မိနစ္ခန႔္ၾကာျမင့္ၿပီးေနာက္ ရွန့္ရွင္းဟယ္လည္း ႏွစ္ဆယ့္ေလးနာရီစတိုးဆိုင္ေလး၏စကၠဴအိတ္ေလးႏွင့္အတူ အခန္းထဲ ေရာက္လာ၏။ ဆုံလည္စားပြဲထက္၌ ထိုအိတ္ကို ခ်ထားလိုက္ၿပီး ေရခဲေသတၱာထဲသို႔ ဝယ္ယူလာသည့္ပစၥည္းမ်ားအား ျဖည့္သြင္းေလသည္။ အေတာ္မ်ားမ်ားက အဆာေျပမုန့္မ်ား၊ သစ္သီးဝလံမ်ားႏွင့္ အျခားအရာမ်ားပင္ျဖစ္၏။

ရွုက်င္းလည္း ေရမိုးခ်ိဳးသန့္စင္ၿပီး ကုလားထိုင္၌ထိုင္ကာ ရွန့္ရွင္းဟယ္အား ကူထည့္ေပးသည္။

စကၠဴအိတ္ထဲမွ ပစၥည္းမ်ားလည္း ကုန္သေလာက္ရွိေနၿပီ။

ကြန္ဒုံးတစ္ထုပ္ႏွင့္ ေခ်ာဆီတစ္ဘူးသာ အိတ္ထဲ၌ က်န္ရွိေတာ့၏။

ရွုက်င္းက စူးစိုက္ၾကည့္ရင္းႏွင့္မွ​ ႐ုတ္တရက္ လက္ထဲမွ လႊတ္ခ်လိုက္သည္။

ရွန့္ရွင္းဟယ္က ရွုက်င္းဘက္သို႔ လွည့္လာကာ ပုံမွန္အတိုင္း ေမးျမန္းေလ၏။

"ဘာျဖစ္တာလဲ?"

ရွုက်င္း၏မ်က္ႏွာတြင္ေတာ့ ပန္းေရာင္ေလး ျဖတ္ေျပးသြားသည္။ အတတ္နိုင္ဆုံး တည္ၿငိမ္ဟန္ေဆာင္ရင္း စကားလမ္းေၾကာင္းလႊဲ၏။

"အစ္ကို ျပန္လာတာ ေစာသားပဲ.. ကၽြန္ေတာ္က အစ္ကို အလုပ္ရွုပ္ေနဦးမယ္ထင္ေနတာ"

ရွန့္ရွင္းဟယ္ : "ကိုယ္ ဒီေန႔ေန႔လယ္က အလုပ္ရွုပ္ၿပီးသားေလ"

ရွုက်င္း : "ဒါဆို ဒီေန႔ည ဘာမွလုပ္စရာမရွိေတာ့ဘူးေပါ့"

"အင္......"

ရွန့္ရွင္းဟယ္က ဆုံလည္စားပြဲဆီသို႔ ေလၽွာက္သြားကာ ရွုက်င္းအား ေကာက္ေပြ႕လိုက္ရင္း အခန္းဆီသို႔ ဦးတည္သြားေလေတာ့၏။

"ဒီညေတာ့ ကိုယ့္မွာ တျခားလုပ္စရာတစ္ခုခုရွိေနေသးတယ္"

★彡★彡★彡★彡★彡★彡★彡

Share This Chapter